News @ M-Media

Blog

  • ပိုလန်ရှိ နာဇီတို့ လက်စဖျောက်ခဲ့သော အကျဉ်းစခန်း တစ်ခုအား ပြန်လည်တွေ့ရှိ

    ပိုလန်ရှိ နာဇီတို့ လက်စဖျောက်ခဲ့သော အကျဉ်းစခန်း တစ်ခုအား ပြန်လည်တွေ့ရှိ

    စက်တင်ဘာ ၂၀၊ ၂၀၁၄
    M-Media
    Screen-Shot-2014-09-18-at-6.58.51-PM-620x411
    – လူပေါင်း ၂ သိန်း ၅ သောင်းခန့်ကို သတ်ဖြတ်ခဲ့သည်ဟု ယုံကြည်ရသည့် နာဇီ အကျဉ်းစခန်း တစ်ခုကို ရှေးဟောင်း သုတေသန ပညာရှင်များက ပိုလန်နိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

    နိုင်ငံအရှေ့ပိုင်း ဆိုဘီဘောရ်မြို့ရှိ ကတ္တရာလမ်းတစ်ခုအောက်တွင် အုတ်ရိုးများကို စက်တင်ဘာ ၁၈ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ တစ်ချိန်က တည်ရှိခဲ့သည့် အကျဉ်းစခန်း၏ နံရံများဖြစ်သည်ဟု ရှေးဟောင်း သုတေသန ပညာရှင်များက ဆုံးဖြတ်ခဲ့ကြသည်။

    “နောက်ဆုံးမှာတော့ ကျွန်တော်တို့ ရည်ရွယ်ချက်ဖြစ်တဲ့ ဓာတ်ငွေ့အကျဉ်းစခန်းကို တွေ့ရှိခဲ့ပါပြီ။ ဒီအဆောက်အဦးရဲ့ အရွယ်အစားနဲ့ မပျက်စီးသေးတဲ့ နံရံတွေကို တွေ့ရှိခဲ့ရတဲ့အတွက် အံ့သြရပါတယ်” ဟု ရှေးဟောင်း သုတေသနပညာရှင် ယိုရမ် ဟိုင်မီက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဟိုင်မီ၏ ဦးလေးနှစ်ဦးမှာ ထိုအကျဉ်းစခန်းတွင် သေဆုံးခဲ့သည်။

    ထိုကဲ့သို့ရှာဖွေတွေ့ရှိမှုမှာ ထိုအကျဉ်းစခန်းတွင် အသတ်ခံရသူ အတိအကျနှင့် ထိုအကျဉ်းစခန်း၏ အရွယ်အစားတို့ကို သိရှိစေရန် ကူညီနိုင်မည်ဖြစ်သည်။

    ၁၉၄၃ ခုနှစ်က အဆိုပါအကျဉ်းစခန်းမှ နာဇီဝန်ထမ်းများအကြား ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး နာဇီ SS အဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ပြီးနောက် SS အဖွဲ့ဝင်ခေါင်းဆောင် ဟင်းနရစ် ဟင်းမလားက ထိုအကျဉ်းစခန်းအား ပိတ်ပစ်ရန် အမိန့်ပေးခြင်းဖြစ်သည်။ ထို့နောက် နာဇီများက ထိုအကျဉ်းစခန်းအား ဖျက်ဆီးခဲ့ပြီး အကျဉ်းစခန်းအပေါ်၌ ကတ္တရာလမ်များခင်းကာ ပုံဖျက်ခဲ့သည်။

    ဆိုဘီဘောရ် အကျဉ်းစခန်းမှာ နာဇီများ လက်စဖျောက်ခဲ့သည့် အခြားသော အကျဉ်းစခန်းများ၊ အလုပ်ကြမ်း စခန်းများနှင့် မတူညီဘဲ ထိုစခန်းသို့ ရောက်ရှိလာသည့် အကျဉ်းသားများကို ဓာတ်ငွေ့ဖြင့် လျင်လျင်မြန်မြန်ပင် အဆုံးစီရင်ခဲ့သည်။ သို့သော်လည်း နာဇီတို့၏ ဖျက်ဆီးမှုကြောင့် ဂျူးအကျဉ်းသား မည်မျှအဖမ်းခံခဲ့ရသည် ဆိုခြင်းနှင့် မည်မျှ သေဆုံးခဲ့သည်ကို တိတိကျကျ မသိရှိရသေးပေ။

