News @ M-Media

ချင်းပြည်နယ်ရှိ အထင်ကရ ရိဒ်ရေကန်သို့ နှစ်ကူး အားလပ်ရက်တွင် လာရောက်သူများပြား

ဇန်န၀ါရီ ၄၊ ၂၀၁၅
M-Media
11404_821949434514195_1476427765391852553_n
– ချင်းပြည်နယ် ဖလမ်းမြို့ရှိ နာမည်ကျော် ရေကန်တစ်ခုဖြစ်သော ရိဒ်ရေကန်အား ခရစ္စမတ်နှင့် နှစ်ကူးအားလပ်ရက်များတွင် လာရောက်လည်ပတ်သူ များပြား ခဲ့ကြောင်း သိရသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၉၆၆ ပေအမြင့်တွင် အသည်းနှလုံးပုံစံ သဘာဝအတိုင်း ရှိနေသည့် အဆိုပါရေကန်သို့ လာရောက်ကြသူများမှာ မြန်မာ နိုင်ငံအတွင်းမှ တိုင်းရင်းသားလူမျိုးများအပါဝင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ကျောင်းသားများဖြစ်ကြပြီး တစ်နေ့လျှင် ကားအစီးရေ ၂၀ ခန့်ရှိသည်။

ချင်းတောင်မြောက်ပိုင်းတွင်ရှိသည့် အဆိုပါ ရိဒ်ရေကန်၏ အကျယ်မှာ သုံးမိုင်ရှိပြီး အနက်မှာ ပေ ၆၀ ရှိသည်။ ရိဒ်ရေကန် သို့ နိုင်ငံခြားသားများ လာရောက် လည်ပတ်မှုမှာ ၂၀၀၂ ခုနှစ်တွင် စတင်ခဲ့ပြီး နှစ်စဉ် တိုးတက်လျက် ရှိနေသည်။ ခရီးသွားများ လာရောက်လည်ပတ်ရာတွင် အဆင်ပြေစေရန်အတွက် ၂၀၀၉ ခုနှစ်တွင် ရိဒ်ရေကန် အပန်းဖြေစခန်းကို တည်ဆောက်ခဲ့သည်။

အဆိုပါ ရိဒ်ရေကန်မှာ မိုးရာသီတွင် ကြည်လင်လေ့ရှိပြီး ဆောင်း ရာသီတွင်မှု ကန်၏ ရေပြင်မှာ နီရဲလျက်ရှိကာ ခရစ္စမတ်ကာလတွင် တစ်ပတ်၊ ၁၀ ရက်ခန့် နောက်ကျိလေ့ရှိသည်။ ထို့ပြင် အဆိုပါ ရိဒ်ရေကန်မှ ရေကို ခပ်ယူသွားပါကလည်း ကန်တွင် ရေနောက်သည့် အချိန်၌ အခြားသို့ ယူသွားသောရေပါ နောက်ကျိလေ့ ရှိသည်။

ချင်းပြည်နယ်တွင် သဘာ အတိုင်းရှိနေသည့် အံ့ဖွယ်နေရာများ အများအပြား ရှိနေသေးပြီး မပျက်စီးစေရန်အတွက် ထိန်းသိမ်းမှုများပြု လုပ်ရန် လိုအပ်သည်ဟု ဒေသခံများကဆိုသည်။

Ref : ကြေးမုံ၊ web

Comments

Leave a Reply