News @ M-Media

Blog

  • ပြင်သစ်က ပါလက်စတိုင်းကို အသိအမှတ်ပြုမည်

    ပြင်သစ်က ပါလက်စတိုင်းကို အသိအမှတ်ပြုမည်


    ဇူလိုင် ၂၆၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – ပါလက်စတိုင်းများ နိုင်ငံပျောက်ဆုံးမှု အဆင့်ဆင့်)

    ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် လာမယ့်စက်တင်ဘာလ ကုလအထွေထွေအစည်းအ၀ေးမှာ အသိအမှတ်ပြုတော့မယ်လို့ ပြင်သစ်သမ္မတ မာခရွန်က ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

    ပါလက်စတိုင်းကို အသိအမှတ်ပြုထားတဲ့ ကမ္ဘာနိုင်ငံပေါင်း ၁၄၀ ကျော်ရှိပြီး အစ္စရေးရဲ့ အဓိကမဟာမိတ်တွေဖြစ်တဲ့ အမေရိကန်၊ ပြင်သစ်နဲ့ ဥရောပအင်အားကြီးနိုင်ငံတွေ မပါ၀င်ပါဘူး။ ပြင်သစ်ရဲ့ အခုဆုံးဖြတ်ချက်ဟာ နှစ်ပေါင်း ၇၀ အတွင်း ထင်ရှားတဲ့ ရပ်တည်ချက်ပြောင်းလဲမှုဖြစ်ပါတယ်။

    ပြင်သစ်ဟာ ယူကေ၊ ဂျာမနီတို့နည်းတူ အစ္စရေးကို လက်ရှိအချိန်အထိ လက်နက် အကြီးအကျယ်ထောက်ပံ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

    ဒုတိယကမ္ဘာစစ်အတွင်းက နာဇီရန်ကြောင့် ဥရောပကနေ ပါလက်စတိုင်းကို ထွက်ပြေးလာတဲ့ ဂျူးတွေဟာ လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းပြီး ဌာနေ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ကာ ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံအဖြစ် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းတွေကတော့ အဲဒီအချိန်ကစပြီး နိုင်ငံပျောက်ဆုံးခဲ့ရပါတယ်။

    Ref: AP

  • ဂါဇာတွင် သေဆုံးသူအရေအတွက် ၅၉၀၀၀ ကျော် ရှိလာ

    ဂါဇာတွင် သေဆုံးသူအရေအတွက် ၅၉၀၀၀ ကျော် ရှိလာ

    ဇူလိုင် ၂၁၊ ၂၀၂၅
    M-Media

    (အစာရေစာ ပြတ်လပ်မှုကြောင့် သေဆုံးသွားသည့် ရင်ခွင်ပိုက်ကလေးငယ်တစ်ဦးကို ပွေ့ချီထားသည့် မိခင်၊ ဇူလိုင် ၂၀)

    ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်တဲ့ အစ္စရေးရဲ့ ဂါဇာက တစ်ကျော့ပြန် လူသတ်ပွဲအတွင်း သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ ၅၉၀၂၉ ဦး ရှိလာပြီလို့ ပါလက်စတိုင်း ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    ဒဏ်ရာရသူအရေအတွက်က ၁၄၂၁၃၅ ဦးရှိပြီး၊ အဆောက်အဦး အပျက်အဆီးတွေအတွင်း ပိတ်မိ ပျောက်ဆုံးနေသူ အရေအတွက်က ထောင်သောင်းချီ ရှိပါတယ်။

    အမေရိကန်ဦးစီးတဲ့ အကူအညီပေးရေးနေရာတွေမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံရသူအရေအတွက်က ၁၀၂၁ ဦး ရှိပြီး၊ ဒဏ်ရာရသူ အရေအတွက်က ၆၅၁၁ ဦးရှိနေပါတယ်။

    ကမ္ဘာ့နိုင်ငံတွေကတော့ အစ္စရေးရဲ့လုပ်ရပ်ကို ဆက်လက်ရှုတ်ချနေဆဲပါ။

    Ref: Aljazeera

  • ပါလက်စတိုင်းတွင် ထပ်မံ ဖျက်ဆီးခံလိုက်ရသည့် ရှေးဟောင်း ခရစ်ယာန်ဘုရားကျောင်းတစ်ခု 

    ပါလက်စတိုင်းတွင် ထပ်မံ ဖျက်ဆီးခံလိုက်ရသည့် ရှေးဟောင်း ခရစ်ယာန်ဘုရားကျောင်းတစ်ခု 

    ဇူလိုင် ၁၅၊ ၂၀၂၅

    M-Media 

    (ဓာတ်ပုံ – အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာကြသည့် ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် သံတမန်များ)

    ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းဒေသက ရှေးဟောင်း ခရစ်ယာန်ဘုရားကျောင်းနဲ့ ခရစ်ယာန် သုဿန်တစ်ခုကို ဂျူးအခြေချနေထိုင်သူတွေက ပြီးခဲ့တဲ့တစ်ပတ်မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