    ref_RT

  • စပါးသို့ တစ်နေ့တွင် ပြန်လည် သွားရောက်မည်ဟု ဂါရက်ဘေးလ်ဖွင့်ဟ

    စပါးသို့ တစ်နေ့တွင် ပြန်လည် သွားရောက်မည်ဟု ဂါရက်ဘေးလ်ဖွင့်ဟ

    စက်တင်ဘာ ၂၀၊ ၂၀၁၄
    M-Media
    456750_heroa
    – အသင်းဟောင်း စပါးသို့ တစ်နေ့တွင် ပြန်လည်သွားရောက် ကစားမည်ဟု ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ဖွင့်ဟ ပြောကြားလိုက်သည်။

    ဘေးလ်မှာ ပြီးခဲ့သည့်နှစ် နွေရာသီအပြောင်းအရွှေ့က ကမ္ဘာ့စံချိန် တင်ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဖြင့် ရီးယဲလ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်နှင့်အတူ ချန်ပီယံလိဂ်၊ စပိန်ရှုံးထွက်ဖလားနှင့် ယူအီးအက်ဖ်အေ စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သည်။

    စပါးမှထွက်ခွာမှုတွင် ပရိတ်သတ်များအား ဒေါသထွက်ခဲ့ပြီး ဘေးလ်ကမူ မိမိ၏ဆုံးဖြတ်ချက်အား ပရိတ်သတ်များက နားလည်မည်ဟု မျှော်လင့်ကြောင်း၊ ၆ နှစ်ကြာ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့သည့် စပါးအသင်းသို့ တစ်နေ့တွင် ပြန်လည် လာရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    “၀ှိုက်ဟတ်လိန်းမှာ ကြုံခဲ့ရတဲ့ ညတွေကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး။ သိပ်ကို ထူးခြားတဲ့ ညတွေပါပဲ။ စပါးအတွက် ကျွန်တော့်နှလုံးသားထဲမှာ အမြဲတမ်း နေရာတစ်နေရာ ရှိနေမှာပါ။ ကျွန်တော် အသင်းပြောင်းသွားပေမယ့် ပရိတ်သတ်တွေက ကျွန်တော့်ကို ချစ်နေဆဲပဲလို့ မျှော်လင့်ပါတယ်။ စပါးပရိတ်သတ်တွေကို ကျွန်တော်ချစ်ပါတယ်။ ဘယ်သူမှ မသိနိုင်တာက တစ်နေ့မှာ ကျွန်တော်ဟာ စပါးကို ပြန်လာနိုင်မယ်ဆိုတာပါပဲ” ဟု ဘေးလ်က BT Sport သို့ ပြောကြားခဲ့သည်။

    ဘေးလ်မှာ ဘာစီလိုနာနှင့် ကစားသည့် စပိန်ရှုံးထွက်ဖလားဗိုလ်လုပွဲ၊ အက်သလက်တီကိုနှင့် ကစားသည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတို့တွင် သွင်းယူပေးခဲ့သည့် အဆုံးအဖြတ်ဂိုးများအပါအ၀င် ပြီးခဲ့သည့်ရာသီက ရီးယဲလ်အတွက် စုစုပေါင်း ၁၅ ဂိုး သွင်းယူပေးခဲ့သည်။

  • ဟာဂျီမ ပျဉ်းမနားဒေါ်ပုရဲ့ (ယနေ့ကာလ တန်ကြေး သိန်းပေါင်း နှစ်သောင်းကျော်ဖိုး) ၁၉၇၈-၇၉ ခုနှစ်က အလှူ

    ဟာဂျီမ ပျဉ်းမနားဒေါ်ပုရဲ့ (ယနေ့ကာလ တန်ကြေး သိန်းပေါင်း နှစ်သောင်းကျော်ဖိုး) ၁၉၇၈-၇၉ ခုနှစ်က အလှူ

    စက်တင်ဘာ- ၂၀ ၊ ၂၀၁၄
    M-Media
    ဓါတ်ပုံ ပေးသူ-Mya Arkar


    Haji Ma Daw Pu
    ဟာဂျီမ ပျဉ်းမနားဒေါ်ပု သည် မြန်မာနိုင်ငံတွင် လူမှုထူးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသူ အမျိုးသမီး ဖြစ်ပါတယ်။

