News @ M-Media
Blog
  • တမန်တော် မုဟမ္မဒ် ရဲ့ အုတ်ဂူအား ဖယ်ရှားမည့် သတင်း မမှန်ကြောင်း ဆော်ဒီ အာဏာပိုင်များ သတင်းထုတ်
    တမန်တော် မုဟမ္မဒ် ရဲ့ အုတ်ဂူအား ဖယ်ရှားမည့် သတင်း မမှန်ကြောင်း ဆော်ဒီ အာဏာပိုင်များ သတင်းထုတ်
    စက်တင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    8a5135c9-8844-4a00-a709-ea1667d2f308_16x9_600x338
    ဗြိတိန် The Independent သတင်းစာမှာ ဖော်ပြခဲ့သည့် သတင်းအမှား
    – တမန်တော်မြတ် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှုသက်ရောက်ပါစေ) ၏ အုတ်ဂူအား ဖြိုချပစ်မည်ဟူသော သတင်းမှာ မဟုတ်မှန်ဟု မြင့်မြတ်သော ၀တ်ကျောင်းတော်နှစ်ခုအား စောင့်ရှောက်ရေးအဖွဲ့ The General Presidency of the Two Holy mosques က ငြင်းချက်ထုတ်ခဲ့သည်ဟု အလ်-ဂျာဇီးရား သတင်းဌာနက ကြာသာပတေးနေ့တွင် ဖော်ပြခဲ့သည်။
    မုဟမ္မဒ်သခင်၏ အုတ်ဂူအား ဖြိုချပြီး ရုပ်ကလပ်တော်ကိုလည်း ဖယ်ရှားသွားမည်ဆိုသည့် အဆိုပါသတင်းကို ဆော်ဒီပညာရှင်တစ်ဦးမှ မဂ္ဂဇင်တစ်စောင်တွင် အဆိုပြုထားခြင်းကို  ကိုးကား၍ ပြီးခဲ့သည့်တနင်္လာနေ့တွင် ဗြိတိန် သတင်းစာတစ်စောင်ဖြစ်သည့် The Independent က ဖော်ပြခဲ့သည်။
    သို့သော် မြင့်မြတ်သော ဗလီဝတ်ကျောင်းတော်နှစ်ခုအား စောင့်ရှောက်ရေးအဖွဲ့ကမူ အဆိုပါ ပညာရှင်၏ အဆိုပါပြုချက်မှာ မြင့်မြတ်သောဗလီဝတ်ကျောင်းတော်ကို တစိုက်မတ်မတ် စောင့်ရှောက်မည့် ဆော်ဒီအစိုးရနှင့် ပတ်သက်ခြင်းမရှိဟု ပြောကြားခဲ့သည်။
    ထို့ပြင် စောင့်ရှောက်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အဟ်မဒ် မိုဟာမက် အလ်-မန်စူရီကလည်း အဆိုပါသတင်းမှာ ထိုပညာရှင်၏ သဘောထားသည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ဆော်ဒီအာရေဗျရှိ Makkah သတင်းစာမှ လက်ထောက်အယ်ဒီတာချုပ် မိုဝါဖက် အလ်-နိုဝေစာကမူ The Independent သတင်းစာမှာ သြဂုတ်လ ၂၅ ရက်နေ့က Saudi Daily သတင်းစာတွင် ဖော်ပြခဲ့သော အာရဗီ ဆောင်းပါးတစ်ခုကို ခိုးယူ၍ တလွဲဘာသာပြန်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။
    The Independent  သတင်းစာမှ လက်ထောက် အယ်ဒီတာ ၀ီလ် ဂိုရီကမူ ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းက Makkah သတင်းစာတွင် ဖော်ပြခဲ့သည့် သတင်းအား သိရှိခြင်းမရှိဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ ထို့ပြင် ၎င်းတို့ဖော်ပြခဲ့သည်သတင်းမှာ မှန်ကန်သည်ဟု ပြောကြားခဲ့ပြီး အခြားသာ ဗြိတိန်ဝဘ်ဆိုက်များကလည်း ထိုသတင်းကို ထပ်ဆင့် မျှဝေခဲ့ကြသည်။
    The Independent မှ ဖော်ပြသည့် အဆိုပါသတင်းတွင် ဆော်ဒီအာဏာပိုင်များ၏ အတည်ပြုချက် သို့မဟုတ် မှတ်ချက်များ ပါဝင်ခဲ့ခြင်းမရှိပေ။ Al Arabiya သတင်းဌာနက စုံစမ်းရာ ထိုကိစ္စမှာ မဂ္ဂဇင်းတွင်ဖော်ပြခဲ့သည့် ပညာရှင်တစ်ဦး၏ အဆိုပြုချက်ထက် မပိုဘဲ အစိုးရ၏ ဆုံးဖြတ်ချက်မဟုတ်ကြောင်း ဆော်ဒီအစိုးရက ပြန်လည်ဖြေကြားခဲ့သည်။
