News @ M-Media

Blog

  • ၂၀၁၄ ဓါတုဗေဒ နိုဘယ်လ်ဆု  ရစေခဲ့တဲ့ တီထွင်မှု

    ၂၀၁၄ ဓါတုဗေဒ နိုဘယ်လ်ဆု ရစေခဲ့တဲ့ တီထွင်မှု

    အောက်တိုဘာ ၁၃၊ ၂၀၁၄
    M-Media
    10626881_10152764292853166_8409296144059363267_n
    မိုက်ခရိုစကုပ်တွေ ဘယ်လောက်ပဲကောင်းပါစေ ၀.၂ မိုက်ခရိုမီတာထက်သေးငယ်တဲ့ အရွယ်အစားကို သာမန်အလင်းက မဖြတ်သန်းနိုင်တာကြောင့် အဲ့ဒီထက်သေးငယ်တဲ့ အရွယ်အစားကို ပုံဖေါ်လို့ မရခဲ့ပါဘူး။

    ဒါကို 1873 က Ernst Abbe ကတွက်ထုပ်ခဲ့လို့ Abbe’s limit လို့ ခေါ်ပါတယ်။

    Max Planck Instituteက Stefan Hell နဲ့ Howard Hughes Medical Institute က Eric Betzig နဲ့ Stanfordက William E. Moerner တို့ရဲ့ သီးခြားစီ တီထွင်မှု နှစ်မျိုးကတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ အတွက် ကြည့်ရှုလိုတဲ့ ဆဲလ်နမူနာ ကိုယ်တိုင်က အရောင်လင်းလက် တောက်ပလာအောင် ပြုလုပ်တဲ့နည်းကို တီထွင်ခဲ့တဲ့အတွက် ၂၀၁၄ ဓါတုဗေဒ နိုဘယ်လ်ဆု ရရှိခဲ့ကြပါတယ်။

    နည်းပညာသစ်ကြောင့် သက်ရှိဆဲလ်တွေကို နာနိုအရွယ် (၁/၁,၀၀၀,၀၀၀,၀၀၀မီတာ) ထိ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

    တင်ဆက်သူ- daythanix

  • မ.မ.လ အဖွဲ့ချူပ်မှ (၁၆)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ ပြုလုပ် (ဓါတ်ပုံသတင်း)

    မ.မ.လ အဖွဲ့ချူပ်မှ (၁၆)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ ပြုလုပ် (ဓါတ်ပုံသတင်း)

    အောက်တိုဘာ ၁၂ ၊ ၂၀၁၄
    M-Media

    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင် လူငယ်များ(ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချူပ် မှ ဦးဆောင်ပြီး (၁၆) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ အမျိုးသားသွေးလှူဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


    10665052_729906950415284_97667730777622814_n

    10639729_729911833748129_555318964307967562_n

    ဓါတ်ပုံ – မ.မ.လ ဌာနချူပ် FB စာမျက်နှာမှ

  • ကာ့တ်လန်ဒေသ စပိန်မှ ခွဲထွက်ရေး ဘာကာနောက်ခံလူ ပီကေး ထောက်ခံ

    ကာ့တ်လန်ဒေသ စပိန်မှ ခွဲထွက်ရေး ဘာကာနောက်ခံလူ ပီကေး ထောက်ခံ

    အောက်တိုဘာ ၁၂ ၊ ၂၀၁၄
    M-Media
    201391119717734734_20
    – ကာ့တ်လန်ပြည်သူများ ဆန္ဒရှိပါက  စပိန်နိုင်ငံအတွင်းမှ ခွဲထွက်ရေး ဆုံးဖြတ်ရန် အခွင့်အရေးရှိသည်ဟု ဘာစီလိုနာအသင်း နောက်ခံလူ ပီကေးက ပြောကြားလိုက်ပြီး စပိန်နိုင်ငံအား အစိတ်စိတ်မွှာကွဲအောင် လုပ်နေသည်ဆိုသည့် ပြောဆိုမှုကို ငြင်းဆိုလိုက်သည်။

