News @ M-Media

Blog

  • ဆီးရီးယား ဒုက္ခသည်များ အတွက် တူရကီမှ အလင်းတန်း တစ်ခု (သို့) ပညာရေး အခွင့်အလမ်း

    ဆီးရီးယား ဒုက္ခသည်များ အတွက် တူရကီမှ အလင်းတန်း တစ်ခု (သို့) ပညာရေး အခွင့်အလမ်း

    ဇန်နဝါရီ ၂၀ ၊ ၂၀၁၅
    M-Media
    Turkey-University for Syrians
    – တူရကီရှိ ဆီးရီးယား ဒုက္ခသည်စခန်းတွင် အသက် ၁၉ နှစ်အရွယ်ရှိ အိုစာမီ အီဆာတစ်ယောက် အင်ဂျင်နီယာပညာ သင်ကြားခွင့်ရရေး အိပ်မက်မက်နေသည်။ သို့သော်လည်း တူရကီ တက္ကသိုလ်များတွင် ၀င်ခွင့်ရရန်အတွက် လိုအပ်သော ဘာသာစကားအရည်အချင်း စစ်ဆေးမှုကို ကျော်ဖြတ်ရန် အီဆာမှာ တူရကီစကား ကောင်းကောင်းမပြောတတ်။

    ထိုအခက်အခဲက အီဆာတစ်ယောက်ထဲတွင် ကြုံရသည့် အခက်အခဲမဟုတ်။ ပြည်တွင်းစစ်ကြောင့် တူရကီနိုင်ငံတွင် ခိုလှုံနေရသည့် ၁.၆ သန်းသော ဆီးရီးယားပြည်သူ အများစုမှာလည်း တူရကီစကား မပြောတတ်ကြ။ ထိုဘာသာစကားသင်ယူနိုင်သည့် သင်တန်းမျိုးလည်း မရှိဟု ဒုက္ခများနှင့် ပြောင်းရွှေ့အခြေချသူများအတွက် အကျိုးဆောင်ပေးနေသော အန်ကာရာအခြေစိုက် သုတေသနစင်တာမှ အကြီးအကဲ မက်တင် ကိုရာဘာတီရ်က ဆိုသည်။

    `ကျောင်းသားတွေဟာ သူတို့ဆန္ဒရှိတဲ့ ဘာသာစကားနဲ့ သင်ယူနိုင်ခွင့် ရှိရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ တူရကီဘာသာစကားကို သင်ယူနေရပါတယ်။ ကျွန်တော်ကြိုးစားနေပါတယ်´ ဟု တူရကီနိုင်ငံတောင်ဘက် ဂါဇီယန်တပ်မြို့အနီးရှိ နီဇစ်ဒုက္ခသည်စခန်းမှ အီဆာက ၎င်းတို့၏ အခက်အခဲကို ဖွင့်ဟခဲ့သည်။

    တူရကီရှိ ပညာရေး စွန့်ဦးတီးထွင်သူတစ်ဦးကတော့ ထိုပြဿနာအား ဖြေရှင်းရန် ရည်မှန်းချက်ကြီးမားသည့် အကြံအစည်များကို ကြံစည်နေသည်။ သူက ဆီးရီးယားဒုက္ခသည်များအတွက်  တူရကီတက္ကသိုလ်တစ်ခု တည်ထောင်ပေးနိုင်ရေး ရန်ပုံငွေရှာရန် မျှော်လင့်နေသည်။ ထိုတက္ကသိုလ်တွင် အာရဘီ၊ အင်္ဂလိပ်နှင့် တူရကီဘာသာရပ်များ သင်ကြားနိုင်မည့် အတန်းများ ပါဝင်မည်ဖြစ်သည်။

