News @ M-Media

Blog

  • ခရစ္စတီယာနို ရော်နယ်ဒိုမှာ မက်ဆီကဲ့သို့ ကျွမ်းကျင်မှု မရှိဟု ကာပယ်လိုဆို

    ခရစ္စတီယာနို ရော်နယ်ဒိုမှာ မက်ဆီကဲ့သို့ ကျွမ်းကျင်မှု မရှိဟု ကာပယ်လိုဆို

    နိုဝင်ဘာ ၁၊ ၂၀၁၄
    M-Media
    532451_heroa
    ယမန်နှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင် ခရစ္စတီယာနိုရော်နယ်ဒိုမှာ မက်ဆီကဲ့သို့ ကျွမ်းကျင်မှုမရှိဘဲ အခြားကစားသမားများတွင်မရှိသည့် စွမ်းရည်များမှာ မက်ဆီတွင် ရှိနေသည်ဟု ဂျူဗင်တပ်စ်နည်းပြဟောင်း ကာပယ်လိုက ပြောကြားလိုက်သည်။

    လာလီဂါပြိုင်ဘက်များဖြစ်သည့် ရော်နယ်ဒိုနှင့် မက်ဆီတို့ ၂ ဦးစလုံးမှာ မကြာသေးမီက ဖီဖာမှ ထုတ်ပြန်ခဲ့သော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု  Ballon d’Or စကာတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်  Ballon d’Or ဆုရှင် ရော်နယ်ဒိုကသာ ထပ်မံရရှိရန် အလားအလာ ရှိနေသည်။

    ၂၀၀၅ ခုနှစ်တွင် ဘာကာနှင့် ဂျူဗင်တပ်စ်တို့ကစားခဲ့သည့် Gamper Trophy ဖလားပြိုင်ပွဲတွင် မက်ဆီ၏ အရည်အချင်းကို သတိပြုမိခဲ့သည့် ကာပယ်လိုက ရော်နယ်ဒိုမှာ ကြံ့ခိုင်မှုပိုင်းပါဝါ ကောင်းသော်လည်း နည်းစနစ်ကျွမ်းကျင်မှုတွင် မက်ဆီကို မမှီဟု ဆိုသည်။

    “သူတို့နှစ်ယောက်စလုံးဟာ ထူးခြားတဲ့ကစားသမားတွေဖြစ်ကြပေမယ့် ခြားနားမှုတော့ ရှိပါတယ်။ ရော်နယ်ဒိုဟာ ပါဝါကောင်းတဲ့ကစားသမားတစ်ဦး ဖြစ်ပြီး နည်းစနစ်ပိုင်းလည်း ကောင်းပါတယ်။ ဒါပေမယ့် မက်ဆီမှာရှိတဲ့ ကျွမ်းကျင်မှုမျိုးတော့ မရှိပါဘူး” ဟု ကာပယ်လိုက AS သတင်းစာသို့ ပြောကြားခဲ့သည်။

    Gamper Trophy ပွဲတွင် ထိုစဉ်က လူငယ်ကစားသမားဖြစ်သည့် မက်ဆီမှာ ကာနာဗာရိုဦးဆောင်သည့် ဂျူဗင်တပ်စ်နောက်တန်းကို အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့ပြီး မက်ဆီအား ဂျူဗင်တပ်စ်သို့ အငှားဖြင့်ခေါ်ယူရန်ပင် စီစဉ်ခဲ့ဖူးကြောင်း ကာပယ်လိုက ထည့်သွင်းပြောကြားခဲ့သည်။

  • ကနေဒါပြည်သူ့တိုရဲ့ စိတ်ဓါတ် ရင့်ကျက်မှုအား လက်တွေ့စမ်းသပ်မှု (ရုပ်သံ)

    ကနေဒါပြည်သူ့တိုရဲ့ စိတ်ဓါတ် ရင့်ကျက်မှုအား လက်တွေ့စမ်းသပ်မှု (ရုပ်သံ)

