ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅
M-Media
– လက်ဖက်ရည်ကြမ်းအများအပြား သောက်သုံခြင်းက အရိုးပွခြင်းနှင့် ရိုးကျွတ်ဆတ်ခြင်းရောဂါကို ကာကွယ်နိုင်သည်ဟု ဂျပန်နိုင်ငံမှ သုတေသနပညာရှင်များ၏ လေ့လာမှုတစ်ခုတွင် တွေ့ရှိခဲ့ကြသည်။
အရိုးပွခြင်းကြောင့် အသက်ကြီးသူများတွင် အရိုးကျိုးမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ရိုးရိုးနှပ်ထားသော လက်ဖက်ရည်ကြမ်းများက အသက်ကြီးသူများ၌ တွေ့ရသော အရိုးသိပ်သည်းမှုဆုံးရှုံးခြင်းကို တားဆီးပေးသည့် ဓာတ်ပစ္စည်းကို ထုတ်လုပ်ပေးသည်သည်။
ယခုကဲ့သို့ တွေ့ရှိရခြင်းမှာ တစ်ကမ္ဘာလုံးတွင် သောက်သုံးနေကြသည့် လက်ဖက်ရည်ကြမ်း၏ အကျိုးကျေးဇူးနှင့်ပတ်သက်၍ နောက်ဆုံးထွက်ပေါ်လာသည့် အကျိုးကျေးဇူးတစ်ခုလည်း ဖြစ်သည်။
အိုဆာကာတက္ကသိုလ်မှ ဂျပန်သုတေသနပညာရှင် ကီဇို နီရှီကာဝါ ဦးဆောင်သည့် သုတေသနအဖွဲ့မှ စမ်းသပ်မှုမျာအရ အရိုးတစ်ရှူးများကို ဖျက်ဆီးပစ်သော ဒီအန်အေ မီသိုင်း ထရန်ဖာရေ့စ်ဟုခေါ်သည့် အင်ဇိုင်းများ ဖြစ်ပေါ်လာခြင်းကို တားဆီးပေးသည့် ဓာတ်ပစ္စည်း TF 3 ကို လက်ဖက်ရည်ကြမ်းမှ ထုတ်လုပ်ပေးသည်ကို တွေ့ရှိခဲ့ရပြီး TF 3 အား အရိုးပွရောဂါ ခံစားနေရသော ကြွက်များတွင် ထိုးပေးခဲ့သည့်အခါ ရောဂါမှာ ပြန်လည်သက်သာလာကြောင်း တနင်္လာနေ့ထုတ် Nature Medicine
ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။
သို့သော်လည်း အရွယ်ရောက်ပြီး ကိုယ်အလေးချိန် ပေါင် ၁၃၀ ခန့်ရှိသည့် သူများတွင်မူ ၃ ရက်အတွင်း လက်ဖက်ရည်ကြမ်း အခွက် ၆၀ ခန့် သောက်သုံးမှသာ ထင်ရှားသည့် ခြားနားမှုကို တွေ့မြင်ရမည်ဟု ဆိုသည်။ အရိုးပွရောဂါမှာ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သော အမျိုးသမီးကြီးများတွင် အဖြစ်များပြီး အိုမင်းသော လူများ များပြားသည့် ဂျပန်ကဲ့သို့ နိုင်ငံမျိုးတွင် မြင့်တက်လာသည့် ရောဂါမျိုးဖြစ်သည်။
Ref: alarabiya









