ဒီဇင်ဘာ ၃၁၊ ၂၀၁၄
M-Media
– ရီးယဲလ်မက်ဒရစ်သို့ ပထမဆုံးရောက်ရှိသော ရာသီတွင်ပင် နှစ်ပေါင်းများစွာ စောင့်စားခဲ့ရသည့် ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ် ဖလားအား ဆွတ်ခူးပေးနိုင်ခဲ့သည့် နည်းပြ အန်ဆယ်လော့တီမှာ Globe Soccer Awards ဆု ပေးအပ်ချီးမြှင့်ပွဲတွင် အကောင်းနည်းပြဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့က ဒူဘိုင်းတွင်ပေးအပ်ခဲ့သည့် အဆိုပါဆုအတွက် အန်ဆယ်လော့တီမှာ ဂျာမနီအသင်းအား ကမ္ဘာဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဂျာမနီနည်းပြ ဂျိုအာချင်းလိုကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။
ထိုဆုမှာ အီတလီ၊ အင်္ဂလန်နှင့် ပြင်သစ် အမှတ်ပေးချန်ပီယံဘွဲ့များကို အေစီမီလန်၊ ချယ်ဆီးနှင့် ပီအက်စ်ဂျီတို့နှင့်အတူ ဆွတ်ခူးရရှိခဲ့ဖူးသည့် အန်ဆယ်လော့တီ၏ တောက်ပသော နည်းပြဘ၀အတွက် မှတ်တိုင်တစ်ခုလည်း ဖြစ်သည်။
`ကစားသမားကောင်း အများအပြားနဲ့ အံသြဖွယ်ကောင်းတဲ့ ၀န်ထမ်းတွေ ရှိတာကြောင့် ကျွန်တော့်အတွက် အေးဆေးပါပဲ။ သူတို့တွေဟာ အခြားသင်းတွေထက် ရီးယဲလ်ကိုနည်းပြဖို့အတွက် လွယ်ကူစေပါတယ်´ ဟု ဆုရယူပြီးနောက် ပြောကြားခဲ့သည်။
အန်ဆယ်လော့တီနှင့်အတူ ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာလည်း တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။
ဘောလုံးနှင့်ပတ်သက်သည့် ဆုများကို ပေးအပ်ချီးမြှင့်သော Globe Soccer Awards တွင် အကောင်းဆုံအေးဂျင့်ဆုနှင့် အကောင်းဆုံး ကလပ်အသင်း ဒါရိုက်တာဆုတို့လည်း ပါဝင်ခဲ့သည်။
Ref : goal.com