    နိုဝင်ဘာ ၁၊ ၂၀၁၄
    M-Media
    .နိုင်မြတ်ဇော် တင်ဆက်သည်။
    Canadians Reaction
    ကနေဒါနိုင်ငံမြို့ တော်မှာ  ပြီးခဲ့တဲ့အပတ်ကဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှု နဲ့  ပတ်သက်ပြီး ကနေဒါပြည်သူတွေရဲ့  မွတ်စလင်မ်တွေအပေါ် စိတ်နေသဘောထားကို စမ်းသပ်တဲ့ လူမှုရေး စမ်းသပ်မှု (social experiment) တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီစမ်းသပ်မှုကို ပစ်ခတ် တိုက်ခိုက်မှုကြောင့်သေဆုံးသွားတဲ့ စစ်သား မစ္စတာ နေသန် နေထိုင်ရာ ဟလ်မင်တန်မြို့ မှာ ကျောင်းသား ၃ ဦးက စီစဉ်ပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီစမ်းသပ်မှုရလဒ်ဟာ ကနေဒါပြည်သူတွေ ရဲ့  သဘောထားပြည့်ဝမှု၊ ရင့်ကျက်မှုကို ကမ္ဘာသိအောင် နောက်ထပ်တကြိမ်ထပ်မံသက် သေပြလိုက်ခြင်းဖြစ်တယ်လို့  လေ့လာသူတွေက ဆိုပါတယ်။

    အဲ့ဒီ စမ်းသပ်မှုကို လျှို့ ဝှက်ဗီဒီယို အနေနဲ့ ပြုလုပ်ရိုက်ကူးပြီး Youtube မှာ ခဲ့ပါတယ်။

    စမ်းသပ်မှုမှာ တစ်ယောက်က အ၀တ်အစားအရှည်ဝတ်ပြီး ကားဂိတ်မှာ ကားရပ်စောင့်နေတဲ့ မွတ်စလင်မ်အနေ နဲ့  သရုပ်ဆောင်ပါတယ်။ နောက်တစ်ယောက်က လူဖြူအနေနဲ့  သရုပ် ဆောင်ပြီး အဲ့ဒီမွတ်စလင်မ်ကို အကြမ်းဖက်သမားဖြစ်နိုင်ကြောင်း၊ သူနဲ့  ဘတ်စ်ကား တူတူ စီးရမှာ စိတ်မချကြောင်း၊ လုံခြုံမှု မရှိကြောင်း၊ သူ့ အ၀တ်အစားအောက်မှာ ဖောက်ခွဲရေးပစ္စည်း များရှိနိုင်ကြောင်း၊ မြို့ တော် အော်တ၀ါမှာဖြစ်ခဲ့တဲ့ သေနတ် ပစ်ခတ်တိုက်ခိုက်မှုလို အခု အ၀တ်အ ရှည်ဝတ်ထားတဲ့ မွတ်စလင်ကလည်း မလုပ်ဘူးလို့ မပြောနိုင်ကြောင်း၊ သူ့ အနေနဲ့  တခြားကား စီးသင့်ကြောင်း တခြား ကားစောင့်နေတဲ့ လူတွေကြားအောင် ပြောပါတယ်။ ကားစောင့်နေတဲ့ ကနေဒါပြည်သူတွေ ခုလို စွပ်စွဲချက်ကို ဘယ်လို တုန့် ပြန်သလဲ၊ သူတို့ တွေဟာ မွတ်စလင်မ်တွေအပေါ် ဘယ်လိုသဘောထားအမြင်ရှိလဲဆိုတာကို စမ်းသပ်ဖို့  အဝေးတနေရာကနေ ဗီဒီယိုနဲ့ လျှို့ ဝှက်ရိုက်ကူးခဲ့ပါတယ်။

    လူဖြူအနေနဲ့  သရုပ်ဆောင်သူ စွပ်စွဲချက်ကို တခြားလူတွေအားလုံးက ကန့် ကွက်ပြီး မွတ်စလင်လို ၀တ်ဆင်ထားသူကို ကာကွယ်ပေးခဲ့ကြပါတယ်။

