News @ M-Media

Blog

  • ဂါဇာမှာ နောက်ထပ် ၅ ရက် အပစ်ရပ်ဖို့ အစ္စရေးနှင့် ပါလက်စတိုင်းတို့ သဘောတူ

    ဂါဇာမှာ နောက်ထပ် ၅ ရက် အပစ်ရပ်ဖို့ အစ္စရေးနှင့် ပါလက်စတိုင်းတို့ သဘောတူ

    သြဂုတ် ၁၄ ၊ ၂၀၁၄
    M-Media

    2014813213251156734_20
    ဒုတိယအကြိမ် ၃ ရက်တာ အပစ်ရပ်စဲရေး မကုန်ဆုံးခင် ဂါဇာမှာ နောက်ထပ် ၅ ရက်တာ အပစ်ခတ်ရပ်စဲဖို့ အစ္စရေးနဲ့ ဟားမက်စ်တို့ သဘောတူလိုက်ကြကြောင်း သိရပါတယ်။

    အစ္စရေးနဲ့ ပါလက်စတိုင်း စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ တွေ့ဆုံဆွေးနွေးနေကြတာဖြစ်ပါတယ်။

    ပါလက်စတိုင်းပိုင်နက်အားလုံးကို ဖွင့်ပေးရန်နှင့် မတရားဖမ်းဆီးထားသည့် ပါလက်စတိုင်း အကျဉ်းသားများအား ပြန်လည် လွှတ်ပေးရန် ပါလက်စတိုင်းတို့က တောင်းဆိုထားပြီး အစ္စရေးမှ အဆိုပါအချက်များကို လိုက်လျောမည့် ပုံစံမပြဘဲ ဂါဇာဒေသတွင် လက်နက်ကိုင် ကင်းမဲ့ဇုန်ဖြစ်ရေးကိုသာ အလိုရှိနေတာဖြစ်ပါတယ်။

    ဇူလိုင် ၈ ရက်နေ့က စတင်တဲ့ခဲ့တဲ့ အစ္စရေးရဲ့ ကျူးကျော်မှုကြောင့် ဂါဇာဒေသမှ ပါလက်စတိုင်းပြည်သူ ၂၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှ အရပ်သားမိန်းကလေးနှင့် ကလေးငယ်များဖြစ်ကြပါတယ်။ အစ္စရေးဘက်မှ ၆၇ ဦး သေဆုံးပြီး ၆၄ ဦးက စစ်သားတွေဖြစ်ပါတယ်။

  • ဂါဇာအမြဲတမ်း အပစ်ရပ်ရေး သဘောတူညီနိုင်ဖွယ်မရှိ

    ဂါဇာအမြဲတမ်း အပစ်ရပ်ရေး သဘောတူညီနိုင်ဖွယ်မရှိ

    သြဂုတ် ၁၃ ၊ ၂၀၁၄
    M-Media

    Israel-Hamas talks tackle Gaza blockade

    – ကိုင်ရိုမြို့တွင် ပြုလုပ်နေသည့် အစ္စရေးနှင့် ဟားမက်စ်တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဂါဇာအား အစ္စရေးမှ ပိတ်ဆို့ထားမှုကို ဖွင့်ပေးရန် အသေးစိတ် ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှုမရခဲ့ဟု သိရသည်။

    ဂါဇာနှင့်တကွ ပိတ်ဆို့ခံထားရသည့် ပါလက်စတိုင်းပိုင်နက်အားလုံးကို ဖွင့်ပေးရန်နှင့် မတရားဖမ်းဆီးထားသည့် ပါလက်စတိုင်း အကျဉ်းသားများအား ပြန်လည် လွှတ်ပေးရန် ပါလက်စတိုင်းတို့ဘက်က တောင်းဆိုထားသည်။

    အစ္စရေးကမူ ထိုတောင်းဆိုချက်များကို လိုက်လျောမည့် ပုံစံမျိုးမပြဘဲ ဂါဇာဒေသတွင် လက်နက်ကိုင် ကင်းမဲ့ဇုန်ဖြစ်ရေးကိုသာ လိုချင်သည်ဟု ပြောကြားထားသည်။

