News @ M-Media

Blog

  • အီဘိုလာကို ထိန်းချုပ်ရန် အနည်းဆုံး လေးလကြာမည်

    အီဘိုလာကို ထိန်းချုပ်ရန် အနည်းဆုံး လေးလကြာမည်

    အောက်တိုဘာ ၂၃ ၊ ၂၀၁၄
    M-Media
    2014102331815523734_20
    – ယခုနှစ်အစောပိုင်း အာဖရိက အနောက်နိုင်ငံများတွင် စတင် ကူးစက်ပြန့်နှံ့ခဲ့သည့် အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အရေအတွက်မှာ ၄၉၀၀ နီးပါး ရှိလာခဲ့ပြီဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အီဘိုလာနှင့် ပတ်သက်၍ ဂျီနီဗာတွင်ပြုလုပ်သည့် အရေးပေါ် အစည်းအဝေးတွင် WHO က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ရောဂါပိုး ပြန့်နှံ့မှုမှာ ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆီရာလီယွန် နိုင်ငံများတွင် အဆိုးဆုံးဖြစ်ပြီး ထို သုံးနိုင်ငံပေါင်း ရောဂါ ကူးစက်သူ အရေအတွက်မှာ ၉၉၃၆ ဦး ရှိနေသည်ဟုဆိုသည်။ အဆိုပါ အရေးပေါ်အစည်းဝေးမှာ အီဘိုလာနှင့် ပတ်သက်၍ ပြုလုပ်သော တတိယမြောက် အစည်းအဝေးလည်းဖြစ်ပြီး ၂ ရက်တာ ကြာမြင့်မည် ဖြစ်သည်။

    အီဘိုလာအား ထိန်းချုပ်ရန် အတွက် အနည်းဆုံး လေးလခန့်ကြာမြင့်မည်ဖြစ်ပြီး သို့သော်လည်း လိုအပ်သောဆောင်ရွက်မှုများ အားလုံးကို ဆောင်ရွက်မှသာ ထိုကာလအတွင်း ထိန်းချုပ်နိုင်မည်ဟု နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။

    ကျွမ်းကျင်သူများကမူ အီဘိုလာ ကူးစက်သူ အရေအတွက်မှာ ဒီဇင်ဘာ အစောပိုင်းတွင် ၁၀၀၀၀ အထိ ရောက်ရှိလာမည်ဟု သတိပေးထားပြီး၊ လက်ရှိတွင် ထိုဗိုင်းရပ်စ်အား နှိမ်နင်းရန် တရားဝင်ဆေး မရှိသော်လည်း သုတေသန ပညာရှင်များက ဆေးများထွက်ပေါ်လာရန် ကြိုးစားဖော်ထုတ်နေသည်။

    ref_ Agencies

  • မွတ်စလင်မ်များ အကြမ်းဖက်ခံရမှု  မြန်မာအစိုးရအား အမေရိကန် အစိုးရကို သြဇာရှိသည့် CSIS အဖွဲ့ဝေဖန်

    မွတ်စလင်မ်များ အကြမ်းဖက်ခံရမှု မြန်မာအစိုးရအား အမေရိကန် အစိုးရကို သြဇာရှိသည့် CSIS အဖွဲ့ဝေဖန်

    အောက်တိုဘာ ၂၃ ၊ ၂၀၁၄
    M-Media

    10464354_1491339591083252_5668154329372377568_n
    ဓါတ်ပုံ အညွှန်း- ၂၀၁၄ ခုနှစ် ဇူလိုင်လ တွင် မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုဖြစ်စဉ်တွင် လက်နက်များ ကိုင်ဆောင်ပြီး လူမြင်ကွင်း၌ သွားလာနေပုံ

    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အန္တရာယ်များကို ဦးဆောင်ဖန်တီးနေမှုနှင့် နိုင်ငံတစ်ဝှမ်း ဗုဒ္ဓဘာသာဝင်များက မွတ်စလင်များအပေါ် ပြုလုပ်သော အကြမ်းဖက် တိုက်ခိုက်မှုများကို စီစဉ်သူများအား ဖော်ထုတ်ရာတွင် ထိရောက်မှုရှိသော အရေးယူမှုများ မပြုလုပ်သည့်အတွက် အမေရိကန် အစိုးရအပေါ် သြဇာ သက်ရောက်မှုရှိသည့် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာမှုအဖွဲ့ CSIS အဖွဲ့က မြန်မာစိုးရအား ဝေဖန်ပြောဆိုလိုက်သည်။

