News @ M-Media

Blog

  • ဘောလုံးကန်တန်ရုံ မဟုတ်ဘဲ ဂီတ ပါရမီရှိကြောင်း ထုတ်ပြခဲ့တဲ့ အာဆင်နယ် ရဲသုံးဖော်

    ဘောလုံးကန်တန်ရုံ မဟုတ်ဘဲ ဂီတ ပါရမီရှိကြောင်း ထုတ်ပြခဲ့တဲ့ အာဆင်နယ် ရဲသုံးဖော်

    ဒီဇင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    2401258D00000578-2871695-image-a-14_1418401055083
    – ကွင်းအတွင်းမှာ ရပ်သပ်ရှုမောဖွယ် ဘောလုံးစွမ်းရည်တွေနဲ့ ပရိတ်သတ်ကို ဖျော်ဖြေမှု ပေးနိုင်ခဲ့တဲ့ အာဆင်နယ်က အမြှောက်တပ်သား သုံးဦးဟာ ကွင်းပြင်ပမှာလည်း သူတို့ရဲ့ ဂီတစွမ်းရည်ကို ထုတ်ပြလိုက်ပါတယ်။

    သူတို့တွေကတော့ ကွင်းလယ်ဖန်တီးရှင် ရိုစစ္စကီး၊ ဂိုးသမား ရှက်ဇက်နီနဲ့ ဂိုးသွင်းစက် ပိုဒေါစကီးတို့ဖြစ်ပြီး စနေနေ့ နယူးကာဆယ်နဲ့ပွဲမှာပြုလုပ်မယ့် လှူဒါန်ရေးပွဲမှာ အသုံးပြုမယ့် ခရစ္စမတ်ဗီဒီယိုအတွက် ၃ ယောက်ပေါင်းပြီး တီးဝိုင်းတစ်ခုထောင်လိုက်တာပဲဖြစ်ပါတယ်။

    ပြိုင်ဘက်တွေရဲ့ ကန်သွင်းချက်ကို စွမ်းစွမ်းတမံကာကွယ်ခဲ့တဲ့ ရှက်ဇက်နီရဲ့ သန်မာတဲ့ လက်တစ်စုံဟာ ဒီတီးဝိုင်းမှာ ကီးဘုတ်ပေါ်ရောက်ခဲ့ပြီး၊ ဖန်တီးရှင် ရိုစစ္စကီးကတော့ သူ့ရဲ့ ရင်သပ်ရှုမောဖွယ် ဂစ်တာစွမ်းရည်ကို အဲဒီဗီဒီယိုမှာ ထုတ်ပြခဲ့ပါတယ်။ တိုက်စစ်မှူး ပိုဒေါစကီးက ဒရမ်စက်ကို တာဝန်ယူတီးခတ်ခဲ့ပြီး တီးဝိုင်းရဲ့ စည်းချက်ကို ညီစေခဲ့ပါတယ်။

    အာဆင်ဝင်းဂါးရဲ့ တပ်သားတွေဟာ စနေနေ့ပွဲမှာ အာဆင်နယ်ဖောင်ဒေးရှင်းနဲ့ Saeve the Children အဖွဲ့တို့အတွက် ရန်ပုံငွေရရှိရေး ပရိုမိုးရှင်း ပြုလုပ်သွားမည်ဖြစ်ပြီး ကစားသမားတွေနဲ့ နည်းပြကိုယ်တိုင်ကလည်း သူတို့ရဲ့ တစ်နေ့တာ လုပ်ခလစာတွေကို ဒီအဖွဲ့တွေအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။

    အမြှောက်တပ်သားတွေရဲ့ မြင်ရခဲတဲ့ ဂီတပါရမီတွေကို အောင်ပါလင့်မှာ ကြည့်ရှု နားဆင်နိုင်ပါတယ်။

    Daily Mail

     

  • ရီးယဲလ်အသင်းသား တစ်ဦးချင်းစီအား ပေါင် ၆၅၀၀ တန် နာရီတစ်လုံးစီ ရော်နယ်ဒို လက်ဆောင်ပေး

    ရီးယဲလ်အသင်းသား တစ်ဦးချင်းစီအား ပေါင် ၆၅၀၀ တန် နာရီတစ်လုံးစီ ရော်နယ်ဒို လက်ဆောင်ပေး