    `ဒီလူငယ်တွေကို ပညာတတ်တွေဖြစ်အောင် ကျွန်တော်တို့က လုပ်ပေးရမယ်လို့ ယုံကြည်ပါတယ်´ ဟု ဒုက္ခသည်များ ပညာရေးအတွက် စွန့်ဦးတီထွင်သူ အန်ဗာရ် ယူစဲလ်က နယူးယောက်တွင် ပညာရေးနှင့် ပတ်သက်သည့် ဆုတစ်ခု လာယူရင်း ပြုလုပ်ခဲ့သော AP သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    `ဒီလူငယ်တွေကို ကျွန်တော်တို့ ပညာသင်မပေးနိုင်ဘူးဆိုရင် တူရကီနဲ့ သူတို့ရဲ့ မွေးရပ်နိုင်ငံ နှစ်ခုစလုံး၊ နောက်ပြီး ဒေသ တစ်ခုလုံးအတွက် သူတို့ဟာ ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာပါလိမ့်မယ်´

    ဂါဇီယန်တပ်မြို့အပါအ၀င် ဆီးရီးယားနှင့် ကပ်နေသည့် တူရကီ နယ်စပ်မြို့များတွင် တက္ကသိုလ်ငယ် များစွာ တည်ထောင်ရန် ယူစဲလ်က စိတ်ကူးထားသည်။ ပထမဆုံး တက္ကသိုလ်တစ်ခုက ဟာတေမြို့တွင် ရှိမည်ဖြစ်ပြီး အစိုးရ၏ ခွင့်ပြုချက် ရရှိပါက ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ ကျောင်းသူ၊ ကျောင်းသားပေါင်း ၁၅၀၀ ကို သင်ကြားပေးရန် ၎င်းက မျှော်လင့်ထား၏။ ထိုတက္ကသိုလ်တွင် ၀န်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ပေးရန် ဆီးရီးယားဒုက္ခသည် ၄၀၀ အား ယူစဲလ်က ကမ်းလှမ်းထားသည်။

    ဆီးရီးယား ကျောင်းသားကျောင်းသူများ၏ ကျူရှင်ဖိုး အတွက်ကိုတော့ တူရကီအစိုးရ၊ ဖောင်ဒေးရှင်းများနှင့် တက္ကသိုလ်အား ထောက်ပံ့ပေးလိုကြသည့် ပုဂ္ဂိုလ်များထံမှ မေတ္တာရပ်ခံသွားမည်ဟု ယူစဲလ်က ပြောခဲ့သည်။ ပထမနှစ်အတွက် ကန်ဒေါ်လာ ၅၁ သန်းကုန်ကြမည်ဟု ၎င်းက ခန့်မှန်းထားပြီး တက္ကသိုလ်တွင် ကျောင်းသား ၅၅၀၀ ခန့် ဖြစ်လာဖွယ်ရှိသည့် ပဉ္စမမြောက်နှစ်အတွက် ကုန်ကျငွေမှာ ကန်ဒေါ်လာ သန်း ၂၉၀ ရှိမည်ဟု ယူစဲလ်က ကြိုတင် တွက်ချက်ထား၏။ သူကိုယ်တိုင်က ပထမနှစ်အတွက် ကန်ဒေါ်လာ ၉.၅ သန်း စိုက်ထုတ်သွားမည်ဖြစ်သည်။