    မြန်မာနိုင်ငံသို့ သြဂုတ်လအတွင်းက လာရောက်လေ့လာခဲ့သည့် အဆိုပါအဖွဲ့မှာ ၎င်းတို့၏ တွေ့ရှိချက်များကို ယမန်နေ့က အစီရင်ခံစာ ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံ၏ တိုးတက်မှု အချို့ကို ဖော်ပြခြင်းနှင့်အတူ ယခုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။

    CSIS ၏ ထိုအစီရင်ခံစာတွင် လာမည့် ၂၀၁၅ ခုနှစ်ရွေကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ မျှော်လင့်နိုင်ဖွယ် လက္ခဏာများ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး အလားအလာများ၊ ဆိုးရွားသော ကျန်းမာရေးစနစ်၏ တိုးတက်မှုများနှင့် လျှင်မြန်စွာတိုးတက်လာသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအကြောင်းကိုလည်း ဖော်ပြထားသည်။

    သို့သော်လည်း အာဏာမှာ စစ်တပ်၏ အလိုကျရှိနေမှုနှင့်၊ အဓိကနိုင်ငံရေး ပြောင်းလဲမှုများအတွက် ဆုံးဖြတ်ချက်ချမှုများ တန့်နေခြင်းတို့ကို ထောက်ပြခဲ့ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဦးဆောင်ပြုလုပ်နေသော သမ္မတ ဦးသိန်းစိန်၏ မဟာမိတ်များဖြစ်သည့် ပြုပြင်ပြောင်းလဲရေးသမားများနှင့် ပြုပြင်ပြောင်းလဲရေးကြောင့် အခွင့်ထူးများ ဆုံးရှုံးမည်ကို စိုးရိမ်နေကြသူများအကြား အားပြိုင်မှုများရှိနေသည် အလားအလာကိုလည်း တွေ့ရှိခဲ့ရသည်ဟု CSIS က ဆိုသည်။

    ရခိုင်ပြည်နယ်အရေးတွင်မူ ၂၀၁၂ ခုနှစ်က ဗုဒ္ဓဘာသာဝင်များ၏ တိုက်ခိုက်မှုများကို ခံခဲ့ရပြီးနောက် နိုင်ငံမဲ့ ရိုဟင်ဂျာမွတ်စလင် ၁၄၀၀၀၀ မှာ သံဆူးကြိုးများကာရံထားသော စခန်းများတွက် နေထိုင်နေရပြီး လူးသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆိုးရွားသော အခြေအနေများကို ဆက်လက်ကြုံတွေ့နေရသည်ဟု ဖော်ပြထားသည်။

    ထိုမျှမကဘဲ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသော အဖွဲ့များအပေါ် တိုက်ခိုက်မှုများ ပြုလုပ်လာသည်အထိ ဆိုးရွားခဲ့သော်လည်း ထိုတိုက်ခိုက်မှုများအတွက် တာဝန်ရှိသူများကို အစိုးရက လပေါင်းများစွာကြာ ဥပက္ခာပြုထား သည်ဟုလည်း CSIS က ဝေဖန်ခဲ့သည်။

    လူ့အခွင့်အရေးအဖွဲ့များက ခွဲခြားမှုများရှိနေသည်ဟု ဝေဖန်ထားသော ရခိုင်ပြည်နယ်ပြဿနာ ဖြေရှင်းရေး လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ နိုင်ငံသားအဖြစ် သတ်မှတ်နေရးနှင့် ပြန်လည်နေရာချထားရေး အယူအဆများကို ဖြစ်ပေါ်စေသော်လည်း အစိုးရအနေဖြင့် ပြဿနာအား ဖြေရှင်းနိုင်မည်လားဆိုသည့် အမြင်မှာ ဆက်လက်ရှိနေသည်ဟု ဆိုသည်။