    အော်တ၀ါမှာဖြစ်တဲ့ကိစ္စဟာ စိတ်ကျန်းမာရေးရောဂါရှိတဲ့ လူတယောက်၊ ရူးသွပ်တဲ့ လူတစ် ယောက်ရဲ့  လုပ်ရပ်သာဖြစ်ပြီး၊ သူ့ လုပ်ရပ်ကြောင့် မွတ်စလင်လို ၀တ်ဆင်ထား သူအားလုံးကို အကြမ်းဖက်သမားလို့  မစွပ်စွဲသင့်ကြောင်း၊ အဲ့ဒီလို စွပ်စွဲတာဟာ စော်ကားတာဖြစ်ကြောင်း၊ သူစိတ်မချရင် တခြားကားစီးသင့်ကြောင်း၊ စွပ်စွဲနေတာမရပ်ရင် ရဲကို ဖုန်းခေါ်တိုင်မှာ ဖြစ် ကြောင်း မွတ်စလင်မ်သရုပ်ဆောင်ဖက်က ကာကွယ်တုန့် ပြန်ကြပါတယ်။ နောက်ဆုံးမှာ ကား စောင့်နေတဲ့ လူတယောက်က လူဖြူသရုပ်ဆောင်ကို ၀င်ထိုးတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ကိုယ်ထိလက်ရောက် တုန့် ပြန်တာဟာ အကောင်းဆုံးတုန့် ပြန်မှုမဟုတ်ပေမဲ့ အပြစ်မရှိ တဲ့လူကို အကြမ်းဖက်သမားဆိုပြီးစွပ်စွဲတာ၊ လူတစ်ယောက်လုပ်ရပ်ကြောင့် မဆိုင်တဲ့လူတွေ ကို လူရှေ့ သူရှေ့  စော်ကားတာ၊ အခွင့်အရေးချိုးဖောက်တာ၊ မတရားတာကို လက်ပိုက်ကြည့်မနေဘူးဆိုတာကို သက်သေပြလိုက်တာပဲဖြစ်ပါတယ်။

    အဲ့ဒီ ၃ မိနစ်ခွဲစာ ဗီဒီယိုဟာ အက်ဒစ်တည်းဖြတ်ထားခြင်းမရှိပဲ မူရင်းဗီဒီယို အတိုင်း ထုတ်လွင့်ခဲ့တာဖြစ်ကြောင်း Global News ရုပ်မြင်သံကြားဌာနက ဆိုပါတယ်။

    ဗီဒီယိုမှာပါတဲ့ စကားပြောငြင်းခုံမှုတွေကတော့ —

    အကြောင်းအရာအစပိုင်း

    သူငယ်ချင်းတို့ ငါ့နာမည်ကတော့ အိုမရ်, သူက ဇိုက် နဲ့ သူက တော့ ဒေဗင်
    ဒေဗင် က ကော့ကေးရှန်းအဖြစ် သရုပ်ဆောင်ပြီး သူ့ကို(ဇိုက်)ကို နှုတ်နဲ့စော်စော်ကားကားပြောဆိုလိမ့်မယ်
    ဒါဟာ ကနေဒါမြို့တော် အော့တဝါမှဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကိုအခြေခံပြီး
    မြိုခံလူတွေ စိတ်ထဲလုံခြုံမှုရှိလားဆိုတာကို စူးစမ်းကြည့်မှာပါ
    မွတ်စလင်တွေဆိုတာ မွတ်စလင်ပုံစံရှိတဲ့လူတွေ
    ဘာတွေဖြစ်မလဲ ကြည့်ရအောင်

    စွပ်စွဲသူ –
    မင်း ဒီ ဘတ်စ်ကား စီးမလို့လား ။  ဟုတ်တယ်
    မင်း တခြားကား ပြောင်းစီးရင် ကောင်းမယ်။

    စွပ်စွဲသူ –
    ဘာဖြစ်လို့လဲ? မင်း ဝတ်ထားတဲ့ပုံကို ကြည့်ပြီးပြောတာ ..

    ကားရပ်စောင့်သူ (၁) –
    ဘာဖြစ်တာလဲ … မင်းလူတွေကို သူတို့ဝတ်ထားတာကြည့်ပြီး ပုံသေကားချပ်ဆုံးဖြတ်လို့မရဘူး

    ကားရပ်စောင့်သူ (၁) –
    သူဘာနိုင်ငံသားလဲဆိုတာကြည့်ပြီး .. တခြားဘာပဲဖြစ်ဖြစ်
    ငါပြောတာ မင်းသဘောပေါက်လား .. အဲ့ဒီမှာဖြစ်ပျက်ခဲ့တာက
    အယူသီးတဲ့လူတစ်ယောက်ရဲ့ အဖြစ်အပျက်ပဲ. (ကျွန်တော်နားလည်ပါတယ်)
    လူတိုင်းကို မင်း အပြစ်ပေးလို့မရဘူး
    အမေရိကန်က 9/11 အကြမ်းဖက်မှုကလည်း အရူးအနှမ်းတွေလုပ်တာ ။
    ခုသူက ငါ့မိတ်ဆွေ ငါသူနဲ့ အတူရှိတယ်။