    ဖော်ပြပါပုံသည် ၁၉၇၈ ခုနှစ်တွင် ရန်ကုန်မြို့ စိတ်ရောဂါ အထူးကု ဆေးရုံဝင်း အတွင်း ငွေခြောက်သိန်းတန် ဘွဲ့လွန်စိတ်ပညာသင်တန်းခန်းမနှင့် စာကြည့်တိုက်အတွက်လည်း လှူဒါန်းခဲ့စဉ်ဖြစ်ပါတယ်။

    ၁၉၇၉ ခုနှစ် အောက်တိုဘာလာ ၅ ရက်တွင် ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးဝင်း အတွင်း ဆီးနှင့်ကျောက်ကပ်ရောဂါ အထူးကုဌာန အတွက် သိန်းသုံးဆယ်ကျော်လှူဒါန်းကာ ဆောက်လုပ်ခဲ့ပါတယ်။

    အရေပြားဆေးရုံသစ်အတွက် သိန်း နှစ်ဆယ်ကျော် လှူဒါန်းခဲ့ပါတယ်။

    ဟာဂျီမ ပျဉ်းမနားဒေါ်ပုရဲ့ များစွာသော အများအကျိုးပြု အလှူများမှ ဖော်ပြပါ အလှူ(၃) ခု (၅၆) သိန်းတန်ကြေးမှာ ယနေ့ကာလတွင် သိန်းပေါင်း (၂၆၀၀၀) ခန့်ရှိမှာဖြစ်ပါတယ်။

    ၁၉၈၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အတွင်း၌ သိန်း ၅၀ တန် လေးထပ်တိုက်၊ အရေပြားရောဂါနှင့် ဦးနှောက်နှင့်အာရုံကြောရောဂါကု ဆေးရုံ အဆောက်အအုံ အတွက်လည်း သိန်း ၂၀ လှူဒါန်းခဲ့သည်။

    ဓါတ်ပုံစာညွှန်း- ရန်ကုန်မြို့ ကျောက်ကပ်ရောဂါဆေးရုံ သစ်တည်ဆောက်ရာ၌ ကျပ်သိန်း ၃၀ ပေးလှူပြိး အရေပြားဆေးရုံသစ်အတွက် သိန်း ၂၀ လှူဒါန်းခဲ့သော ဟာဂျီမ ပျဉ်းမနား ဒေါ်ပု(လူမှုထူးချွန် ပထမဆင့်) မိမိလှူဒါန်းသော ရန်ကုန်မြိုက စိတ်ရောဂါကုဆေးကုဆေးရုံ ကြီး ဘွဲလွန် စာသင်ခန်းနှင့် စာကြည်တိုက် အဆောက်အဦ ကျောက်စာကို စိတ်ဝင်စားစွာ ရှုစားနေစဉ်၊

    ဘေးတွင် (မျက်မှန်ဖြင့် ) ပီတိဖြစ်နေသူမှာ ပျဉ်းမနားဇာတိ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ စိတ်ရောကု ဆေးရုံအုပ်ကြီး ဒေါက်တာနေဝင်း

    ref_ ၁၉၈၂ ခု စက်တင်ဘာလ ထုတ် အစ္စလာမ်အလင်း စာစောင် အမှတ်စဉ်(၂၁)

    ဟာဂျီမ ပျဉ်းမနားဒေါ်ပု အကြောင်း အသေးစိတ်ဖတ်လိုလျှင် =>http://www.m-mediagroup.com/news/2190

  • ကင်ညာ သမ္မတအား လူသားထု အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု အတွက် ICC ဆင့်ခေါ်

    ကင်ညာ သမ္မတအား လူသားထု အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု အတွက် ICC ဆင့်ခေါ်

    စက်တင်ဘာ ၂၀၊ ၂၀၁၄
    M-Media
    201495174758382734_20
    – လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် ဆိုင်းငံ့ထားသည့် ကြားနာမှုကို တက်ရောက်ရန် အတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က ကင်ညာသမ္မတ အူဟူရု ကန်ယက်တာအား ဆင့်ခေါ်ခဲ့သည်ဟု သိရသည်။

    ကန်ယက်တာနှင့် ကင်ညာအစိုးရ အကြီးတန်းအရာရှိများမျာ ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲ ဆန္ဒပြမှုအတွင်း လူပေါင်း ၁၂၀၀ သေဆုံးခဲ့သော ရုန်းရင်းဆန်ခတ်မှုများတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ သို့သော်လည်း ၎င်းမှ ထိုစွဲချက်အား ငြင်းဆိုခဲ့သည်။