    အင်္ဂါနေ့က စတင်ခဲ့သည့် ၇၂ နာရီကြာ အပစ်ရပ်ရေးမှာ မနက်ဖြန်တွင် ပြည့်မည်ဖြစ်ပြီး အမြဲတမ်းငြိမ်းချမ်းရေး သဘောတူညီချက်ရရန် အလှမ်း ကွာဝေးနေခြင်းကြောင့် ဂါဇာဒေသတွင် အစ္စရေး၏ ပစ်ခတ်မှုများ ပြန်လည် မြင်တွေ့ရဖွယ်ရှိနေသည်။

    ဟားမက်စ်တို့၏ ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်သည်ဟုဆိုကာ ဇူလိုင် ၈ ရက်နေ့မှစ၍ ဂါဇာအား အစ္စရေးတို့က ကျူးကျော်တိုက်ခိုက်ခဲ့ပြီး တစ်လကျော်ကြာမြင့်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း ပါလက်စတိုင်းပြည်သူ ၂၀၀၀ ကျော် သေဆုံးခဲ့သည်။ ဂါဇာဒေသအတွင်း မြေပြင်တပ်များ ၀င်ရောက်ကျူးကျော်တိုက်ခိုက်မှုအတွင်း အစ္စရေးစစ်သား ၆၀ ကျော် သေဆုံးခဲ့သည်။

    Agencies

  • မက်ဆီ၏ ဥရောပသွင်းဂိုး ရော်နယ်ဒို ဖြတ်ကျော်၊ ရာအူးလ်အား ကျော်ဖြတ်ရန် ၆ ဂိုးသာ လိုတော့

    မက်ဆီ၏ ဥရောပသွင်းဂိုး ရော်နယ်ဒို ဖြတ်ကျော်၊ ရာအူးလ်အား ကျော်ဖြတ်ရန် ၆ ဂိုးသာ လိုတော့

    သြဂုတ် ၁၃ ၊ ၂၀၁၄
    M-Media
    444334_heroa
    – ဆီးဗီးလာအသင်းအား အနိုင်ရဗိုလ်စွဲခဲ့သော စူပါဖလားပြိုင်ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့သည့် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ ဘာစီလိုနာအသင်းမှ ပြိုက်ဘက် မက်ဆီ၏ ဥရောပပြိုင်ပွဲ ဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သည်။

    ချန်ပီယံလိဂ်ချန်ပီယံ ရီးယဲလ်နှင့် ယူရိုပါလိဂ်ချန်ပီယံ ဆီးဗီးလားတို့ ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲတွင် ရော်နယ်ဒို၏ ခြေစွမ်းပြမှုနှင့် အတူ ရီးယဲလ်က ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

    ၂ ဂိုး စလုံးကို ရော်နယ်ဒိုက သွင်းယူပေးခဲ့ပြီး ဥရောပပြိုင်ပွဲ စုစုပေါင်းသွင်းဂိုးမှာ ၇၀ ရှိလာပြီဖြစ်ကာ မက်ဆီ၏ ဂိုးအရေအတွက်ထက် ၂ ဂိုး သာလွန်ခဲ့သည်။ ထို့ကြောင့်ဥရောပပြိုင်ပွဲ ဂိုးအမျာဆုံးသွင်းသူများ စာရင်းတွင် အေစီမီလန်တိုက်စစ်မှူးဟောင်း အင်ဇာဂီနှင့်အတူ ဒုတိယနေရာတွင်ရှိနေကာ ထိပ်ဆုံးမှ ရီးယဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်ကို မှီရန် ၆ ဂိုးသာ လိုတော့သည်။

    ထိုပွဲတွင် အသစ်ခေါ်ယူထားသည့် တိုက်စစ်မှူးများဖြစ်သော ဂျိမ်းစ်ရော်ဒရီဂက်ဇ်နှင့် တိုနီကရုစ်တို့လည်း ပါဝင်ကစားခဲ့ပြီး ကရုစ်၏ ကစားပုံနှင့် ပတ်သက်၍ နည်ပြအန်ဆယ်လော့တီက ချီးကျူးခဲ့သည်။

