Cartoon Lagoon Eain
Blog
-
နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅)
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
M-Media– ၂၀၁၁ ခုနှစ် စက်တင်ဘာလက လာဘ်စားမှုနှင့် အခြားသောစွဲချက်များဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရသည့် ကနေဒါ
စီးပွားရေးလုပ်ငန်းရှင် ဆိုင် တွက်မာဂျီယန်ကို ကျူးဘားအစိုးရက ယမန်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့သည်။ ထိုသို့လွှတ်ပေးမှုမှာ အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေသည့် ကျူးဘားအနေဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖွင့်ပေးရန် အချက်ပြလိုက်ခြင်းဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။– သြစတေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ်တွင် အင်အားပြင်းထန်သော ဆိုက်ကလုံးမုန်တိုင်းကြောင့် နေအိမ်ပေါင်း ၁၅၀၀ ခန့် ပျက်ဆီးခဲ့ပြီး ဓာတ်အားလိုင်း ၁၈၀၀ ကျော်လည်း ပြတ်တောက်ခဲ့ကာ ပြင်ဆင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု
ပြည်နယ်အစိုးရက ပြောကြားလိုက်သည်။ ဆိုက်ကလုန်းကြောင့် သေကြေဒဏ်ရာရမှုများ ယခုအချိန်ထိ မရှိသေးပေ။– ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် လာမည့်ရက်ပိုင်းအတွင်း ဂျီနီဗာတွင်ပြုလုပ်မည့် နျူကလီးယားအရေး ဆွေးနွေးပွဲအတွက် အီရန်သမ္မတ ရူဟာနီက ၎င်း၏ ညီဖြစ်သူနှင့် နျူကလီးယားဌာန အကြီးအကဲတို့အား ဆွေးနွေးညှိနှိုင်းရေးမှူးအဖြစ် ရွေးချယ်ကာ စေလွှတ်လိုက်သည်။
– ပြင်းထန်သည့် နှင်းမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ လေဆိပ်များမှ လေကြောင်းခရီးစဉ်ပေါင်း ၃၁၂၃ ခု ကို
ယမန်နေ့တွင် ဖျက်သိမ်းခဲ့သည်။– ယူကရိန်းနိုင်ငံ ကာကစ်ဗ်မြို့တွင် ယနေ့နံနက်ပိုင်းက ငြိမ်းချမ်းရေးအတွက် ပြည်သူများက ချီတက်လမ်းလျှောက်ခဲ့ကြပြီး ရထားဘူတာတစ်ခုဘေးနားသို့ အဆိုပါ လူအုပ်ကြီး ဖြတ်သွားသည့်အချိန်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆံုး ၂ ဦး
သေဆုံးခဲ့သည်ဟု ယူကရိန်းရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။ ထို့ပြင် ထိုတိုက်ခိုက်မှုမှာ အကြမ်းဖက်လုပ်ရပ်ဖြစ်သည်ဟု
