News @ M-Media

ချေမှုန်းရေး လက်နက်များ ထောက်ပံ့ရန် အမေရိကန်အား ယူကရိန်းသမ္မတ တောင်းဆို

စက်တင်၂၀၊ ၂၀၁၄
M-Media

2014918153427427734_20

– အမေရိကန်က မိမိတို့အား ထောက်ပံ့ထားသည့် ညကြည့်မျက်မှန်များနှင့် စောင်များက လက်ရှိရင်ဆိုင်နေရသည့် စစ်ပွဲအား အနိုင်ရစေမည်မဟုတ်ဟု ယူကရိန်း သမ္မတ ပိုရိုရှန်ကိုက ပြောကြားလိုက်ပြီး ပိုမိုထိရောက်သော ချေမှုန်းရေး လက်နက်များ ပေးအပ်ရန် ကွန်ဂရက်သို့ တောင်းဆိုလိုက်သည်။

ယမန်နေ့က ၀ါရှန်တန်သို့ ရောက်ရှိလာပြီး ဆီးနိတ်နှင့် အောက်လွှတ်တော်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ်အတွင်း ပိုရိုရှန်ကိုက ယခုကဲ့သို့ တောင်းဆို လိုက်ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံရေးအရ ထောက်ခံအားပေးမှုကိုလည်း လိုအပ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ယူကရိန်းအရှေ့ပိုင်း ခွဲထွက်ရေးသမားများနှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ယူကရိန်းစစ်သားများအတွက် အမေရိကန်က ညကြည့် မျက်မှန်များနှင့် စောင်များကို ပေးပို့ထားသည်။

“သူတို့(ယူကရိန်းစစ်တပ်)ဟာ ချေမှုန်းရေး လက်နက်၊ လူမသေစေတဲ့လက်နက် စတဲ့ စစ်ဘက်ဆိုင်ရာ လက်နက်ပစ္စည်းတွေ ပိုလိုအပ်ပါတယ်။ စောင်တွေနဲ့ ညကြည့်မျက်မှတ်တွေဟာလည်း အရေးကြီးပါတယ်။ ဒါပမေယ့် ဒီစောင်တွေနဲ့တော့ စစ်ပွဲကို မနိုင်ပါဘူး” ဟု ပိုရိုရှန်ကိုက ဆိုသည်။

ထို့ပြင် ယူကရိန်းပြဿနာတွင် ခွဲထွက်ရေးသမားများအား ကူညီနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့် ရုရှားကိုလည်း ပိတ်ဆို့မှုများ ပိုမိုပြုလုပ်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
၅ လကြာဖြစ်ပွားနေသည့် ယူကရိန်းပဋိပက္ခအတွင်း သေဆုံးသူမှာ ၂၇၀၀ ကျော်ရှိလာပြီဖြစ်သည်။

Agencies

Comments

Leave a Reply