    `ကျောင်းသား ၂၀၀၀၀ လောက်အထိ ဖြစ်သွားနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်´ ဟု ယူစဲလ်က ဆိုသည်။ ထိုအစီအစဉ်မှာ ကြီးမားသည့်အစီအစဉ်တစ်ခု ဖြစ်သော်လည်း ယူစဲလ်ကမူ ထိုလုပ်ငန်းတွင် အောင်မြင်သော မှတ်တမ်းတစ်ခု ရှိနေပြီးဖြစ်၏။ ယူစဲလ်မှာ နယ်နယ်ရရမဟုတ်။ အစ္စတန်ဘူလ်ရှိ ဘာချက်စီယာ တက္ကသိုလ်နှင့် နိုင်ငံတစ်ဝှမ်း တက္ကသိုလ်ပေါင်း ၅၅ ခု တည်ထောင်ကာ ကျောင်းသားပေါင်း ၃၀၀၀၀ ကျော်ကို ပညာသင်ကြားပေးနေသည့် Bahcesehir Educational Group အဖွဲ့ကို ဦးဆောင်နေသူတစ်ဦး ဖြစ်၏။ တူရကီနိုင်ငံတွင်သာမက တိုရွန်တို၊ ၀ါရှင်တန်၊ ဆီလီကွန်တောင်ကြား၊ ဘာလင်၊ ကိုးလုံး၊ ဟောင်ကောင်နှင့် ရောမမြို့များ တွင်ပင် ၎င်းတို့၏ တက္ကသိုလ်ခွဲများ ရှိနေ၏။ မကြာသေးမီကပင် ၀ါရှင်တန်၌ BAU ဟုခေါ်သည့် နိုင်ငံတကာ တက္ကသိုလ်တစ်ခုကို တည်ထောင်ခဲ့သည်။

    `လူတစ်ယောက်ရဲ့ဘ၀ကို ပညာရေးက တစ်ဆင့်သာ ကျွန်တော်တို့ ပြောင်းလဲနိုင်မှာပါ။ ပြီးတော့ အဲဒီ ပညာပြည့်ဝတဲ့ သူတွေဟာ ကမ္ဘာကြီးကို ပြေင်းလဲနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်´ ဟု ယူစဲလ်က ပြောကြားခဲ့သည်။

    ဆီးရီးယားပြည်တွင်းစစ်က ကလေးငယ်များ၏ မျိုးဆက်တစ်ခုကို ပညာသင်ခွင့် ဆုံးရှုံးစေခဲ့သည်။တက္ကသိုလ် တက်ရောက်ခွင့်ရရန် လူငယ်များ၏မျော်လင့်ချက်များ ပျက်ဆီးခြင်းမှာ ဆီးရီးယားပြည်သူများ၏ လူမှုဘ၀တွင် ထိခိုက်မှုအရှိဆုံး ကိစ္စရပ် ဖြစ်သည်။ ဆီးရီးယားလူငယ်အများစုက စာသင်နှစ်များစွာကို လွဲချော်ခဲ့ရပြီး ၎င်းတို့မိသားစု စာဝတ်နေရေး ပြေလည်ရန်အတွက် ကူညီပေးရမည့် ဖိအားများလည်း ရှိနေသည်။ ဒုက္ခသည်အဖြစ် ခိုလှုံနေရသော တိုင်းပြည်များတွင်လည်း ၎င်းတို့၏ပညာရေးအတွက် အထောက်အပံ့ပေးမည့်သူများ ရှာမရ။ အဘယ့်ကြောင့်ဆိုသော် ကူညီပေးသူများကလည်း လူငယ်များ၏ ပညာရေးကို နောက်ထားကာ မွေးကင်းစ ကလေးငယ်များနှင့် ရင်ခွင်ပိုက် ကလေးငယ်များအတွက်သာ အာရုံစိုက် လုပ်ဆောင်နေရသည်။

    ဆီးရီးယားဒုက္ခသည်များ တူရကီရှိ တက္ကသိုလ်များတွင် တက်ရောက်သင်ကြားခွင့်ရရေးဝင်ခွင့်ဖြေဆိုမှုများနှင့် အထက်တန်းပြီးဆုံးကြောင်း သက်သေပြမှုများကို အလွန်အမင်း မခက်ခဲစေရန် တူရကီအစိုးရက တတ်နိုင်သမျှ ဆောင်ရွက်ပေးထားသည်။ သို့သော်လည်း ဘာသာစကား အခက်အခဲက ဆီးရီးယားကျောင်းသားများ အတွက် အဓိကပြဿနာဖြစ်နေသည်။