    လွန်ခဲ့သည့် သုံးနှစ်အတွင်း အမေရိကန်နှင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံအား ပြန်လည် ဆက်ဆံခဲ့ပြီး ပိတ်ဆို့ထားမှုများ ဖြေလျော့ပေးမှုကို ဆက်လက်ဆောင်ရွက်ရန်နှင့် မြန်မာ့ကျန်းမာရေး ကဏ္ဍအတွက် ထောက်ပံ့ငွေများ ၂ ဆ တိုးပေးရန်လည်း CSIS က အမေရိကန် အစိုးရအား တိုက်တွန်းခဲ့သည်။

    ref_ The Associated Press

  • နိုင်ငံခြားထောက်လှမ်းရေး အဖွဲ့များနှင့် ဆက်သွယ်နေသည့် သူလျှိုများ အီရန် ဖမ်းဆီး

    နိုင်ငံခြားထောက်လှမ်းရေး အဖွဲ့များနှင့် ဆက်သွယ်နေသည့် သူလျှိုများ အီရန် ဖမ်းဆီး

    အောက်တိုဘာ ၂၃ ၊ ၂၀၁၄
    M-Media

    383163_Mahmoud-Alavi
    အီရန် ထောက်လှမ်းရေး ဝန်ကြီး

    – နိုင်ငံခြား ထောက်လှမ်းရေး အေဂျင်စီများနှင့် ဆက်စပ်မှုရှိသော သူလျှိုများကို ဖမ်းဆီးခဲ့သည်ဟု အီရန်ထောက်လှမ်းရေး ၀န်ကြီး မဟ်မူးဒ် အလာဗီက အောက်တိုဘာ ၂၁ ရက်နေ့က ပြောကြားလိုက်သည်။

    Bushehr ပြည်နယ်တွင် ယခုတစ်ပတ် အတွင်း ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြား ထောက်လှမ်းရေး အေဂျင်စီများ အတွက် ဆောင်ရွက်ပေးသော ထောက်လှမ်းရေး ပစ္စည်းများကိုပါ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

    အလာဗီကမူ အီရန်ထောက်လှမ်းရေးတပ်ဖွဲ့များ၏ နိုးကြားမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံ၏ စီးပွားရေး၊ စက်မှုလက်မှု၊ စစ်ရေးစစ်ရာ၊ ကုန်ထုတ်လုပ်မှုနှင့် နျူကလီးယားအရေးတို့အတွက် လျှို့ဝှက်ထောက်လှမ်းမှုများပြုလုပ်ရန် Bushehr တောင်ပိုင်းမှာ နိုင်ငံခြားထောက်လှမ်းရေးများ ကျက်စားရာဒေသဖြစ်သည်ဟုလည်း ဆိုသည်။

    ထို့ပြင် အင်အားကြီးနိုင်ငံများမှာ အခြားနိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားနှင့် လုံခြုံရေးကို ထိခိုက်စေရန် ထိုနိုင်ငံ တစ်ခုချင်းစီမှ နိုင်ငံသားများနှင့် လက်နက်ကိုင် တပ်ဖွဲ့များကို အသုံးချလေ့ရှိပြီး အီရတ်၊ ဆီးရီးယားနှင့် အာဖဂန်တို့တွင် အင်အားကြီးနိုင်ငံများက ထိုကဲ့သို့ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အလာဗီ၏ ပြောကြားမှုအရ ပြီးခဲ့သည့်လများအတွင်းကလည်း အရှေ့အလယ်ပိုင်းဒေသအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများကို ပြုလုပ်နေသော Takfiri အဖွဲ့နှင့် ဆက်နွယ်နေသည့် လူ ၁၃၀ ကျော်အား ဖမ်းဆီးခဲ့ပြီး၊ ၎င်းတို့ပြုလုပ်မည့် အကြမ်းဖက်တိုက်ခိုက်မှုများကိုလည်း တားဆီးနိုင်ခဲ့သည်ဟု သိရသည်။

