News @ M-Media
Blog
  • FFP စနစ်က ရင်းနှီးမြှုပ်နှံသူများကို အဟန့်အတားဖြစ်စေသည်ဟု အေစီမီလန် အားကစားဒါရိုက်တာ ပြောကြား
    ဒီဇင်ဘာ ၂၉၊ ၂၀၁၄
    M-Media
    10888714_818095584899580_1127220829721931463_n
    – ယူအီးအက်ဖ်အေက သတ်မှတ်ထားသည့် ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်း FFP မှာ
    ဘောလုံးကအတွင်းသို့ ရင်းနှီးမြှပ်နှံမှုအသစ်များ ၀င်ရောက်ခြင်းကို အတားအဆီးဖြစ်စေသည်ဟု အေစီမီလန်အသင်း၏ အားကစားဒါရိုက်တာ အမ်ဘာတို ဂန်ဒီနီက ပြောကြားလိုက်သည်။
    ဒူဘိုင်းတွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာ အားကစားညီလာခံတွင် တို့ကဲ့သို့
    ပြောကြားလိုက်ခြင်းဖြစ်ပြီး FFP စည်းမျဉ်က တည်ဆောက်ထားပြီးသော အသင်းများ၏ မူလအခြေအနေကို အရင်အတိုင်းရှိစေပြီး တူညီသော ပြိုင်ပွဲယှဉ်ပြိုင်မှု အခြေအနေကို မဖြစ်ပေါ်စေဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    ဥရောပပြိုင်ပွဲများရှိ အသင်းများ၏ အကျိုးစီးပွားအတွက် ကိုယ်စားပြုဆောင်ရွက်ရန်
    ဖွဲ့စည်းထားသည့် ဥရောပ ကလပ်အသင်းများအဖွဲ့ ECA တွင် ဂန်ဒီနီမှာ ဒုတိယ ဥက္ကဌဖြစ်ပြီး ထိုအဖွဲ့မှာ UEFA ၏ ညွှန်ကြားချက်အသစ်များကို အကောင်အထည်ဖော်ရေးဆုံးဖြတ်ချက်များ၌ အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်သည့် အဖွဲ့လည်း ဖြစ်သည်။
    `ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းဟာ ထိန်းချုပ်မှုအချို့နဲ့ ဥရောပမှာရှိတဲ့ ဘောလုံးအသင်းတွေရဲ့ အုပ်ချုပ်ရေးပိုင်းအတွက် အခြေခံတွေကိုလည်း ယူဆောင်လာပေးပါတယ်။ ဒါဟာ ဥရောပ ဘောလုံးလောကအတွက် ဆုံးရှုံးမှုအစုစုကို လျော့ချပေးပြီး အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ အခြားတစ်ဖက်မှာတော့ (ထိပ်တန်းအသင်းတွေက) အခြေကျသွားပြီး
    ပြိုင်ပွဲမှာ ရင်းနှီးမြှုပ်နှံဖို့ စောင့်နေတဲ့သူတွေကိုတော့ FFP က တားဆီးထားပါတယ်´ ဟု ဂန်ဒီနီက ဆိုသည်။
    ဥရောပဘောလုံးအဖွဲ့ချုပ်၏ ဘဏ္ဍာရေးစည်းမျဉ်းကြောင့် ယမန်နှစ်က
    ပီအက်စ်ဂျီအသင်းအပါအ၀င် ဥရောပထိပ်သီးအသင်းအချို့မှာ ဒဏ်ငွေဆောင်ရခြင်း၊ ဥရောပပြိုင်ပွဲများတွင် လူစာရင်း ကန့်သတ်ခံရခြင်း၊ အပြောင်းအရွှေ့တွင် ကစားသမားဝယ်ယူခွင့် ပိတ်ပင်ခံရခြင်း စသည့် အရေးယူမှုများကို ခံခဲ့ရသည်။
    Ref : goal.com
  • ရခိုင်က မွတ်စလင် သိန်းချီကြားထဲမှာ နေရတဲ့ ဗုဒ္ဓဘာသာဝင် ကျွန်တော်ဟာ ဘာအန္တရာယ်မှ မရှိခဲ့ပါဘူး´ (ကိုစိုင်းဟန်ထိုက်)
    ရခိုင်က မွတ်စလင် သိန်းချီကြားထဲမှာ နေရတဲ့ ဗုဒ္ဓဘာသာဝင် ကျွန်တော်ဟာ ဘာအန္တရာယ်မှ မရှိခဲ့ပါဘူး´ (ကိုစိုင်းဟန်ထိုက်)
    ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်ကလေးများ၏ ပန်းချီလက်ရာများအား ပြသရောင်းချ
    ဒီဇင်ဘာ ၂၉၊ ၂၀၁၄
    M-Media
    မိုးဇက်
    10897124_818105551565250_6112967581468984926_n
    ရန်ကုန်။ ။ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများမှ ကလေးငယ်များ ကိုယ်တိုင် ရေးဆွဲထားသော ပန်းချီကားချပ်များ၊ ကလေးငယ်များ၏ ဘ၀ကို ဖော်ကြူးထားသည့် ဓာတ်ပုံများ၊ ပို့စ်ကဒ်များ၊ အင်္ကျီများနှင့် ပြက္ခဒိန်များကို ပြသကာ ရောင်းချသည့် ပန်းချီပြပွဲတစ်ခုကို ရန်ကုန်မြို့ ၃၅ လမ်း River Ayeyerwaddy Gallery တွင် ဒီဇင်ဘာလ ၂၈ ရက် တနင်္ဂနွေနေ့ က ပြုလုပ်ခဲ့သည်ဟု သိရသည်။
    အဆိုပါ ပြပွဲကို ဒုက္ခသည် ကလေးများ၏ စိတ်ခံစားမှုများအား လူအများ သိရှိ၊ နားလည် ခံစားတတ်စေရန်နှင့် အဆိုပါ ဒုက္ခသည်ကလေးများ၏ အလွန်ချို့တဲ့သော ဘ၀များအတွက် အထောက်အပံ့ပေးနိုင်ရေး ရန်ပုံငွေရရှိရန်တို့အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
    “ဒီပုံလေးတွေက သူတို့ရဲ့စိတ်ခံစားချက်တွေ၊ သူတို့ရဲ့အကြောင်းအရာတွေကို သူတို့ကိုယ်တိုင် စိတ်ကူးစိတ်သန်းလေးတွေ နဲ့ရေးဆွဲထားတဲ့ ပန်းချီကားတွေဖြစ်ပါတယ်” ဟု ယင်းပြပွဲကို စီစဉ်သူတစ်ဦးက ပြောကြားခဲ့သည်။
    ကလေးငယ်များရေးဆွဲထားသော အဆိုပါ ပန်းချီကားတစ်ချပ်၏ ဈေးနှုန်းကို ၁၀၀၀၀ ကျပ်မှ စတင်သတ်မှတ်ထားပြီး ပန်းချီကားပေါင်း ၁၀၀ ကျော်ကို ပြခန်းတွင် ပြသထားသည်။
    စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများတွင် ကလေးငယ်ပေါင်း ၈၀၀၀၀ ကျော် ရှိနေပြီး ကလေးငယ်များ အနေဖြင့် ပညာရေး၊ ကျန်းမာရေးထောက်ပံ့မှုများ ကို အဓိက လိုအပ်နေသည်ဟု သိရသည်။ ယင်းကလေးငယ်များအတွက် လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများမှ ကျန်းမာရေးအသိပညာပေးခြင်းများ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးမှု တို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိနေသည်။
    စစ်တွေရှိ ဒုက္ခသည်စခန်းများတွင် ကလေးငယ်များ၏ လိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးနေ သူ ကိုစိုင်းဟန်ထိုက် (အပေအတေအကိတ်လေး) က အဆိုပါ ကလေးငယ်များနှင့် ပတ်သက်ပြီး “ကျွန်တော်ကတော့ စခန်းတစ်ခုချင်းဆီက ကလေးငယ်တွေကို သူတို့ပျော်ရွှင်မှုတွေ ရလာအောင် ပြိုင်ပွဲတွေ၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး အာဟာရကျွေးတာမျိုးတွေကို တတ်နိုင်သလောက် လုပ်ပေးနေပါတယ်။ ကလေးတွေရဲ့ စိတ်အခြေအနေတွေ ကလည်း