News @ M-Media
Blog
  • အီရတ် မြောက်ပိုင်းရှိ IS တပ်များအား အမေရိကန်က လေကြောင်းမှ တိုက်ခိုက်
    အီရတ် မြောက်ပိုင်းရှိ IS တပ်များအား အမေရိကန်က လေကြောင်းမှ တိုက်ခိုက်
    သြဂုတ် ၃၁၊ ၂၀၁၄
    M-Media
    2014830223150125734_20
    – IS မှ ၀န်းရံပိတ်ဆို့ထားသော အီရတ်မြောက်ပိုင်း အမာရ်လီမြို့မှ  IS  ခံတပ်ဖွဲ့များကို အမေရိကန်တိုက်လေယာဉ်များက တိုက်ခိုက်ခဲ့ပြီး ပိတ်ဆို့ခံထားရ သူများအား လေကြောင်းမှ အကူအညီများ ချပေးခဲ့သည်ဟု ပင်တဂွန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    အဆိုပါ မြို့မှာ IS အဖွဲ့၏ ၂ လကျော်ကြာ ပိတ်ဆို့ထားမှုကို ခံနေရပြီး အီရတ်စစ်တပ်နှင့် ကာဒ့်များက ပူပေါင်းကာ IS အဖွဲ့များကို ပြန်လည်ခုခံနေသည်။ ထိုမြို့ရှိ ပြည်သူ ထောင်ပေါင်းများစွာမှာ အစားအသောက်နှင့် သောက်သုံးရေ ပြတ်လတ်နေပြီး စနေနေ့ကလည်း အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် သြစတေးလျ လေယာဉ်များက ၎င်းတို့အတွက် အကူအညီများ ချပေးခဲ့သည်။
    အမေရိကန် ဒရုန်းလေယာဉ်များမှာ မူဆိုးလ် ရေကာတာရှိ IS အဖွဲ့များကိုလည်း တိုက်ခိုက်ခဲ့ပြီး၊ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း IS အဖွဲ့အားများ လေကြောင်းမှ တိုက်ခိုက်မှုများ တောက်လျှောက်ပြုလုပ်ခဲ့သည်။
    ref_ Al Jazeera and agencies
  • အင်္ဂလန်တွင် မီးလောင်တိုက်ခန်းတွင် ပိတ်မိနေသူ မိသားစုအား မွတ်စလင် တက္ကစီသမား တစ်ဦးမှ ကယ်တင်ခဲ့
    အင်္ဂလန်တွင် မီးလောင်တိုက်ခန်းတွင် ပိတ်မိနေသူ မိသားစုအား မွတ်စလင် တက္ကစီသမား တစ်ဦးမှ ကယ်တင်ခဲ့
    သြဂုတ် ၃၁၊ ၂၀၁၄
    M-Media
    MuslimDriver-Saves-Family-from-Fire
    – အင်္ဂလန်ရှိ မီးလောင်နေသည့် တိုက်ခန်းတစ်ခုတွင် ပိတ်မိနေသူ မိသားစုအား မွတ်စလင် တက္ကဆီယာဉ်မောင်းတစ်ဦးက ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။
    ယမန်နေ့တွင် တော့တင်ဟမ် Wood Green Hhigh လမ်းရှိ တိုက်ခန်းတစ်ခုတွင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး ပိတ်မိနေသူများ၏ အော်သံများကို ကြားခဲ့ရသောကြောင့် တက္ကစီထဲတွင် ထိုင်နေသည့် မွတ်စလင် ယာဉ်မောင်း ရဟ်မန်မှ သွားရောက်ကြည့်ရှုခဲ့ကာ ကယ်တင်ခဲ့ခြင်းဖြစ်သည်။
    “အော်သံတွေကြားနေရပြီး ရင်ခွင်ပိုက် ကလေးငယ်လေးဟာ သုံးလေးလလောက်ပဲ ရှိပါဦးမယ်။ အချို့လူတွေက ရပ်ပြီး ဓာတ်ပုံရိုက်ယူနေကြပါတယ်။ ကျွန်တော် ဘာပြောရမှန်းတောင် မသိပါဘူး။ ကယ်တင်ရမယ့်အစား လူတိုင်းက ဗီဒီယိုရိုက်နေတာကြောင့် ကျွန်တော် တကယ့်ကို တုန်လှုပ်ခဲ့ရပါတယ်။ ကျွန်တော့်မှာ တူတစ်ယောက်ရှိပြီး ကျွန်တော့်အိမ်သာဖြစ်နေရင် ဘယ်လိုနေမလဲဆိုတဲ့ အတွေးမျိုး ၀င်လာခဲ့ပါတယ်” ဟု အသက် ၂၉ နှစ်အရွယ် ရဟ်မန်က ဒေသတွင်း သတင်းစာသို့ ပြောကြားခဲ့သည်။
