News @ M-Media

မလေးရှားတွင် တောင်ကိုရီးယား ကုန်သင်္ဘော ပေါက်ကွဲမီးလောင် မြန်မာတစ်ဦး သေဆုံး

ဒီဇင်ဘာ ၁၃ ၊ ၂၀၁၄
M-Media
2014_12_12_09_18_27DL_CALLA
– ထိုင်းနိုင်ငံသို့ ထွက်ခွာလာသည့် တောင်ကိုရီးယား ကုန်တင် သင်္ဘောတစ်စင်းမှာ မလေးရှား ရေပိုင်နက်အတွင်း ဂက်စ်ယိုစိမ့် ပေါက်ကွဲမှုကြောင့် မြန်မာနိုင်ငံသား တစ်ဦး အပါအ၀င် လူ ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ပေါက်ကွဲမှုမှာ နိုင်ငံမြောက်ပိုင်း တရန်ဂနူပြည်နယ်ရှိ ပူလောင်ကာပက်စ် ကျွန်းအနီးတွင် ဒီဇင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၅၆ နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသား ဆိုအိုဝွန်နှင့် အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသား ဇော်မျိုးထွဋ်တို့ နှစ်ဦး သေဆုံးခဲ့သည်။ ထို့ပြင် အခြား တောင်ကိုရီးယား နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား တစ်ဦးတို့မှာ ၀မ်းဗိုက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာရရှိခဲ့သည်။
NAW MYO HTUT / KAPAL DL CALLA TERBAKARမလေးရှားရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ အကြီးအကဲ အိက်စ် ဇာဗီယာ သီရာဒက်စ်ကမူ မိမိတို့မှာ တောင်ကိုရီးယား သင်္ဘောတစ်စီးပေါ်တွင် မီးလောင်နေကြာင်း တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့များ၏ အကြောင်းကြားမှုကို ရရှိပြီးနောက် ကယ်ဆယ်ရေးတပ်ဖွဲ့များကို စေလွှတ်ခဲ့ကြောင်း၊ အဆိုပါ ကယ်ဆယ်ရေးတပ်ဖွဲ့များ ရောက်သွားချိန်တွင် မီးငြိမ်းသွားပြီး သေဆုံးသူများနှင့် ဒဏ်ရာရသူများကို တွေ့ရှိခဲ့ရကြောင်း ဒဏ်ရာရသူများအား ဆူလ်တာနာ နူရ် ဇာဟီရာ ဆေးရုံသို့ ပို့ဆောင် ကုသပေးထားကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကုန်တင်သင်္ဘောတွင် သင်္ဘောအမှုထမ်း ၂၃ ဦး လိုက်ပါလာပြီး သဘာဓာတ်ငွေ့ အရည်များကို သယ်ဆောင်လာခြင်းဖြစ်ကာ ထိုင်းနိုင်ငံတွင် ကမ်းကပ်၍ ကုန်ပစ္စည်းများကို ချမည့် သင်္ဘောဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ref_ NST

Comments

Leave a Reply