    ဒီဇင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    Cristiano_Ronaldo_thanks_Real_Madrid_team
    – ထင်ရှားတောက်ပသော ကစားသမားတစ်ဦးဖြစ်လာရန် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီခဲ့ကြသော အသင်းဖော်များအား ကျေးဇူးတင်သည့်အနေဖြင့် ပေါင် ၆၅၀၀ တန် နာရီတစ်လုံးစီကို ရီးယဲလ်တိုက်စစ်မှူးရော်နယ်ဒိုက လက်ဆောင် ပေးအပ်ခဲ့သည်ဟု သိရသည်။

    ရီးယဲလ်တွင်ရှိနေသည့် ၅ နှစ်တာကာလအတွင်း ရော်နယ်ဒိုမှာ အောင်မြင်သရဖူဆောင်းနိုင်ခဲ့ပြီး တစ်ဦးချင်းဆုများနှင့်အတူ ဆုဖလားများစွာကို ဆွတ်ခူးနိုင်ခဲ့သည်။

    ထိုကဲ့သို့ ဆွတ်ခူးနိုင်ရန်အတွက် အသင်းဖော်များ၏ ကူညီပံ့ပိုးပေးမှုက အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သောကြောင့် ရော်နယ်ဒိုက ယခုကဲ့သို့ အသိတ်အမှတ်ပြု လက်ဆောင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

    အဆိုပါနာရီမှာ နာမည်ကျော် Bulgari အမျိုးအစား နာရီဖြစ်ပြီး နာရီ၏ နောက်ဘက်အဖုံးတွင် ရီးယဲလ်မက်ဒရစ် ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားရရှိသည့် အထိမ်းအမှတ်အဖြစ် La Decima ဟူသော စာသားကိုလည်းကောင်း ရော်နယ်ဒို၏ ကိုယ်ပိုင်အမှတ်အသားဖြစ်သည့် CR7 ကိုလည်းကောင်း လက်ဆောင်ရရှိမည့် အသင်းသား၏ အမည်နာမကိုလည်းကောင်း ထည့်သွင်း ရေးသားထားသည်။

    အဆိုပါနာရီကို ရရှိပြီးနောက် အသင်း၏နောက်ခံလူ အာဘီလိုအာက ဆိုရှယ်မီဒီယာတွင် ပထမဆုံး ထုတ်ကြွားခဲ့သည်။

  • မလေးရှားတွင် တောင်ကိုရီးယား ကုန်သင်္ဘော ပေါက်ကွဲမီးလောင် မြန်မာတစ်ဦး သေဆုံး

    မလေးရှားတွင် တောင်ကိုရီးယား ကုန်သင်္ဘော ပေါက်ကွဲမီးလောင် မြန်မာတစ်ဦး သေဆုံး

    ဒီဇင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    2014_12_12_09_18_27DL_CALLA
    – ထိုင်းနိုင်ငံသို့ ထွက်ခွာလာသည့် တောင်ကိုရီးယား ကုန်တင် သင်္ဘောတစ်စင်းမှာ မလေးရှား ရေပိုင်နက်အတွင်း ဂက်စ်ယိုစိမ့် ပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံသား တစ်ဦး အပါအ၀င် လူ ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ပေါက်ကွဲမှုမှာ နိုင်ငံမြောက်ပိုင်း တရန်ဂနူပြည်နယ်ရှိ ပူလောင်ကာပက်စ် ကျွန်းအနီးတွင် ဒီဇင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၅၆ နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသား ဆိုအိုဝွန်နှင့် အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသား ဇော်မျိုးထွဋ်တို့ နှစ်ဦး သေဆုံးခဲ့သည်။ ထို့ပြင် အခြား တောင်ကိုရီးယား နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား တစ်ဦးတို့မှာ ၀မ်းဗိုက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာရရှိခဲ့သည်။
    NAW MYO HTUT / KAPAL DL CALLA TERBAKARမလေးရှားရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ အကြီးအကဲ အိက်စ် ဇာဗီယာ သီရာဒက်စ်ကမူ မိမိတို့မှာ တောင်ကိုရီးယား သင်္ဘောတစ်စီးပေါ်တွင် မီးလောင်နေကြာင်း တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့များ၏ အကြောင်းကြားမှုကို ရရှိပြီးနောက် ကယ်ဆယ်ရေးတပ်ဖွဲ့များကို စေလွှတ်ခဲ့ကြောင်း၊ အဆိုပါ ကယ်ဆယ်ရေးတပ်ဖွဲ့များ ရောက်သွားချိန်တွင် မီးငြိမ်းသွားပြီး သေဆုံးသူများနှင့် ဒဏ်ရာရသူများကို တွေ့ရှိခဲ့ရကြောင်း ဒဏ်ရာရသူများအား ဆူလ်တာနာ နူရ် ဇာဟီရာ ဆေးရုံသို့ ပို့ဆောင် ကုသပေးထားကြောင်း ပြောကြားခဲ့သည်။