    ထို့နောက် ရဟ်မန်မှာ လက်တစ်ဖက်မှ ဖုန်းကိုင်၍ ရဲတပ်ဖွဲ့သို့ ဖုန်းခေါ်ကာ ကျန်တစ်ဖက်မှလည်း လှေကားကိုယူ၍ အဆိုပါ မိသားစုအား ကယ်တင်ရန်ကြိုးစားခဲ့သည်။
    “ဘာတွေဖြစ်နေလည်းဆိုတာသိဖို့ ကျွန်တော် ရဲတပ်ဖွဲ့ကို ဖုန်းခေါ်ခဲ့ပါတယ်။ ပြီးတော့ အနားမှာရှိတဲ့ ဈေးဆိုင်ကနေပြီးတော့ လှေကားကို ယူခဲ့ပါတယ်။ လူတွေက ပထမထပ်နဲ့ ဒုတိယထပ်မှာဖြစ်ပြီး ပြတင်းပေါက်ကိုဖွင့်ကာ သူတို့အော်နေကြပါတယ်။ ငိုလည်းငိုနေကြပြီး ကလေးတွေရှိတယ်ဆိုတာလည်း ကျွန်တော်တို့ကို ပြနေပါတယ်။ လူတိုင်းက အကူအညီမဲ့နေကြတာပါ” ဟု ရဟ်မန်က ၎င်း၏ အတွေ့အကြုံကို ပြောပြခဲ့သည်။
    ရဟ်မန်လှေကားထောင်ပြီးနောက် အခြာလူတစ်ယောက်လည်း ရောက်ရှိလာကာ ကူညီခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ ကလေးငယ်များနှင့် ပိတ်မိနေသူအားလုံးအား ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ရောက်အောင် ကယ်တင်နိုင်ခဲ့သည်။
    မီးလောင်သည့် တိုက်ခန်းအတွင်း ပိတ်မိနေသူများမှာ ဘယ်လ်ဂျီယံ မိသားစုဖြစ်ပြီး ရဟ်မန်တို့၏ အချိန်မီကယ်တင်နိုင်ခဲ့ခြင်းကြောင့် မည်သည့်ဒဏ်ရာမှ မရရှိဘဲ အချိန်မီ လွတ်မြောက်လာခဲ့သည်။
    ဗြိတိန်တွင် အစ္စလာမ်ဘာသာမှာ ခရစ်ယာန်ပြီးနောက် ဒုတိယကိုးကွယ်မှုအများဆုံးဖြစ်ပြီး အစ္စလာမ်ဘာသာဝင်ဦးရေ ၂.၇ သန်းခန့်ရှိနေသည်။
    ref_OnIslam & Newspapers
  • သန့်ရှင်းရေး ဥပဒေ ချိုးဖောက်သည် ဟုဆိုကာ McDonald များအား ရုရှား ပိတ်ပစ်ပြီး အမေရိကန်ကို လက်တုံ့ပြန်
    သန့်ရှင်းရေး ဥပဒေ ချိုးဖောက်သည် ဟုဆိုကာ McDonald များအား ရုရှား ပိတ်ပစ်ပြီး အမေရိကန်ကို လက်တုံ့ပြန်
    သြဂုတ် ၃၁ ၊ ၂၀၁၄
    M-Media
    377047_McDonalds-Moscow
    – သန့်ရှင်းရေး ဥပေဒများအား ချိုးဖောက်သည်ဟုဆိုကာ ရုရှားရှိ McDonald အသင့်စား အစားသောက် အရောင်း ဆိုင်ခွဲ ၁၂ ခုကို ပိတ်ပစ်ရန် ရုရှား အစားအသောက် အန္တရာယ်ကင်းရှင်းရေး ဌာနက အမိန့်ပေးခဲ့ပြီး အခြားဆိုင်ခွဲ ၁၀၀ ကိုလည်း စုံးစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
    ရုရှားတွင် McDonald ဆိုင်ခွဲ ၄၀၀ ကျော်ရှိပြီး ယခုကဲ့သို့ ပိတ်ပစ်မှုမှာ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကို ရုရှားမှ တုံ့ပြန်ခြင်းဖြစ်သည် ဟု စောင့်ကြည့်လေ့လာသူများက ပြောဆိုခဲ့သည်။
    McDonald ကလည်း ဆိုင်ခွဲများ ပိတ်ပင်ခံရသည်မှာ မှန်ကန်ကြောင်း ယမန်နေ့တွင် ကြေညာချက် ထုတ်ခဲ့ပြီး ရုရှားတွင် ဆိုင်များပြန်ဖွင့်ခွင့်ရအောင် တတ်နိုင်သမျှ အားလုံး ဆောင်ရွက် သွားမည်ဟု ပြောကြား ခဲ့သည်။
    “ဆိုင်တွေကို အမြန်ဆုံးပြန်ဖွင့်နိုင်အောင် ဘာတွေလုပ်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး အစားအသောက် ဌာနက စာရွက်စာတမ်းတွေထဲမှာ ဖော်ပြထားတာတွေကို ကျွန်တော်တို့လေ့လာနေ ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လက်မခံပါဘူး။ ဥပဒေဘောင်အတွင်းက သတ်မှတ်ထားတဲ့
    လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တုံ့ပြန်သွားမှာပါ” ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
    ယူကရိန်းအရှေ့ပိုင်း မတည်ငြိမ်မှုတွင် ရုရှားမှပါဝင်ပတ်သက်သည်ဟု ဆိုကာ အမေရိကန်နှင့် အနောက်နိုင်ငံများက ရုရှားအား စီးပွားရေးပိတ်ဆို့မှု အချို့ ပြုလုပ်ထားပြီး၊ ရုရှားကလည်း ထိုပိတ်ပင်မှုကို တုံ့ပြန်သောအားဖြင့် မကြာသေးမီက ဥရောပမှ အစားအသောက်များ တင်သွင်းမှုကို ရပ်ဆိုင်းခဲ့သည်။
    Press TV
  • ဘန်လေနှင့်ပွဲမှ အသင်းတိုက်စစ်အား ဗန်ဂါးလ်ဝေဖန်
    ဘန်လေနှင့်ပွဲမှ အသင်းတိုက်စစ်အား ဗန်ဂါးလ်ဝေဖန်
    သြဂုတ် ၃၁ ၊ ၂၀၁၄
    M-Media
    450398_heroa
    – ဘန်လေအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့်ပွဲတွင် အသင်းတိုက်စစ်၏ အဆုံးသတ်မှုနှင့် ပတ်သက်၍ မန်ယူနည်းပြ ဗန်ဂါးလ်က ဝေဖန်ပြောဆိုလိုက်သည်။
    မန်ယူအသင်းမှာ ပရီးမီးယားလိဂ် ရာသီသစ်တွင် နိုင်ပွဲမရရှိသေးပဲ ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့သော်လည်း တိုက်စစ်မှူးများ၏ အဆုံးသတ်ပိုင်း အားနည်းမှုကြောင့် တန်းတက်ဘန်လေအသင်းအား ဂိုးမရှိသရေကျခဲ့သည်။
    “ကျွန်တော်တို့ ဒုတိယပိုင်းမှာ ပိုကောင်းအောင် ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ပိုရခဲ့ပါတယ်။ ဒါပေမယ့် ဒီအခွင့်အရေးတွေကနေ ဂိုးရရမှာဖြစ်ပေမယ့် ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ စိတ်ပျက်ဖွယ်ကောင်းတဲ့ ရလဒ်ပါပဲ” ဟု ပွဲအပြီးတွင် MUTV သို့ ဗန်ဂါးလ်က ပြောကြားခဲ့သည်။
    ပွဲအစပိုင်းအတွင် ကစားသမားများမှာ ယုံကြည်မှုမရှိကြဟု ဗန်ဂါးလ်က ၀န်ခံခဲ့ပြီး ကစားသမားများမှာလည်း ကြောက်ရွံ့နေကြကြောင်း၊ ရာသီသစ်တွင် နိုင်ပွဲမရသေးသည့်အတွက် မိမိတို့တွင် ဖိအားများရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    မန်ယူမှာ ထိုပွဲတွင် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ထားသည့် အာဂျင်တိုင်း ကွင်းလယ်လူ ဒီမာရီယာကို လူစား ထည့်သွင်းကစားခဲ့သည်။
  • မန်စီးတီး ပထမဆုံး ရှုံးပွဲတွေ့ခဲ့ပြီး ချယ်ဆီး၊ ဆွမ်ဆီးတို့ နိုင်ပွဲဆက်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ စနေနေ့ည ပွဲများ
    မန်စီးတီး ပထမဆုံး ရှုံးပွဲတွေ့ခဲ့ပြီး ချယ်ဆီး၊ ဆွမ်ဆီးတို့ နိုင်ပွဲဆက်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ စနေနေ့ည ပွဲများ
    သြဂုတ် ၃၁ ၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ပွဲစဉ် ၃ ရဲ့ ၇ ပွဲကို မနေ့က ကစားခဲ့ပြီး မန်စီးတီး ပထမဆုံး ရှုံးပွဲတွေ့ခဲ့ကာ ချယ်ဆီးကတော့ အဲဗာတန်ကို ဂိုးတွေအပြန်အလှန်သွင်းပြီး အနိုင်ရခဲ့ပါတယ်။ နည်းပြသစ်နဲ့ မန်ယူကတော့ တန်းတက် ဘန်လေကို သရေကျခဲ့ပြီး ရာသီသစ်မှာ နိုင်ပွဲမရသေးပါဘူး။