    `တူရကီတက္ကသိုလ်တွေက ဆီးရီးယားကျောင်းသား အနည်းငယ်ကိုပဲ လက်ခံလေ့ရှိပါတယ်။ အကြောင်းအရင်းကတော့ တူရကီစကား မတတ်ခြင်းကြောင့်ဖြစ်ပြီးလူတော်တော်များများကလည်း တက္ကသိုလ်တက်ဖို့ ငွေမသွင်းနိုင်ကြပါဘူး´ ဟု လွန်ခဲ့သည့် ၂ နှစ်ခန့်က ဆီးရီးယားမှ ထွက်ခွာလာပြီး နီဇစ်ပ် ဒုက္ခသည်စခန်းတွင် သမိုင်းဘာသာရပ် သင်ကြားပေးနေသော ကျောင်းဆရာ ဘာဆာရ် အလ်-ဆူဗက်ဒ်က ပြောကြားခဲ့သည်။ ထိုစခန်းတွင် ဘာသာစကားအတန်းကို တစ်ပတ်လျှင် ၅ နာရီ သင်ကြားပို့ချပေးသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ သို့သော်လည်း အာရဘီတက္ကသိုလ်များရှိပါက ဆီးရီးယားကျောင်းသားများအနေဖြင့် ပိုမိုကောင်းမွန်သည့် ပညာရေးနှင့် ပိုမိုကောင်းမွန်သောဘ၀တို့ကို ရရှိနိုင်သည်ဟု ၎င်းက ဖွင့်ဟခဲ့လေသည်။

    ဆီးရီးယားပြည်သူများမှာ အခြားအိမ်နီးချင်းနိုင်ငံများဖြစ်သော ဂျော်ဒန်၊ လက်ဘနွန်နှင့် အီရတ်နိုင်ငံများတွင် သွားရောက် ခိုလှုံနေကြရသည်။ သို့သော်လည်း တူရကီကဲ့သို့မဟုတ်ဘဲ ထိုနိုင်ငံများတွင် အသုံးပြုသော စကားမှာ အာရဘီစကားဖြစ်နေ၏။

    `ဘာသာစကားအခက်အခဲက အဓိကပြဿနာပါပဲ။ တစ်နေ့ ဒီလူတွေ ဆီးရီးယားကို ပြန်သွားတဲ့အခါမှာ မျိုးဆက်ပျောက် သွားတာမျိုး ဖြစ်လို့မရပါဘူး။ တိုင်းပြည်ကိုပြန်လည်တည်ဆောက်နိုင်တဲ့ မျိုးဆက်တစ်ခုတော့ ရှိဖို့ လိုအပ်ပါလိမ့်မယ်´

    အန်ကာရာမှ သုတေသနပညာရှင် ကိုရာဘာတီရ်က ပြောခြင်းဖြစ်သည်။

    အသက် ၁၉ နှစ်အရွယ် အီဆာတစ်ယောက် ထိုမျိုးဆက်ထဲမှတစ်ဦး ဖြစ်ချင်နေ၏။

    `ကျွန်တော် အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်ပါတယ်။ ဆီးရီးယားမှာ စစ်ပွဲပြီးဆုံးသွားရင်အင်ဂျင်နီယာတွေ လိုအပ်လာမှာလေ´

    အနာတစ်ခုကို မျှော်တွေးထားသည့် ဆီးရီးယားလူငယ်တစ်ယောက်၏ အိပ်မက်ပင် ဖြစ်လေသည်။

    Ref : alarabiya
    .လေးမောင် မြန်မာပြန်ဆိုသည်။

  • အစ္စလာမ်ဘာသာဝင်များနှင့် ပတ်သက်၍ စွပ်စွဲပြောဆိုမိခဲ့သည့်အတွက် Fox သတင်းဌာန ပြန်လည်တောင်းပန်

    အစ္စလာမ်ဘာသာဝင်များနှင့် ပတ်သက်၍ စွပ်စွဲပြောဆိုမိခဲ့သည့်အတွက် Fox သတင်းဌာန ပြန်လည်တောင်းပန်

