News @ M-Media

Blog

  • အရှေ့အလယ်ပိုင်း ဒေသ (သို့) အာရပ်ကမ္ဘာ နှင့် ဗုဒ္ဓဘာသာ

    အရှေ့အလယ်ပိုင်း ဒေသ (သို့) အာရပ်ကမ္ဘာ နှင့် ဗုဒ္ဓဘာသာ

    ဒီဇင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    မင်းထွဋ်ခေါင် ရှာဖွေတင်ပြသည်။

    middle east

    မိမိတို့ကိုယ်ကို ဗုဒ္ဓဘာသာဝင်များအဖြစ် ခံယူထားသူများသည် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ကိုးသိန်းဝန်းကျင်ခန့် အနည်းဆုံး ရှိနေကြသည်။ ၎င်းမှာ အရှေ့အလယ်ပိုင်းရှိ စုစုပေါင်း လူဦးရေပမာဏ၏ ၀.၃ ရာခိုင်နှုန်းဖြစ်သည်။ ထိုသူတို့အနက် အများစုမှာ လွန်ခဲ့သောနှစ် ၂၀ ကာလအတွင်း တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ သီရိလင်္ကာ၊ နီပေါ စသည့် အာရှရှိ လူများစု ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ အရှေ့အလယ်ပိုင်းသို့ ရောက်လာသည့် ရွှေ့ပြောင်း လုပ်သားများ ဖြစ်ကြသည်။ အနည်းစုမှာ ဂျပန်၊ တိုင်ဝမ်၊ ဟောင်ကောင်၊ စင်္ကာပူမှ အင်ဂျင်နီယာ၊ ကုမ္ပဏီဒါရိုက်တာနှင့် မန်နေဂျာများဖြစ်၍ တောင်ကိုးရီးယားမှလည်း ၀င်ရောက်မှုရှိသည်။

    လူဦးရေပမာဏနှင့်အမျိုးအစား
    ——————————-
    ထိုင်းနှင့် သီရိလင်္ကာမှ လုပ်သားတို့တွင် အများစုက ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ ဖြစ်သည်။ အရှေ့အာရှနှင့် ဗီယက်နမ်လုပ်သားတို့အတွင်း မဟာယနဗုဒ္ဓ၀ါဒက Buddhism_in_the_Middle_East_1ကြီးစိုးနေသည်။ ၎င်းအုပ်စုအကြား တာအို၊ ကွန်ဖြူးရှပ်နှင့် ရှင်တိုများလည်း ရောနှောပါဝင်သည်။ ယူအေအီး၊ ဒူဘိုင်းနှင့် ကာတာ အစ္စလာမ်နိုင်ငံများ၌ သီရိလင်္ကာလုပ်သားများအတွက် ဗုဒ္ဓဘာသာ၏ အဓိကကျသည့်ပွဲတော်များကို ကျင်းပခွင့်ပြုထားကြသည်။

    ဆော်ဒီအာရေဗျနယ်မှ ဗုဒ္ဒဘာသာဝင်များ
    —————————————–
    ဆော်ဒီအာရေဗျ နယ်ပယ်အတွင်း နေထိုင်ပြီး အလုပ်လုပ်ကိုင်နေကြသော မွတ်စ်လင်မ်နှင့် မွတ်စ်လင်မ် မဟုတ်သူ နိုင်ငံခြားသားများမှာ ၈ သန်း အထက် ရှိနေသည်ဟု အမေရိကန် ဗဟိုအစိုးရ၏ အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာ (၂၀၀၇ ခုနှစ်)၌ ဖော်ပြထားသည်။

    ထို့ပြင် သီရိလင်္ကာလူမျိုး အလုပ်သမား လေးသိန်းနှင့် အတူ တရုတ်၊ ဗီယက်နမ်၊ ထိုင်းလူမျိုး အများစုပါဝင်သော အရှေ့အာရှ ဗုဒ္ဓဘာသာဝင် အလုပ်သမား ထောင်ချီ ရှိကြသည်။ ဆော်ဒီအာရေဗျရှိ နိုင်ငံခြားသားများ အကြား ရွှေ့ပြောင်းနေ ထိုင်ကြသည့် တိဗက်နွယ် နီပေါလူမျိုးတို့ကိုလည်း အထိုက်အလျောက် တွေ့ကြရသည်။