    အဆိုပါ ကုန်တင်သင်္ဘောတွင် သင်္ဘောအမှုထမ်း ၂၃ ဦး လိုက်ပါလာပြီး သဘာဓာတ်ငွေ့ အရည်များကို သယ်ဆောင်လာခြင်းဖြစ်ကာ ထိုင်းနိုင်ငံတွင် ကမ်းကပ်၍ ကုန်ပစ္စည်းများကို ချမည့် သင်္ဘောဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ref_ NST

  • ဂျာမနီတွင် အစ္စလာမ်  မုန်းတီးရေး လုပ်ဆောင်မှုများ အတွက် နေရာမရှိဟု ဝန်ကြီးချူပ် မာကဲလ်ပြော

    ဂျာမနီတွင် အစ္စလာမ် မုန်းတီးရေး လုပ်ဆောင်မှုများ အတွက် နေရာမရှိဟု ဝန်ကြီးချူပ် မာကဲလ်ပြော

    ဒီဇင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    389980_German- Merkel
    – ဂျာမနီ ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်က အစ္စလာမ်သာနာအပေါ် မုန်းတီးမှုများနှင့် အခြားဘာသာတရားများအပေါ် မုန်းတီးမှုများအတွက် မိမိတို့နိုင်ငံအတွင်း နေရာမရှိဟု ပြောကြားလိုက်သည်။

    `ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဘာသာရေး မုန်းတီးမှုအတွက် ဂျာမနီမှာနေရာ မရှိဘူးဆိုတာ အစိုးရရဲ့အမည်နဲ့ အဓိပတိကြီးက ရှင်းရှင်းလင်းပြောကြားပါတယ်။ အစ္စလာမ်ကြောက်ရောဂါ အတွက်လည်း နေရာ မရှိပါဘူး။ နောက်ပြီး ဂျူးဆန့်ကျင်ရေးဝါဒ ဒါမှမဟုတ် နိုင်ငံခြားသား မုန်းတီးမှု၊ လူမျိုးရေးခွဲခြားမှု ဘာအတွက်မှ နေရာ မရှိပါဘူး´ ဟု ၀န်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတီယန် ၀စ်ရ်ဇ်က ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် မာကဲလ်မှာ နိုင်ငံအရှေ့ပိုင်း ဒရက်စ်ဒန်မြို့တွင် ပြုလုပ်ခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြမှုများကိုလည်း ရှုတ်ချခဲ့သည်ဟု ၀စ်ရ်ဇ်က ထပ်လောင်းပြောကြား ခဲ့သည်။

    တနင်္လာနေ့က PEGIDA ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် အဆိုပါ ချီတက်ဆန္ဒပြမှုတွင် လူပေါင်း ၁ သောင်းခန့် ပါဝင်ခဲ့ကြပြီး၊ ၎င်းတို့ကမူ ခိုလှုံခွင့်တောင်းခံသူများနှင့် အစွန်းရောက်များ စိမ့်ဝင်ခြင်းကို ဆန့်ကျင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မာကဲလ်ကမူ နိုင်ငံအတွင်း ပထ၀ီဗေဒ ပြဿနာကို ရှောင်ရှားရန်အတွက် ရွှေ့ပြောင်း အခြေချ နေထိုင်သူများကို လိုအပ်သည်ဟု ပြန်လည် တုံ့ပြန်ဆိုခဲ့သည်။ ပြည်ထဲရေး ၀န်ကြီး သောမတ်စ် ဒီ မိုင်ဇီရီက ဆန္ဒပြသူများ အားလုံးမှာ လူမျိုးရေး ခွဲခြားသူများ မဟုတ်ကြဘဲ အချို့မှာ အချိန်ကာလ၏ စိန်ခေါ်မှုကို ကြောက်ရွံ့နေ သူများဖြစ်ကြသည်ဟု ပြောကြားခဲ့သည်။