    တိုင်ဘာဆိုတဲ့ ခရစ်ယာန်မြို့လေးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လကလည်း အဲဒီမြို့က နေအိမ်တစ်ချို့ကို တရားမ၀င် ဂျူးအခြေချနေထိုင်သူတွေက ဖျက်ဆီးခဲ့ကာ လယ်ယာမြေတွေလည်းကို မီးရှို့ခဲ့ပါတယ်။ 

    အစ္စရေးအာဏာပိုင်တွေဟာ ပါလက်စတိုင်း ပိုင်နက်တွေမှာ တရားမ၀င်အခြေချအိမ်ယာတွေ တည်ဆောက်ကာ ကမ္ဘာတစ်၀ှမ်းက ၀င်လာတဲ့ ဂျူးတွေကို နေထိုင်စေတာဖြစ်ပါတယ်။ 

    ဒုတိယကမ္ဘာစစ်အတွင်းက နာဇီရန်ကြောင့် ပါလက်စတိုင်းကို ထွက်ပြေးလာရတဲ့ ဂျူးတွေ လက်နက်ကိုင်ကာ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ပြီး ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံ ထူထောင်တဲ့အချိန်မှာ ပါလက်စတိုင်းက ခရစ်ယာန် မြို့ရွာပေါင်း ၃၀ ကျော် ဖျက်ဆီးခံရပြီး အဲဒီက ခရစ်ယာန်တွေလည်း သတ်ဖြတ်မောင်းထုတ်ခံခဲ့ရပါတယ်။ 

    Ref : AP

  • ဂါဇာတွင် သောက်သုံးရေယူရန် စောင့်ဆိုင်းနေသူများ တိုက်ခိုက်သတ်ဖြတ်ခံရ

    ဂါဇာတွင် သောက်သုံးရေယူရန် စောင့်ဆိုင်းနေသူများ တိုက်ခိုက်သတ်ဖြတ်ခံရ

    ဇူလိုင် ၁၅၊ ၂၀၂၅

    M-Media

    တိုက်ခိုက်မှုပြီးနောက် မြင်ကွင်း

    ဂါဇာကမ်းမြှောင် နူစီရတ် စစ်ရှောင်စခန်းက သောက်သုံးရေ ပေး၀ေတဲ့နေရာကို အစ္စရေးက ဇူလိုင် ၁၃ ရက်နေ့မှာ ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ 

    အဲဒီတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပြီး အများစုက ရေတန်းစီနေကြတဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ အဲဒီနေ့ကတစ်နေ့တည်းမှာပဲ ဂါဇာစီးတီးက စျေးတစ်ခုကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီး နည်းဆုံး ၁၇ ဦး သေဆုံးခဲ့ပါတယ်။

    ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်တိုက်ခိုက်မှုမှာ သေဆုံးသူဦးရေဟာ ၅၈၀၂၆ ဦး ရှိလာပြီဖြစ်ပါတယ်။ အဲဒီအထဲက ထက်၀က်ကျော်ဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ 

    Ref – Aljazeera

  • တူရကီမှ ကာ့ဒ်လွတ်မြောက်ရေးအဖွဲ့ လက်နက်ချ

    တူရကီမှ ကာ့ဒ်လွတ်မြောက်ရေးအဖွဲ့ လက်နက်ချ

    ဇူလိုင် ၁၂၊ ၂၀၂၆

    M-Media 

    တူရကီမှာ ကာ့ဒ်အမျိုးသားနိုင်ငံ ခွဲထွက် ထူထောင်ရေး နှစ်ပေါင်း ၄၀ ကျော်ကြာ လှုပ်ရှားခဲ့ကြတဲ့ ကာ့ဒ်အလုပ်သမားပါတီ (PKK) အဖွဲ့၀င်တွေရဲ့ အီရတ်နိုင်ငံမြောက်ပိုင်းမှာ သောကြာနေ့က လက်နက်ချခဲ့ပါတယ်။M-Media Radio

    တူရကီက ဖမ်းဆီးထားတဲ့ PKK ခေါင်းဆောင် အဘ်ဒူလာ အိုကလန်က သူတို့အဖွဲ့ လက်နက်ချတော့မယ်လို့ မေလမှာ ကြေငြာခဲ့တာပါ။ ၁၉၈၄ ခုနှစ်က စတင်ခဲ့တဲ့ ဒီလွတ်မြောက်ရေးလှုပ်ရှားမှုအတွင်း လူပေါင်း ၄ သောင်းကျော် သေဆုံးခဲ့ပါတယ်။ 

    တူရကီသမ္မတ အာဒိုဂန်က ဒီလုပ်ရပ်ကို ကြိုဆိုခဲ့ပြီး တူရကီဟာ ခေတ်သစ်တစ်ခုကို စတင်ပြီလို့ ပြောကြားခဲ့ပါတယ်။ 

    Ref: Aljazeera