News @ M-Media

Blog

  • ၂၀၀၄ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆု မာလာလာ နှင့် ကိုင်လက်ရှ် တို့ ပူးတွဲ ရရှိ၊

    ၂၀၀၄ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆု မာလာလာ နှင့် ကိုင်လက်ရှ် တို့ ပူးတွဲ ရရှိ၊

    အောက်တိုဘာ ၁၁ ၊ ၂၀၁၄
    M-Media
    2014 peace nobel prize
    – ၂၀၁၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်ဆုကို ဆွီဒင် နိုဘယ်ဆုရွေးချယ်ရေး အဖွဲ့က ယမန်နေ့တွင် ကြေညာခဲ့ရာ အိန္ဒိယမှ ကိုင်လက်ရှ် ဆက်ယာသီနှင့် ပါကစ္စတန်မှ မာလာလာ ယူစွဖ်ဇိုင်တို့က ပူးတွဲရရှိခဲ့သည်ဟု သိရသည်။

    ၎င်းတို့နှစ်ဦးမှာ ကလေးငယ်များနှင့် လူငယ်များအပေါ်ဖိနှိပ်ချုပ်ချင်ခြင်းခံရမှုများအား တွန်းလှန်ခြင်းနှင့် ကလေးများ၏ ပညာသင်ခွင့်အတွက် တိုက်ပွဲဝင်ပေးခဲ့ခြင်း စသည့်အကြောင်းအရင်းများကြောင့် ယခုကဲ့သို့ ရွေးချယ်ခြင်းဖြစ်သည်ဟု နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က ၎င်းတို့၏ ၀ဘ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

    ကိုင်လက်ရှ်မှာ ငွေကြေးဆိုင်ရာ ရလိုမှုများအတွက် အမြတ်ထုတ်ခြင်းခံရသော အိန္ဒိယကလေးငယ် သန်းပေါင်းများစွာဘက်မှ ရပ်တည်ကာ ၎င်းတို့၏ အခွင့်အရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး  ဂန္ဒီ၏ နည်းလမ်းကို လက်ကိုင်ထား၍ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ဦးဆောင်ပြုလုပ်ခဲ့သူဖြစ်သည်။

    ပါကစ္စတန်မှ အသက် ၁၇ နှစ်အရွယ် မာလာလာကမူ အသက် ၁၄ နှစ်အရွယ်ကပင် တာလီဘန်တို့၏ ရန်ကို ခံစားနေရသော ပါကစ္စတန် အမျိုးသမီးငယ်များဘက်မှ ရပ်တည်ခဲ့ပြီး ပါကစ္စတန်အမျိုးသမီးများ ပညာသင်ခွင့်ရရေးအတွက် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ သူ၏ ကြိုပမ်းမှုများကြောင့် တာလီဘန်အဖွဲ့၏ လုပ်ကြံမှုကို ခံခဲ့ရသော်လည်း အသက်ဘေးမှ လွတ်မြောက်လာခဲ့ကာ အမျိုးသမီးများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်သူအဖြစ် နိုင်ငံတကာမှ လေးစားမှုကို ခံခဲ့ရသည်။

    အသက် ၁၇ နှစ် ရှိသေးတဲ့ မာလာလာ တယောက် အသက်အငယ်ဆုံး နိုဘယ်ဆုရရှိသူ စာရင်းဝင်သွားပါပြီ။

    ရန်ဘက်နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်မှ ၂ ယောက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ပူးတွဲရရှိခဲ့တာ ဖြစ်ပါတယ်။

    ယခုနှစ်၏ နိုဘယ်လ် ငြိမ်းချမ်းရေးဆု စာရင်းကို လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း အမည်ပေါင်း (၂၇၈)ခု အနက်မှ ရွေးချယ်ခြင်း ဖြစ်သည်။

  • ပါလက်စတိုင်း ညီညွတ်သော အစိုးရ၏ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

    ပါလက်စတိုင်း ညီညွတ်သော အစိုးရ၏ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

    အောက်တိုဘာ ၁၁၊ ၂၀၁၄
    M-Media
    F140602IR44-e1401747241790
    – ညီညွတ်သော အစိုးရ ဖွဲ့အစည်းပြီးနောက် ပထမဆုံးအကြိမ် အစည်းအဝေးကို ပါလက်စတိုင်း အာဏာပိုင်များက ယမန်နေ့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    ဂါဇာဒေသတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖာတာနှင့် ဟားမက်စ်တို့အကြား ဆက်ဆံရေးနှင့် လက်နက်ကိုင်ကိစ္စရပ်များအတွက် ဆွေးနွေးခဲ့ကြသည်။

    ညီညွတ်သောအစိုးရအဖွဲ့ ကျမ်းကျိန်ပြီးနောက် အနောက်ဘက်ကမ်းခြေသို့ ခရီးသွားခွင့်ကို အစ္စရေးတို့က ပိတ်ပင်ထားခဲ့သည့်အတွက် အနောက်ဘက်ကမ်းခြေတွင် ပြုလုပ်သော အစည်းအဝေးများကို မတက်ရောက်နိုင်ခဲ့သည့် ဂါဇာအခြေစိုက်ဝန်ကြီးများလည်း အဆိုပါ အစည်းအဝေးသို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည်။