  • လက်နက်အင်အား နည်းနည်းဖြင့် ဘိုကိုဟရမ် အဖွဲ့ကို သွားတိုက်ခိုင်း၍ နိုက်ဂျီးရီးယား စစ်သားမိန်းမများ ဆန္ဒပြ

    လက်နက်အင်အား နည်းနည်းဖြင့် ဘိုကိုဟရမ် အဖွဲ့ကို သွားတိုက်ခိုင်း၍ နိုက်ဂျီးရီးယား စစ်သားမိန်းမများ ဆန္ဒပြ

    သြဂုတ် ၁၃ ၊ ၂၀၁၄
    M-Media
    State of emergency in Nigeria
    – ဘိုကိုဟရမ်အဖွဲ့အား တိုက်ခိုက်ရန်အတွက် တပ်ဖြန့်ချထားခံရသည့် စစ်သားများ၏ ဇနီးများနှင့် ကလေးများက ထိုတပ်ဖြန့်ချထားမှုများကို ကန်ကွက်သည့် ဆန္ဒပြမှုတစ်ခုကို နိုင်ငံမြောက်ပိုင်း ဘိုနိုပြည်နယ်၏ မြို့တော်တွင် ပြုလပ်ခဲ့သည်ဟု သိရသည်။

    မြို့တော် မိုင်ဒူဂူရီရှိ စစ်တပ်ဂိတ်ဝတွင် နှစ်ရက်ကြာပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြမှုအတွင်း အမျိုးသမီး ၃၀၀ ကျော်နှင့် ကလေးငယ် ၅၀၀ ကျော်တို့ ပါဝင်ခဲ့ကြကာ တာယာများမီးရှို့ခြင်း၊ ကြွေးကြော်သံများ ကြွေးကြော်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။  ထို့ပြင် မိမိတို့၏ ခင်ပွန်းများမှာ လက်နက်အားနည်းသောကြောင့် ဘိုကိုဟရမ်အဖွဲ့အား ရင်ဆိုင်ခြင်း မပြုရန်လည်း တောင်းဆိုခဲ့ကြသည်။

    “ကျွန်မတို့ရဲ့ ခင်ပွန်းတွေမှာ ဘာလက်နက်မှမရှိပါဘူး။ ဂိုဇာ ဒါမှမဟုတ် မတည်ငြိမ်တဲ့ နေရာတွေကို သွားဖို့ ခွင့်မပြုနိုင်ပါဘူး။ ကျွန်မတို့ ချစ်ရသူတွေ ဆုံးရှုံးသွားမှာကို မလိုလာပါဘူး” ဟု ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် သာဘီတာ ဂျွန်က ပြောကြားခဲ့သည်။

    စစ်သားတစ်ဦး၏ ဇနီးဖြစ်သူ ရာဟီနာ အလီကလည်း ဘိုကိုဟရမ်အဖွဲ့ လက်နက်ကောင်းကောင်း ကိုင်ထားချိန်တွင် မိမိတို့၏ ခင်ပွန်းများမှာ အညံ့စား လက်နက်များသာရှိကြောင်း ပြောကြားခဲ့သည်။

    ဘိုကိုဟရမ်အဖွဲ့မှာ ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဂိုဇာမြို့အား သိမ်းပိုက်ခဲ့သောကြောင့် အစိုးရတပ်များအနေဖြင့် ထိုမြို့ကို ပြန်လည်သိမ်းယူရန်အတွက် မိုင်ဒူဂူရီမြို့တွင် ပြင်ဆင်နေသည်။

    နိုက်ဂျီးရီးယားမြောက်ပိုင်းတွင် အခြေစိုက်သည့် ဘိုကိုဟရမ်အဖွဲ့မှာ ၂၀၀၉ နှစ်ကတည်းက အကြမ်းဖက်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မေလတွင် အရှေ့မြောက်ပိုင်း ပြည်နယ်သုံးခုကို အစိုးရက အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။

