News @ M-Media
Blog
  • တိုက်စစ်မှူး ဟာနက်ဒက်ဇ်အား မန်ယူ ထွက်ခွာခွင့်ပေး
    တိုက်စစ်မှူး ဟာနက်ဒက်ဇ်အား မန်ယူ ထွက်ခွာခွင့်ပေး
    သြဂုတ် ၂၉ ၊ ၂၀၁၄
    M-Media
    439984_heroa
    – အသင်း၏ အနာဂတ်အစီအစဉ်တွင် ပါဝင်နိုင်ဖွယ်မရှိသောကြောင့် တိုက်စစ်မှူးဟာနက်ဒက်ဇ်အား မန်ယူဘုတ်အဖွဲ့က အသင်းမှ ထွက်ခွာခွင့်ပေးလိုက်ပြီဟု သိရသည်။
    မက္ကဆီကို လက်ရွေးစင် ဟာနန်ဒက်ဇ်အား မန်ယူ ဒုတိယဥက္ကဌ အဒ်ဝုဒ်ဝါ့က်က ယမန်နေ့ နေ့လည်ပိုင်းကတွေ့ဆုံကာ ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ အသင်းနှင့် လက်ရှိစာချုပ်ရှိနေသည့်အတွက် ငွေးရေးကြေးရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။
    မန်ယူမှာ ဟာနန်ဒက်ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၉ သန်းခန့်လိုချင်နေပြီး တနင်္လာနေ့ အပြောင်းအရွှေ့ရာသီမပိတ်မီ ရောင်းချလိုဖွယ်ရှိနေသည်။
    ၂၀၁၀ က အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့လာခဲ့သည့် ဖာနန်ဒက်ဇ်မှာ အသင်းတွင် ပုံမှန်နေရာ မရသော်လည်း ပါဝင်ကစားခဲ့ရသည့်ပွဲများတွင် အသင်းအတွက် အရေးပါသော ဂိုးများကို သွင်းယူပေးနိုင် ခဲ့သောကြောင့် မန်ယူ ပရိတ်သတ်များအကြားတွင် ရေးပန်းစားခဲ့သည်။
    သို့သော်လည်း ပုံမှန်ပွဲထွက်ခွင့်မရသောကြောင့် ယခုနှစ်နွေရာသီတွင် ပြောင်းရွှေ့တော့မည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ဟာနန်ဒက်ဇ်အား ခေါ်ယူရန် လာလီဂါကလပ် အက်သလက်တီကိုနှင့် စီးရီးအေထိပ်သီး အင်တာမီလန်အသင်းတို့က စိတ်ဝင်စားနေသည်။
  • ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား တစ်ဦး လုပ်ငန်းခွင်၌ ငြမ်းပေါ်မှ ပြုတ်ကျပြိး ဦးခေါင်း ဒဏ်ရာရ
    ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား တစ်ဦး လုပ်ငန်းခွင်၌ ငြမ်းပေါ်မှ ပြုတ်ကျပြိး ဦးခေါင်း ဒဏ်ရာရ
    သြဂုတ် ၂၉ ၊ ၂၀၁၄
    M-Media
    1_201482882119291_OjETSMnHyXwrNWYkTaSXsYeXlQZIvDBPEWPLUnTx_jpeg
    ဖူးကက်။    ။မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးသည် ထိုင်းနိုင်ငံ၊ Thalang မှ Koh Kaew ရှိ Baan Reua ကျောင်း၏ ငြမ်းစင်ပေါ်မှ ခြေချော်ကျကာ ဦးခေါင်းဒဏ်ရာဖြင့် ဆေးရုံတွင် ဆေးကုသခံယူနေရကြောင်း သိရသည်။
    လုပ်သားအမည်မှာ ရဲမှတ်တမ်းအရ မစ္စတာ ၀မ်ချုင်း (၂၀ နှစ်) ဖြစ်၍ အင်္ဂါနေ့က ကျောင်း အဆောက်အဦ ဆေးသုတ်နေစဉ် (၆)မီတာအမြင့်မှ ခြေချော်ကျပြီး မြေပြင်လူသွားလမ်းနှင့် ဦးခေါင်းကို ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။