    Ref_ Press TV

  • အမေရိကန်လေတပ်ရဲ့ မောင်းသူမဲ့ အာကာသ လွန်းပျံယာဉ် ဆင်းသက်

    အမေရိကန်လေတပ်ရဲ့ မောင်းသူမဲ့ အာကာသ လွန်းပျံယာဉ် ဆင်းသက်

    အောက်တိုဘာ ၂၃၊ ၂၀၁၄
    M-Media
    X-37B
    အမေရိကန်လေတပ်က လွှတ်တင်ထားတဲ့ X-37B မောင်းသူမဲ့ အာကာသ လွန်းပျံယာဉ်လေးဟာ ကမ္ဘာပါတ်လမ်းအနိမ့်ပိုင်းမှာ ၆၇၄ရက် ပျံသန်းခဲ့ပြီးတဲ့နောက် ၁၇ရက်နေ့က ကယ်လီဖိုးနီးယား က Vandenberg လေတပ်စခန်းကို ဆင်းသက်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ အပတ်က NASA ရဲ့ လွန်းပျံယာဉ်ကြီးများ ထားရှိစဉ်က သုံးခဲ့တဲ့ Orbiter Processing Facility ၁ နဲ့ ၂ ကို အမေရိကန်လေတပ်က X-37B အတွက် လွှဲပြောင်းရယူခဲ့ပါတယ်။

    အရွယ်အစားအားဖြင့် ၂၉ပေ ရှည်တဲ့ ဒီလွန်းပျံ ယာဉ်ငယ်လေးကို ဘယ်လိုအသုံးချဖို့ ရည်ရွယ်တယ်ဆိုတာကို လျို့ဝှက်ထားဆဲပဲ ဖြစ်ပါတယ်။

    တင်ဆက်သူ- daythanix

  • လီဗာပူးလ်ကို အဝေးကွင်းမှာ ၃ ဂိုးသွင်းတဲ့ ရီးယဲလ်း၊ အာဆင်နယ် အဝေးကွင်းနိုင်တဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၃

    လီဗာပူးလ်ကို အဝေးကွင်းမှာ ၃ ဂိုးသွင်းတဲ့ ရီးယဲလ်း၊ အာဆင်နယ် အဝေးကွင်းနိုင်တဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၃

    အောက်တိုဘာ ၂၃ ၊ ၂၀၁၄
    M-Media

    – ချန်ပီယံလိဂ် အုပ်စု A၊ B၊ C၊ D ရဲ့ ပွဲစဉ် ၃ ကို ယနေ့မနက်မှာ ကစားခဲ့ပြီး လီဗာပူးလ်က အိမ်ကွင်းမှာ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ကာ ဂျုဗင်တပ်စ်ကလည်း အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ လူဒိုဂိုးရက်စ်တို ကတော့ နောက်ဆုံး မိနစ်ဂိုးတွေနဲ့ အဖိုးတန်သုံးမှတ် ရခဲ့ပါတယ်။

