News @ M-Media

Blog

  • မန်ချက်စတာဒါဘီမှာ မိမိဘ၀ အကြီးမားဆုံး ဒါဘီဖြစ်မည်ဟု ဗန်ဂါးလ်ဆို

    မန်ချက်စတာဒါဘီမှာ မိမိဘ၀ အကြီးမားဆုံး ဒါဘီဖြစ်မည်ဟု ဗန်ဂါးလ်ဆို

    နိုဝင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    Manchester-City-vs-Manchester-United
    – အသင်းကြီးများအား နည်းပြခဲ့သည့် မိမိ၏ သက်တမ်းတစ်လျှောက်တွင် ယခုတစ်ပတ်ကစားမည့် မန်ချက်စတာ ဒါဘီပွဲမှာ အကြီးမားဆုံး ဒါဘီပွဲ ဖြစ်လာမည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    လက်ရှိပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းမှာ တနင်္ဂနွေနေ့တွင် မန်ယူအသင်းအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်ပြီး ဗန်ဂါလ်း တာဝန်ယူပြီးနောက် ပထမဆုံး ဒါဘီပွဲလည်းဖြစ်သည်။

    “ကျွန်တော်ကိုင်ဖူးတဲ့အထဲမှာ ဒါဟာ အကြီးဆုံးဒါဘီပွဲ ဖြစ်လာပါလိမ့်မယ်။ ပွဲကတော့ ၃၈ ပွဲ ကစားရမှာပါ ဒါပေမယ့် ဒီပွဲဟာ ပြိုင်ဘက်အဖြစ် ပရိတ်သတ်တွေအတွက် မယုံကြည်နိုင်လောက်စရာ ပွဲကြီးတစ်ခုပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ဒါဘီပွဲတွင် အရေးပါသောတိုက်စစ်မှူး ရူနီမှာ ပါဝင်နိုင်မည်မဟုတ်ဟု စောစောပိုင်းက သတင်းထွက်ပေါ်ခဲ့သော်လည်း ဗန်ဂါးလ်မှာ ထိုပွဲတွင် ရူနီမှာ သေချာပေါက် ပါဝင်နိုင်မည်ဖြစ်ပြီး ဖယ်လ်ကာအိုသာ လွဲချော်မည်ဟု ပြောကြားခဲ့သည်။

    မန်စီးတီးအသင်းတွင် အားထားရသည့် တိုက်စစ်မှူး ဆေးလ်ဗားမှာ ပါဝင်နိုင်ခြင်းမရှိဘဲ။ Play Maker ယာယာတိုးယေးမှာလည်း ပါဝင်ရန် မသေချာပေ။

  • တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ လောင်ကျွမ်းပြီး ပြုတ်ကျမှုကြောင့် လူဆယ်ဦးခန့် ဒဏ်ရာရ

    တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ လောင်ကျွမ်းပြီး ပြုတ်ကျမှုကြောင့် လူဆယ်ဦးခန့် ဒဏ်ရာရ

    နိုဝင်ဘာ ၁ ၊ ၂၀၁၄


    tzt1
    ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၏နှစ်စဉ် ကျင်းပမြဲ တန်ဆောင်တိုင် မီးပုံးပျံလွှတ် ပွဲတော်၌ ၃၁.၁၀.၂၀၁၄ ညဥ့် တစ်နာရီခန့်တွင် ပြိုင်ပွဲဝင်မီးပုံးပျံတစ်လုံး လောင်ကျွမ်း ကျလာရာ ပွဲတော်သို့လာရောက် လည်ပတ်ကြည့်ရှုသူများ ဆယ်ဦးခန့် ထိခိုက် ဒဏ်ရာရရှိသွားကြောင်း၊ ၎င်းတို့အနက် ၄ ဦးမှာ ရန်ကုန်မြို့မှလာရောက်သော ဧည့်သည်များ ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာသူများအနက် ၂ ဦးမှာ တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကြီးတွင် ဆေးကုသ ခံယူနေရပြီး အခြေအနေဆိုးဝါးနေကြောင်း သတင်းရရှိပါသည်။

    ပွဲတော်၏နောက်ဆုံးရက်မှာ ၆.၁၁.၂၀၁၄ ဖြစ်၍ ထိုလပြည့်ညဥ့်တွင် ပြိုင်ပွဲဝင် မီးပုံးပျံဆုများကို ချီးမြှင့်သွားမည်ဖြစ်သည်။

