အောက်တိုဘာ ၂၃ ၊ ၂၀၁၄
M-Media

– ယခုနှစ်အစောပိုင်း အာဖရိက အနောက်နိုင်ငံများတွင် စတင် ကူးစက်ပြန့်နှံ့ခဲ့သည့် အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အရေအတွက်မှာ ၄၉၀၀ နီးပါး ရှိလာခဲ့ပြီဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ယမန်နေ့တွင် ပြောကြားလိုက်သည်။
အီဘိုလာနှင့် ပတ်သက်၍ ဂျီနီဗာတွင်ပြုလုပ်သည့် အရေးပေါ် အစည်းအဝေးတွင် WHO က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ရောဂါပိုး ပြန့်နှံ့မှုမှာ ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆီရာလီယွန် နိုင်ငံများတွင် အဆိုးဆုံးဖြစ်ပြီး ထို သုံးနိုင်ငံပေါင်း ရောဂါ ကူးစက်သူ အရေအတွက်မှာ ၉၉၃၆ ဦး ရှိနေသည်ဟုဆိုသည်။ အဆိုပါ အရေးပေါ်အစည်းဝေးမှာ အီဘိုလာနှင့် ပတ်သက်၍ ပြုလုပ်သော တတိယမြောက် အစည်းအဝေးလည်းဖြစ်ပြီး ၂ ရက်တာ ကြာမြင့်မည် ဖြစ်သည်။
အီဘိုလာအား ထိန်းချုပ်ရန် အတွက် အနည်းဆုံး လေးလခန့်ကြာမြင့်မည်ဖြစ်ပြီး သို့သော်လည်း လိုအပ်သောဆောင်ရွက်မှုများ အားလုံးကို ဆောင်ရွက်မှသာ ထိုကာလအတွင်း ထိန်းချုပ်နိုင်မည်ဟု နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။
ကျွမ်းကျင်သူများကမူ အီဘိုလာ ကူးစက်သူ အရေအတွက်မှာ ဒီဇင်ဘာ အစောပိုင်းတွင် ၁၀၀၀၀ အထိ ရောက်ရှိလာမည်ဟု သတိပေးထားပြီး၊ လက်ရှိတွင် ထိုဗိုင်းရပ်စ်အား နှိမ်နင်းရန် တရားဝင်ဆေး မရှိသော်လည်း သုတေသန ပညာရှင်များက ဆေးများထွက်ပေါ်လာရန် ကြိုးစားဖော်ထုတ်နေသည်။
ref_ Agencies

Leave a Reply
You must be logged in to post a comment.