သတ်မှတ်ခဲ့သည်။– ဘန်ကောက်မြို့လယ်ကောင်ရှိ အထိမ်းအမှတ်နေရာတစ်ခုဖြစ်သာ Victory Monument အဆောက်အဦးတွင် ယနေ့နံနက်ပိုင်းက လူလေးဦးမှာ အဏာသိမ်းစစ်အစိုးရနှင့် ပတ်သက်သည့် အမြင်များကို ပြောကြားနေစဉ် ရဲတပ်ဖွဲ့က ၎င်းထဲမှ ၃ ဦးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် နာရီအနည်းငယ်အကြာတွင် ပြန်လွှတ်ပေးခဲ့ပြီး တည်ငြိမ်အေးချမ်းရေးကို နှောက်ယှက်မှုဖြင့် တရားစွဲဆိုထားသည်။
– ဂျပန်နိုင်ငံ တိုကျိုမြို့၌ ယနေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် တိုကျိုမာရသွန်ပြိုင်ပွဲတွင် အီသီယိုးပီးယားနိုင်ငံသား အန်ဒက်စ်ရှော
နီဂက်စ်စီက ၂ နာရီ ၆ မိနစ်ဖြင့် အနိုင်ရရှိခဲ့သည်။Ref:news agencies
-
မြန်မာမွတ်စ်လင်မ်တို့၏ အကျိုးပြု သမိုင်း တစ်ပုဒ်နှင့် အားလုံး အတွက် စံနမူနာ
ဖေဖော်ဝါရီ ၂၂ ၊ ၂၀၁၅
M-Media
Muslim Free Hospital ဟု ခေါ်သော မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ (ယခု မဟာဗန္ဓုလပန်းခြံလမ်း)တွင် ၁၉၃၇ ခုနှစ်က တည်ထောင်ခဲ့သည်။ ဦးဆောင်သူမွတ်စ်လင်မ်တစ်ဖွဲ့မှ ဆေးဝါးမကုသနိုင်အောင် ချို့တဲ့နေသော ရန်ကုန်မြို့ခံ နွမ်းပါးသူများအတွက် အကျိုးဆောင်နိုင်ရန် စတင်ဖော်ဆောင်လိုက်ခြင်း ဖြစ်သည်။ စဦးမတည်မှုအားလုံးမှာ မွတ်စ်လင်မ်တို့ထံမှ ဖြစ်၏။မွတ်စလင်မ်ကုသိုလ်ဖြစ် အခမဲ့ဆေးရုံသည် မြန်မာမွတ်စ်လင်မ်တို့၏ အလှူဒါနများဖြင့် ယနေ့တိုင် တည်ရှိရပ်တည်နေပါသည်။ ယခင် Burma – ဗမာပြည်ကို မြန်မာနိုင်ငံ(Myanmar) ဟူ၍ ၁၉၈၈ ခုနှစ်တွင် ကင်ပွန်းတပ်ပေးရာ မြို့တော်ရန်ကုန်သည်လည်း Rangoon မှ Yangon အဖြစ် အမည်သစ်ရရှိလာခဲ့သည်။ မြို့အမည်နာမ မည်သို့ပြောင်းပြောင်း မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ၏လုပ်ငန်းမှာမူ အပြောင်းအလဲ ရှိမသွားပေ။
စတင်ချိန်ကတည်းက ဆေးရုံ၌ ဘာသာရေး၊ လူမျိုးရေး၊ ၀င်ငွေအနည်းအများပေါ် မူတည်သော ခွဲခြားဆက်ဆံမှုမျိုး အလျဉ်း မရှိခဲ့။ မွတ်စ်လင်မ်၊ ဗုဒ္ဓဘာသာဝင်၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် အခြားမည်သည့်ဘာသာဝင်များကိုမဆို မြန်မာမွတ်စ်လင်မ်တို့က (ထိုဆေးရုံမှတဆင့်) ဆေးဝါးကုသရေးစားရိတ်များကို ထောက်ပံ့ပေးနေဆဲပင် ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ဤသို့လည်ပတ်နေသည်မှာ ထူးထူးခြားခြား သတိပြုမိစေပါသည်။ မြန်မာနိုင်ငံ၌ မွတ်စ်လင်မ်တို့မှာ လူဦးရေပမာဏ ၄ ရာခိုင်နှုန်းသာရှိသည့် လူနည်းစုဝင်များဖြစ်ကြသည်။ ငြိမ်းချမ်းစွာရှိနေသည့် မွတ်စ်လင်မ်တို့အား အကြမ်းဖက်မှု တနေ့တခြား မြင့်မားလာ သလို ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးအချို့ကလည်း မွတ်စ်လင်မ်တို့အပေါ် အကြမ်းဖက်ရန် ပြောင်တင်းစွာ လှုံ့ဆော်နေကြ၏။ မြန်မာနိုင်ငံ အချို့ဒေသများဝယ် စီးပွားရေး လုပ်ငန်းများ၊ အိုးအိမ်များ မီးလောင်ပြာကျခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ဗုဒ္ဓ ဘာသာဝင် ဘုန်းတော်ကြီးအချို့မှ တိရစ္ဆာန်နှင့် ခိုင်းနှိုင်းခေါ်တွင်၍ နိုင်ငံပြင်ပသို့ ထွက်ရန်တောင်း ဆိုခြင်းတို့ကို မြန်မာမွတ်စ်လင်မ်များမှ ခံစားခဲ့ကြရကုန်၏။ အကြမ်းဖက်မှုများမှာ မန္တလေးမြို့နေ ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါး၏ ဖန်တီးမှုဖြစ်ကြောင်း ၂၀၁၃ ခုနှစ်ကလည်း တိုင်းမ်မဂ္ဂဇင်းမှ ဆောင်းပါး တစ်ပုဒ် ဖော်ပြဖူးသည်။ ထိုဆောင်းပါး ဖော်ပြပြီးနောက်ပိုင်း အခြေအနေမှာ ဆိုးသထက် ဆိုးရွားလာတော့သည်။
သို့ပင်သို့ငြား မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံကတော့ မည်သည့်စောဒက မပြုဘဲ ဗုဒ္ဓဘာသာဝင် လူများစုကြီးအား အခမဲ့ ကုသပေးနေမြဲသာ။ နိုင်ငံရေး လမ်းကြောင်းဟူ၍လည်း အလျဉ်း မရှိချေ။
ဓာတ်ပုံ – သွေးနှင့်သွေးကြောဆိုင်ရာအထူးကု ဒေါက်တာ ဖြိုးဝေထွန်း မြန်မာနိုင်ငံ၌ M.D ဘွဲ့၊ ဂျပန်၌ Ph.D ဘွဲ့ ရယူပြီး အမေရိကန် စိန့်ဂျု(ဒ်)စ် ဆေးရုံ၌ သုံးနှစ်ကွင်းဆင်းလေ့ကျင့်ခဲ့သူဖြစ်ကာ ယခုအခါ မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံတွင် လုပ်ကိုင်နေသည်။ မတူကွဲပြားဘာသာဝင်များ အကြား သဟဇာတဖြစ်မှုကို မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ၏ ၀န်ထမ်းများအကြားတွင် အလွယ်တကူ တွေ့မြင်နိုင်ပေသည်။ မွတ်စ်လင်မ်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဆရာဝန်များနှင့် သူနာပြုများအားလုံးသည် အပြန်အလှန်လေးစားမှုနှင့် တစ်ကွ လက်တွဲလုပ်ကိုင်လျက်ရှိကြသည်။
ဓာတ်ပုံ – မွတ်စ်လင်မ်ကုသိုလ်ဖြစ်ဆေးရုံ၌ လုပ်သက် ၂၃ နှစ်ရှိ သူနာပြု နွယ်နွယ်စန်း (ခွဲစိပ်ဆောင်သူနာပြုဦးစီး) အကန့်အသတ် ရှိရင်းမြစ်များမှပေးသော ၎င်းဆေးရုံ၏ ကုသစောင့်ရှောက်မှုများမှ အရည်အသွေးရော အရေအတွက်ပါ အမေရိကန်နိုင်ငံ၌ စိတ်ကူး၍ပင် မရစကောင်းပေ။ မြန်မာမွတ်စ်လင်မ်တို့၏ နှစ်စဉ် လှူဒါန်းငွေမှာ ဒေါ်လာ ၄ သိန်းထိ ရှိနေသည်။ တတ်စွမ်းနိုင်သည့်လူနာများက တတ်နိုင်သလောက် ပေးနိုင်ကြပြီး ချို့တဲ့နွမ်းပါးသူများ အနေနှင့်မူ မည်သည်မျှပေးကမ်းရန် မလိုချေ။
