News @ M-Media

Blog

  • ပါကစ္စတန်ရှိ စာသင်ကျောင်းကို တာလီဘန် သေနတ်သမားများ ၀င်ရောက်ပစ်ခတ်၊ လူ ၁၀၀ ကျော်သေဆုံး

    ပါကစ္စတန်ရှိ စာသင်ကျောင်းကို တာလီဘန် သေနတ်သမားများ ၀င်ရောက်ပစ်ခတ်၊ လူ ၁၀၀ ကျော်သေဆုံး

    ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media

    09749D8D-A775-45C0-B354-F762CB1CF87F_mw1024_s_n
    – ပါကစ္စတန်အနောက်မြောက်ပိုင်း ပက်ရှ်ဝါရ်ပြည်နယ်မှာ စစ်တပ်က ဖွင့်လှစ်ထားတဲ့ ကိုယ်ပိုင်စာသင်ကျောင်းတစ်ခုကို တာလီဘန်က ဒီနေ့နေ့လည်ပိုင်းမှာ ၀င်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အခုအချိန်အထိ နည်းဆုံး လူ ၁၃၀ လောက် သေဆုံးခဲ့ပြီလို့ သိရပါတယ်။

    ဒီတိုက်ခိုက်မှုအတွက် ပါကစ္စတန်တာလီဘန် TTP က တာဝန်ယူခဲ့ပြီး အသေခံ သေနတ်သမား ၆ ဦးကို စေလွှတ်ခဲ့ကြောင်း ၀ါဇီရစ္စတန်နဲ့ ခိုရာဆာနီဒေသတို့မှာရှိတဲ့ ၎င်းတို့ ခြေကုပ်စခန်းကို အစိုးရတပ်က တိုက်ခိုက်နေပြီး ၎င်းတို့ရဲ့ မိသားစုဝင်တွေ သေဆုံးခဲ့ရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ ပြုလုပ်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    သေဆုံးသူတွေထဲမှာ ကျောင်းသား ၈၀ ကျော်ပါပြီး၊ သေဆုံးဒဏ်ရာရမှုကလည်း မြင့်တက်လာနိုင်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ တာလီဘန် သေနတ်သမား ၆ ဦးစလုံးကို ပါကစ္စတန်စစ်တပ်က ပစ်သတ်နိုင်ခဲ့ပါတယ်။

    တိုက်ခိုက်မှုက လွတ်မြောက်လာသူ အသက် ၁၆ နှစ်အရွယ်ကျောင်းသား ရှာရွတ်ခန်းကတော့ တိုက်ခိုက်ရေးသမားတွေဟာ ကျောင်းခန်းထဲဝင်လာပြီး မြင်မြင်ကရာ ကျောင်းသားတွေကို ပစ်ခတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ၎င်းကိုယ်တိုင်လည်း ခြေထောက် ၂ ဖက်လုံးမှာ ကျည်ဆံမှန်ခဲ့ပြီး သေချင်ယောင်ဆောင်ခဲ့တာကြောင့် လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

    ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ဇ်ရှရစ်ဖ်ကတော့ ဒီတိုက်ခိုက်မှုကြီးကို `နိုင်ငံလုံးဆိုင်ရာ အဖြစ်ဆိုးကြီး´ လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

    ပါကစ္စတန်အစိုးရတပ်နဲ့ တာလီဘန်တို့ဟာ အရင်ကတည်း အပြန်အလှန်တိုက်ခိုက်မှုတွေရှိပြီး အပြစ်မဲ့ပြည်သူတွေ အများအပြား သေကြေပျက်ဆီးခဲ့ရပါတယ်။

    Al Jazeera and agencies
    Photo-AP

  • ကမ္ဘာ့အကောင်းဆုံး ဆုအတွက် ဂျာမနီ ဂိုးသမားနူအာ ရော်နယ်ဒိုကို မကျော်နိုင်ဟု ရှမိုက်ကယ်ဆို

    ကမ္ဘာ့အကောင်းဆုံး ဆုအတွက် ဂျာမနီ ဂိုးသမားနူအာ ရော်နယ်ဒိုကို မကျော်နိုင်ဟု ရှမိုက်ကယ်ဆို

    ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    Cristiano-Lionel-and-Manuel
    – ဖီဖာ၏ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ၏ ဇကာတင် ၃ ဦးစာရင်းတွင် ပါဝင်နေသော်လည်း ဂျာမန်ဂိုးသမား နူအာ မှာ ရော်နယ်ဒိုကို ကျော်နိုင်မည် မဟုတ်ဟု ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဟောင်း ပီတာ ရှမိုက်ကယ်က ပြောကြားလိုက်သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံး လက်စွမ်းပြခဲ့သည့် နူအာမှာ ဆယ်စုနှစ် ၂ ခုအတွင်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားစာရင်းတွင် ပထမဆုံး ပါဝင်လာသည့် ဂိုးသမား ဖြစ်လာခဲ့သည်။

    ရှမိုက်ကယ်ကမူ ထိုကဲ့သို့ ဂိုးသမားတစ်ဦး ပါဝင်ခြင်းမှာ ကောင်းမွန်သော လက္ခဏာဖြစ်သော်လည်း ရော်နယ်ဒိုကသာ ဆုရရန် ရေပန်း အစားဆုံးဖြစ်နေသည်ဟု ဆိုသည်။

    `ရော်နယ်ဒိုကလွဲလို့ ဘယ်သူက ဒီဆုကို ဆွတ်ခူးနိုင်မှာလဲ။ ဇကာတင် ၃ ဦးစာရင်းမှာ ဂိုးသမား တစ်ဦးပါဝင်တာ သိပ်ကောင်းပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ နူအာ ဆုရမယ်လို့ ကျွန်တော်မထင်ပါဘူး။ ရော်နယ်ဒိုဟာ သိပ်ကောင်းနေပြီး သူပဲ ဒီဆုကိုရမယ်လို့ ကျွန်တော်ထင်ပါတယ်´ ဟု ရှမိုက်ကယ်က Goal.com နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် နူအာမှာ ပြီးခဲ့သည့်နှစ်က ဇကာတင်သုံးဦးစာရင်းတွင် ပါဝင်ခဲ့သည့် ဘိုင်ယန်အလယ်တန်းလူ ရော်ဘင်၏ အခြေအနေမျိုးဖြစ်ကြောင်း၊ ဂိုးသမားနေရာမှာ ယခုအချိန်တွင် လူကြိုက်များသော နေရာ တစ်ခုဖြစ်နေပြီး နောက်ပိုင်း အကောင်းဆုံး ဘောလုံးသမားရွေးချယ်မှုတွင် ဂိုးသမားများ ပိုမိုပါဝင်လာမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

  • မျက်နှာဖုံးများကို ဆွဲလှန်ခြင်း

    မျက်နှာဖုံးများကို ဆွဲလှန်ခြင်း

    ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    ရေးသူ- ဂျူလိုင်ရဲရင့်
    quote-fear-not-your-enemies-for-they-can-only-kill-you-fear-not-your-friends-for-they-can-only-betray-edward-yashinsky-279834 copy
    အစ္စလာမ်ခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    ဗုဒ္ဓခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    ခရစ်ယာန်ခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    ဟိန္ဒူခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    ဂျူးခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    ဘာသာမဲ့ခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    နိုင်ငံတော်ခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    အမျိုးသားရေးခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    နိုင်ငံရေးခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    လူမျိုးရေးခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    အမျိုးသားရေးခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    လွတ်လပ်မှုနဲ့ တရားမျှတရေး ခေါင်းစဉ်သုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    နာမည်အမျိုးမျိုး ခေါင်းစဉ် အမျိုးမျိုးသုံးပြီး
    အပြစ်မဲ့သူတွေကို တိုက်ခိုက် သတ်ဖြတ်နှိပ်စက် အကြမ်းဖက်မှုမှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    အကြမ်းဖက်မှုဆိုတာ ရှင်းရှင်းလင်းလင်း သိပါလျက်
    ရေငုံနှုတ်ပိတ်နေသူ၊ ဘက်လိုက်သူ
    လူမိုက်အားပေး အဆိပ်ပင်ရေလောင်းနေသူ မှန်သမျှ
    ပြတ်ပြတ်သားသား ရှုတ်ချတယ်။

    ရှုတ်ချတဲ့အသံ ပြတ်ပြတ်သားသား မထုတ်ရဲဘဲ
    ငြိမ်းချမ်းတဲ့အသံ မကြားချင်ပါနဲ့။

  • ဂိုးသမား ဂီယာ၏ အနာဂတ်အတွက် မှတ်ချက်ပေးရန် ဗန်ဂါးလ်ငြင်းဆို

    ဂိုးသမား ဂီယာ၏ အနာဂတ်အတွက် မှတ်ချက်ပေးရန် ဗန်ဂါးလ်ငြင်းဆို

    ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    724152_heroa
    – အသင်းတွင် လက်ရှိအချိန်၌ လက်စွမ်းကောင်းများ ပြသနေသည့် ဂိုးသမား ဒေးဗစ်ဂီယာ၏ အနာဂတ်အတွက် မှတ်ချက်ပေးရန် မန်ယူနည်းပြ ဒေးဗစ်ဗန်ဂါလ်းက ငြင်းဆိုခဲ့သည်ဟု သိရသည်။