    ကားရပ်စောင့်သူ (၂) –
    ငါ အိမ်ပြန်ပြီးတော့ ဝတ်ချင်တဲ့ ဝတ်ရုံတစ်ခု ဝတ်မယ်ကွာ
    ငါ့ကို အဲ့ဒီလို လာပြောစမ်းပါ။
    ငါ ဝတ်ချင်တဲ့ ဝတ်ရုံပဲဖြစ်ဖြစ် တခြားအဝတ်အစားပဲဖြစ်ဖြစ် ကြိုက်တာဝတ်နိုင်တယ်

    ကားရပ်စောင့်သူ (၃) –
    အဲ့ဒီမှာဖြစ်ပျက်ခဲ့တာ မကောင်းဘူး၊ ဝမ်းနည်းစရာ။
    ဒါပေမယ့် လူတစ်ယောက်ကို သူဝတ်ထားတာကြည့်ပြီး ဆုံးဖြတ်ဖို့ ဘာအကြောင်းမှ မရှိဘူး

    စွပ်စွဲသူ –
    သူ့မှာ ပေါက်ကွဲစေတဲ့ လက်နက်တွေ ရှိနိုင်တယ်

    ကားရပ်စောင့်သူ (၁) –
    အဲ့ဒါဆို ငါ့မှာလည်းရှိနိုင်တာပဲ။ ငါလည်း ဖောက်ခွဲမှုတွေလုပ်နိုင်တယ်
    အိုကေ ဒါပေမယ့် အဲ့လိုလုပ်တဲ့သူဆီမှာ ဘာဘာသာရေးမှ မရှိဘူး၊
    ဒါဟာသက်သက် ရူးနှမ်းမှုပဲ

    ကားရပ်စောင့်သူ (၂) –
    ငါသူနဲ့ အတူရှိတယ်  (မဟုတ်ဘူး၊ မင်းသူနဲ့အတူရှိလား)
    ဟုတ်တယ်

    စွပ်စွဲသူ –
    သူ့လုပ်ရပ်အတွက် ခင်ဗျားတာဝန်ယူမလား
    (ငါ ဒီအတိုင်းမထားနိုင်ဘူး)

    ကားရပ်စောင့်သူ (၂) –
    ငါ တာဝန်ယူတယ်

    ကားရပ်စောင့်သူ (၁) –
    ငါ့မှာ မွတ်စလင် သူငယ်ချင်းတွေ ဘယ်လောက်အများကြီးရှိလဲ မင်းသိလား
    မွတ်စလင် အစစ်တွေက ဒီလုပ်ရပ်တွေမှာ မယုံတာမင်းသိလား
    အဲ့ဒါက ရူးနှမ်းနေတဲ့ လူတစ်ချို့လုပ်တာ
    အဲ့ဒီရူးနေတဲ့ လူတွေအတွက် မင်းလူတိုင်းကို လိုက်အပြစ်ပေးလို့မရဘူး

    ကားရပ်စောင့်သူ (၄) –
    သူ့မှာ ဘာမှ မရှိဘူး ၊ သူ့ဆီမှာ ဘာတွေ့ရလို့လဲ
    မင်းပုံစံကြည့်ရတာမှ မင်းဆီမှာ တစ်ခုခုရှိနေတဲ့ပုံပဲ

    ကားရပ်စောင့်သူ (၁) –
    မင်း စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး ဆုံးဖြတ်လို့မရဘူး
    မကောင်းတဲ့ လူတစ်ယောက်အတွက် အားလုံးကို အပြစ်မပေးနိုင်ဘူး

    စွပ်စွဲသူ –
    ငါ့စိတ်ထဲ လုံခြုံမှုမရှိဘူး ။ ငါသူနဲ့အတူ ဘတ်စ်ကားမစီးနိုင်ဘူး
    ဒါဆိုလည်း မင်းဘာသာ နောက်ကားတစ်စီး စီးပေါ့သူငယ်ချင်း
    ငါ ပြောချင်တာက ဟေ့ မင်းငါနဲ့လိုက်ခဲ့ပါလား
    ငါပြောချင်တာက သူ့ပုံစံကြည့်ရတာ အကြမ်းဖက်သမားနဲ့တူတယ်
    ကားပေါ်မှာ စိတ်ချရမှာမဟုတ်ဘူး