    ch
    ပြီးခဲ့တဲ့တစ်ပါတ်က ကစားပုံမကောင်းခဲ့ပေမယ့် အနိုင်ရအောင် ကစားနိုင်ခဲ့တဲ့ မော်ရင်ဟိုရဲ့ ချယ်ဆီး ဒီတစ်ပါတ် အဲဗာတန်အိမ်ကွင်းမှာလည်း ရုန်းကန်ခဲ့ရပေမယ့် တိုက်စစ်မှူးတွေ ဂိုးသွင်းသေချာခဲ့တာကြောင့် ၆ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ အဲဗာတန်အသင်းက ဘောလုံးပိုင်ဆိုင်မှု တစ်ဖက်သက်အသာရခဲ့တာပါ။ ဂိုးတွေလည်းအပြန်အလှန်သွင်းခဲ့ပြီး ရရှိခဲ့ ဂိုးသွင်းခွင့် ၈ ကြိမ်မှာ ၆ လုံးသွင်းယူနိုင်ခဲ့တာကြောင့် ချယ်ဆီးတို့ အနိုင်သုံးမှတ် သေချာခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုက ရောက်လာတဲ့ ဒီယေဂိုကော်စတာ မနေ့က ပွဲမှာ ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။
    mu
    ပွဲစဉ် ၂ မှာ လီဗာပူးလ်ကိုအနိုင်ကစားပြီး ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အသင့်ပဲလို့ သတိပေးခဲ့တဲ့ မန်စီးတီးကတော့ အိမ်ကွင်းမှာ စတုတ်အသင်းကို အံအားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။ ခြေစွမ်းပိုင်းမှာ အသာရခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုပိုင်းမှာလည်း တစ်ဖက်သတ်ဖိကစားခဲ့တဲ့ မန်စီးတီးတို့ ဂိုးမသွင်းနိုင်တာဟာ တိုက်စစ်အားနည်းမှုကြောင့်လို့ ပြောလို့ရသလို စတုတ်နောက်တန်း ကောင်းမွန်တာကြောင့်လည်း ပါပါတယ်။ တစ်ပွဲလုံးမှာ ဂိုးသွင်းခွင့် ၃ ကြိမ်သာ ရခဲ့တဲ့ မန်စီးတီးတို့ ၅၈ မိနစ်မှာ ဒီအုဖ်ရဲ့ သွင်းဂိုးကြောင့် အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ စတုတ်စီးတီးကတော့ ဒီရာသီ ပရီမီးယားလိဂ် ပထမဆုံး နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။
    mu city
    ပြီးခဲ့တဲ့ ၂ ပွဲမှာ ၁ မှတ်သာရထားတဲ့မန်ယူကလည်း တန်းတက်ဘန်လေအသင်းကို ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဗန်ဂါလ်းဟာ သူအကြိုက်ဆုံး ၁၁ ယောက်ကို ပွဲထုတ်ခဲ့တာဖြစ်ပြီး ရီးယဲလ်က ပြောင်းလာတဲ့ ဒီမာရီယာလည်း ဒုတိယပိုင်းမှာ လူစားဝင် ကစားခဲ့ပါတယ်။
    ပွဲစဉ် ၁ မှာ မန်ယူကို အနိုင်ယူနိုင်ခဲ့တဲ့ ဆွမ်ဆီးတို့ကတော့ ၀က်စ်ဘရွန်းကို နသန်ဒိုင်ယာရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ရာနှုန်းပြည့်အနိုင်ရလဒ်ကို ရယူထားနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ဇယားကို ချယ်ဆီးနဲ့အတူ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၃ စနေနေ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဘန်လေ ၀-၀ မန်ယူ
    မန်စီးတီး ၀-၁ စတုတ်
    နယူးကာဆယ် ၃-၃ ခရစ္စတယ်ပဲလေ့စ်
    ကျူပီအာရ် ၁-၀ ဆန်းဒါးလန်း
    ဆွမ်ဆီး ၃-၀ ၀က်စ်ဘရွန်း
    အဲဗာတန် ၃-၆ ချယ်ဆီး