News @ M-Media

ရိုဟင်ဂျာများကို ဘင်္ဂါလီများအဖြစ် စာရင်းကောက်နေမှု ရပ်တန့်ရန် ကုလသမဂ္ဂ ဆုံးဖြတ်ချက် ထုတ်ပြန်

နိုဝင်ဘာ ၁ ၊ ၂၀၁၄
M-Media
Family members look from their temporary shelter at a Rohingya refugee camp as Myanmar's government embarks on a national census, in Sittwe
– ရိုဟင်ဂျာများကိုယ်တိုင် ငြင်းဆိုသည့် ဘင်္ဂလီ အမည်နာမအား သတ်မှတ်ရန် မြန်မာအစိုးရ၏  မူဝါဒအတွက် ဆုံးဖြတ်ချက် မူကြမ်းတစ်ခုကို ကုလသမဂ္ဂတွင် တင်သွင်းခဲ့ပြီး ရိုဟင်ဂျာများအား အပြည့်အ၀ နိုင်ငံသားဖြစ်ခွင့်ပေးရန် မြန်မာအစိုးရအား ထိုမူကြမ်း၌ တိုက်တွန်းလိုက်သည်ဟု သိရသည်။

ယမန်နေ့က ဥရောပသမဂ္ဂမှ တင်သွင်းသော အဆိုပါမူကြမ်းတွင် ရိုဟင်ဂျာများအပေါ် ထားရှိသော မူဝါများကို ပြောင်းလဲရန်၊ ဖြစ်နိုင်က နိုဝင်ဘာ ဒုတိယ သီတင်းပတ်၌ အမေရိကန်သမ္မတ ဘာရက်အိုဘားမား မလာရောက်ခင်အလျင် ပြောင်းလဲရန် မြန်မာအစိုးရအား ဖိအားပေးထားသည်။

ထို့ပြင် ရိုဟင်ဂျာများ၏ အခြေအနေနှင့်ပတ်သက်၍လည်း အလွန်အမင်းစိုးရိမ်သည်ဟု ဖော်ပြထားပြီး လူနည်းစု ရိုဟင်ဂျာများအား လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့်ပေးရန်၊ ပြည်ဝသောနိုင်ငံသား သတ်မှတ်ပေးရန်နှင့် ၎င်းတို့လူမျိုးအား ၎င်းတို့၏ သဘောဆန္ဒအတိုင်း သတ်မှတ်ခွင့်ပေးရန်အတွက်လည်း မြန်မာအစိုးရအား တိုက်တွန်းထားသည်။



မြန်မာနိုင်ငံရှိ ၁.၃ သန်းသော ရိုဟင်ဂျာများမှာ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခံထားရပြီး ငြှင်းပန်းနှိပ်စက်ခြင်းခံနေရကာ လူ့အခွင့်အရေးများကိုလည်း ချိုးဖောက်ခံနေရသည်။ ထို့ပြင် ၂၀၁၂ ခုနှစ်က ရခိုင်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ရာချီသေဆုံးခဲ့ရပြီး ၁၄၀၀၀၀ ခန့်မှာ အခြေအနေဆိုးသည့် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည်။

မြန်မာအစိုးရကလည်း ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသည့် ဘင်္ဂါလီများဖြစ်သည်ဟု သတ်မှတ်ထားသည်။ ထို့ပြင် မကြားသေးမီက “ရခိုင်စီမံချက်” အစီအစဉ် တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ထိုအစီအစဉ်အရ ရိုဟင်ဂျာများမှာ နိုင်ငံသားအဖြစ် သတ်မှတ်ခြင်းမခံရဘဲ ဒုက္ခသည်စခန်းများတွင် နေထိုင်ရကာ တိုင်းပြည်မှ နှင်ထုတ်ခြင်းကို ခံရဖွယ်ရှိနေသည်။

ဥရောပ သမဂ္ဂမှ တင်သွင်းသည့် အဆိုပါဆုံးဖြတ်ချက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံ လူ့အခွင့်အရေး ကော်မတီသို့ ရောက်ရှိနေပြီး အတည်ပြုရန်အတွက် မဲခွဲ ဆုံးဖြတ်ရမည်ဖြစ်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဗီဂျေးနမ်ဘီးယားကလည်း မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာများအား အသိမှတ်ပြုရေးအတွက် ဖိအားပေးမှုများကို တိုးမြှင့်ရင်ဆိုင်ရမည်ဟု ယခုသီတင်းပတ်အတွင်းပြောကြားခဲ့သည်။

source: AP

Comments

Leave a Reply