    ကားရပ်စောင့်သူ (၅) –
    ရယ်စရာပဲ …. (ဒါ ရယ်စရာလား ) ဟုတ်တယ်

    စွပ်စွဲသူ –
    ငါ မင်းတို့အတွက် ပြောတာ …

    ကားရပ်စောင့်သူ (၆) –
    တဆိတ် .. ဒီလောက် မစော်ကားသင့်ဘူး

    စွပ်စွဲသူ –
    ဒါပေမယ့် ငါသူ့ကို ဘတ်စ်ကား မစီးစေချင်ဘူး

    ကားရပ်စောင့်သူ (၁) –
    ဒါဟာ စိတ်မချရဘူးလို့ ငါထင်တယ်။ မဟုတ်ဘူး မင်းသူ့ကို ထားလိုက်ပါ
    မဟုတ်ရင် ငါရဲ ခေါ်ရလိမ့်မယ်

    စွပ်စွဲသူ –
    ငါပြောချင်တာက ဘတ်စကားပေါ်မှာ ဒုက္ခရောက်မှာစိုးလို့
    အော့တဝါ မှာ အကြမ်းဖက်မှုဖြစ်ပြီးကတည်းက
    ဘာတွေဆက်ဖြစ်မလဲ ငါမသိဘူး

    ကားရပ်စောင့်သူ (၆) –
    အဲ့ဒီ တစ်ယောက်က နဂိုကတည်းက အထီးကျန်စိတ်ကျနေတဲ့သူ။ သူ့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိတယ်။
    ဟုတ်တယ် ခု သူလည်း အဲ့လိုပြဿနာရှိနိုင်တယ် ။ (ဒါဆိုမင်းလည်းရှိနိုင်တာပဲ)

    စွပ်စွဲသူ –
    ငါရှိနိုင်တယ်။ ဒါပေမယ့် ငါတော့ အဲ့ဒီလို မဝတ်ထားဘူးလေ
    ဟမီလ်တန် မှာ ဖြစ်ပျက်ခဲ့သလိုမျိုး ထပ်မဖြစ်စေချင်လို့ ငါပြောနေတာ

    ကားရပ်စောင့်သူ (၆) –
    ဘာဖြစ်နေတာလဲ? ဒီလိုဝတ်ထားတာနဲ့ပဲ
    မင်းသူ့ကို အကြမ်းဖက်သမားလို့ ခေါ်စရာလား ?

    ကားရပ်စောင့်သူ (၇) –
    မင်းဘာသာ ကားမစီးချင်ရင် လမ်းလျှောက်သွား

    စွပ်စွဲသူ –
    သူနဲ့ ငါ မင်းတို့ကို ကားပေါ်မှာ မရှိစေချင်လို့ ငါရိုးရိုးသားသားပြော …

    ကားရပ်စောင့်သူ (၂) –
    မင်းမကျေနပ်ရင် မင်းကားပေါ် မတက်နဲ့
    မင်း သိလား ဟို တစ်ယောက်က အခြေအနေပေါ်မူတည်ပြီး တရားခံဖြစ်နေတာ
    ISIS ကလူလို့ပြောနေတယ် ။ ဘယ်သူသေချာသိလို့လဲ

    စွပ်စွဲသူ –
    သူ့မှာ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေရှိနိုင်တယ် ။ ခင်ဗျားတို့သိလား

    ကားရပ်စောင့်သူ  –
    မင်းမှာကော မရှိနိုင်ဘူးလား … စဉ်းစားကြည့်ဦး

    စွပ်စွဲသူ –
    မင်းငါနဲ့လိုက်ခဲ့ (ဘာမှ သူမင်းနဲ့ လိုက်သွားစရာမလိုဘူး)

    ကားရပ်စောင့်သူ (၂) –
    မင်း ဒီမှာနေ ရတယ်
    စိတ်မပူနဲ့ ဒီမှာနေ ဘာမှမဖြစ်ဘူး

    စွပ်စွဲသူ –
    မဟုတ်ဘူး … မဟုတ်ဘူး ဒါကျွန်တော်တို့ လူမှုရေးရာ စမ်းသပ်မှုတစ်ခုလုပ်နေတာ(မင်း ဒီက ထွက်သွား)
    ပွဲကတော့ ကောင်းသွားတယ်။ အဆုံးသတ်ကတော့ မလှဘူး။ဒါပေမယ့် ….
    လူတွေရဲ့ အတွေးအမြင်တွေဟာ ကောင်းလှတယ်။
    သူ့အတွက် အားလုံးက ကာကွယ်ပေးတယ်
    အဲ့ဒါကို ကျွန်တော် သဘောကျတယ်။ တကယ်ကောင်းတယ်။