    အုပ်စု A

    အက်သလက်တီကို ၅-၀ မာလ်မို
    အိုလံပီယာကော့စ် ၁-၀ ဂျူဗင်တပ်စ်
    2170464_w2
    မက်ဒရစ်မှာကစားတဲ့ပွဲမှာ အသင်းငယ် မာလ်မိုတို့ အိမ်ရှင်ကို သူတင်ကိုတင်ကစားနိုင်ခဲ့ပြီး အက်သလက်တီကိုက ဒုတိယပိုင်းရောက်မှ အနိုင်ဂိုး ၅ ဂိုး စလုံး သွင်းယူနိုင်ခဲ့တာပါ။ ၄၈ မိနစ်မှာ ကိုကီက အဖွင့်ဂိုး သွင်းခဲ့တာဖြစ်ပြီး နောက်ထပ် ၄ ဂိုးမှာ ၃ ဂိုးကိုလည်း သူကပဲ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့လက အက်သလက်တီကိုကို အိမ်ကွင်းမှာ အနိုင်ကစားနိုင်ခဲ့တဲ့ အိုလံပီယာကော့စ်တို့ ဒီနေ့မနက်ပွဲမှာလည်း အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ အိမ်ရှင်တို့ ပွဲအစမှာ ကစားပုံကောင်းခဲ့ပြီး ဂျူဗင်တပ်စ် ကို ဖိအားပေးနိုင်ခဲ့ကာ အနိုင်ဂိုးကိုလည်း ၃၆ မိနစ်မှာ ကာဆာမီက သွင်းယူပေးခဲ့တာပါ။ ဂျူဗင်တပ်စ်ကလည်း အိုလံပီယာကော့စ်ရဲ့ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးသမား ရောဘတ်တို ကောင်းလွန်း တာကြောင့်သာ အိမ်ရှင်တို့ အနိုင် ၃ မှတ်သေချာခဲ့တာပါ။ ၃ ပွဲကစားပြီးတဲ့အချိန်မှာ အက်သလက်တီကိုနဲ့ အိုလံပီယာကော့စ်တို့က ၆ မှတ်စီနဲ့ အုပ်စု ပထမ၊ ဒုတိယနေရာရှိနေပြီး ဂျူဗင်တပ်စ်နဲ့ မာလ်မိုတို့ကတော့ ၃ မှတ်စီနဲ့ တတိယ၊ စတုတ္ထနေရာမှာ အသီးသီး ရှိနေကြပါတယ်။

    အုပ်စု B

    လီဗာပူးလ် ၀-၃ ရီးယဲလ်မက်ဒရစ်
    လူဒိုဂိုးရက်စ် ၁-၀ ဘေဆယ်

    2170347_w2

    အန်ဖီးလ်မှာ ကစားခဲ့ရပေမယ့် ရော်ဂျာရဲ့ လီဗာပူးလ် ရီးယဲလ်ကို လုံးဝ ယှဉ်မကစားနိုင်ခဲ့ပါဘူး။ ဒီထက်ပိုဆိုးတာက တစ်ပွဲလုံးမှာ ရီးယဲလ်ဂိုးပေါက်ကို ၂ ကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့တဲ့ လီဗာပူးလ်တိုက်စစ်ကလည်း မေးခွန်းထုတ် စရာ ဖြစ်ခဲ့ပါတယ်။ ရီးယဲလ်အတွက် ဂိုးတွေကို ပထမပိုင်းမှာပဲ ဘန်ဇီမာက ၂ ဂိုးနဲ့ ရော်နယ်ဒိုက ၁ ဂိုး သွင်းပေးခဲ့တာပါ။ ဒီပွဲအရှုံးဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် လီဗာပူးလ်တို့ အိမ်ကွင်းမှာ ၂ ဂိုး အထက်နဲ့ ပထမဆုံး ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

    ပွဲစဉ် ၂ မှာ လီဗာပူးလ်ကိုအနိုင်ကစားနိုင်ခဲ့တဲ့ ဘေဆယ်တို့ ဘယ်လီယံမြေမှာ အသင်းငယ် လူဒိုဂိုးရက်စ်ကို နောက်ဆုံး မိနစ်နဲ့ အရှုံးပေးခဲ့ရပါတယ်။ ဒီပွဲမှာ ၁ ဂိုးသာရတယ်ဆိုပေမယ့် အိမ်ရှင်တို့ အသာစီးနဲ့ ဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်လည်း တော်တော် များများ ရခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် လူဒိုဂိုးရက်စ်တို့ ချန်ပီယံလိဂ်မှာ ပထမဆုံး အမှတ်ရတဲ့ ဘယ်လ်ဂျီယံ ကလပ်အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒီအုပ်စုမှာ ရီးယဲလ်က ၉ မှတ်နဲ့ ဦးဆောင်နေပြီး ကျန်တဲ့ ၃ သင်းကတော့ ၃ မှတ်စီ ရထားပါတယ်။