တိုးတက်လာပါတယ်။ ကျွန်တော့်ကိုလည်း သူတို့တွေ ယုံကြည်မှုအပြည့် ရှိကြပါတယ်။ မွတ်စလင် ၁ သိန်းကျော်ရှိတဲ့နေရာမှာ ကျွန်တော့်လို ဗုဒ္ဓဘာသာဝင် တစ်ယောက်တည်းနေပေ မယ့်လည်း ကျွန်တော်အခုချိန်ထိ အန္တရာယ် တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ ရှေ့ဆက်လည်း ကလေးငယ်တွေအတွက် တတ်နိုင်သလောက်လုပ်သွားမှာပါ” ဟု ၎င်း၏ ခံစားချက်ကို ဖွင့်ဟခဲ့သည်။
    ယခုကဲ့သို့ ပန်းချီကားများ၊ အလှဓာတ်ပုံများ၊ အင်္ကျီနှင့် ပြက္ခဒိန်များကို ရန်ပုံငွေအဖြစ် ရောင်းချသည့် ပွဲတော်ကို ယခင်ကလည်း တစ်ကြိမ်ပြုလုပ်ခဲ့ဖူးပြီး စုစုပေါင်း ရန်ပုံငွေ ၃၆ သိန်းကျော်မျှ ရရှိခဲ့ကြောင်း သိရသည်။
    10885397_818105521565253_2758535379600346022_n
    10885491_818105478231924_5849639002145186326_n10891623_818105448231927_3364142314486031398_n10891961_818105388231933_5127614020918620310_n
  • ပျောက်ဆုံး Air Asia လေယာဉ် ယနေ့ညနေပိုင်းအထိ မတွေ့ရသေး၊ ရှာဖွေမှုများ ဆက်လုပ်နေ
    ဒီဇင်ဘာ ၂၉၊ ၂၀၁၄
    M-Media
    10897845_818045041571301_1226788824908251555_n
    – ယမန်နေ့ နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းကနေ စင်ကာပူကိုအသွားမှာ ပျောက်ဆုံးသွားခဲ့တဲ့ Air Asia လေကြောင်းလိုင်းက လေယာဉ်အမှတ် QZ8501 ကို ရှာဖွေမှုတွေ ပြုလုပ်နေပေမယ့် ယခုအချိန်အထိတော့ ရှာမတွေ့သေးပါဘူး။
    ဂျာဗားပင်လယ်ထဲက ဘလီတွန်ကျွန်းနားအရောက် ဆက်သွယ်မှု ပြတ်တောက်သွားခဲ့တဲ့ ဒီလေယာဉ်ဟာ ပျက်ကျသွားပြီး ပင်လယ်ကြမ်းပြင်အောက် ရောက်သွားတာ ဖြစ်နိုင်တယ်လို့တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အဲဒီအနီးအနား ပူလောင်နန်ကာ ကျွန်းက တံငါသည်အချို့ကလည်း လေယာဉ်ကြီးတစ်စင်း ထိုးဆင်းလာတာ မြင်လိုက်တယ်လို့ ပြောခဲ့ကြပါတယ်။
    အဆက်အသွယ်ပျက်တောက်သွားတဲ့အချိန်က ရာသီဥတုအခြေအနေ ဆိုးရွားနေတာကြောင့်၊ လေယာဉ်ဟာ မုန်တိုင်းမိပြီး ပျက်ကျသွားနိုင်တဲ့ အလားအလာက ပိုများနေပြီး အင်ဒိုနီးရှား၊ မလေးရှား စင်ကာပူ၊ သြတေးလျတို့က ဝေဟင်၊ ရေပြင် နှစ်ခုစလုံးကနေ ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။ ယခုညနေပိုင်းမှာတော့ ပင်လယ်ကြမ်းပြင်အောက် ပိုက်စိတ်တိုက်ရှာဖွေဖို့
    အတွက် လုပ်ဆောင်နေကြပါတယ်။
    ဒီလေယာဉ်ဟာ ရာသီဥတုဆိုးဝါးမှုကို ရှောင်ရှားဖို့ အမြင့်ပေ ၃၂၀၀၀ မှာပျံသန်းနေရာက ၃၈၀၀၀ ကိုပျံသန်းဖို့ အဆက်အသွယ်မပြတ်တောက်မီမှာ ပိုက်လော့က လေကြောင်းထိန်းချုပ်ရေးဌာနကို ခွင့်တောင်းခဲ့ပေမယ့် ခွင့်ပြုချက် မရခဲ့ဘူး။
