News @ M-Media

Blog

  • အစ္စလာမ်ဘာသာရေးဆရာများ မဲပေးခွင့် စစ်ကောင်စီ ကန့်သတ်

    အစ္စလာမ်ဘာသာရေးဆရာများ မဲပေးခွင့် စစ်ကောင်စီ ကန့်သတ်

    (ဧရာ၀တီ သတင်းဌာနမှ ကူးယူဖော်ပြပါသည်)

    အစ္စလာမ်ဘာသာရေးဆရာများအား မဲပေးခွင့်ပိတ်ပင်လိုက်သည့် ကန့်သတ်ချက်များပါဝင်သော လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအား ပြင်ဆင်သည့် ဥပဒေများကို ယမန်နေ့ ရက်စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်သည်။

    ဆဋ္ဌမအကြိမ်မြောက် ပြင်ဆင်သည့် ထိုဥပဒေများတွင် ယခင်က မဲပေးခွင့်ရှိသော မော်လဝီ (သို့မဟုတ်) မော်လာနာ၊ ဟာဖိဇ်၊ အီမန်၊ မုဖ်သီ၊ မုဖတ်စိရ်၊ အိုလမာ၊ ပီရ် (သို့မဟုတ်) မရှာအိခ် အပါအဝင် အစ္စလာမ်ဘာသာ သာသနာ့ဝန်ထမ်းများအား ရွေး ကောက်ပွဲဆိုင်ရာ ဥပဒေများအရ မဲပေးခွင့်မရှိသော သာသနာ့ဝန်ထမ်းခေါင်းစဉ်အောက်၌ ထည့်သွင်းကာ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

    ထို့ပြင် ဟိန္ဒူဘာသာရေးဆရာများအား မဲပေးခွင့် ထပ်တိုးကန့်သတ်မှုအနေဖြင့်လည်း မဲပေးခွင့်မရှိသည့် သာသနာ့ ဝန်ထမ်း ခေါင်းစဉ်အောက်တွင် ယခင်က “ စံယာစီ၊ မဟန့် သို့မဟုတ် ဟိန္ဒူဘုန်းတော်ကြီးများ” ဟု ပြဋ္ဌာန်းထားရာမှ ယခုတွင်

    “ဂုရု၊ ပဏ္ဍိတ၊ မဟန့်၊ စံညာစီ၊ စံညာစိနီ၊ ဆာဒူး (ဆာဒူးကြီး)၊ ဆာဒ်ဝီ၊ ဆွာမိ၊ ဆွာမိနီ အပါအဝင် ဟိန္ဒူ ဘုန်းတော်ကြီးများ” ဟု ဆိုကာ ပြင်ဆင် ဖြည့်စွက်ခဲ့သည်။

  • ပါလက်စတိုင်း အငတ်ဘေးအတွက် ကမ္ဘာတစ်၀ှမ်းက ဒယ်အိုး ခေါက်သံများ

    ပါလက်စတိုင်း အငတ်ဘေးအတွက် ကမ္ဘာတစ်၀ှမ်းက ဒယ်အိုး ခေါက်သံများ

    ဇူလိုင် ၂၉၊ ၂၀၂၅

    M-Media 

    ဂါဇာမှာ အစ္စရေးက အငတ်ဘေးဆိုက်အောင် လုပ်ဆောင်ထားမှုကို ဆန့်ကျင်ပြီး ဒါကို ရပ်တန့်ရေး တောင်းဆိုတဲ့ ဒယ်အိုးခေါက် ဆန္ဒပြမှုတွေ ကမ္ဘာတစ်၀ှမ်း ပြန့်နှံ့လာပါတယ်။ 

    ဂရိ၊ တောင်ကိုရီးယား၊ နယ်သာလန်၊ အိုင်ယာလန်၊ ဂျာမနီ၊ အမေရိကန်အပါအ၀င် ကမ္ဘာ၀ှမ်းမှာ လူထောင်သောင်းချီ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ 

    ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း သေဆုံးသူ အရေအတွက်ဟာ ၆ သောင်းနားကပ်လာပြီး အများစုက အရပ်သားတွေ ဖြစ်ပါတယ်။ ဂါဇာကမ်းမြှောင်ကို ကမ္ဘာတစ်၀ှမ်းက အကူအညီတွေ ၀င်မရအောင် အစ္စရေးက လုပ်ဆောင်ထားတာကြောင့် အငတ်ဘေးဆိုက် သေဆုံးမှုဟာ ၁၂၂ ဦးအထိ ရှိလာပါပြီ။ 

    ကမ္ဘာတစ်၀ှမ်းက ၀ေဖန်မှုတွေ မြင့်တက်လာတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစ္စရေးက အကူအညီတစ်ချို့ကို ၀င်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် အကူအညီလာယူတွေကို ပစ်မှတ်ထား သတ်ဖြတ်မှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ 

