အောက်တိုဘာ ၁၂ ၊ ၂၀၁၄
M-Media
လိပ်ကျွန်းတွင် ဗြိတိနှ်စုံတွဲနှစ်ဦးအား သတ်မှုဖြင့် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၂ ဦး၏ ရှေ့နေ့များက ဗြိတိန်ရဲတပ်ဖွဲ့အား DNA စမ်းသပ်စစ်ဆေးမှု လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပေးရန် အတွက် ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင် NHCR ကို တောင်းဆိုလိုက်သည်ဟု သိရသည်။
မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့မှာ စောစောပိုင်းက ထိုင်းရဲတပ်ဖွဲ့အား ဖြောင့်ချက်ပေးထားမှုကို ရုပ်သိမ်းခဲ့ပြီး ၎င်းတို့အား နှိပ်စက်ခဲ့သည့်အတွက် ဖြောင့်ချက်ပေးခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။
NHCR ကလည်း ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အဖွဲ့တစ်ခု စေလွှတ်ထားပြီး အမှုအား အသေးစိတ်စစ်ဆေးရန်အတွက် မှုခင်းဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများကိုလည်း စေလွှတ်ရန် စီစဉ်နေသည်။
ထိုအမှုအား မျှတစွာ ဆောင်ရွက်ပေးရေးအတွက် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၁၀ ရက် သောကြာနေ့က လာရောက်ခဲ့သည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို မြန်မာသမ္မတ ဦးသိန်းစိန်က တောင်းဆိုခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုများနှင့်ပတ်သက်၍ အများစုက လက်မခံဘဲ မြန်မာနိုင်ငံသား ၂ ဦးမှာ ဓားစာခံများ ဖြစ်ခဲ့သည်ဟု ယုံကြည်နေကြသည်။
ထိုအမှုအားကိုင်တွယ်သည့် ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် ဆွမ်ယွတ် ပွန်ပန်မောင်ကမူ မိမိတို့ ရဲတပ်ဖွဲ့မှာ တရားခံမျာအား လုပ်ကြံဖန်တီးကာ ဖမ်းဆီးခဲ့ခြင်းမဟုတ်ဟု အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။
ref_ straitstimes
Leave a Reply
You must be logged in to post a comment.