    နောက်ဆုံး အဆက်အသွယ်ပြတ်တောက်သွားတဲ့နေရာကနေ မိုင် ၇၀၀ လောက်အကွာမှာ လေယာဉ်ပျက်အပိုင်းအစလို့ယူဆရတဲ့ အရာဝတ္ထုအချို့ကို သြစတေးလျ ရှာဖွေရေးအဖွဲ့တွေက တွေ့ရှိခဲ့ရတယ်လို့ စောစောပိုင်းက သတင်းထွက်ပေါ်ခဲ့ပေမယ့် ဒါဟာ ပျောက်ဆုံးသွားတဲ့ လေယာဉ်ရဲ့ အစိတ်အပိုင်းတွေမဟုတ်ဘူးလို့ အင်ဒိုနီးရှား ဒုတိယသမ္မတက ယခုညနေပိုင်းမှာ
    ပြောကြားခဲ့ပါတယ်။
    Air Asia လေကြောင်းလိုင်းပိုင်ရှင် တိုနီဖာနန်ဒက်စ်ကတော့ ရှာဖွေမှုတွေမပြီးဆုံးမချင်း လျော်ကြေးပေးဖို့ကိစ္စတွေကို မစဉ်စားသေးဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီလေယာဉ်အတွက် လျော်ကြေးဟာ ကန်ဒေါ်လာ သန်း ၁၀၀ လောက် ကုန်မှာပါ။
    လေယာဉ်ပျောက်ဆုံးသွားတာ ၂၄ နာရီကျော်လာပြီ ဖြစ်တာကြောင့် အဆိုးဝါဆုံးအခြေအနေနဲ့ ရင်ဆိုင်ရဖို့ ရာခိုင်နှုန်းတွေ များနေပေမယ့် မိသားစုတွေကတော့ မျှော်လင့်ချက်တွေ မလျော့သေးဘူးလို့ ပြောကြားခဲ့ပါတယ်။
    Ref : channelnewsasia
  • အိန္ဒိယမှာ ၂၀၂၁ ခုနှစ်တွင် ဟိန္ဒူနိုင်ငံဖြစ်ရမည်ဟု ဟိန္ဒူဘာသာရေးအဖွဲ့တစ်ခုမှ အကြီးအကဲပြောကြား
    10896831_817868114922327_3565615385543323372_n
    ပုံ ၁- DJS မှပြုလုပ်သည့် ဟိန္ဒူဘာသာ ကူးပြောင်းပွဲ အခမ်းအနား
    ဒီဇင်ဘာ ၂၉၊ ၂၀၁၄
    M-Media
    – နိုင်ငံအတွင်းရှိ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဝင်များအားလုံး ၂၀၂၁ ခု ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ဟိန္ဒိုဘာသာသို့ ပြောင်းလဲရမည်ဖြစ်ပြီး သို့မဟုတ်ပါက တိုင်းပြည်မှ ထွက်သွားရလိမ့်မည်ဟု အိန္ဒိယရှိ ဟိန္ဒူဘာသာရေးအဖွဲ့ DJS မှ ရာဂျက်ရှ်ဝါ ဆင်းက ပြောကြားလိုက်သည်။
    ဒီဇင်ဘာ ၁၈ ရက်နေ့က အူတာပရာဒက်ရှ်ပြည်နယ် အဂ္ဂရာမြို့တွင် ပြုလုပ်ခဲ့သည့်
    ဟိန္ဒူဘာသာသို့ ကူးပြောင်းပွဲ(ghar wapsi) အခမ်းအနားတွင် အဆိုပါပြည်နယ် DJS အဖွဲ့ အကြီးအကဲ ဆင်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အိန္ဒိယအား ၂၀၂၁ ခုနှစ်အရောက်တွင် ဟိန္ဒူနိုင်ငံဖြစ်အောင် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
    `အိန္ဒိယရဲ့ အတွင်းစိတ်က ပေါ်ထွက်လာပါပြီ။ စောင့်သာ ကြည့်နေလိုက်ပါ။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ဟာ ခရစ်ယာန်နဲ့ အစ္စလာမ်အတွက် နောက်ဆုံးနေ့ပါ။ အဲဒီနေ့မှာ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာကို ကျွန်တော်တို့ အဆုံးသတ်သွားမှာပါ။ ကျွန်တော်တိုရဲ့ပစ်မှတ်က အိန္ဒိယဟာ ၂၀၂၁ ခုနှစ်မှာ ဟိန္ဒူနိုင်ငံ (Hindu Rashtra) ဖြစ်ဖို့ပါ။ မွတ်စလင်နဲ့ ခရစ်ယာန်တွေဟာ ဒီမှာနေဖို့ အခွင့်မရှိပါဘူး။ ဒါ့ကြောင့် သူတို့ ဟိန္ဒူဘာသာကို ပြောင်းရမယ်။ ဒါမှမဟုတ် ဒီကနေ ထွက်သွားရပါမယ်´ ဟု ဆင်းက ထည့်သွင်းပြောကြားခဲ့သည်။