    ကွယ်လွန်သွားခဲ့တဲ့ နသန် စီရီလီယို အတွက် အထူးဝမ်းနည်းကြောင်း ဖော်ပြပါတယ်
    အကြမ်းဖက်မှုတွေကို လူတိုင်း အပြစ်တင် ရှုံ့ချရမှာဖြစ်တယ်
    ခုအချိန်ဟာ ကျွန်တော်တို့အားလုံး ငြိမ်းချမ်းစွာ အတူနေကြဖို့ပါပဲ ….

    Download လုပ်ပြီး ကြည့်လိုလျှင် =>http://goo.gl/ViuEGK
    File Size =19.5 MB

  • အရေးမပါသူအဖြစ် ခံစာရခြင်းကြောင့် ချယ်ဆီးမှ ထွက်ခွာခဲ့ခြင်းဖြစ်သည်ဟု တောရက်စ်ဆို

    အရေးမပါသူအဖြစ် ခံစာရခြင်းကြောင့် ချယ်ဆီးမှ ထွက်ခွာခဲ့ခြင်းဖြစ်သည်ဟု တောရက်စ်ဆို

    အောက်တိုဘာ ၃၁ ၊ ၂၀၁၄
    M-Media
    466132_heroa
    – ချယ်ဆီးနည်းပြ မော်ရင်ဟိုနှင့် မိမိမှာ ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ချယ်ဆီးမှ ထွက်ခွာရခြင်းမှာ မိမိအနေဖြင့် အသင်း၌ အရေးမပါတော့ဟု ခံစားရသောကြောင့် ဖြစ်သည်ဟု အေစီမီလန် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က ပြောကြားလိုက်သည်။

    အက်သလက်တီကိုမှ လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့ပြီး ထိပ်တန်းခြေစွမ်းများကို ပြနိုင်ခဲ့သော တောရက်စ်အား ချယ်ဆီးက ၂၀၁၁ ခုနှစ်တွင် ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းဖြင့် ခေါ်ယူခဲ့သည်။

    သို့သော်လည်း တန်ကြေးနှင့် ထိုက်တန်သော ခြေစွမ်းကို မပြနိုင်ဘဲ ယခုနှစ်တွင် ဒရော့ဘာနှင့် ဒီယေဂိုကော်စတာတို့ ချယ်ဆီးသို့ ရောက်ရှိလာ ခဲ့ပြီးနောက် တောရက်စ်မှာ အေစီမီလန်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။

    “မော်ရင်ဟိုက အမြဲတမ်း ကျွန်တော့်အပေါ်ကောင်းပါတယ်။ အသင်းက ထွက်ခွာရတဲ့ အကြောင်းအရင်းကတော့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်ပြီး ပိုကစားဖို့၊ ပိုပြီးအရေးပါတဲ့ လူတစ်ယောက်ဖြစ်ဖို့ လိုအပ်လို့ပါပဲ။ မော်ရင်ဟိုနဲ့ ကျွန်တော်ဟာ ဒီနေ့အချိန်အထိ ကောင်မွန်တဲ့ ဆက်ဆံရေးရှိပါတယ်” ဟု တောရက်စ်က ပြောကြားခဲ့သည်။

    အေစီမီလန်တွင်လည်း ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသည့် တောရက်စ်မှာ အီတလီသို့ မရောက်ခင် အသင်းဟောင်း အက်သလက်တီကိုသို့ ပြန်လည်သွားရောက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အသက် ၃၀ အရွယ်ရှိ တောရက်စ်ကမူ ထိုသတင်းမှာ ကောလဟာလသာ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

  • လူရမ်းကားများနှင့် နာဇီ လက်သစ်များ၏ အစ္စလာမ် ဆန့်ကျင်ရေး ချီတက်ပွဲ ပိတ်ပင်မည်ဟု ဂျာမနီ အစိုးရ ကြေညာ

    လူရမ်းကားများနှင့် နာဇီ လက်သစ်များ၏ အစ္စလာမ် ဆန့်ကျင်ရေး ချီတက်ပွဲ ပိတ်ပင်မည်ဟု ဂျာမနီ အစိုးရ ကြေညာ