လူနာကုတင် ၁၆၀ ဆန့် ယင်းဆေးရုံ၏ ပြင်ပလူနာဌာနများက တစ်နေ့လျှင် လူနာပေါင်း ၄၅၀ ခန့် ကုသပေးသည်။ ၂၀၀၀ ခုနှစ်၏စာရင်းဇယားများ တစ်မျိုးတည်းကပင် တစ်နှစ်အတွင်း ဆေးရုံတက်ရောက်ကုသသည့် လူနာပေါင်း ၆၀၀၀ ၀န်းကျင်ဟု ပြသနေသည်။ ဆေးရုံထဲတွင် ဆေးဝါးကုသဆောင်၊ ခွဲစိပ်ဆောင်၊ သားဖွားဆောင်နှင့် မျက်စေ့လူနာများတွက် အထူးကုသဆောင် အသီးသီးရှိကြသည်။ လက်ရှိအချိန်တွင် တစ်လလျှင် သားဖွားလူနာ ပျမ်းမျှ ၂၂၀ ခန့် ရှိသည်။ သို့သာမက ဓာတ်မှန်ရိုက်ကိရိယာများ၊ ဆေးပေးခန်း၊ ultrasound ဌာနနှင့် ခွဲစိပ်ခန်းများကိုလည်း တွေ့နိုင်သည်။ဓာတ်ပုံ – သူနာပြု အိပိုပိုဟန်းစံ (ကိုယ်ဝန်ဆောင်နှင့်သားဖွားဆောင်သူနာပြုဦးစီး) ထိုဆေးရုံငယ်လေးအတွက် တာဝန်ထမ်းဆောင်နေသူနှင့် လုပ်အားဒါနပြုသူ ဆရာဝန်များ စုစုပေါင်း ၄၅ ဦး ရှိနေပါသည်။
နေ့စဉ်နှင့်အမျှ သွေးပျက်ချောက်ခြားဖွယ်ဖြစ်စဉ်တို့ဖြင့် ရှုပ်ထွေးပွေလီလှသော ကမ္ဘာကြီးဝယ် – ပရဟိတ အုပ်စုတစ်ရပ်မှ ထွက်ပေါ်လာသော ရောင်ခြည်တစ်စကို တွေ့မြင်ရသည်မှာ နှစ်မြို့စရာကောင်းဘိခြင်း။ မည်သည့်အခါမျှ အမြင်ကျဉ်းတရားမထားရှိရန် သတိပေးနှိုးဆော်မှုလည်း ဖြစ်နေဘိခြင်း။
ဓာတ်ပုံ – ကုသိုလ်ဖြစ်ဆေးရုံတည်ထောင်သူ၏မြေးဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် မစ္စတာ မူစာ မေဒင် (ဒါရိုက်တာများဘုတ်အဖွဲ့ဥက္ကဌ) ၁၃.၂.၂၀၁၅ ရက်နေ့ ကုသိုလ်ဖြစ်ဆေးရုံတွင် မွေးဖွားသော ကလေးငယ်နှင့် ၎င်း၏မိခင် နေ့ချင်းပြီး ခွဲစိပ်လူနာတစ်ဦး အထွေထွေဆေးကုသဆောင်မှ လူနာ မွေးဖွားဆောင်မှလူနာများ xxxxxxxxxxxxx
ဓာတ်ပုံဆရာ၊ အမှုလိုက်ရှေ့နေနှင့် ထုံဆေး/မေ့ဆေးဆရာဝန် စတီဖင်ဝေါလေ့စ် Stephen Wallace, M.D., J.D. ရေးသားသော A Positive Story About Muslims and an Example for All of Us ( From Huffington Post )ကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။ ဓာတ်ပုံများမှာ စာရေးသူ၏ ကိုယ်ပိုင်လက်ရာများ ဖြစ်သည်။
ဆက်စပ် သတင်းနှင့် ဆောင်းပါးများ ဖတ်ရန်
——————————–
မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ က ဒေါက်တာ ဒေါ်ခင်ဝင်းကြူ ရဲ့ ပုံရိပ် တစေ့တစောင်း