    ဇန်န၀ါရီ ၂၀၊ ၂၀၁၅
    M-Media

    fox

    – ပြီးခဲ့သည့်တစ်ပတ်က ထုတ်လွှင့်တင်ဆက်ခဲ့သော`အကြမ်းဖက်ဝါဒ ခွဲခြမ်းစိတ်ဖြာခြင်း´ အစီအစဉ်တွင် အစ္စလာမ်ဘာသာဝင်များနှင့် ပတ်သက်၍ စွပ်စွဲပြောဆိုခဲ့မှုအတွက် အမေရိကန် နာမည်ကြီး Fox သတင်းဌာနက စနေနေ့တွင် တောင်းပန်လိုက်သည်ဟု သိရသည်။

    ဧည့်သည်တစ်ဦးအား ဖိတ်ခေါ်၍ ဆွေးနွေးသည့် အဆိုပါအစီအစဉ်တွင် ဧည်သည့်အဖြစ် တက်ရောက်လာသူ စတီဗင်အီမာဆန်က ဥရောပရှိ မြို့အများစု မှာ မွတ်စလင်များပြည့်နေပြီး မွတ်စလင်မဟုတ်သူများ ၀င်ရောက် စီးပွားရေး မလုပ်ရဲသော ပြေးစရာမရှိသည့် မြေများ ဖြစ်လာသည်ဟု ပြောကြားခဲ့သည်။

    အီမာဆန်၏ အခြေအမြစ်မရှိသော ထိုပြောကြားမှုအတွက် ဝေဖန်မှုများ ထွက်ပေါ် လာခဲ့ပြီး Twitter အသုံးပြုသူများကလည်း #FoxnewsFacts အမည်ဖြင့် Fox သတင်းဌာနကို လှောင်ပြောင်သရော်ခဲ့ကြသည်။ အီမာဆန်က ဗြိတိန်ရှိ ဘာမင်ဂမ်မြို့မှာ မွတ်စလင်မြို့ဖြစ်နေကာ မွတ်စလင်မဟုတ်သူများ မ၀င်ကြဟု အဆိုပါအစီအစဉ်တွင် ထည့်သွင်းပြောကြားခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကမူ ထိုပြောကြားမှုအားရှုတ်ချခဲ့ပြီး အီမာဆန်မှာ `လုံးဝ အသိဥာဏ် မရှိသောသူ´ သာဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

    ထိုသို့ ဝေဖန်ဆန့်ကျင်မှုများကို ခံခဲ့ရပြီးနောက် Fox သတင်းဌာနက ဇန်န၀ါရီ ၁၇ ရက် စနေနေ့တွင် ၎င်းတို့၏ ထိုအစီအစဉ်အတွက် ၄ ကြိမ်တိုင်တိုင် တောင်းပန်ခဲ့သည်။

    `(ပြင်သစ်နဲ့ ယူကေတို့မှာ) မွတ်စလင်ဇုန်ဆိုပြီး သီးခြားသတ်မှတ်ထားတာမျိုး မရှိသလို၊ ဘာသာတရားကိုလိုက်ပြီး လူအုပ်စုတစ်ခုကို သီးသန့်ဖယ်ထုတ်ထားတဲ့ နေရာမျိုး အဲဒီနိုင်ငံတွေမှာ ရှိနေတယ်ဆိုတဲ့ တိကျခိုင်မာတဲ့ သတင်းအချက် အလက်လည်း မရှိပါဘူး´ ဟု Fox သတင်းဌာန၏ အစီစဉ်ကြေညာသူ ဂျူလီ ဘန်ဒရက်စ်က တောင်းပန်မှုတွင် ထည့်သွင်းပြောကြားခဲ့သည်။

