News @ M-Media

ဘင်္ဂလားဒေရှ်တွင် ခိုလှုံနေသည့ှ် ရိုဟင်ဂျာ ဒုက္ခသည် ၂ ထောင်ကျော်ကို မြန်မာပြန်လည် လက်ခံမည်။

စက်တင်ဘာ ၁ ၊ ၂၀၁၄
M-Media
MC10 Omi_18
– ကော့ဘဇားဒေသရှိ ဒုက္ခသည်စခန်းနှစ်ခုမှ ရိုဟင်ဂျာဒုက္ခသည် နှစ်ထောင်ကျော်ကို ပြန်လည် လက်ခံရန်အတွက် မြန်မာနိုင်ငံက သဘောတူညီခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ယမန်နေ့ နေ့လည်ပိုင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် ၈ ကြိမ်မြောက် နိုင်ငံခြားရေးရုံး ညှိနှိုင်းဆွေးနွေးပွဲ အတွင်း သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနမှ အတွင်းဝန် အမ် ရှဟီဒွလ် ဟာကွီက ဆွေးနွေးပွဲ အပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြန်လည်ခေါ်ဆောင်မည့် ရိုဟင်ဂျာ  ဒုက္ခသည် အရေအတွက်မှာ စုစုပေါင်း ၂၄၁၅ ဦးဖြစ်ပြီး  ပြန်လည်ခေါ်ဆောင်ရေး လုပ်ငန်းစဉ်များကို နှစ်လအတွင်း စတင်သွားမည်ဖြစ်ကာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို ပြန်လည် လက်ခံခြင်း ဖြစ်သည်။

၈ ကြိမ်မြောက် နိုင်ငံခြားရေးရုံး ညှိနှိုင်းဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်မှ နိုင်ငံခြားရေးရာဌာန အတွင်းဝန် အမ် ရှဟီဒွလ် ဟာကွီဦးဆောင်သည့် အဖွဲ့နှင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်တို့ ဦးဆောင်သောအဖွဲ့တို့ ပြုလုပ်ကြခြင်းဖြစ်သည်။

Ref: Dhaka Tribune

Comments

Leave a Reply