    ကယ်ဆယ်ရေးလုပ်သားများက မစ္စတာ ၀မ်ချိုင်းအား Thalang ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့သည်။ ၎င်းနောက် ဒဏ်ရာပြင်းထန်သောကြောင့် ဖူးကက်မြို့ရှိ Vachira Phuket ဆေးရုံသို့ ပြောင်းရွှေ့လိုက်သည်။
    “ဘာအကာအကွယ်မှ မထားပဲ နေရာမြင့်မြင့်မှာ အလုပ်လုပ်ရင် အန္တရာယ်တွေ့ရစမြဲပါ” ဟု ဆိုလျက် ကာနယ် ဆန်နစ်မှ လုပ်သားအားလုံးကို လက်ရှိမိုးရာသီကာလအတွင်း လုပ်ငန်းခွင်၌ အထူးသတိကရုပြုကြရန် နှိုးဆော်လိုက်သည်။
    Ref : Phuket Gazette
  • ပါကစ္စတန် လေတပ် ဦးစီးချုပ် မြန်မာပြည် အလည်ရောက်
    ပါကစ္စတန် လေတပ် ဦးစီးချုပ် မြန်မာပြည် အလည်ရောက်
    သြဂုတ် ၂၈ ၊ ၂၀၁၄
    M-Media
    CAS-AirMarshal-tahirRafiqueButt-Myanmar-Pakistan_8-27-2014_158025_l
    ကရာချိ။    ။ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ်(လေ) ဖိတ်ကြားချက်အရ ဗုဒ္ဓဟူးနေ့က ရောက်ရှိလာသော ပါကစ္စတန် အစ္စလာမ့်မစ်သမ္မတနိုင်ငံ လေတပ်ဦးစီးချုပ် Tahir Rafique Butt အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး၊ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ  လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
    ပါကစ္စတန် လေတပ်ဦးစီးချုပ်သည် မြန်မာလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် နှင့် ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။
    ထို့ပြင် မြန်မာစစ်တပ်မှ ထိပ်တန်းအရာရှိများနှင့်လည်း လက်ရှိပူးပေါင်းလုပ်ဆောင်မှုများ၊ ရှေ့ဆက်လက်တွဲလုပ်ဆောင်ရန် လမ်းကြောင်းသစ်များဖော်ဆောင်ရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။
    Ref : geo.tv
  • ဓားပြ တိုက်ခန်း ရုပ်ရှင်ရိုက်ကူးစဉ် ရဲမှ တကယ်ထင်ပြီး ပစ်ခတ်၍ သရုပ်ဆောင်နှင့် ကင်မရာမန်း သေဆုံး
    ဓားပြ တိုက်ခန်း ရုပ်ရှင်ရိုက်ကူးစဉ် ရဲမှ တကယ်ထင်ပြီး ပစ်ခတ်၍ သရုပ်ဆောင်နှင့် ကင်မရာမန်း သေဆုံး
    သြဂုတ် ၂၈ ၊ ၂၀၁၄
    M-Media
    20148272204233734_20
    – အမေရိကန်ပြည်ဆောင်စု နီဘရာစကာ ပြည်နယ်တွင် ရာဇ၀တ်မှုနှင့် ပတ်သက်သည့် ရုပ်ရှင်ဇာတ်လမ်းတွဲ တစ်ခု ရိုက်ကူးရာမှ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    အိုဟားမားမြို့တွင် ယမန်နေ့က Cops ဟု အမည်ရသည့် ဇာတ်လမ်းတွဲအတွက် စားသောက်ဆိုင် တစ်ခုကို ဓားမြတိုက်သော ဇာတ်ဝင်ခန်း ရိုက်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားပြအဖြစ် သရုပ်ဆောင်သူ ကော်တက်ဇ် ၀ါရှင်တန်နှင့် အသံဖန်တီးပြုလုပ်သူ ကင်မရာမန်း ဘရိုက်စ်ဒီယွန်တို့ သေဆုံးခဲ့ခြင်ဖြစ်သည်။