    Fox သတင်းဌာနတွင် Justice with Judge Jeanine အစီအစဉ်ကို စီစဉ်တင်ဆက်သူ ဂျင်းနီ ပီရ်ရိုကလည်း ၎င်း၏ အစီအစဉ်တွင် အီမာဆန်၏ အခြေအမြစ်မရှိသော ပြောကြားချက်ကို ထည့်သွင်းဖော်ပြခဲ့မိသည့်အတွက် တောင်းပန်ခဲ့သည်။

    `ဧည့်သည်က တကယ့်အမှားတစ်ခုကို ကျူးလွန်ခဲ့ပြီး ကျွန်မတို့ကလည်း ဒီလို မမှန်ကန်တာကို ပြောကြားခွင့်ပေးခဲ့ပါတယ်´

    အီမာဆန်မှာ အကျိုးအမြတ်မယူသည့် အဖွဲ့တစ်ခုဖြစ်သော Investigative Project on Terrorism အဖွဲ့ကို တည်ထောင်ထားသူဖြစ်ပြီး ၎င်းကိုယ်တိုင်က လည်း Twitter စာမျက်နှာတွင် ဇန်န၀ါရီ ၁၂ ရက်နေ့က တောင်းပန်ခဲ့သည်။

    `ဘာမင်ဂမ်နဲ့ပတ်သက်ပြီးfox 2 ကျွန်တော့်ရဲ့ မှတ်ချက်တွေဟာ လုံးဝ တိကျမှန်ကန်မှု မရှိပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ တောင်းပန်မှုကို လက်ခံပေးပါ ဘာမင်ဂမ်။ ကျွန်တော်မှားခဲ့ပါတယ်- စတီဗင် အီမာဆန်´

     

     

    Ref : mashable.com

     

  • အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ် ၏ (၁၁၇)နှစ်မြောက်မွေးနေ့

    အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ် ၏ (၁၁၇)နှစ်မြောက်မွေးနေ့

    ဇန်နဝါရီ ၂၀ ၊ ၂၀၁၅
    M-Media

    117
    ယနေ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့သည့် အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ် ၏ (၁၁၇)နှစ်မြောက်မွေးနေ့ဖြစ်ပါသည်။

    ဆရာကြီးဦးရာဇတ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် ဆရာကြီးဦးရာဇတ် အကြောင်း ပိုစ်များကို M-Media စာဖတ်ပရိတ်သတ် အတွက် ပြန်လည် မိတ်ဆက် ပေးလိုက်ပါတယ်။

    အမည်မခံလိုသူ စာရေးဆရာကြီး သို့မဟုတ် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် =>http://www.m-mediagroup.com/news/4223

    ကျွန်မဖေဖေ=>http://www.m-mediagroup.com/news/4299

    ဗမာတွေ ဘယ်မှာ စည်းကမ်း မဲ့လို့လဲ=>http://www.m-mediagroup.com/news/4316

    မမေ့နိုင်ရွယ်ရည် ၆၆-နှစ်တိုင်လေပြီ အာဇာနည်မြတ် ဦးရာဇတ်=>http://www.m-mediagroup.com/news/16191

    သူ့စကားများက ညွှန်းဆိုနေသည့် ဆရာကြီး ဦးရာဇတ်အကြောင်း=>http://www.m-mediagroup.com/news/4239

    အာဇာနည်ခေါင်းဆောင်ဆရာကြီး ဦးရာဇတ် ၏ အတ္ထုပ္ပတ္တိ အကျဉ်း =>http://www.m-mediagroup.com/news/1388

    မြန်မာ့ အာဇာနည်ခေါင်းဆောင် ဆရာကြီးဦးရာဇတ် အတ္ထုပ္ပတ္တိ (EBook) =>http://www.m-mediagroup.com/news/28037

    မန္တလေး ၁၃ဝဝ ပြည့်အရေးတော်ပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် =>http://www.m-mediagroup.com/news/1365

    သူများတွေပြောတဲ့ ဆရာကြီးဦးရာဇတ်အကြောင်း =>http://www.m-mediagroup.com/news/1334

    ဆရာကြီး ဦး(အဗ္ဗဒူလ်) ရာဇတ်၏ လက်ရာ ရတုပိုဒ်စုံ =>http://www.m-mediagroup.com/news/1330

    အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် အခြားပိုစ်များ ဖတ်ရန် => http://www.m-mediagroup.com/news/tag/urazak-2/

    အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် အကြောင်း ဓါတ်ပုံများ ကြည့်ရန် =>https://www.facebook.com/media/set/?set=a.484313664944442.97896.468226919886450&type=3

    ဆရာကြီး ဦးရာဇတ် (၁၁၅) နှစ်မြောက် အခမ်းအနား ဓါတ်ပုံများ =>https://www.facebook.com/media/set/?set=a.488522597856882.98579.468226919886450&type=3

  • ဖားကန့်တိုက်ပွဲကြောင့် ကချင်ပြည်သူများနှင့်အတူ တရုတ်နိုင်ငံသား ရာချီ ပိတ်မိနေ

    ဖားကန့်တိုက်ပွဲကြောင့် ကချင်ပြည်သူများနှင့်အတူ တရုတ်နိုင်ငံသား ရာချီ ပိတ်မိနေ

    ဇန်န၀ါရီ ၁၉၊ ၂၀၁၅
    M-Media

    kcn

    – မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားနေသော မြန်မာစစ်တပ်နှင့် ကချင်လက်နက်ကိုင်များအကြား တိုက်ပွဲကြောင့် တရုတ်နိုင်ငံသား ရာချီ ပိတ်မိနေသည်ဟု တရုတ်မီဒီယာများက ယနေ့တွင် ဖော်ပြလိုက်သည်။

    တိုက်ပွဲများမှာ ကျောက်စိမ်းမိုင်းတွင်းများရှိရာနေရာဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ၂၀၁၃ ခုနှစ်ကတည်းက ထိန်းချုပ်ထားရာ ဖားကန့်အနီးတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး မြန်မာစစ်တပ်က ထိုနယ်မြေကို သိမ်းပိုက်ခဲ့ပြီးနောက် ကချင်ဘက်ကည်း ဒေသအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

    ထိုတိုက်ပွဲအတွင်း ဒေသခံ ကချင်ပြည်သူများနှင့် တရုတ်နိုင်ငံသား စုစုပေါင်း ၂၀၀၀ ခန့် ပိတ်မိနေသည်ဟု ကချင်ထောက်လှမ်းရေးအဖွဲ့၏ ပြောကြားမှုကို ကိုးကား၍ တရုတ်အစိုးရပိုင် Global Times သတင်းစာက ယနေ့တွင် ဖော်ပြခဲ့သည်။ ပိတ်မိနေသူ တရုတ်နိုင်ငံသားများ ရာချီတွင် ကျောက်စိမ်းတူးသူများ၊ ကုန်သည်များ ပါဝင်နေပြီး အစားသောက်နှင့် ရေရရှိမှုမှာလည်း အကန့်အသတ်နှင့် ရှိနေသည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ အခြေအနေကို သေသေချာချာ စောင့်ကြည့်နေသည်ဟု ပြောကြားခဲ့သည်။

    ဇန်န၀ါရီ ၁၄ ရက်နေ့က ကချင်ပြည်နယ်ဆောက်လုပ်ရေးဝန်ကြီး၊ ၎င်းနှင့်အတူ လုံခြုံရေးလိုက်ပါလာသော ရဲတပ်ဖွဲ့ဝင် ၂ ဦးကို KIA က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ပိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    Ref: nytimes

