အောက်တိုဘာ ၁၁ ၊ ၂၀၁၄
M-Media
– ယမန်နေ့ညက ကစားခဲ့သော ယူရို ၂၀၁၈ ခြေစစ်ပွဲတွင် ဆန်မာရီနိုအား အနိုင်ရရှိခြင်းအား ကျနပ်မိသော်လည်း မိမိတို့အနေဖြင့် ယခုထက်ပို၍ ဂိုးရသင့်သည်ဟု အင်္ဂလန်နည်းပြ ရွိုင် ဟဒ်ဆန်က ပြောကြားလိုက်သည်။
တစ်ပွဲလုံး ခြေအသာဖြင့် ကစားနိုင်ခဲ့သည့် အင်္ဂလန်မှာ ထိုပွဲတွင် ကမ္ဘာ့အဆင့် ၂၀၈ မှ ဆန်မာရီနိုအား ရူနီ၊ ၀ဲလ်ဘတ်၊ တောင်ဆန်နှင့် ဖီလ် ဂျာဂျီလ်ကာတို့၏ ဂိုးများဖြင့် ၅ ဂိုး ပြတ်အနိုင်ရခဲ့သည်။
နည်းပြ ဟဒ်ဆန်ကမူ ကစားသမားများ၏ ကြိုးစားမှုကို ကျေနပ်နေသည်။
“ကျွန်တော်အထင်အကြီးဆုံးအရာတစ်ခုကတော့ ဘောလုံးဆုံးရှုံးသွားတဲ့အခါ ကျွန်တော်တို့အသင်းက ၃၊ ၄ ယောက်လောက် ဘောလုံးပြန်ရအောင် ကြိုးစားကြတာပါပဲ။ သိပ်ကောင်းတဲ့ပွဲပါပဲ။ ပရိတ်သတ်တွေကလည်း သိပ်ကို အံ့သြစရာပါပဲ။ ပျော်ရွှင်စရာကောင်းတဲ့ ညတစ်ညကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ပြီးတော့ တိုက်စစ်အားပြု ကစားဟန်ကိုလည်း တွေ့ခဲ့ရပါတယ်။ ဂိုးပိုရနိုင်ပေမယ့် ကစားသမားတွေကိုတော့ ကျွန်တော် အပြစ်မတင်ချင်ပါဘူး” ဟု ဟဒ်ဆန်က ပွဲအပြီးတွင်ပြောကြားခဲ့သည်။
ဟဒ်ဆန်မှာ အင်္ဂလန်အသင်းသို့ စတင်ရောက်ရှိလာပြီးနောက် အင်္ဂလန်အား လူငယ်သွေးသစ်များဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ သို့သော်လည်း ခြေစွမ်းကောင်းများကို ပြသနိုင်ခြင်းမရှိဘဲ ဘရာဇီးလ်ကမ္ဘာ့ဖလားတွင် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
Leave a Reply
You must be logged in to post a comment.