ကင်းဘရစ်ဂ်ျ တက္ကသိုလ်၏ အလွတ်တန်း အမျိုးသမီး စကားရည်လုပြိုင်ပွဲ၌ အကောင်းဆုံး စကားပြော စွမ်းရည်အဆင့်ကို မလေးရှား အပြည်ပြည်ဆိုင်ရာ အစ္စလာမစ်တက္ကသိုလ် International Islamic University Malaysia (IIUM) မှ တတိယနှစ်ဥပဒေကျောင်းသူ အသက် ၂၁ နှစ်အရွယ် အမီရာ နာတာရှာ Ameera Natasha မှ ဆွတ်ခူးလိုက်ပြီဖြစ်သည်။
ယင်းစကားရည်လုပွဲတွင် Oxford University ၊ Durham University ၊ Trinity College Dublin ၊ University College London ၊ Vienna University ၊ Berlin University ၊ St Andrews University ၊ Warwick University ၊ the London School of Economics နှင့် Tel Aviv University အစရှိသော ကျော်ကြား ထင်ရှားသည့် တက္ကသိုလ်များမှ ပြိုင်ပွဲဝင် အများအပြား ပါဝင်ကြသည်။
အမီရာသည် Australasian Intervarsity Debating Championship ပြိုင်ပွဲတွင် English as a Second Language (ESL) ဖြင့် ၂ ကြိမ်တိုင်တိုင် သရဖူဆောင်းခဲ့သူ၊ ၎င်းပြင် Asian English Olympics Debate Tournament 2014 တွင် အကောင်းဆုံး စကားပြောစွမ်းရည်ဆုနှင့် အိန္ဒိယတွင် ကျင်းပသည့် World Universities Debating Championship 2014 ဂုဏ်ပြုပြိုင်ပွဲ၌ ESL အကြိုဗိုလ်လုပွဲ အဆင့်ထိ တက်လှမ်းထားနိုင်ခဲ့သူဖြစ်သည်။