    ဒေးဗစ်ဂီယာမှာ မန်ယူအသင်း၏ လက်တလောနိုင်ပွဲများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ယမန်နေ့က ကစားခဲ့သည့်  လီဗာပူးလ်အား ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင်လည်း အပိုင်ကန်သွင်းချက် တော်တော်များများကို ကာကွယ်နိုင်ခဲ့ကာ ထိုပွဲစဉ်၏ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။

    သို့သော်လည်း ဗန်ဂါးလ်ကမူ ဂီယာအား သက်တမ်းတိုးရန်အတွက် မေးခွန်းကို ဖြေကြားခဲ့ခြင်းမရှိချေ။

    `ဒီကိစ္စမျိုးကို ခင်ဗျားတို့နဲ့ (မီဒီယာတွေနဲ့) ဆွေးနွေးဖို့ မလိုအပ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ အသင်းနဲ့ ကစားသမားကြားက ကိစ္စဖြစ်ပြီး မီဒီယာနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမယ့် ကိစ္စ မဟုတ်ပါဘူး´ ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့မှာ အသင်းလိုက်ဆောင်ရွက်နေခြင်းဖြစ်ပြီး ကစားသမားအားလုံးအတွက်သာ မှတ်ချက်ပေးနိုင်ကြောင်း၊ ကစားသမားများ၏ စွမ်းဆောင်ရည်မှာ အမြဲတမ်း မြင့်မားနေကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဂီယာမှာ မန်ယူမှ ထွက်ခွာတော့မည်ဟု စောစာပိုင်းကတည်းက သတင်းများထွက်ပေါ်နေပြီး ရီးယဲလ်အပါအ၀င် အသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေသည်။

  • ဒုက္ခသည်စခန်းရှိ တဲအမိုးပေါ်တွင် ထိုင်နေသူ ပါလက်စတိုင်း တစ်ဦးအား အစ္စရေးပစ်သတ်

    ဒုက္ခသည်စခန်းရှိ တဲအမိုးပေါ်တွင် ထိုင်နေသူ ပါလက်စတိုင်း တစ်ဦးအား အစ္စရေးပစ်သတ်

    ဒီဇင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media

    MIDEAST ISRAEL PALESTINIANS BARRIER
    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေ ရာမာလာအနီးရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ပြုလုပ်ခဲ့သည့် အစ္စရေး၏ ကျူးကျော် ဖမ်းဆီးမှုအတွင်း ပါလက်စတိုင်း ဆယ်ကျောက်သက်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယမန်နေ့က အစ္စရေးစစ်တပ်၏ အကြောင်းမဲ့ ၀င်ရောက်ဖမ်းဆီးမှုတွင် ပါလက်စတိုင်းများနှင့် ထိပ်တိုက်တွေ့ခဲ့ကာ သေဆုံးသွားသူမှာ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်သည်ဟု ဆေးအဖွဲ့က ပြောကြားခဲ့ပြီး အခြားလူငယ်တစ်ဦးကိုလည်း အစ္စရေးက ဖမ်းသွားခဲ့သည်။

    အစ္စရေးဘက်ကမူ ၎င်းတို့၏ အထူးတပ်ဖွဲ့နှင့် ပါလက်စတိုင်းပြည်သူတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြောင်း အတည်ပြုခဲ့သည်။

    အစ္စရေးစစ်သားများ ၀င်ရောက်လာသည့်အခါ ပါလက်စတိုင်းပြည်သူများက ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ထိုအဖြစ်အပျက်ကို တဲခေါင်မိုးပေါ်မှ ကြည့်ရှုနေသူ လူငယ်အား အစ္စရေးစစ်တပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

    ကုလ၏ မှတ်တမ်းများအရ အစ္စရေးစစ်တပ်မှာ ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် ယခုနှစ်နှစ်စမှ လက်ရှိအချိန်အထိ စုစုပေါင်း ပါလက်စတိုင်း ၄၇ ဦးကို သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

    Al Jazeera and agencies