    DJS မှာ ghar wapsi အခမ်းအနားများ ပြုလုပ်ကာ ခရစ်ယာန်များနှင့်
    အစ္စလာမ်ဘာသာဝင်များအား ဖိအားပေး၍သော်လည်းကောင်း၊ မလိမ့်တစ်ပတ်လုပ်၍သော် လည်းကောင်း ဟိန္ဒူဘာသာအတွင်းသို့ သွတ်သွင်းမှုများရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
    အဆိုပါ DJS အဖွဲ့မှ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ နန်ဒ် ကစ်ဟိုးရ်မှာ အဂ္ဂရာရှိ မွတ်စလင်အယောက် ၁၀၀ အား အတင်းအကျပ် ဘာသာပြောင်းစေခဲ့မှုအတွက် ဒီဇင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည်။ အိန္ဒိယအစိုးရကမူ အငြင်းပွားမှုများရှိနေသည့် ghar wapsi
    အခမ်းအနားများကို မပြုလုပ်ရန် အချို့ပြည်နယ်များတွင် တားမြစ်ထားသည်။
    သို့သော်လည်း ဆင်းကမူ မိမိတို့မှာ ထိုအလုပ်ကို လုပ်ဆောင်လာသည်မှာ နှစ်ပေါင်း ၆၀ ရှိခဲ့ပြီး လူပေါင်း ၆ သိန်းကျော်ကိုလည်း ဟိန္ဒူဘာသာအတွင်သို့ သွတ်သွင်းပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
    DJS မှာ ဟိန္ဒူအစွန်းရောက်ပါတီဟု လူသိများသည့် RSS ၏ လက်ခွဲတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း ခရစ်ယာန်များအား ဟိန္ဒူဘာသာသို့ သွတ်သွင်းပွဲကို ကျင်းပပြုလုပ်ခဲ့သေးသည်။
    Ref : Dailymail
    10888717_817868101588995_3200879622231356734_n
    ပုံ ၂- RSS မှပြုလုပ်သည့် ဟိန္ဒူဘာသာ ကူးပြောင်းပွဲ အခမ်းအနား
  • ရာသီဝက်ချန်ပီယံချယ်ဆီး၊ မန်စီးတီးနဲ့မန်ယူတို့ သရေကျခဲ့ပြီး အာဆင်နယ်၊ နယူးကာဆယ်တို့ နိုင်ပွဲရခဲ့ကာ အမှတ်ကွာဟမှုလျော့လာတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၉
    ဒီဇင်ဘာ ၂၉၊ ၂၀၁၄
    M-Media
    10881538_817871038255368_6069901824853543963_n
    – ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ ကို Boxing Day မှာ ကစားပြီးတဲ့နောက်မှာ ပွဲစဉ် ၁၉ ရဲ့ ၉ ပွဲကို မနေ့ညက ကစားခဲ့ပါတယ်။ ဒီပွဲတွေမှာတော့ ထိပ်ဆုံးက ၃ သင်းစလုံး သရေကျခဲ့ပြီး အာဆင်နယ်က အမှတ်ကွာဟချက် ကျဉ်းမြောင်းအောင် ဆောင်ရွက်နိုင်ခဲ့ကာ၊ နယူးကာဆယ်ကလည်း နိုင်ပွဲပြန်ရခဲ့ပါတယ်။