    ဘာစီလိုနာအသင်း အခြေစိုက်သည့် ဘာစီလိုနာမြို့ရှိရာ ကာ့တ်လန်ဒေသ စပိန်မှခွဲထွက်ရေးအတွက် လှုပ်ရှားမှုများကို ပြည်သူများက ပြုလုပ်လျက်ရှိပြီး နိုဝင်ဘာ ၉ ရက်နေ့တွင် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန် စီစဉ်ထားသည်။

    456580_heroa

    ထိုကဲ့သို့ ခွဲထွက်ခဲ့ပါက ကာ့တ်လန်အခြေစိုက်အသင်းများဖြစ်သည့် ဘာစီလိုနာနှင့် အက်စ်ပန်ညိုအသင်းတို့မှာ လာလီဂါတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မည်ဟုတ်ချေ။ သို့သော်လည်း ဘာစီလိုနာမှ ကာ့တ်လန်ဒေသဖွား ကစားသမားအချို့မှာ ခွဲထွက်ရေးကို သဘောတူကြပြီး ပီးကေးကလည်း ထောက်ခံကြောင်း ဖွင့်ဟခဲ့သည်။

    “ကာ့တ်လန်ပြည်သူတွေရဲ့ (လွတ်လပ်စွာ) ပြောဆိုခွင့်ကို ကျွန်တော် ကာကွယ်ပါတယ်။ ဒါဟာ သူတို့ရဲ့ ဒီမိုကရေစီအခွင့်အရေးပါ။ ဒါက တစ်ဖက်ပါ။ အခြားတစ်ဖက်ကတော့ ကျွန်တော်ဟာ စပိန်အသင်းအတွက် ကစားရတာကို အမြဲတမ်း နှစ်ခြိုက်ခဲ့ပါတယ်။ တကယ်လို့ သူတို့အနေနဲ့ လက်ရွေးစင်အသင်းအတွက် ကျွန်တော့်ကို ဆက်ကစားစေချင်ရင်လည်း ကျွန်တော်ဟာ ပျော်ရွှင်စွာ ပါဝင်သွားမှာပါ” ဟု ပီကေးက လူဇင်ဘတ်နှင့် ယူရို ၂၀၁၈ ခြေစစ်ပွဲမကစားမီ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    စပိန်လက်ရွေးစင်အသင်းအတွက် ၆၁ ပွဲ ကစားပေးခဲ့သည့် ပီကေးမှာ ကာ့တ်လန်ဒေသရှိ ဘာစီလိုနာမြို့တွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး၊ နိုင်ငံအသင်းနှင့်အတူ အဓိက ဖလားအများအပြာကို ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။

  • သြစတြေးလျတွင် မွတ်စလင် မဟုတ်သူများမှ ဟီဂျဘ် ပွဲတော်ပြုလုပ်ပြီး မွတ်စလင် များနှင့် တသားထဲ ရှိကြောင်းပြသ

    သြစတြေးလျတွင် မွတ်စလင် မဟုတ်သူများမှ ဟီဂျဘ် ပွဲတော်ပြုလုပ်ပြီး မွတ်စလင် များနှင့် တသားထဲ ရှိကြောင်းပြသ

    အောက်တိုဘာ ၁၂ ၊ ၂၀၁၄
    M-Media
    The-Canberra-Times-aussie
    – မီဒီယာများမှ မှားယွင်းစွာဖော်ပြမှုများနှင့် ပတ်သက်၍ မွတ်စလင်များနှင့် တစ်သားတည်းရှိကြောင်း ပြသသည့်အနေဖြင့် သြစတေးလျမှ မွတ်စလင် မဟုတ်သူများမှာ ဟီဂျဘ် ပွဲတော်တစ်ခုကို ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    အဆိုပါ ဟိဂျဘ်ပွဲတော်ကို မြို့တော် ကန်ဘာရာ၌ အောက်တိုဘာ ပထမသီတင်းပတ်အတွင်း ပြုလုပ်ခြင်းဖြစ်ပြီး မွတ်စလင်မဟုတ်သူ အမျိုးသမီးများက ဟီဂျဘ်ဝတ်ဆင်ခြင်း၊ အီဒွလ်အသွဟာ အထိမ်းအမှတ် မေတ္တာလက်ဆောင် ပန်းများပေးအပ်ခြင်း စသည့် လှုပ်ရှားမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။