    “ဒါဟာ ပါလက်စတိုင်းပြည်သူအားလုံးရဲ့ အစိုးရပါ။ ဒါ့ကြောင့် ဂါဇာကမ်းမြှောင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းနဲ့ ပုံမှန်ဘ၀တွေ ပြန်လည်ဖြစ်ပေါ်လာဖို့ အစိုးရက ဆောင်ရွက်တဲ့နေရာမှာ အဖွဲ့တွေအားလုံးက အားပေးထောက်ခံကြဖို့ တောင်းဆိုပါတယ်” ဟု ပါလက်စတိုင်းဝန်ကြီးချုပ် ရာမီ ဟမ်ဒါလာက ထိုအစည်းအဝေးတွင် ပြောကြားခဲ့သည်။

    ဂါဇာဝန်ကြီးချုပ်ဟောင်းဖြစ်သည့်  ဟားမက်စ်ခေါင်းဆောင် အစ္စမေလ်း ဟာနီယာကလည်း ယခုအစည်းအဝေးက ပါလက်စတိုင်းများ ညီညွတ်ရေးကို ခိုင်မာစေပြီး၊ နိုင်ငံနှင့် နိုင်ငံရေးစနစ်တို့ကို ပျက်စီးစေခဲ့သည့် နှစ်ပေါင်းများစွာ ကွဲပြဲမှုကို အဆုံးသတ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

    ref_ Al Jazeera and agencies

  • အီဘိုလာ အန္တရာယ် ဥရောပနှင့် အမေရိကန်တို့ကိုပါ ခြိမ်းခြောက်လာ

    အီဘိုလာ အန္တရာယ် ဥရောပနှင့် အမေရိကန်တို့ကိုပါ ခြိမ်းခြောက်လာ

    အောက်တိုဘာ ၁၁ ၊ ၂၀၁၄
    M-Media
    afp-us-warns-ebola-could-become-next-aids-amid-fears-for-spanish-nurse-1
    – စပိန်တွင် အီဘိုလာကူးစက်ခံနေရသူ သူနာပြု တစ်ဦး၏ အခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားတွင်ရှိနေပြီး၊ မက်ဆီဒိုးနီးယားတွင်လည်း အီဘိုလာ ရောဂါ လက္ခဏာဖြင့် ဗြိတိန်နိုင်ငံသား တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    အသက် ၄၄ နှစ်အရွယ် စပိန်သူနာပြု ရိုမဲရိုမှာ အီဘိုလာ ကူးစက်သည့် လူနာ ၂ ဦးကို ပြုစုခဲ့ပြီးနောက်ပိုင်း ရောဂါပိုး ကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး မက်ဒရစ်တွင် သီးသန့်ခွဲထားက ကုသမှုများ ပြုလုပ်နေသော်လည်း အခြေအနေ ဆိုးရွားနေသည်ဟု မက်ဒရစ်မြို့ အုပ်ချုပ်ရေးမှူးက ပါလီမန်တွင်ပြောကြားခဲ့သည်။

    ခင်ပွန်း၊ လုပ်ဖော်ကိုင်ဖက်များ အပါအ၀င် ရိုမဲရိုနှင့် နီးစပ်သူ ၁၃ ယောက်ကို သီးသန့်ခွဲထားကာ စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်နေပြီး အခြား လူ ၅၀ ကိုလည်း စပိန် ကျန်းမာရေး တာဝန်ရှိသူများက စောင့်ကြည့်လျက်ရှိနေသည်။

    europe-comes-to-terms-data
    လန်ဒန်မြို့မှ အောက်တိုဘာ ၂ ရက်နေ့တွင် ရောက်ရှိလာပြီး မက်ဆီဒိုနီးယားနိုင်ငံ စကော့ပ်ဂျီရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေသည့် ဗြိတိန်နိုင်ငံသားတစ်ဦးမှာလည်း အီဘိုလာ ရောဂါလက္ခဏာများဖြစ်သည့် အဖျား၊ ပျို့အန်ခြင်းနှင့် ခန္ဓာကိုယ်တွင်း သွေးယိုစီးမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အောက်တိုဘာ ၉ ရက်နေ့က ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး နာရီအနည်းငယ်အကြာတွင် သေဆုံးခဲ့သည်ဟု မက်ဆီဒိုးနီးယား ကျန်းမာရေး တာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းတည်းခိုသည့် ဟိုတယ်အား ချိတ်ပိတ်လိုက်ပြီး အခြားဗြိတိန်နိုင်ငံသားတစ်ဦးနှင့် ဟိုတယ်ဝန်ထမ်းများအား စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေသည်။