  • အာဆင်နယ်နှင့်ပွဲ ဖန်တီးနိုင်စွမ်းနည်းခဲ့ကြောင်း ပယ်လီဂရီနီ ၀န်ခံ

    အာဆင်နယ်နှင့်ပွဲ ဖန်တီးနိုင်စွမ်းနည်းခဲ့ကြောင်း ပယ်လီဂရီနီ ၀န်ခံ

    ဇန်န၀ါရီ ၁၉၊ ၂၀၁၅
    M-Media

    awg

    – တနင်္ဂနွေနေ့က ကစားခဲ့သည့်ပွဲတွင် အာဆင်နယ်အား ၂ ဂိုး ပြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ မိမိတို့အသင်း ဖန်တီးနိုင်စွမ်း နည်းခြင်းကြောင့် ဖြစ်သည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ထိုပွဲတွင် မန်စီးတီးအသင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ကာဇိုလာ၏ ပင်နယ်တီ၊ ဂျရူး၏ ခေါင်းတိုက်ဂိုးတို့ဖြင့် အရှုံးပေးခဲ့ရခြင်းဖြစ်ပြီး ယခုနှစ် ပထမဆုံး အိမ်ကွင်းရှုံးပွဲလည်း ဖြစ်ခဲ့သည်။

    ပယ်လီဂရီနီကမူ ပယ်နယ်တီအတွက် စိတ်မသက်မသာဖြစ်ရသည်ဟု ပြောကြားခဲ့ပြီး အသင်း၏ စွမ်းဆောင်ရည်မှာ ပုံမှန်အောက် ရောက်နေသည်ဟုလည်း ၀န်ခံသွားခဲ့သည်။

    `ရှုံးရတဲ့ အဓိကအကြောင်း နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ပင်နယ်တီပေးလိုက်ရတာဖြစ်ပါတယ်။ ဒါဟာပယ်နယ်တီပေးရမယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့် ကွန်ပနီဟာလည်း ဒီလိုကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ဖို့ မလိုအပ်ပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ ပွဲက ပြောင်းသွားပြီး ကျွန်တော်တို့လည်း ဂိုးသွင်းခွင့်တစ်ကြိမ်တောင် မရခဲ့ပါဘူး။ ကျွန်တော်တို့အသင်းဟာ ဖန်းတီးနိုင်စွမ်းရှိတဲ့အသင်း မဟုတ်ခဲ့ပါဘူး´ ဟု ပယ်လီဂရီနီက ပွဲအပြီးတွင်း Sky Sports သို့ ပြောကြားခဲ့သည်။

    ထိုပွဲအရှုံးမှာ နောက်ဆုံး ၁၅ ပွဲတွင် မန်စီးတီး၏ ပထမဆုံးအရှုံးလည်းဖြစ်ပြီး ပယ်လီဂရီနီကမူ အာဆင်နယ်မှာ အာရုံစူးစိုက်မှုရှိခဲ့ကြောင်း၊ မိမိတို့မှာ ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့သော်လည်း ဂိုးသွင်းခွင့်များကို မဖန်တီးနိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    မန်စီးတီးမှာ လက်ရှိအချိန်တွင် ဦးဆောင်သူ ချယ်ဆီးထက် ၅ မှတ်အကွာ ဒုတိယနေရာတွင်ရှိနေပြီး ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ချယ်ဆီးအသင်း၏ စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ သွားရောက် ကစားရမည်ဖြစ်သည်။

    `(ချယ်ဆီးကို မရှုံးဖို့ဆိုတာ) သိပ်ကိုအရေးကြီးပါတယ်။ ဘာ့ကြောင်လည်းဆိုတော့ ၈ မှတ်ကွာသွားရင် အမီလိုက်ဖို့ အရမ်းခက်သွားမယ်။ အခု သူတို့က ကျွန်တော်တို့ထက် ၅ မှတ်သာနေတယ်။ နောက်ပွဲမှာ ချယ်ဆီးနဲ့ ကစားရဖို့ရှိပြီး ကျွန်တော်တို့ အနိုင်ကစားဖို့ ကြိုးစားရပါမယ်။ ဒါမှသာ အမှတ်ကွာဟမှုကို လျှော့ချနိုင်မှာပါ´ ဟု ပယ်လီဂရီနီက ထပ်လောင်းပြောကြားခဲ့သည်။

    Ref :goal.com