    အဆိုပါ ပွဲတော်ကို စီစဉ် ကျင်းပသူများက ထိုပွဲတော်မှာ မွတ်စလင် အမျိုးသမီးများအား မေတ္တာ သတင်းစကားပေးရန်နှင့် တစ်သားတည်း ရှိကြောင်း ပြသသည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “မီဒီယာတွေမှာ ဆိုးဝါးစွာဖော်ပြခံနေရတဲ့အတွက် တောင်းပန်ပါတယ်လို့ ကျွန်မတို့ ပြောခဲ့ပါတယ်။ ပြီးတော့ ကျွန်မတို့တွေ မွတ်စလင်တွေနဲ့ တစ်သားတည်း ရပ်တည်နေတယ်လို့ ပြောချင်ပြီး အမုန်းတွေ အစား မေတ္တာတရားတွကို မျှဝေပေးချင်ပါတယ်လို့လည်း ပြောချင်ပါတယ်” ဟု ပွဲစီစဉ်သူများထဲမှ အန်နာဘီလီ လီက The Canberra Times သတင်းစာသို့ အောက်တိုဘာ ၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် နိုင်ငံတစ်ဝှမ်း မကြာမီ သီတင်းပတ်များအတွင်း အစ္စလာမ် ဆန့်ကျင်ရေး ၀ါဒဖြန့်မှုများ ပြန့်နှံ့လာစဉ်တွင် မိမိတို့ မွတ်စလင် မိတ်ဆွေများအနေဖြင့် အထီးကျန်မှုကို မခံစားစေချင်ဟုလည်း အဆိုပါ ဟီဂျဘ်ပွဲတော်ကို ဦးဆောင်ပြုလုပ်ခဲ့သူများက ထည့်သွင်း ပြောကြားခဲ့သည်။

    ဘရုစ်မြို့ရှိ AIS အားကစားကွင်းတွင် ပြုလုပ်ခဲ့သည့် အီဒွလ်အသွဟာ ၀တ်ပြုမှုတွင် ပါဝင်ခဲ့သော မွတ်စလင်အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးများအားလုံး အတွက် ပြုလုပ်သော စားသောက်ပွဲတွင် ဟီဂျဘ်ပွဲတော်ကျင်းပသည့်အဖွဲ့မှ အမျိုသမီး ၁၀ ဦး တက်ရောက်ခဲ့ပြီး လမ်းတစ်လျှောက်တွင် ပန်းများ ကြဲခဲ့ကြသည်။

    “ဒါကိုသူတို့ကြားတဲ့အခါမှာ ပီတိဖြစ်ခဲ့ကြပြီး တစ်ချို့အမျိုးသမီးတွေဆိုရင် ပွေ့ဖက်တာမျိုးတွေ ပြုလုပ်ကြပါတယ်။ တစ်ချို့တွေဆိုရင် မျက်ရည်တောင် ကျခဲ့ကြပါတယ်” ဟု လီက ထပ်လောင်း ပြောကြားခဲ့သည်။

    မွတ်စလင်မဟုတ်သူများ၏ ထိုကဲ့သို့ ဆောင်ရွက်ချက်များကို မွတ်စလင်များကလည်း ကြိုဆိုခဲ့ကြသည်။

    “လူတွေက ကျွန်တော်တို့ဆီလာပြီး လက်တစ်ဖက်ကို ပုခုံးပေါ်မှာတင်ကာ “ကြည့်ပါဦး။ ကျွန်တော်တို့ ဒီမှာ ခင်ဗျားတို့နဲ့ အတူရှိနေပြီ။ ခင်ဗျားတို့ဟာလဲ ကျွန်တော်တို့လိုပဲ လူကောင်းတွေဆိုတာ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့အားလုံးဟာ လူ့အဖွဲ့အစည်း တစ်ခုထဲကပါ” လို့ ပြောကြပါတယ်။ သိပ်ကောင်းတဲ့ ခံစားမှုမျိုးပါပဲ။ ဒီလုပ်ရပ်ဟာ လူတွေရဲ့ နှလုံးသားကို ထိစေခဲ့ပါတယ်” ဟု Belconnen အစ္စလာမ့်လူ့အဖွဲ့အစည်းမှ ဒုတိယဥက္ကဌ ဟာဆန် ၀ါဆီက ပြောကြားခဲ့သည်။