    အောက်တိုဘာ ၃၁ ၊ ၂၀၁၄
    M-Media
    Protestors gesture towards police using water cannon against them during demonstration by hooligans against Salafists and Islamic State extremist in Cologne
    – ကိုးလုံးတွင် ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင် ရမ်းကားဖျက်ဆီးမှုများရှိခဲ့သောကြောင့် လာမည့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် နာဇီလက်သစ်များနှင့် ဘောလုံးလူရမ်းကားများ၏ မွတ်စလင်ဆန့်ကျင်ရေး ချီတက်ပွဲကို ပိတ်ပင်သွားမည်ဟု ဂျာမနီ အစိုးရ တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    “ဒီဆန္ဒပြမှုကို ပိတ်ပင်ဖို့အတွက် လုပ်နိုင်တာအားလုံးကို ကျွန်တော်တို့ လုပ်သွားမှာပါ။ ကျွန်တော်တို့ဟာ ပုံစံအသစ်နဲ့ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေ၊ ရန်လိုမှုတွေကို ရင်ဆိုင်နေရပါတယ်။ (ကိုးလုံးမှာဆိုရင်) အစကတည်းက သူတို့ဟာ နိုင်ငံရေးအရ လုပ်တာမဟုတ်ဘဲ ရမ်းကားဖို့အတွက် အထူးသဖြင့် ရဲတွေနဲ့ ထိပ်တိုက်တွေ့ဖို့အတွက် လုပ်ဆောင်ခဲ့တယ်ဆိုတာ ရှင်းပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဘာလင်လွှတ်တော်အမတ် ဖရန့် ဟန်ကဲလ်က ARD ရုပ်မြင်သံကြားသို့ အောက်တိုဘာ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

    နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အဆိုပါချီတက်ဆန္ဒပြပွဲကို ဘောလုံးလူရမ်းကားများက ဘာလင်ရှိ  Brandenburg Gate တွင် ပြလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ထိုဆန္ဒပြပွဲသို့ နာဇီလက်သစ်များ အပါအ၀င် လူပေါင်း ၁၀၀၀ ခန့် တက်ရောက်ဖွယ်ရှိသည်ဟု ဟန်ကဲလ်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် တနင်္ဂနွေက ကိုးလုံးတွင် ပြုလုပ်ခဲ့သော ချီတက်ဆန္ဒပြမှုကို ဘောလုံးလူရမ်းကားအဖွဲ့ဖြစ်သည့်  Ho.Ge.Sa က စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး နာဇီလက်သစ်များ အပါအ၀င် လူ ၄၀၀၀ ခန့် ပါဝင်ခဲ့ကြသည်။  အများစုမှာ အရက်မူးနေကြကာ ရဲတပ်ဖွဲ့အား အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် ၄၉ ဦးခန့် ဒဏ်ရာရခဲ့ကြသည်။

    ထိုအဖြစ်အပျက်များက နိုင်ငံရေးရည်ရွယ်ချက်မရှိသော ဆိုးသွမ်းလူငယ်များ လူမျိုးရေးခွဲခြားသော အုပ်စုများနှင့် ပူးပေါင်းခြင်းအတွက် စိုမ်းရိမ်မှုများကိုလည်း မြင့်တက်စေသည်။

    ဘောလုံးလူရမ်းကားအဖွဲ့ဖြစ်သော Ho.Ge.Sa အဖွဲ့၏ အဖွဲ့ဝင်များအကြားတွင် နာဇီလက်သစ်အရိပ်အရောင်များတွေ့နေရပြီး အာဏာပိုင်များကလည်း စောင့်ကြည့်မှုများ ပြုလုပ်နေသည်။

    ဂျာမန်တရားရုံးမှာ နာဇီလက်သစ်များ၏ ချီတက်ဆန္ဒပြမှုများအား ပုံမှန်ပိတ်ပင်လေ့ရှိသော်လည်း ဟန်ကဲလ်ကမူ ရေရှည်ပိတ်ပင်ခြင်းထက် အဖြစ်အပျက် တစ်ခုချင်းစီကိုကြည့်၍ ဆုံးဖြတ်သင့်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