    ပြီးခဲ့သည် နှစ်ပတ်က ကန်ယက်တာ၏ ကြားနာမှုကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ပြီး ထိုကဲ့သို့ ရွှေ့ဆိုင်းခဲ့ခြင်းမှာ လုံလောက်သည့် အထောက်အထားများ မရရန် ကင်ညာအစိုးရက တားဆီး ပိတ်ပင်ခြင်းကြောင့်ဖြစ်သည်ဟု ICC ကဆိုသည်။ ယခုတွင် ကြားနာမှုကို အောက်တိုဘာ ၈ ရက်နေ့တွင် ပြုလုပ်ရန် ပြန်လည် သတ်မှတ်၍ ကန်ယက်တာအား ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။

    ကန်ယက်တာမှာ လူသတ်မှု၊ နယ်နှင်မှု၊ အတင်းအကျပ် ရွှေ့ပြောင်းစေမှု၊ မုဒိမ်းမှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် အခြားသော လူမဆန်မှုများ စသည့် စွဲချက် ၅ ခုဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။ ထိုအမှုအား ကြားနာရေန် နှောင့်နှေးမှုက ICC အား ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

    Agencies

  • ချေမှုန်းရေး လက်နက်များ ထောက်ပံ့ရန် အမေရိကန်အား ယူကရိန်းသမ္မတ တောင်းဆို

    ချေမှုန်းရေး လက်နက်များ ထောက်ပံ့ရန် အမေရိကန်အား ယူကရိန်းသမ္မတ တောင်းဆို

    စက်တင်၂၀၊ ၂၀၁၄
    M-Media

    2014918153427427734_20

    – အမေရိကန်က မိမိတို့အား ထောက်ပံ့ထားသည့် ညကြည့်မျက်မှန်များနှင့် စောင်များက လက်ရှိရင်ဆိုင်နေရသည့် စစ်ပွဲအား အနိုင်ရစေမည်မဟုတ်ဟု ယူကရိန်း သမ္မတ ပိုရိုရှန်ကိုက ပြောကြားလိုက်ပြီး ပိုမိုထိရောက်သော ချေမှုန်းရေး လက်နက်များ ပေးအပ်ရန် ကွန်ဂရက်သို့ တောင်းဆိုလိုက်သည်။

    ယမန်နေ့က ၀ါရှန်တန်သို့ ရောက်ရှိလာပြီး ဆီးနိတ်နှင့် အောက်လွှတ်တော်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ်အတွင်း ပိုရိုရှန်ကိုက ယခုကဲ့သို့ တောင်းဆို လိုက်ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံရေးအရ ထောက်ခံအားပေးမှုကိုလည်း လိုအပ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ယူကရိန်းအရှေ့ပိုင်း ခွဲထွက်ရေးသမားများနှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ယူကရိန်းစစ်သားများအတွက် အမေရိကန်က ညကြည့် မျက်မှန်များနှင့် စောင်များကို ပေးပို့ထားသည်။

    “သူတို့(ယူကရိန်းစစ်တပ်)ဟာ ချေမှုန်းရေး လက်နက်၊ လူမသေစေတဲ့လက်နက် စတဲ့ စစ်ဘက်ဆိုင်ရာ လက်နက်ပစ္စည်းတွေ ပိုလိုအပ်ပါတယ်။ စောင်တွေနဲ့ ညကြည့်မျက်မှတ်တွေဟာလည်း အရေးကြီးပါတယ်။ ဒါပမေယ့် ဒီစောင်တွေနဲ့တော့ စစ်ပွဲကို မနိုင်ပါဘူး” ဟု ပိုရိုရှန်ကိုက ဆိုသည်။

    ထို့ပြင် ယူကရိန်းပြဿနာတွင် ခွဲထွက်ရေးသမားများအား ကူညီနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့် ရုရှားကိုလည်း ပိတ်ဆို့မှုများ ပိုမိုပြုလုပ်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
    ၅ လကြာဖြစ်ပွားနေသည့် ယူကရိန်းပဋိပက္ခအတွင်း သေဆုံးသူမှာ ၂၇၀၀ ကျော်ရှိလာပြီဖြစ်သည်။

    Agencies