News @ M-Media

လက်ဘနွန်နှင့် ဆီးရီးယားမြေများကို အစ္စရေးက ခိုးယူသိမ်းပိုက်နေ

နို၀င်ဘာ ၁၇၊ ၂၀၂၅

M-Media 

ဆီးရီးယားနဲ့ လက်ဘနွန်က နယ်မြေတွေကို အစ္စရေးက နည်းလမ်းမျိုးစုံနဲ့ ခိုးယူသိမ်းပိုက်နေကြောင်း ကုလနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။ 

လက်ဘနွန်နဲ့ အစ္စရေးစပ်ကြားမှာရှိတဲ့ အပြာရောင်နယ်ခြားစည်းတစ်လျှောက် လက်ဘနွန်ပိုင်နက်တွေမှာ အစ္စရေးစစ်တပ်က နံရံတွေကာနေပါတယ်။ ဒီလုပ်ရပ်ကြောင့် လက်ဘနွန်ပိုင်နက် နယ်မြေ ၄၀၀၀ စကွဲယာမီတာလောက် ဆုံးရှုံးခဲ့တယ်လို့ နယ်စပ်မှာ စောင့်ကြပ်နေတဲ့ ကုလငြိမ်းချမ်းရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

စစ်အင်အားမရှိတဲ့ လက်ဘနွန်ကတော့ ဒီကိစ္စကို ကုလထံ တိုင်ကြားဖို့ စီစဥ်နေပါတယ်။ အစ္စရေးက ဒီပြောဆိုချက်တွေကို ငြင်းဆိုထားပါတယ်။ 

ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းက ကူနိတ္တရာမြို့ကိုလည်း အစ္စရေးစစ်တပ်က နို၀င်ဘာ ၁၆ ရက်နေ့မှာ ကျူးကျော်ကာ ၀င်ရောက်စီးနင်းခဲ့ပြီး အရပ်ဖက်အဆောက်အဦးတွေကို ဖျက်ဆီးခဲ့ပါတယ်။ 

ဆီးရီးယားအနောက်တောင်ပိုင်းက လူနေအိမ်တွေ၊ လယ်ယာမြေတွေကို၊ သစ်တောတွေ၊ အရပ်ဖက် အဆောက်အဦးတွေကို အစ္စရေးက ဖျက်ဆီးတာတွေ တိုးမြှင့်လုပ်ဆောင်ကာ ဆီးရီးယားနယ်မြေအတွင်း စစ်ဆေးရးဂိတ် အများအပြားကိုလည်း တည်ဆောက်နေပါတယ်။ 

ဒါဟာ ပါလက်စတိုင်းနယ်မြေတွေကို ကျူးကျော်သိမ်းပိုက်တဲ့ အစီအစဥ်အတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ် ဒီဇင်ဘာနောက်ပိုင်း ဆီးရီးယားကို အစ္စရေးက အကြိမ်းပေါင်း ၁၀၀၀ ကျော် ကျူးကျော်တိုက်ခိုက်ထားပါတယ်။ 

Ref: Middle East Monitor, Middle East Eyes 

(ဓာတ်ပုံ- လက်ဘနွန်ပိုင်နက်အတွင်း ကျူးကျော်တည်ဆောက်ထားသည့် တံတိုင်းများ)