    အီဘိုလာကြောင့် နောက်ဆုံးသေဆုံးခဲ့ရသည့် လူနာမှာ အမေရိကန်မှ သောမတ်စ် အဲရစ် ဒန်ကန်ဖြစ်ပြီး ၎င်းသေဆုံးပြီးနောက် အမေရိကန်အစိုးရက အတ္တလန်တာ၊ ချီကာဂို၊ နယူးဂျာစီ၊ နယူးယောက်နှင့် ၀ါရှင်တန်ရှိ အဓိကလေဆိပ်များတွင် စောင့်ကြည့်မှုများ ပိုမို ပြုလုပ်ရန် ဆောင်ရွက်ခဲ့သည်။

    အင်္ဂလန်တွင်လည်း အီဘိုလာနှင့်ပတ်သက်၍ သတိပေးမှုများကို ပြုလုပ်ထားပြီး အဓိကလေဆိပ်များတွင် စောင့်ကြည့်မှုများ ပိုမိုဆောင်ရွက်နေသည်။

    ref_ RT,AFP

  • ဆန်မာရီနိုနှင့် ပွဲတွင် အင်္ဂလန်မှာ ဂိုးပို ရသင့်သည်ဟု နည်းပြပြော

    ဆန်မာရီနိုနှင့် ပွဲတွင် အင်္ဂလန်မှာ ဂိုးပို ရသင့်သည်ဟု နည်းပြပြော

    အောက်တိုဘာ ၁၁ ၊ ၂၀၁၄
    M-Media
    466858_heroa
    – ယမန်နေ့ညက ကစားခဲ့သော ယူရို ၂၀၁၈ ခြေစစ်ပွဲတွင် ဆန်မာရီနိုအား အနိုင်ရရှိခြင်းအား ကျနပ်မိသော်လည်း မိမိတို့အနေဖြင့် ယခုထက်ပို၍ ဂိုးရသင့်သည်ဟု အင်္ဂလန်နည်းပြ ရွိုင် ဟဒ်ဆန်က ပြောကြားလိုက်သည်။

    တစ်ပွဲလုံး ခြေအသာဖြင့် ကစားနိုင်ခဲ့သည့် အင်္ဂလန်မှာ ထိုပွဲတွင် ကမ္ဘာ့အဆင့် ၂၀၈ မှ ဆန်မာရီနိုအား ရူနီ၊ ၀ဲလ်ဘတ်၊ တောင်ဆန်နှင့် ဖီလ် ဂျာဂျီလ်ကာတို့၏ ဂိုးများဖြင့် ၅ ဂိုး ပြတ်အနိုင်ရခဲ့သည်။

    နည်းပြ ဟဒ်ဆန်ကမူ ကစားသမားများ၏ ကြိုးစားမှုကို ကျေနပ်နေသည်။

    “ကျွန်တော်အထင်အကြီးဆုံးအရာတစ်ခုကတော့ ဘောလုံးဆုံးရှုံးသွားတဲ့အခါ ကျွန်တော်တို့အသင်းက ၃၊ ၄ ယောက်လောက် ဘောလုံးပြန်ရအောင် ကြိုးစားကြတာပါပဲ။ သိပ်ကောင်းတဲ့ပွဲပါပဲ။ ပရိတ်သတ်တွေကလည်း သိပ်ကို အံ့သြစရာပါပဲ။ ပျော်ရွှင်စရာကောင်းတဲ့ ညတစ်ညကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ပြီးတော့ တိုက်စစ်အားပြု ကစားဟန်ကိုလည်း တွေ့ခဲ့ရပါတယ်။ ဂိုးပိုရနိုင်ပေမယ့် ကစားသမားတွေကိုတော့ ကျွန်တော် အပြစ်မတင်ချင်ပါဘူး” ဟု ဟဒ်ဆန်က ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    ဟဒ်ဆန်မှာ အင်္ဂလန်အသင်းသို့ စတင်ရောက်ရှိလာပြီးနောက် အင်္ဂလန်အား လူငယ်သွေးသစ်များဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ သို့သော်လည်း ခြေစွမ်းကောင်းများကို ပြသနိုင်ခြင်းမရှိဘဲ ဘရာဇီးလ်ကမ္ဘာ့ဖလားတွင် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

  • ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ အကြောင်း အပြန်အလှန် ဆွေးနွေးခန်း

    ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ အကြောင်း အပြန်အလှန် ဆွေးနွေးခန်း

    အောက်တိုဘာ ၁၁ ၊ ၂၀၁၄
    1982 copy
    ၂၀၁၄ အောက်တိုဘာ ၁၀ ရက် BBC ရဲ့ မြန်မာအရေး ကမ္ဘာ့အရေး အစီအစဉ်မှာ ထုတ်လွှင့်ခဲ့တာပါ။

    ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် အမတ် ဦးရွှေမောင်၊ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် နဲ့ စစ်တွေ မြို့မှ ဦးသန်းထွန်းတို့  အပြန်အလှန်ဆွေးနွေးထားမှုတွေ ဖြစ်ပါတယ်။

    အသံဖိုင် Download လုပ်လိုလျှင်
    File Size 7.84 MB
    Link=> http://goo.gl/bAJxq3

    အသံဖိုင်ကို ပြည်သူ့ လွှတ်တော်အမတ် ဦးရွှေမောင်၏ Facebook စာမျက်နှာမှ ရယူပါသည်။