    ref_Al Arabiya English
  • အီတလီအသင်းမှာ အနာဂတ်တွင် အောင်မြင်မှုရမည်ဟု နည်းပြသစ် ကွန်တီဆို
    အီတလီအသင်းမှာ အနာဂတ်တွင် အောင်မြင်မှုရမည်ဟု နည်းပြသစ် ကွန်တီဆို
    စက်တင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    452467_heroa
    – ထူးခြားသည့် ကစားသမားများရှိနေသည့် မိမိတို့အသင်းမှာ အနာဂတ်တွင် အောင်မြင်မှု အသီးအပွင့်ကို ခံစားရလိမ့်မည်ဟု အီတလီနည်းပြသစ် ကွန်တီက ပြောကြားလိုက်သည်။
    နည်းပြအဖြစ်တာဝန်ယူပြီးနောက် ပထမဆုံးကစားခဲ့သည့် ယမန်နေ့ ခြေစမ်းပွဲတွင် အီတလီအသင်းမှာ ဟော်လန်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး၊ ကွန်တီကမူ ကစားသမားများ၏ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ကာ၊ အနိုင်ရလိုသည့် စိတ်ဓာတ် ပိုမိုပြသနိုင်ပါက အောင်မြင်နိုင်မည်ဟု မှတ်ချက်ပေးခဲ့သည်။
    “ရလဒ်ထက် အသင်းကစားသားမားတွေရဲ့ တုံ့ပြန့်မှုကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ပါတယ်။ ကြိုးစားအားထုတ်မှုပိုင်း၊ အနိုင်ရလိုမှုနဲ့ ရှေ့ဆက်သွားချင်တဲ့ အယူအဆပိုင်းတွေမှာ တကယ့်ကို တိုးတက်ခဲ့ပါတယ်။ ဒီလိုပွဲမျိုးတွေက ကျွန်တော်တို့ကို ယုံကြည်မှု၊ စိတ်အားထက်သန်မှုနဲ့  အများက ယုံကြည်လက်ခံနိုင်မှုတွေကို ပေးပါတယ်” ဟု ကွန်တီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့အသင်းမှာ ထူးခြားသည့်ကစားသမားများ ပါဝင်သော ထူးခြားသည့်အသင်းဖြစ်ပြီး ရှေ့ဆက်ကြိုစားသွားပါက အောင်မြင်မှုများကို ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    အီတလီအသင်းမှာ လာမည့်အင်္ဂါနေ့တွင် ယူရို ၂၀၁၆ ခြေစစ်ပွဲအဖြစ် နော်ဝေအသင်းနှင့် ကစားရမည်ဖြစ်သည်။
  • ချစ်သူ မိန်းခလေး၏ နှုတ်ခမ်း အကျည်းတန်အောင် ကိုက်ဖြတ်မှု အင်္ဂလန်တွင်ဖြစ်ပွား
    ချစ်သူ မိန်းခလေး၏ နှုတ်ခမ်း အကျည်းတန်အောင် ကိုက်ဖြတ်မှု အင်္ဂလန်တွင်ဖြစ်ပွား
    စက်တင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    Rhys_Culley_BIT_girlfriend_Chanttelle_Ward_s_lip_in_bid_to_disfigure_her_Mail_Online_-_2014-09-06_12.26.35
    – မိမိ၏ချစ်သူ သူများနောက်ပါသွားမည်ကို စိုးရိမ်သောကြောင့် ချစ်သူ၏ နှုတ်ခမ်းအား ကိုက်ဖြတ်ကာ အကျည်းတန်အောင် ပြုလုပ်မှုတစ်ခု အင်္ဂလန်နိုင်ငံ နယူးကာဆယ်တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
    အသက် ၁၈ နှစ်အရွယ် ချန်တယ်လီ ၀ဒ် အား ချစ်သူဖြစ်သူ အသက် ၂၃ နှစ်အရွယ် ရွိုင်စ် ကူလေးက နမ်းစဉ် ထိုကဲ့သို့ ကိုက်ဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ သွေးများကိုလည်း ၀ဒ်၏ မျက်နှာ၌ ပေကျံအောင် ပြုလုပ်ခဲ့သည်။