    အဆိုပါ ဇာတ်ဝင်ခန်းတွင် ပါဝင်ရန်အတွက် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ရိုက်ကူးရေးသမားများက ခေါ်ဆောင်လာခဲ့ပြီး၊ ဓားပြအဖြစ် သရုပ်ဆောင်သူမှာ ပလက်စတစ်သေနတ် ကိုင်ဆောင်ထားသော်လည်း ၀ါရှန်တန်ပြုလုပ်ခဲ့သော အသံ အထူးပြုလုပ်ချက်မှာ သေနတ်သံ အစစ်နှင့် အလွန်တူ သွားခြင်းကြောင့် ရဲတပ်ဖွဲ့က တုံ့ပြန် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
    အိုဟားမား ရဲတပ်ဖွဲ့အကြီးအကဲ ရှမတ်ဒီရာကမူ အဆိုပါ ဇာတ်လမ်းတွဲကို ရိုက်ရန် အတွက် ဖိတ်ခေါ်မှုကို မိမိမှ လက်ခံခဲ့ခြင်ဖြစ်ပြီး ယခုကဲ့သို့ ဖြစ်ပွားခဲ့သည့်အတွက် ၀မ်းနည်းမိကြောင်း ပြောကြားခဲ့သည်။
    အဆိုပါ Cops ဇာတ်လမ်းတွဲကို အမေရိကန်ရှိ မြို့ပေါင်း ၁၄၀ နှင့် နိုင်ငံခြား တိုင်းပြည် သုံးခုတွင် ထုတ်လွှင့်ပြသနေသည်။
  • မွတ်ဆလင် ဒုက္ခသည် စခန်းက လူတရာ ထွက်ပြေးခဲ့
    မွတ်ဆလင် ဒုက္ခသည် စခန်းက လူတရာ ထွက်ပြေးခဲ့
    သြဂုတ်လ ၂၇ ၊ ၂၀၁၄
    BBC (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
    ဒုက္ခသည် စခန်းတွေက အမျိုးသမီးနဲ့ ကလေးတွေ
    ဒုက္ခသည် စခန်းတွေက အမျိုးသမီးနဲ့ ကလေးတွေ
    ရခိုင် ပြည်နယ် မြေပုံမြို့ မွတ်ဆလင် ဒုက္ခသည် စခန်းက လှေနဲ့ ထွက်ပြေး ကြတဲ့ လူ ၁၂ဝ ကို မြန်မာ ရေတပ်က ဖမ်းပြီး သူတို့ မူလ ဒုက္ခသည် စခန်းကို ပြန်ပို့ လိုက်တယ်လို့ သိရပါတယ်။
    အင်္ဂ࿿ါနေ့ ည ၁၁ နာရီ က မြေပုံ တောင်ပေါ် မူဆလင် ဒုက္ခသည် စခန်းက လူတွေ စက်လှေ တစီးနဲ့ ပေါက်တော မြို့နယ် ကို ထွက်ပြေး ရာမှာ တောင်ဖူး ရေတပ် စခန်းက ဖမ်းဆီး ခဲ့ပါတယ်။
    အဲဒီလူတွေကို ဖမ်းဆီးပြီး ရေတပ် ကနေ ပေါက်တော ရဲစခန်းကို လွှဲပေး ခဲ့ပါတယ်။
    အထက် တာဝန်ရှိသူတွေ ညွှန်ကြားချက် အရ သူတို့ မူလ နေထိုင်ရာ ဒုက္ခသည်စခန်းကို ပြန်ပို့ခဲ့တယ်လို့ ပေါက်တော ရဲစခန်း တာဝန်ကျ အရာရှိ က ပြောပါတယ်။
    အခု ထွက်ပြေး လာသူတွေ ထဲမှာ လူကြီး ၆၆ ဦး၊ အမျိုးသမီး ၂ဝ နဲ့ ကလေး ၃၄ ဦး ပါပါတယ်။
    သူတို့ကို ပေါက်တော မြို့နယ် ပြိုင်းတောင် အုပ်စု ချောင်းဝ ကုန်တန်း မွတ်ဆလင်ရွာက ရွာသား (၅) ဦးက ပေါက်တော မြို့နယ် ဆင်တက်မော် ဒုက္ခသည် စခန်းမှာ နေဖို့ စက်လှေနဲ့ သွားခေါ်တာလို့ ဆိုပါတယ်။
    မြေပုံ မွတ်ဆလင် ဒုက္ခသည် စခန်းကို ဖုန်းနဲ့ ဆက်သွယ် ပေမယ့် အဆက်အသွယ် မရရှိလို့ ထွက်ပြေးရတဲ့ အကြောင်းရင်း ကို မေးမြန်း တင်ပြ နိုင်ခြင်း မရှိပါ။
    အခု ထွက်ပြေး လာတဲ့ မြေပုံ မွတ်ဆလင် ဒုက္ခသည် စခန်းက နိုင်ငံသား လျှောက်ထားသူ တွေကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု အက်ဥပဒေနဲ့ စိစစ်နေပါတယ်။
    http://www.bbc.co.uk/burmese/burma/2014/08/140827_rakhine_refugees.shtml