    Video Credit – Aljazeera

  • တရားမ၀င်နေထိုင်သူတွေ တိုက်ခိုက်ခဲ့တဲ့ ခရစ်ယာန်ရွာ

    တရားမ၀င်နေထိုင်သူတွေ တိုက်ခိုက်ခဲ့တဲ့ ခရစ်ယာန်ရွာ

    ဇူလိုင် ၂၈၊ ၂၀၂၅

    M-Media 

    မီးရှို့ခံထားရသည့် ကားတစ်စီး

    ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းဒေသက ခရစ်ယာန်ဘာသာ၀င်တွေနေထိုင်တဲ့ တိုင်ဘာမြို့ကို တရားမ၀င် ဂျူးအခြေချသူတွေက ဇူလိုင် ၂၇ ရက်နေ့မှာ ထပ်မံ တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။

    ကားတွေမီးရှို့တာ၊ နေအိမ်တွေကို ဖျက်ဆီးတာ၊ ဘာသာရေးအမုန်းစကားတွေရေးသားတာ စတာတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တိုင်ဘာမြို့ကို ဂျူးအခြေချသူတွေ တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ပိုမို မြင့်တက်လာခဲ့ပါတယ်။ 

    နာဇီရန်ကြောင့် ဥရောပကနေ ထွက်ပြေးလာတဲ့ ဂျူးတွေ လက်နက်ကိုင်ကာ ပါလက်စတိုင်းပိုင်နက်တွေကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စရေးနိုင်ငံ ထူထောင်တဲ့ ၁၉၄၈ ခုနှစ်ကစလို့ ပါလက်စတိုင်းက ခရစ်ယာန် မြို့ရွာပေါင်းများစွာ ဖျက်ဆီးခံခဲ့ရပါတယ်။ 

    Video Credit – TRT World

  • ခြွင်းချက်မရှိ အပစ်ရပ်မယ့် ထိုင်းနှင့် ကမ္ဘောဒီးယား

    ခြွင်းချက်မရှိ အပစ်ရပ်မယ့် ထိုင်းနှင့် ကမ္ဘောဒီးယား

    ဇူလိုင် ၂၈၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – (၀ဲမှယာ) ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်မာနတ်၊ မလေးရှား၀န်ကြီးချုပ် အန်၀ါရ် အီဘရာဟင်နှင့် ထိုင်းယာယီ၀န်ကြီးချုပ် ဖွမ်သမ် ၀ီချာယာချိုင်)

    ၅ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ နယ်စပ်က အပြန်အလှန် ပစ်ခတ်မှုတွေကို ခြွင်းချက်မရှိ အပစ်ရပ်ဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်တွေက ဒီကနေ့မှာ သဘောတူလိုက်ပါတယ်။

    လက်ရှိ အာဆီယံဥက္ကဌဖြစ်တဲ့ မလေးရှားရဲ့ ၀န်ကြီးချုပ် အန်၀ါရ် အီဘရာဟင်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်နှစ်ဦးကို ပူထရာဂျာယာကို ဖိတ်ခေါ်ပြီး ကြား၀င်ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။

    အပစ်ရပ်ရေးဟာ ဇူလိုင် ၂၈ ရက်နေ့ည သန်းခေါင်ယံအချိန်မှာ စတင်အသက်၀င်မှာ ဖြစ်ပါတယ်။

    Ref: CNA

  • ဂါဇာတွင် အဟာရပြတ်သေဆုံးသူ ၁၃၃ ဦးရှိလာ

    ဂါဇာတွင် အဟာရပြတ်သေဆုံးသူ ၁၃၃ ဦးရှိလာ

    ဇူလိုင် ၂၇၊ ၂၀၂၅

    M-Media

    အစ္စရေးက တိုက်ခိုက်မှုတွေလုပ်နေတဲ့ ဂါဇာမှာ ဇူလိုင်လ ၂၇ ရက်နေ့က အဟာရ ပြတ်လပ်သေဆုံးသူ ၆ ဦး ထပ်မံ တိုးလာခဲ့ပြီး စုစုပေါင်း ၁၃၃ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

    သေဆုံးသူတွေထဲက ၈၇ ဦးက ကလေးငယ်တွေဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အစ္စရေးဟာ ငတ်မွတ်ခေါင်းပါးမှုကို လက်နက်အဖြစ် အသုံးချခဲ့တာကြောင့် ကမ္ဘာနိုင်ငံတွေရဲ့ ၀ေဖန်မှုကို ခံခဲ့ရပါတယ်။

    နိုင်ငံတကာ အကူအညီတွေကို အစ္စရေးက ၀င်ခွင့်မပေးတာကြောင့် ဂါဇာမှာ အငတ်ဘေးဆိုက်ခဲ့တာဖြစ်ပါတယ်။

    ဂါဇာက ပါလက်စတိုင်းပြည်သူတွေ အငတ်ဘေးဆိုက်တဲ့ ဓာတ်ပုံတွေကို နာဇီလက်ထက် ဂျူးတွေကို အငတ်ထားညှင်းဆဲတဲ့ ပုံတွေနဲ့ ယှဥ်တွဲဖော်ပြမှုတွေလည်း ဆိုရှယ်မီဒီယာမှာ မြင့်တက်လာပါတယ်။

    Ref: Aljazeera