    ကူလေးနှင့် ၀ဒ်တို့ ချစ်သူသက်တမ်းမှာ ၂ နှစ်ကျော်ရှိနေပြီး၊ ၀ဒ်မှာ Facebook ပေါ်တွင် အခြားအမျိုးသားတစ်ဦးနှင့် ဆက်ဆံရေးရှိနေသောကြောင့် ၎င်းတို့နှစ်ဦးကြား မကြေလည်မှုများလည်း ရှိနေခဲ့သည်။
    ပြီးခဲ့သည့် အင်္ဂါနေ့တွင် ၀ဒ်၏ မိခင်ဖြစ်သူမွေးနေ့ပွဲအား ၎င်းတို့နှစ်ဦး သွားရောက်ခဲ့ပြီး ပြန်လာခဲ့ရာ ၀ဒ်၏ အိမ်အရောက်တွင် ကူလေးက Facebook မှ ဆက်ဆံရေးအကြောင်း ပြောရာမှ စကားများခဲ့ကြသည်။ ထို့နောက် မိမိအား ချစ်လားဟု မေးမြန်းပြီး ကူလေးက နမ်းစဉ် ထိုကဲ့သို့ နှုတ်ခမ်းအား ကိုက်ဖြတ်ခဲ့ခြင်းဖြစ်သည်။
    ref_Daily Mail
  • နာဆာရဲ့ အကြီးဆုံး ဒုံးပျံ
    နာဆာရဲ့ အကြီးဆုံး ဒုံးပျံ
    စက်တင်ဘာ ၆ ၊ ၂၀၁၄
    M-Media
    တင်ဆက်သူ- daythanix
    Nasa
    နာဆာရဲ့ အာကာသ ဒုံးပျံစနစ် အသစ်ကို Space Launch System (SLS) ဟုခေါ်ဆိုထားပြီး တည်ဆောက်ဖူး သမျှ ဒုံးပျံတွေထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။
    အမြင့်ပေ ၄၀၀ရှိမယ့် ဒီဒုံးပျံဟာ ၂၀၁၈ ခုနှစ်မှာ လွှတ်တင်ဖို့ အဆင်သင့် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီဒုံးပျံနဲ့ အာကာသယာဉ်မှုးတွေကို အင်္ဂါဂြိုဟ်လိုမျိုး ဝေးကွာတဲ့ အာကာသ ထဲအထိ ပို့ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။
    ကုန်ကျစရိတ်အတွက် ဒေါ်လာ သန်း၇၀၀၀ လျာထားတယ်လို့ သိရပါတယ်။
  • Win MONEY CHANGER  (ကြော်ငြာကဏ္ဍ)
    Win MONEY CHANGER (ကြော်ငြာကဏ္ဍ)
    Win AUTHORIZED MONEY CHANGER
    We are contributing door to door service of money changing (7) Days a week to your full satifaction
    လူကြီးမင်းတို့၏ နိုင်ငံခြားငွေများကို ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်လိုပါက ပိတ်ရက်မရှိ ချက်ချင်း အိမ်တိုင်ရာရောက် ဝန်ဆောင်မှုများပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
    Win MONEY CHANGER2
    Open Daily
    Foreign Currencies များကို ရောင်းချင်လိုပဲ ဖြစ်ဖြစ် ဝယ်ချင်လို့ပဲဖြစ်ဖြစ် Win Money Changer က ဝန်ဆောင်မှု ပေးရန် အသင့်ရှိနေပါပြီ။
    Head Office:
    အမှတ် ၆၉၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်
    ဖုန်း- ၀၁- ၃၇၇၀၂၁,၃၇၈၈၆၄,၃၇၈၈၆၅
    Email: [email protected]
    Branch Office
    အမှတ် ၂၁/၁၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။
    ဖုန်း ၀၁- ၂၅၃ ၇၈၅၊ ၂၄၀ ၈၉၃
    Email: [email protected]
    ===========================================
    >> သင့်စီးပွားရေး လုပ်ငန်းများ အောင်မြင် တိုးတက်စေရန် M-Media တွင်ကြော်ငြာ ထည့်သွင်းနိုင်ပါပြီ။
    >> ဆက်သွယ်ရန် – [email protected]