    ထို့ကြောင့် ဆော်ဒီအာရေဗျ လူဦးရေ ပမာဏ၏ ၁.၅ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ လေးသိန်း ၀န်းကျင်မှာ ဗုဒ္ဓဘာသာဝင် များဖြစ်ကြသည်။ ၎င်းမှာ အရှေ့အလယ်ပိုင်းဒေသများ တစ်နည်း အာရဗ်လောက အတွင်းမှ အကြီးမားဆုံး ဗုဒ္ဓဘာသာဝင် လူ့အစုအဝေး တစ်ရပ်ကို ကိုယ်စားပြုတည်ရှိနေပါသည်။

    Buddhism_in_the_Middle_East_

    “ အရှေ့အလယ်ပိုင်းဒေသအတွင်း နိုင်ငံအလိုက် ဗုဒ္ဓဘာသာဝင်များ စာရင်း ”

    နိုင်ငံ        စုပေါင်းလူဦးရေ     ရာခိုင်နှုန်း   ဗုဒ္ဓဘာသာ ဦးရေ
    —————————————————–

    ယူအေအီး        ၄၄၄၄၀၁၁        ၅ %        ၂၂၂၂၀၁
    ကာတာ           ၉၀၂၂၂၉            ၅ %        ၄၅၃၆၁
    ကူဝိတ်          ၂၅၀၅၅၅၉            ၄ %        ၁၀၀၂၂၂
    ဆော်ဒီ          ၂၇၆၀၁၀၃၈         ၁.၅ %     ၄၁၄၀၁၆
    ဘာရိန်း           ၇၅၃၀၀၀             ၁ %        ၇၅၃၀
    အိုမန်              ၃၂၀၄၈၉၇            ၁ %        ၃၂၀၄၉
    ———————————————————
    စုစုပေါင်း      ၂၈၅၁၉၄၉၁၁    ၀.၃၂ %        ၉၀၂၈၉၀
    ————————————————————
    ** မှတ်ချက် **

    ၂၀၀၇ ခုနှစ် ကောက်ယူစာရင်းနှင့် အနည်းဆုံးခန့်မှန်းခြေပမာဏသာ ဖြစ်သည်။

    ref_

    •     “Lankans in Dubai to celebrate ‘Vesak’”, Emirates 24/7, 2011-05-05, retrieved 2013-07-22
    •     “Sri Lankans celebrate Vesak in Qatar”, THE PENINSULA, 2009-05-09, retrieved 2013-07-22
    •     U.S. Department of State. International Religious Freedom Report: Saudi Arabia. Accessed 20 Nov 2008.
    •     “International Religious Freedom Report: United Arab Emirates”.
    •     “International Religious Freedom Report: Qatar”.
    •     “CIA World FactBook: Qatar”.
    •     “International Religious Freedom Report: Kuwait”.
    •     “International Religious Freedom Report: Saudi Arabia”.
    •     “International Religious Freedom Report: Bahrain”.
    •     “Religious Freedom Nation Profile: Oman”.
    •     “Religious Freedom Nation Profile: Oman”.[dead link]
    •     “International Religious Freedom Report: Israel”.
    •     “International Religious Freedom Report: Lebanon”.
    •     “Religious Freedom Nation Profile: Turkey”.
    •     The U.S. State Department’s International Religious Freedom Report 2006
    •     CIA FactBook
    •     Religious Freedom page
  • ရှုံးခြင်း ငါးဖြာကပေးတဲ့ အိုင်းစတိုင်းရဲ့သီအိုရီ