    အစ္စလာမ်သာသနာမှာ သြစတေးလျသို့ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိတွင် သြစတေးလျ လူဦးရေ၏ ၁.၇ ရာခိုင်နှုန်းမှာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်သည်။

    ပြီးခဲ့သည့်လတွင် သြစတေးလျ သမိုင်း၌ အကြီးဆုံး အကြမ်းဖက်ဆန့်ကျင်ရေး စီးနင်းမှုများ ပြုလုပ်ခဲ့ပြီး သံသယရှိသူ ၁၅ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် သြစတေးလျ နိုင်ငံတစ်ဝှမ်းတွင် အစ္စလာမ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ကြီးထွားလာခဲ့သည်။

    ref_ OnIslam & Newspapers

  • လိပ်ကျွန်း လူသတ်မှု ဖမ်းဆီးခံများ၏ DNA ဗြိတိန် ရဲတပ်ဖွဲ့ကို လွတ်လပ်စွာ စစ်ဆေးခွင့်ပေးဖို့ ရှေ့နေများတောင်းဆို

    လိပ်ကျွန်း လူသတ်မှု ဖမ်းဆီးခံများ၏ DNA ဗြိတိန် ရဲတပ်ဖွဲ့ကို လွတ်လပ်စွာ စစ်ဆေးခွင့်ပေးဖို့ ရှေ့နေများတောင်းဆို

    အောက်တိုဘာ ၁၂ ၊ ၂၀၁၄
    M-Media
    1412327208126_wps_44_epa04429324_Thai_police_o
    လိပ်ကျွန်းတွင် ဗြိတိနှ်စုံတွဲနှစ်ဦးအား သတ်မှုဖြင့် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၂ ဦး၏ ရှေ့နေ့များက ဗြိတိန်ရဲတပ်ဖွဲ့အား DNA စမ်းသပ်စစ်ဆေးမှု လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပေးရန် အတွက် ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင် NHCR ကို တောင်းဆိုလိုက်သည်ဟု သိရသည်။

    မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့မှာ စောစောပိုင်းက ထိုင်းရဲတပ်ဖွဲ့အား ဖြောင့်ချက်ပေးထားမှုကို ရုပ်သိမ်းခဲ့ပြီး ၎င်းတို့အား နှိပ်စက်ခဲ့သည့်အတွက် ဖြောင့်ချက်ပေးခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

    NHCR ကလည်း ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အဖွဲ့တစ်ခု စေလွှတ်ထားပြီး အမှုအား အသေးစိတ်စစ်ဆေးရန်အတွက် မှုခင်းဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများကိုလည်း စေလွှတ်ရန် စီစဉ်နေသည်။

    ထိုအမှုအား မျှတစွာ ဆောင်ရွက်ပေးရေးအတွက် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၁၀ ရက် သောကြာနေ့က လာရောက်ခဲ့သည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို မြန်မာသမ္မတ ဦးသိန်းစိန်က တောင်းဆိုခဲ့သည်။

    ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုများနှင့်ပတ်သက်၍ အများစုက လက်မခံဘဲ မြန်မာနိုင်ငံသား ၂ ဦးမှာ ဓားစာခံများ ဖြစ်ခဲ့သည်ဟု ယုံကြည်နေကြသည်။

    ထိုအမှုအားကိုင်တွယ်သည့် ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် ဆွမ်ယွတ် ပွန်ပန်မောင်ကမူ မိမိတို့ ရဲတပ်ဖွဲ့မှာ တရားခံမျာအား လုပ်ကြံဖန်တီးကာ ဖမ်းဆီးခဲ့ခြင်းမဟုတ်ဟု အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။

    ref_ straitstimes