    M-Media
    သတင်းနှင့် ဓာတ်ပုံ – ကိုကျော်ကျော်

    tzt2tzt3

  • ရိုဟင်ဂျာများကို ဘင်္ဂါလီများအဖြစ် စာရင်းကောက်နေမှု ရပ်တန့်ရန် ကုလသမဂ္ဂ ဆုံးဖြတ်ချက် ထုတ်ပြန်

    ရိုဟင်ဂျာများကို ဘင်္ဂါလီများအဖြစ် စာရင်းကောက်နေမှု ရပ်တန့်ရန် ကုလသမဂ္ဂ ဆုံးဖြတ်ချက် ထုတ်ပြန်

    နိုဝင်ဘာ ၁ ၊ ၂၀၁၄
    M-Media
    Family members look from their temporary shelter at a Rohingya refugee camp as Myanmar's government embarks on a national census, in Sittwe
    – ရိုဟင်ဂျာများကိုယ်တိုင် ငြင်းဆိုသည့် ဘင်္ဂလီ အမည်နာမအား သတ်မှတ်ရန် မြန်မာအစိုးရ၏  မူဝါဒအတွက် ဆုံးဖြတ်ချက် မူကြမ်းတစ်ခုကို ကုလသမဂ္ဂတွင် တင်သွင်းခဲ့ပြီး ရိုဟင်ဂျာများအား အပြည့်အ၀ နိုင်ငံသားဖြစ်ခွင့်ပေးရန် မြန်မာအစိုးရအား ထိုမူကြမ်း၌ တိုက်တွန်းလိုက်သည်ဟု သိရသည်။

    ယမန်နေ့က ဥရောပသမဂ္ဂမှ တင်သွင်းသော အဆိုပါမူကြမ်းတွင် ရိုဟင်ဂျာများအပေါ် ထားရှိသော မူဝါများကို ပြောင်းလဲရန်၊ ဖြစ်နိုင်က နိုဝင်ဘာ ဒုတိယ သီတင်းပတ်၌ အမေရိကန်သမ္မတ ဘာရက်အိုဘားမား မလာရောက်ခင်အလျင် ပြောင်းလဲရန် မြန်မာအစိုးရအား ဖိအားပေးထားသည်။

    ထို့ပြင် ရိုဟင်ဂျာများ၏ အခြေအနေနှင့်ပတ်သက်၍လည်း အလွန်အမင်းစိုးရိမ်သည်ဟု ဖော်ပြထားပြီး လူနည်းစု ရိုဟင်ဂျာများအား လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့်ပေးရန်၊ ပြည်ဝသောနိုင်ငံသား သတ်မှတ်ပေးရန်နှင့် ၎င်းတို့လူမျိုးအား ၎င်းတို့၏ သဘောဆန္ဒအတိုင်း သတ်မှတ်ခွင့်ပေးရန်အတွက်လည်း မြန်မာအစိုးရအား တိုက်တွန်းထားသည်။



    မြန်မာနိုင်ငံရှိ ၁.၃ သန်းသော ရိုဟင်ဂျာများမှာ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခံထားရပြီး ငြှင်းပန်းနှိပ်စက်ခြင်းခံနေရကာ လူ့အခွင့်အရေးများကိုလည်း ချိုးဖောက်ခံနေရသည်။ ထို့ပြင် ၂၀၁၂ ခုနှစ်က ရခိုင်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ရာချီသေဆုံးခဲ့ရပြီး ၁၄၀၀၀၀ ခန့်မှာ အခြေအနေဆိုးသည့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည်။

    မြန်မာအစိုးရကလည်း ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသည့် ဘင်္ဂါလီများဖြစ်သည်ဟု သတ်မှတ်ထားသည်။ ထို့ပြင် မကြားသေးမီက “ရခိုင်စီမံချက်” အစီအစဉ် တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ထိုအစီအစဉ်အရ ရိုဟင်ဂျာများမှာ နိုင်ငံသားအဖြစ် သတ်မှတ်ခြင်းမခံရဘဲ ဒုက္ခသည်စခန်းများတွင် နေထိုင်ရကာ တိုင်းပြည်မှ နှင်ထုတ်ခြင်းကို ခံရဖွယ်ရှိနေသည်။

    ဥရောပ သမဂ္ဂမှ တင်သွင်းသည့် အဆိုပါဆုံးဖြတ်ချက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံ လူ့အခွင့်အရေး ကော်မတီသို့ ရောက်ရှိနေပြီး အတည်ပြုရန်အတွက် မဲခွဲ ဆုံးဖြတ်ရမည်ဖြစ်သည်။

    ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဗီဂျေးနမ်ဘီးယားကလည်း မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာများအား အသိမှတ်ပြုရေးအတွက် ဖိအားပေးမှုများကို တိုးမြှင့်ရင်ဆိုင်ရမည်ဟု ယခုသီတင်းပတ်အတွင်းပြောကြားခဲ့သည်။

    source: AP

  • ကြံဖွံ ပါတီခေါင်းဆောင် ၀န်ကြီးဟောင်း ဦးအောင်သောင်းကို အမေရိကန်အစိုးရ ပိတ်ဆို့အရေးယူ

    ကြံဖွံ ပါတီခေါင်းဆောင် ၀န်ကြီးဟောင်း ဦးအောင်သောင်းကို အမေရိကန်အစိုးရ ပိတ်ဆို့အရေးယူ

    610x497xAung-Thaung.jpg.pagespeed.ic.X113yImkMW
    ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီခေါင်းဆောင် တဦးဖြစ်သည့် စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်း ကို အမေရိကန် အစိုးရက နာမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။

    အမေရိကန် ဘဏ္ဍာဝန်ကြီးဌာန တသီးပုဂ္ဂလ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုဆိုင်ရာ Office of Foreign Assets Control –OFAC ရုံး၏ ဆုံးဖြတ်ချက် အမှတ် (E.O.) 13448 ဖြင့် ဦးအောင်သောင်းအား နာမည်ပျက်စာရင်း ထည့်သွင်းလိုက်ခြင်းဖြစ် သည်ဟု အောက်တို ဘာလ ၃၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

    အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို အားပေး ထောက်ပံ့မှု များ ဆက်လက်လုပ်ဆောင်နေချိန်တွင် စောင့်ကြည့်လေ့လာမှုလည်း ရှိနေပြီး ၄င်းဖြစ်စဉ်များအပေါ် အနှောက် အယှက် လုပ်နေသည့် ဦးအောင်သောင်းကို အရေးယူရခြင်းဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

    ဦးအောင်သောင်းသည် မကြာခင်ကမှ စတင်ခဲ့သည့် စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အားနည်းသွားစေမည့် အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ အဂတိလိုက်စားမှုများကို ရည်ရွယ်ချက်ရှိရှိ ဆက်လက်လုပ်ဆောင်နေသကဲ့သို့ အတိုက်အခံ ဒီမိုက ရေစီ အင်အားစုများကို နှိပ်ကွပ်ရာတွင်လည်း ပါဝင်သူတဦးဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြသည်။

    သို့အတွက် ယခုအရေးယူမှုသည် အမေရိကန်နိုင်ငံ အ တွင်း နှင့် အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ဦးအောင်သောင်း၏ ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

    ယခုကဲ့သို့ ဦးအောင်သောင်းအား ဒဏ်ခတ်အရေးယူလိုက်ခြင်းကြောင့် အမေရိကန်နိုင်ငံသားများအနေဖြင့် ၄င်း နှင့် စီးပွား အတူတွဲလုပ်ခွင့်ကိုလည်း တားမြစ်ပြီးသားဖြစ်ကြောင်းကြေညာချက်က ဆိုသည်။

    “မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ နိုင်ငံရေး၊ စီးပွားရေး အသွင်ကူးပြောင်းမှုကို နိုင်ငံတကာက ယုံကြည်မှု ကျဆင်း လာတာနဲ့အမျှ ဦးအောင်သောင်းဟာ အဂတိလိုက်စားမှု၊ ဖိနှိပ်မှု၊ အကြမ်းဖက်မှုတွေကို စိတ်ပျက်ဖွယ် ဆက်တိုက် လုပ်လာ တာတယ်” ဟု ဒဏ်ခတ်ပိတ်ဆို့လိုက်ခြင်းနှင့်ပတ်သက်၍ OFAC ရုံးမှ ညွှန်ကြားရေးမှူး Adam J. Szubin က မှတ်ချက် ပေး ထားသည်။

    မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များကို အမေရိကန်နိုင်ငံက အခိုင်အမာ အားပေးလျှက်ရှိပြီး ၄င်းကဲ့သို့ ဖိနှိပ်မှု၊ အာဏာရှင်ဆန်မှုများကို ကျူးလွန်နေသူများသည် အန္တရာယ်အဖြစ် ပစ်မှတ်ထား ဒဏ်ခတ်ခြင်းဟုသူက ဆက်ပြော သည်။