http://www.m-mediagroup.com/news/32641မွတ်စ်လင်မ် ကုသိုလ်ဖြစ် အခမဲ့ဆေးရုံသည် မြန်မာ့ ညီညွတ်သွေးစည်းခြင်း မျှော်လင့်ချက်တစ်ခု
http://www.m-mediagroup.com/news/18346လူမျိုး၊ဘာသာမခွဲ ကုသပေးနေတဲ့ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ ၇၆ နှစ်ပြည့်တော့မည်။
http://www.m-mediagroup.com/news/8347ကျောက်တံတားမြို့နယ်ရှိ မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ
http://www.m-mediagroup.com/news/2371ပြည်သူ့ဂုဏ်ရည်ဆု ပဏာမစာရင်းတွင် မွတ်စလင်မ် ကုသိုလ်ဖြစ်ဆေးရုံ ၃ ကြိမ်ဆက်တိုက်ပါဝင်ခဲ့
http://www.m-mediagroup.com/news/2363 -
ဂျူးအသိုင်းအ၀ိုင်းကို ကာကွယ်မည့် နော်ဝေမှ မွတ်စလင်များ
ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
M-Media– အိမ်နီးချင်းဒိန်းမတ်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ဂျူးဘုရားကျောင်း တိုက်ခိုက်မှုကို ရှုတ်ချမှုနဲ့အတူ မိမိတို့ နိုင်ငံက ဂျူးအသိုင်းအ၀ိုင်းကို ကာကွယ်မယ်ဆိုတဲ့ သန္ဓိဌာန်ကို ဖော်ကျူးတဲ့အနေနဲ့ နော်ဝေနိုင်ငံက ရာနဲ့ချီတဲ့ မွတ်စလင်တွေဟာ လက်တွေကိုယ်စီချိတ်လို့ မြို့တော်အော်စလိုက ဂျူးဘုရားကျောင်းကို ၀န်းရံခဲ့ကြပါတယ်။
ယမန်နေ့က အဲဒီဂျူးဘုရားကျောင်းမှာ မွတ်စလင်တွေက ငြိမ်းချမ်းရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီးတဲ့နောက် ဒီလို သရုပ်ဖော်ခဲ့တာဖြစ်ပြီး “ဂျူးဆန့်ကျင်ရေး အလိုမရှိ။ အစ္စလာမ်ကြောက်ရောဂါ အလိုမရှိ” ဆိုတဲ့ ကြွေးကျော်သံကိုလည်း ကျွေးကြော်ခဲ့ကြပါတယ်။
“လူသားဝါဒဆိုတာ တစ်ခုတည်းရှိတာဖြစ်ပြီ ဒါကို ကျွန်တော်တို့က ဒီမှာပုံဖော်တာပါ” လို့ ဒီငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တဲ့ သူတွေထဲက တစ်ဦးဖြစ်သူ ဇီဟန်အဘ်ဒူလာက အော်စလိုရဲ့ တစ်ခုတည်းသော ဂျူးဘုရားကျောင်းမှာ ကျင်းပတဲ့ အခမ်းအနားကို လမ်းတွေပြည့်လျှံအောင် လာရောက်စုဝေးခဲ့ကြတဲ့ နော်ဝေမွတ်စလင်တွေနဲ့ အခြားသော နော်ဝေနိုင်ငံသားတွေကို ပြောကြားခဲ့ပါတယ်။
“စစ်ကို လိုလားသူတွေထက် ငြိမ်းချမ်းရေးကို လိုလားသူတွေက ပိုပါတယ်။ လူသားထုအတွက်၊ ငြိမ်းချမ်ရေးအတွက်၊ ချစ်ခြင်းမေတ္တာအတွက် မတူကွဲပြားတဲ့ ဘာသာတရားတွေ နောက်ခံဘက်ဂရောင်းတွေကြားထဲမှာ မျှော်လင့်ချက်တွေ ရှိနေတုန်းပါပဲ” လို့ အဘ်ဒူလာက ဆိုပါသေးတယ်။