     

    ref_ OnIslam & News Agencies

  • ပါလက်စတိုင်းအား အချုပ်အခြာ အာဏာပိုင်နိုင်ငံ အဖြစ်  အသိမှတ်ကြောင်း ဆွီဒင်ကြေညာ

    ပါလက်စတိုင်းအား အချုပ်အခြာ အာဏာပိုင်နိုင်ငံ အဖြစ် အသိမှတ်ကြောင်း ဆွီဒင်ကြေညာ

    အောက်တိုဘာ ၃၁ ၊ ၂၀၁၄
    M-Media
    afp-sweden-recognises-palestinian-state
    – ဆွီဒင်နိုင်ငံအနေဖြင့် ပါလက်စတိုင်းအား အချုပ်အခြာ အာဏာပိုင် နိုင်ငံ တစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း ဆွီဒင် နိုင်ငံခြားရေး ၀န်ကြီး ဌာနက ယမန်နေ့တွင် ကြေညာ ခဲ့သည်ဟု သိရသည်။

    ““ပိုင်နက်ရှိတယ်။ လူဦးရေရှိတယ်။ ပြည်တွင်း ပြည်ပ ထိန်းချုပ်မှုတွေကို ခင်းကျင်းပြသဖို့ အခွင့်အလမ်းရှိတဲ့ အစိုးရလည်းရှိပါတယ်။ ဆွေးနွေးညှိနှိုင်းမှုကနေ အဖြေရှာရမယ် ဆိုတာကို ယုံကြည်ပြီး အကြမ်းဖက်မှုတွေ မလုပ်တဲ့သူတွေကို ထောက်ခံ အာပေးဖို့ အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ ဒီလိုအသိအမှတ်ပြုခြင်းဟာ အကြမ်းဖက်မှုထက် အခြား နည်းလမ်းရှိတယ်ဆိုတာကို ပါလက်စတိုင်းနဲ့ အစ္စရေး ပြည်သူတွေကို မျှော်လင့်ချက် ပေးဖို့ပါပဲ” ဟု ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး မာဂေါ့တ် ဝေါလ်စထရုမ်းက AL Jazeera သတင်းဌာသို့ ပြောကြားခဲ့သည်။

    ဆွီဒင်အစိုးရက ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ရည်ရွယ်ချက်ရှိသည်ဟု လွန်ခဲ့သည့် ၁ လ ခန့်က ပြောကြားခဲ့ဖူးသည်။

    ဝေါလ်စရုမ်းကမူ ပါလက်စတိုင်းမှာ နိုင်ငံတကာဥပဒေရှိ နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ရမည့် စံနှုန်းများဖြင့် ပြည့်စုံသောကြောင့် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့မှာ သမ္မတ မဟ်မူဒ်းအဘတ်စ်၏ ခေါင်းဆောင်မှုကိုလည်း အသိအမှတ်ပြုပြီး ထိုကဲ့သို့ အသိအမှတ်ပြုခြင်းက ငြိမ်းချမ်းရေးဆွေးနွေးမှု ရှေ့တိုးနိုင်ရန် အကူအညီဖြစ် လိမ့်မည် ဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းဒေသ ပြန်လည်ထူထောင်ရေးအတွက် ငါးနှစ်တာ ကူညီမှုအစီအစဉ်အတွင်း ကန်ဒေါ်လာ သန်း ၂၀၀ ကူညီထောက်ပံ့ပေးသွားမည်ဟုလည်း ကတိပြုခဲ့သည်။

    ဆွီဒင်၏ ထိုဆုံးဖြတ်မှာ ရဲရင့်ပြတ်သားပြီး သမိုင်းဝင်သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု အဘတ်စ်က ချီးကျူးခဲ့ပြီး ပါလက်စတိုင်း ပြည်သူများကလည်း အောင်ပွဲခံခဲ့ကြသည်။

    ဆွီဒင်က ထိုကဲ့သို့ကြေညာခဲ့ပြီးနောက်ပိုင်း အစ္စရေးက ဆွီဒင်နိုင်ငံဆိုင်ရာ သံအမတ်အား ပြန်လည်ခေါ်ယူခဲ့ပြီး၊ အစ္စရေးရှိ ဆွီဒင် သံအမတ်ကိုလည်း ဆင့်ခေါ်ကာ ထိုဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း၊ စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။

    ဆွီဒင်မှာ ဥရောပသမဂ္ဂ နိုင်ငံများအတွင်း ပါလက်စတိုင်းအား အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုသော ပထမဆုံးနိုင်ငံလည်း ဖြစ်လာခဲ့သည်။

    Source: Al Jazeera and agencies