    ဤကဲ့သို့ စစ်အစိုးရလက်ထက် ၀န်ကြီးဟောင်းတဦးဖြစ်ခဲ့သူ ဦးအောင်သောင်းအား ပိတ်ဆို့အရေးယူမှု ပြုလုပ်ချိန်သည် မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမားလာရောက်မည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

    အမေရိကန်အစိုးရ အနေဖြင့် ဦးအောင်သောင်းကို ယခုကဲ့သို့ အရေးယူမှုအသစ်ပြုလုပ်ရန် အချက်အလက်စုဆောင်းနေ သည် မှာကြာပြီဖြစ်ကြောင်း၊ ဦးအောင်သောင်းအနေဖြင့် ပြီးခဲ့သည့် ရခိုင်ပြည်နယ် လူမျိုးရေးအဓိကရုဏ်းများတွင် ပါဝင် ပတ်သက်မှု ရှိနိုင်ပြီး၊ စွမ်းအားရှင်ကဲ့သို့သော အဖွဲ့အစည်းများကို မွေးမြူ ကာငွေကြေးထောက်ပံနေသည်ဟု အမေရိကန် အစိုးရအနေဖြင့် ယုံကြည်ထားကြောင်း အနောက်တိုင်း သံတမန်တဦးက သုံးသပ်သည်။

    “အခုကိစ္စဖြစ်လာတာက မြန်မာ့အတိုက်အခံတွေနဲ့တော့ သိပ်မဆိုင်ဘူး၊ ဦးအောင်သောင်းကို အရေးယူဖို့ အမေရိကန် အစိုးရက စောင့်ကြည့်ပြီး အချက်အလက်စုနေတာကြာပြီ” ဟု ၎င်းကဆိုသည်။

    ဤသို့ အရေးယူလိုက်သည့်အတွက် ဦးအောင်သောင်းအနေဖြင့် နိုင်ငံခြားနှင့် ဆက်သွယ်လုပ်ကိုင်ရသည့် စီးပွားရေးလုပ် ငန်းများ ထိခိုက်လာနိုင်ပြီး၊ စင်ကာပူဘဏ်များဖြင့် ချိတ်ဆက်အလုပ်လုပ်ရသည့် ငွေကြေးကိစ္စများ ထိခိုက်သွားမည်ဖြစ် သည်။

    ဧရာဝတီမှာကူးယူဖော်ပြသည်။

    http://burma.irrawaddy.org/news/2014/11/01/66642.html

  • အီတူးမှာ ဘောလုံး နတ်ဘုရားများပေးသော လက်ဆောင်ဟု အဲဗာတန်နည်းပြ တင်စား

    အီတူးမှာ ဘောလုံး နတ်ဘုရားများပေးသော လက်ဆောင်ဟု အဲဗာတန်နည်းပြ တင်စား

    နိုဝင်ဘာ ၁၊ ၂၀၁၄
    M-Media
    518231_heroa
    – ဇရာထောင်းနေသော်လည်း အသင်းအတွက် ခြေစွမ်းကောင်းများ ပြသနေသည့် ကင်မရွန်းတိုက်စစ်မှူး အီတူးမှာ ဘောလုံးနတ်ဘုရားများမှ ပေးသော လက်ဆောင်ဖြစ်သည်ဟု အဲဗာတန်နည်းပြ မာတီနက်ဇ်က ချီးကျူးပြောကြားလိုက်သည်။

    ချယ်ဆီးနှင့် စာချုပ်သက်တမ်းကုန်ပြီးနောက် အီတူးမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အဲဗာတန်သို့ ပြီးခဲ့သည့် သြဂုတ်လက ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ ထို့နောက် ပရီးမီးယားလိဂ်တွင် ခြေစွမ်းကောင်းများပြသနေကာ ၅ ပွဲကစားပြီး ၃ ဂိုး သွင်းယူပေးထားနိုင်သည်။

    “အီတူဟာ ဘောလုံးနတ်ဘုရားတွေက ပေးတဲ့လက်ဆောင်ပါပဲ။ ကျွန်တော်တို့ရဲ့ လူငယ်ကစားသမားတွေအတွက် ပြည့်စုံတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ အမြင့်ဆုံး အရည်အချင်းရှိတဲ့ ကစားသမားတစ်ဦးပါ။ ဒုတိယရာသီဝက်မှာ အသင်းနဲ့ ဘယ်လိုအသားကျနိုင်မလဲဆိုတာကို ကြည့်ဖို့ ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်” ဟု မာတီနက်ဇ်က ဘန်လေနှင့် ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    အဲဗာတန်မှာ ယခုသီတင်းပတ်တွင် ဆွမ်းဆီးအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။