    ရှုံးခြင်း ငါးဖြာကပေးတဲ့ အိုင်းစတိုင်းရဲ့သီအိုရီ

    ဒီဇင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    ဥတ္တရဆူး ရေးသည်။
    2959726725_382a7c1390
    အိုင်းစတိုင်း ဆိုတာ ကမ္ဘာကျော်နှိုင်းဆသီအိုရီ The Theory of Relativity ကို ရှာဖွေတွေ့ရှိခဲ့သူအဖြစ် ကျနော်တို့အားလုံး သိကြပါတယ်။

    ဒါပေမယ့် သူလည်း ကျနော်တို့အားလုံးအတိုင်း သူလိုကိုယ်လို ထူးမခြားနားပါပဲ။ သူ့မှာကိုယ်ပိုင် ပြဿနာတွေရှိနေတဲ့အပြင် ကျရှုံးချွတ်ယွင်းမှုတွေလည်း ရှိပါတယ်။

    ၁။ အိုင်းစတိုင်းဟာ တင့်တယ် လှပတဲ့ လူငယ်လေးအဖြစ်ကနေ ကြီးပြင်းလာခဲ့တာ မဟုတ်ဘူး။ သူမွေးဖွားချိန်မှာ သူ့ဦးခေါင်းနောက်စေ့ ကြီးမားလွန်းတဲ့အတွက် သူ့အဖိုးက သူ့ကို ကိုယ်အင်္ဂါပုံပန်းပျက်ပြီး ကျပ်မပြည့်သူဖြစ်မယ်လို့ ထင်ထားခဲ့တယ်။

    ၂။ အိုင်းစတိုင်း ငယ်စဉ်က စကားပီအောင် မနည်းပြောခဲ့ရသူဖြစ်တယ်။

    ၃။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မအောင်မြင်ခဲ့ဘူး။

    ၄။ အိမ်ထောင်ရေးပြဿနာ တက်ခဲ့တယ်။

    ၅။ သူ့အတွေးအခေါ်တွေကို နှစ်ပေါင်း ၃၀ အထိ ယုံကြည်သူ မရှိခဲ့ဘူး။

    မိတ်ဆွေ။ အသင်သာ အိုင်းစတိုင်း ဆိုရင် ဘာလုပ်မလဲ ?

    အရှုံးပေး ဒူးထောက်မှာလား ?

    လူတောမတိုးဘဲ ချောင်ကပ်လိုက်မှာလား ?

    အိုင်းစတိုင်းကတော့ မဆုတ်မနစ် ရှေ့ဆက်ခဲ့တယ်လေ။ နောက်ဆုံးမှာ သူ့ရှုံးနိမ့် အားနည်းမှုတွေကို ကောင်းခြင်း မင်္ဂလာဖြစ်သွားအောင် ပြောင်းပြန်လှန် ပစ်မယ့် ဖော်မြူလာကို ရှာတွေ့ သွားပါတော့တယ်။ အဲ့ဒီဖော်မြူလာက ဒီနေ့ထက်ထိ သက်ဝင် လှုပ်ရှားနေတယ် မဟုတ်လားဗျာ !

  • မေဂျာလိဂ် တန်ဖိုး အရှိဆုံးကစားသမား အဖြစ် ရော်ဘီကိန်း ရွေးချယ်ခံရ

    မေဂျာလိဂ် တန်ဖိုး အရှိဆုံးကစားသမား အဖြစ် ရော်ဘီကိန်း ရွေးချယ်ခံရ

    ဒီဇင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    681322_heroa
    – အမေရိကန်မေဂျာလိဂ် ဘောလုံးပြိုင်ပွဲ၏ တန်ဖိုးအရှိဆုံး ဘောလုံးသမားဆုကို အလ်အေဂလက်ဆီအသင်း၏ အိုင်ယာလန်တိုက်စစ်မှူး ရော်ဘီကိန်းက ရရှိခဲ့သည်ဟု သိရသည်။

    စပါအသင်း၏ တိုက်စစ်မှူဟောင်းဖြစ်ခဲ့သူ ရော်ဘီကိန်းမှာ အင်္ဂလန်ရီဗော်လူရှင်း အလယ်တန်းလူ လီဂူယန်နှင့် ဆီယက်တဲလ် ဆောင်ဒါအသင်း တိုက်စစ်မှူး မာတင်တို့ကို ကျော်ဖြတ်ကာ ထိုဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