    အုပ်စု C

    လေဗာကူဆင် ၂-၀ ဇင်းနစ်
    မိုနာကို ၀-၀ ဘင်ဖီကာ

    ဂျာမန်မြေမှာကစားခဲ့တဲ့ လေဗာကူဆင်နဲ့ ဇင်းနစ်တို့ရဲ့ ပွဲမှာတော့ ပွဲကအေးခဲ့ပြီး ကွင်းလယ်မှာတင် အချိန်ကုန်နေ ခဲ့ပါတယ်။ နှစ်သင်းစလုံး ဂိုးသွင်းခွင့်လည်း သိပ်မရခဲ့ဘဲ အိမ်ရှင်တို့အတွက် အနိုက်ဂိုးကို ၅၈ မိနစ်မှာ ဒိုနာတီနဲ့ ၆၃ မိနစ်မှာ ပါပါဒိုပျူးလက်စ်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

    မိုနာကိုကတော့ ဂိုးသမား ဆူဘာစစ်ရဲ့ လက်စွမ်းပြမှုကြောင့် အိမ်ကွင်းမှာ သရေတစ်မှတ်ရခဲ့တာဖြစ်ပါတယ်။ ဘင်ဖီကာတို့ရဲ့ ကစားပုံက အိမ်ရှင်ထက် ပိုမိုကောင်းမွန်ခဲ့ပြီး မိုနာကိုကတော့ တစ်ပွဲလုံးမှာ ဘင်ဖီကာ ဂိုးပေါက်ကို တစ်ကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒီပွဲသရေကြောင့် မိုနာကိုတို့ ၅ မှတ်နဲ့ လေဗာကူဆင်အောက် ဒုတိယနေရာမှာ ရှိနေခဲ့ပြိး ဘင်ဖီကာကတော့ ၁ မှတ်နဲ့ အောက်ဆုံးရောက်နေကာ နောက်တစ်ဆင့်တက်ဖို့အတွက် ကျန်တဲ့ပွဲတွေမှာ ရုန်းကန်ရပါတော့မယ်။

    အုပ်စု D

    အန်ဒါလက်ခ်ျ ၁-၂ အာဆင်နယ်
    ဂါလာတာစာရေး ၀-၄ ဒေါ့မွန်

    2170658_w2

    ကစားသမားအတော်များများ ဒဏ်ရာရနေတဲ့ အာဆင်နယ်တို့ အဝေးကွင်းမှာ ကံကောင်းထောက်မစွာနဲ့ အနိုင်ရခဲ့တာပါ။ ဘလ်ဂျီယံ မြေမှာ ပွဲကိုစိုးမိုးထားနိုင်ပေမယ့် လိုအပ်နေတဲ့ဂိုးတွေကိုတော့ အာဆင်နယ်တို့ မသွင်းနိုင်ခဲ့ဘဲ ၇၁ မိနစ်မှာ အိမ်ရှင်အတွက် နာဂျာက ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။ ဒီဂိုးနဲ့ပဲ ၈၉ မိနစ်အထိ ရောက်ခဲ့ပြီး အဲဒီအချိန်ကျမှ အာဆင်နယ်နောက်ခံလူ ကီရင်ဂစ်ဘ်က သူရဲ့ တစ်နှစ်အတွင်း ပထမဆုံးဂိုးနဲ့ ချေပနိုင်ခဲ့ပြီး ၂ မိနစ်အကြာ နာကျင်အချိန်ပိုမှာ ပိုဒေါစကီးက အနိုင်ဂိုး ထပ်သွင်းပေးခဲ့တာကြောင့် အဝေးကွင်းမှာ အာဆင်နယ်တို့ အဖိုးတန် အနိုင် ၃ မှတ်ရခဲ့တာ ဖြစ်ပါတယ်။

    ပွဲစဉ် ၂ မှာ အာဆင်နယ်ကို အနိုင်ကစားထားတဲ့ ဒေါ့မွန်တို့ အဝေးကွင်းမှာ ကစားခဲ့ရပေမယ့် အခက်အခဲမရှိခဲ့ပါဘူး။ ဒီပွဲအနိုင်ကြောင့် ဒေါ့မွန်တို့ ရာနှုန်းပြည့်အနိုင် ၉ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပြီး အာဆင်နယ်ကတော့ ၆ မှတ်နဲ့ ဒုတိယနေရာမှာရှိကော ကျန် ၂ သင်းကတော့  ၁ မှတ်စီသာ ရရှိထားပါတယ်။