နော်ဝေက ဂျူးအသိုင်းအ၀ိုင်းဟာ ဥရောပမှာ အနည်းဆုံးဖြစ်ပြီး လူပေါင်း ၁၀၀၀ ၀န်းကျင်လောက်သာရှိပါတယ်။ နော်ဝေလူဦးရေ ၅.၂ သန်းမှာ မွတ်စလင်အရေအတွက်ကတော့ ၁၅၀၀၀၀ ကနေ ၂၀၀၀၀၀ လောက်ရှိပါတယ်။
ဒိန်းမတ်နိုင်ငံက ဂျူးဘုရားကျောင်းကို ပါလက်စတိုင်းနွယ်ဖွားတစ်ယောက်က သေနတ်နဲ့ပစ်ခဲ့လို့ ဂျူးလူမျိုးတစ်ယောက် သေဆုံးခဲ့ပြီးတဲ့နောက်မှာ မိမိတို့နိုင်ငံအတွင်းက ဂျူးတွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ အသိစိတ်တွေက နော်ဝေမွတ်စလင်တွေထဲ ၀င်ရောက်လာခဲ့ပြီး “ငြိမ်းချမ်းရေးဂိုဏ်း” လို့ခေါ်တဲ့ အဖွဲ့တစ်ခုဖွဲ့ဖို့ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက စီစဉ်ခဲ့ကြတာပါ။
ဒီအစဉ်ကို စီစဉ်ခဲ့တဲ့ သူတွေထဲက တစ်ဦးက “တကယ်လို့များ အကြမ်းဖက်သမားတွေဟာ အစ္စလာမ်ရဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက်ချင်ရင်တော့ ကျွန်တော်တို့မွတ်စလင်တွေကို အရင်ဆုံး ရင်ဆိုင်ရမှာပါပဲ။ ဂျူးမုန်းတီးမှု ပုံစံအားလုံးကို ပြင်းပြင်းထန်ထန် စက်ဆုပ်ရွံရှာတယ်ဆိုတာနဲ့ အဲဒီဂျူးလူမျိုးတွေကို အားပေးထောက်ခံတယ်ဆိုတာ ကျွန်တော်တို့ ပြသချင်ပါတယ်” လို့ သူတို့ရဲ့ စိတ်သဘောထားကို ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့ပါတယ်။
မွတ်စလင်တွေရဲ့ ဒီလိုစိတ်ဓာတ်မျိုးအတွက်လည်း ဂျူးခေါင်းဆောင်တွေက ချီးကျူးခဲ့ကြပြီး ဂျူးအဖွဲ့အစည်းရဲ့ အကြီးအကဲဖြစ်သူ အာဗင်ခွန်က “သူတို့လုပ်ဖို့ စီစဉ်ထားတာက တစ်ကယ်လို့ နော်ဝေမှာရှိတဲ့ ဂျူးလူမျိုးတွေကို တစ်ယောက်ယောက်က တစ်ခုခုလုပ်တော့မယ်ဆိုရင် သူတို့က အရင်ဆုံး ရင်ဆိုင်မယ်ဆိုတဲ့ ပုံစံမျိုးပါပဲ။ ဒါဟာ သိပ်ကို အပြုသသဘောဆောင်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
“ငြိမ်းချမ်းရေးဂိုဏ်း” လို့ခေါ်တဲ့ ဒီငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းမယ့်အခမ်းအနားမှာ လူ ၅၀ ၀န်းကျင်လောက်ပဲ လာမယ်လို့
ခန့်မှန်းထားပေမယ့် တစ်ကယ်တမ်းမှာတော့ ဂျူးဘုရားကျောင်းတည်ရှိရာ ဘာဂျက်စတီယန် လမ်းမကြီးတစ်ခုလုံး ပြည့်လျှံသွားခဲ့ပါတယ်။လူနည်းစုက လူများစုကို ကာကွယ်ပေးရမယ်ဆိုတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရအတိုင်း ဒီမိုကရေစီ ထွန်းကားတဲ့ နော်ဝေမှာ
ဒုတိယလူများစုဖြစ်တဲ့ မွတ်စလင်တွေဟာ သူတို့ရဲ့တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။Ref: refuters