    ဂျာမနီရှိ မွတ်စလင်ကောင်စီ ဗဟိုမှ အကြီးအကဲ အိုင်မန် မက်ဇ်ယက်ကမူ လူမျိုးရေးခွဲခြားမှုမှာ လေးစားလောက်စရာဖြစ်သည်ဟူသော အမြင်များ ဖြစ်လာ မှုကို ရှောင်ရှားရန် အတွက် ထိုကဲ့သို့သော ဆန္ဒပြမှုများကို ရှုတ်ချရန် ဂျာမနီအစိုးရက စောစောပိုင်းက တိုက်တွန်းခဲ့သည်။

    IA/AS/MHB
  • လာမည့် အစ္စရေး ရွေးကောက်ပွဲတွင် နေတန်ယာဟု အားဖြုတ်ချဖို့ ပါတီကြီး ၂ ခုပေါင်းစည်း

    လာမည့် အစ္စရေး ရွေးကောက်ပွဲတွင် နေတန်ယာဟု အားဖြုတ်ချဖို့ ပါတီကြီး ၂ ခုပေါင်းစည်း

    ဒီဇင်ဘာ ၁၃ ၊ ၂၀၁၄
    M-Media
    201445202043433734_20
    – လာမည့်မတ်လ၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် လက်ယာယိမ်း လက်ရှိ ဝန်ကြီးချူပ် နေတန်ယာဟုအား ဖြုတ်ချရန်အတွက် အစ္စရေးမှ ပါတီကြီးနှစ်ခုက ပေါင်းစည်း လိုက်သည်ဟု သိရသည်။

    ပေါင်းစည်းလိုက်သည့် ပါတီ ၂ ခုမှာ လေဘာပါတီနှင့် HaTnuah ပါတီတို့ ဖြစ်ကြပြီး လေဘာတီမှ ခေါင်းဆောင် အိုက်ဇက် ဟာ့ဇော့ဂ်နှင့် HaTnuah ပါတီအကြီးအကဲ အမျိုးသမီး ဇီပီ လစ်ဗနီတို့က ၎င်းတို့ ပါတီနှစ်ခု ပေါင်းစည်းကြောင်းကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ရုပ်သံမှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ ဆောင်ပုဒ်မှာ `အတူတကွ နိုင်ရမည်´ဖြစ်သည်။

    `ကျွန်တော်တို့ ရွေးချယ်ခံရတဲ့အခါ ၀န်ကြီးချုပ်သက်တမ်း လေးနှစ်မှာ ကျွန်တော် ပထမ ၂ နှစ် ဆောင်ရွက်သွားမှာဖြစ်ပြီး လစ်ဗနီက ဒုတိယ ၂ နှစ်ဆောင်ရွက်သွားမှာပါ´ ဟု ဟာဇော့ဂ်က ပြောကြားခဲ့သည်။

    ထို့ပြင် လစ်ဗနီကမူ ယနေ့တွင် လက်ယာစွန်းရောက် ပါတီများ၏ အခြားဘက်မှ ဇီယွန်ဝါဒ ဌာနများ ပေါ်ပေါက်လာနေသည်ဟု ပြောကြားခဲ့သည်။ လစ်ဗနီမှာ ပါလက်စတိုင်းနှင့် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးသည့် အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး နေတန်ယာဟုက ၎င်း၏ လက်ယာယိမ်းပါတီနှင့် ဆန့်ကျင်သည်ဟု စွပ်စွဲကာ ပြီးခဲ့သည့် သီတင်းပတ်က ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

    နေတန်ရာဟု၏ Likud ပါတီတွင် နိုင်ငံရေးသမားဘ၀ကို စတင်ခဲ့သည့် လစ်ဗနီက အဆိုပါ ပါတီမှာ လက်ယာစွန်းရောက်များ၏ သိမ်းပိုက်မှုကို ခံခဲ့ရပြီဟု ထည့်သွင်းပြောကြားခဲ့သည်။

    `(ဇီယွန်ဝါဒီ) အစွန်းရောက်တွေဟာ ကျွန်မတို့တိုင်းပြည်ကို သီးခြားနိုင်ငံဖြစ်အောင် ပြောင်းလဲနေပြီး၊ နိုင်ငံသားတွေကို တံခါးပိတ်ခံထားရအောင်၊ ဖယ်ကျဉ်ခံရအောင် လုပ်ဆောင်နေပါတယ်´

    Agencies