    အသက် ၃၄ နှစ်အရွယ်ရှိ ရော်ဘီကိန်းမှာ ၂၀၁၁ ခုနှစ်က စပါးအသင်းမှ ပြောင်းရွှေ့သွားသူဖြစ်ပြီး ယခုနှစ် မေဂျာလိဂ်ပွဲစဉ်အတွင်း ပွဲထွက်ကစားသမားအဖြစ် ၂၉ ပွဲ ပါဝင်ကစားခဲ့ရာ ၁၉ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ၁၄ ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်။

    ထို့ကြောင့် ဂိုးအများဆုံးသွင်းသူများစာရင်းတွင် ၎င်းမှာ တတိယနေရာချိတ်ခဲ့ပြီး ဖန်တီးမှုအများဆုံး ပြုလုပ်ပေးသည့် စာရင်းတွင်မူ ဒုတိယနေရာချိတ်ခဲ့သည်။ ထို့ပြင် မေဂျာလိဂ် တစ်နှစ်တာ အကောင်းဆုံး ၁၁ ယောက်စာရင်းတွင်လည်း ၃ နှစ်ဆက်တိုက် ပါဝင်နိုင်ခဲ့သည်။

    ရော်ဘီကိန်းမှာ အိုင်ယာလန်လက်ရွေးစင်အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး သြဂုတ်လက ဘောလုံးသမားဘ၀မှ အနားယူသွားခဲ့သည့် ဂျာမနီတိုက်စစ်မှူးဟောင်း ကလိုဆေးပြီးနောက် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် active အဖြစ်ဆုံး တိုက်စစ်မှူး ဖြစ်လာခဲ့သည်။

  • သေဒဏ်ကျ ခံရသည့် အကျဉ်းသားများထံမှ ခန္ဓာကိုယ် အစိတ်အပိုင်း ထုတ်ယူမှု တရုတ် ရပ်ဆိုင်းမည်

    သေဒဏ်ကျ ခံရသည့် အကျဉ်းသားများထံမှ ခန္ဓာကိုယ် အစိတ်အပိုင်း ထုတ်ယူမှု တရုတ် ရပ်ဆိုင်းမည်

    ဒီဇင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    20141246331681734_20
    – ကိုယ်အင်္ဂါအစိတ်အပိုင်များ အစားထိုးကုသရန်အတွက် သေဒဏ်ချမှတ်ခြင်းခံရသူများထဲမှ အစိတ်အပိုင်းများအား အသုံးပြုခြင်းကို ရပ်တန့်တော့မည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ယနေ့တွင် ကြေညာလိုက်သည်။

    နိုင်ငံအတွင်း ကိုယ်အင်္ဂါအစိတ်အပိုင်းများ အစားထိုးကုသလိုသူများအတွက် တရုတ်အာဏာပိုင်များမှာ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို လှူဒါန်းရန် သေဒဏ်ကျခံနေရသည့် အကျဉ်းသားများကို ဖိအားပေးလေ့ရှိပြီး ထိုကိုယ်အင်္ဂါအစိတ်အပိုင်းများ ရယူရာတွင်လည်း စံမီသည့် အန္တရာယ်ကင်းရေးလုပ်ဆောင်မှုများကို ဆောင်ရွက်ခြင်းမရှိဟု နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပမှ လူ့အခွင့်အရေးလှုပ်ရှားသူများက ဝေဖန်မှုများ ရှိနေသည်။

    အမျိုးသားကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုကွန်ယက်ကို ဦးဆောင်နေသည့် ဟူအန်ဂျီဖူကမူ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် ဟောပြောမှုတစ်ခုတွင် အကျဉ်းသားများမှ ကိုယ်အင်္ဂါအစိတ်ပိုင်းများ ထုတ်ယူမှုအား ဇန်န၀ါရီ ၁ ရက်နေ့မှစ၍ ရပ်တန့်တော့မည်ဟု ကြေညာခဲ့သည်။