    Bxoing Day မှာ ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆောက်သက်တမ်တို့အိမ်ကွင်းမှာ ချယ်ဆီးကို အကောင်းဆုံးကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း ၁၇ မိနစ်မှာ အရင်သွင်းယူပေးခဲ့တာပါ။ နောက်ပိုင်းမှာ ချယ်ဆီးတို့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ချေပဂိုးကိုတော့ ပထမပိုင်း နာကျင်အချိန်ပိုကျမှ အေဒင် ဟဇာ့ဒ်က လှလှပပသွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာအကောင်းဆုံးကစားသွားနိုင်ခဲ့တာကတော့ ချယ်ဆီးကွင်းလယ်လူ ဖာဘရီဂက်စ်ဖြစ်ပြီး ဂိုးသွင်းခွင့်အချို့ရပေမယ့် ချယ်ဆီးတိုက်စစ်မှူးတွေ
    အသုံးမချနိုင်ခဲ့တာကြောင့် သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
    မန်စီးတီးကတော့ ဇယားအောက်ခြေမှာ ကျောက်ချနေတဲ့ ဘန်လေကို အိမ်ကွင်းမှ
    သရေကျခဲ့ရတာ စိတ်ပျက်စရာပါပဲ။ ၂၃ မိနစ်နဲ့ ၃၃ မိနစ်တို့မှာ ဆေးလ်ဗားနဲ့ ဖာနန်ဒင်ဟိုတို့က အိမ်ရှင်အတွက် ဦးဆောင်ဂိုးတွေ သွင်းပေးခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဘန်လေတို့ ကစားပုံပိုကောင်းခဲ့ပြီး ချေပဂိုး ၂ ဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ မန်စီးတီးတို့ ချယ်ဆီးနဲ့ အမှတ်ကွာဟမှုကို လျော့နိုင်မယ့် အခွင့်အရေး ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပဲ ပယ်လီဂရီနီကလည်း သူ့အသင်းဟာ ဒုတိယပိုင်းမှာ ကစားပုံဆိုးရွားခဲ့တယ်လို့ ပွဲအပြီးမှာ ၀န်ခံခဲ့ပါတယ်။
    အာဆင်နယ်ကတော့ ၀ဲလ်ဘတ်နဲ့ ကာဇိုလာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အဝေးကွင်းမှာ ၀က်စ်ဟမ်းကို အနိုင်ရခဲ့ပါတယ်။ ၀က်စ်ဟမ်းကတော့ အိမ်ကွင်း နောက်ဆုံး ၆ ပွဲ အနိုင်ရတဲ့စံချိန် ကျိုးပြတ်ခဲ့ရပါတယ်။
    အဝေးကွင်းမှာ ကစားခဲ့ရတဲ့ မန်ယူက စပါးအသင်းရဲ့ ဂိုးသမား ဟူဂို လော်ရစ်ရဲ့
    အံ့သြဖွယ်လက်စွမ်းကြောင့် ဂိုးမရှိသရေနဲ့ တစ်မှတ်သာရခဲ့ပါတယ်။
    နောက်ဆုံး လေးပွဲဆက်ရှုံးထားတဲ့ နယူးကာယ်ဆယ်တို့ အဲဗာတန်ကို
    အနောက်ကလိုက်ကစားကာ အနိုင်ယူနိုင်ခဲ့ပြီး ၂၀၁၄ ကို အနိုင်နဲ့ ပိတ်နိုင်ခဲ့ပါတယ်။
    ပွဲစဉ် ၁၉ အပြီးမှာတော့ ချယ်ဆီးက ၄၆ မှတ်နဲ့ ရာသီဝက်ချန်ပီယံဖြစ်ခဲ့ပြီး မန်စီးတီးက ၄၃ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ အာဆင်နယ်ကတော့ အဆင့်တက်လာခဲ့ပြီး မန်ယူ၊ ဆောက်သက်တမ်တို့အောက် အဆင့် ၅ နေရာမှာ ရှိနေပါတယ်။ တန်းဆင်းဇုံမှာတော့ ခရစ္စတယ်ပဲလေ့စ်၊ ဘန်လေနဲ့၊ လက်စတာတို့ ရှိနေပါတယ်။
    ပွဲစဉ် ၁၉ ရဲ့ အနိုင်အရှုံးရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    စပါး ၀-၀ မန်ယူ
    ဆောက်သက်တမ် ၁-၁ ချယ်ဆီး
    အက်စတွန်ဗီလာ ၀-၀ ဆန်းဒါးလန်း
    ဟားလ်စီးတီ ၀-၁ လက်စတာ
    မန်စီးတီး ၂-၂ ဘန်လေ
    ကျူပီအာရ် ၀-၀ ခရစ္စတယ်ပဲလေ့စ်
    စတုတ် ၂-၀ ၀က်စ်ဘရွန်း
    နယူးကာဆယ် ၃-၂ အဲဗာတန်