    ထိုကဲ့သို့ကြေညာခဲ့သော်လည်း နိုင်ငံ၏ လိုအပ်နေသာ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုအတွက် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို မည်သည့်နေရာမှ ရယူမည်ဆိုခြင်းနှင့် ပတ်သက်၍ မေးခွန်းများလည်းရှိနေသည်။

    တရုတ်လူမျိုးတို့၏ ရိုးရာဓလေ့ထုံးတမ်းများကြောင့် တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းမှု အနိမ့်ဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး တည်ဆဲဥပဒေအရ ကာယကံရှင်ကိုယ်တိုင်က မိမိ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းကို လှူဒါန်းရန် ဆန္ဒရှိသော်လည်း မိဘများ၏ သဘောတူညီချက်ရမှ လှူဒါန်းနိုင်သည်။

    Agencies

  • ၂၀၁၄ အာရှ အကောင်းဆုံး ဘောလုံးသမားဆု ဆော်ဒီ တိုက်စစ်မှူး ဆွတ်ခူး

    ၂၀၁၄ အာရှ အကောင်းဆုံး ဘောလုံးသမားဆု ဆော်ဒီ တိုက်စစ်မှူး ဆွတ်ခူး

    ဒီဇင်ဘာ ၄ ၊ ၂၀၁၄
    M-Media
    Asian player
    – ၂၀၁၄ ခုနှစ် အာရှ အကောင်းဆုံး ဘောလုံးသမားဆုကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကြေညာခဲ့ရာ ဆော်ဒီ တိုက်စစ်မှူး နာဆီရ် အလ် ရှမ်ရာနီက ရရှိခဲ့သည်ဟု သိရသည်။

    ဆော်ဒီကလပ် အလ်ဟီလာလ် အသင်း၏ တိုက်စစ်မှူးဖြစ်သူ ရှမ်ရာနီမှာ အလ်အိန်း ကစားသမား အစ္စမေးလ် အဟ်မဒ်နှင့် ကာတာမှ ခါလ်ဖန် အီဗရာဟင်တို့ကိုကျော်ဖြတ်ကာ ရရှိခဲ့ခြင်ဖြစ်သည်။

    အသက် ၃၁ နှစ်အရွယ် ရှမ်ရာနီမှာ AFC ချန်ပီယံလိဂ် ဒုတိယ ရရှိခဲ့သည့် အလ်ဟီလာလ် အသင်း အတွက် အဆိုပါ ပြိုင်ပွဲတွင် ၁၀ ဂိုး သွင်းယူပေးခဲ့သူဖြစ်သည်။

    `ဒီဆုကိုရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါပေမယ့် ဒီဆုဟာ AFC ချန်ပီယံလိဂ်မှာ ဗိုလ်မစွဲနိုင်တဲ့ ၀မ်းနည်းမှုကိုတော့ မဖြေဖျောက်နိုင်ပါဘူး။ (ဗိုလ်လုပွဲမှာ) ကျွန်တော်တို့ ပြိုင်ဘက်အသင်းထက် ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းလို့ပဲ ရှုံးနိမ့်ခဲ့ရတာပါ´ ဟု ဖိလစ်ပိုင်နိုင်ငံ မနီလာတွင် ပြုလုပ်ခဲ့သည့် ဆုပေးပွဲအခမ်းအနား၌ ရှမ်ရာနီက ပြောကြားခဲ့သည်။

    အဆိုပါ အခမ်းအနားတွင် တစ်နှစ်တာ အာရှအကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုကို တစ်ပါတည်း ချီးမြှင့်ခဲ့ပြီး သြစတေးလျ  ကစားသမား ကက်ထရီနာ ဂေါ်ရီက ရရှိခဲ့သည်။

    AFC Challenge Cup တွင် ဗိုလ်စွဲနိုင်ခဲ့သည့် ပါလက်စတိုင်း အသင်းကမူ အကောင်းဆုံး လက်ရွေးစင်အသင်းဆုကို ရရှိခဲ့သည်။