    မိုင်ဒူဂူရီရှိ စစ်သားတစ်ဦးကလည်း အဆိုပါ ဆန္ဒပြမှုများ မှန်ကန်ပြီး မိမိတို့ တပ်ဖွဲ့မှာ အားနည်းသည့် လက်နက်များကို မှီခိုအားထားနေရသည်ဟု ၀န်ခံခဲ့သည်။

    “ကျွန်တော်တို့ဇနီးတွေက ကျွန်တော်တို့ စိတ်ထဲရှိတဲ့အရာတွေကို ထုတ်ပြောနေတာပါ။ ကျွန်တော်တို့ရဲ့ လက်နက်မပြည့်စုံမှုဟာ ဆိုးဆိုးဝါးဝါးကို ဖြစ်နေပါတယ်။ ကျွန်တော်တို့ရဲ့ သေနတ်တွေက အားနည်းတယ်။ တင့်ကားတပ်ဖွဲ့တွေကလည်း အလုပ်အလုပ်ပါဘူး” ဟု အဆိုပါ စစ်သားက ပြောကြားခဲ့သည်။

    မိုင်ဒူဂူရီ စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူကမူ ထိုကိစ္စအတွက် မည်သည့်မှတ်ချက်မှ မပေးခဲ့ချေ။

    AFP

  • ပဲခူး ရေဘေးသင့်သူများသို့ လူမျိုး/ဘာသာ မခွဲခြားဘဲ Community Learning Center မှ လှူဒါန်း

    ပဲခူး ရေဘေးသင့်သူများသို့ လူမျိုး/ဘာသာ မခွဲခြားဘဲ Community Learning Center မှ လှူဒါန်း

    သြဂုတ် ၁၃ ၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအောင်

    10592550_684914124934976_695594097_n

    ပဲခူးမြို့ ရေဘေးသင့်သူများအတွက် ရန်ကုန်မြို့ရှိ Community Learning Center မှ သူငယ်ချင်းတစ်စု စုပေါင်း၍ တစ်ပိုင်တစ်နိုင်အဖြစ် ဆန်၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာ၊ သွားတိုက်ဆေးတို့ကို သြဂုတ်လ ၁၂-ရက်နေ့က သွားရောက်လှူဒါန်းခဲ့သည်။

    ရေဘေးသင့်၍ ပဲခူးမြို့ရှိ အောင်ဇေယျာဘုန်းတော်ကြီးကျောင်း၊ ရွှေနံ့သာ ဘုန်းတော်ကြီးကျောင်းနှင့် ဒါရ်ဂါဗလီတို့တွင် ခိုလှုံနေကြသူများအား ကူညီနေသည့် ဆရာတော်များ၊ ဂေါပကများနှင့် တာဝန်ရှိသူများထံ အိမ်ထောင်စု ၂၅၀ အတွက် အထက်ပါ ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

    “ကျွန်တော်တို့ လှူဒါန်းတာက ဘာသာလူမျိုးမခွဲခြားပဲ လှူဒါန်းတာပါ။ Community Learning Center က သူငယ်ချင်းတွေ စုပြီး လှူတာပါ။ Community Learning Center က မွတ်စလင်တွေအတွက် သီးသန့်မဟုတ်ပါဘူး။ ဘာသာ လူမျိုး အားလုံး ပါဝင်လို့ရပါတယ်။

    10602951_685125971580458_1311792418_n

    အခုဆို သိမ်ဖြူလမ်းမှာဖွင့်ထားတဲ့ Community Learning Center ကို လူမှုရေးလုပ်ငန်းများ၊ သင်တန်းများ၊ workshop များအတွက် မည်သူမဆို အသုံးပြုနိုင်ရန် စီစဉ်ထားပါတယ်။ အခန်းငှားရမ်းမှုအတွက် ငှားရမ်းခ မယူပါဘူး။ စေတနာရှိလို့ ငှားရမ်းမှုအပေါ် ပြန်လည်လှူဒါန်းမယ်ဆိုရင်လည်း လက်ခံမှာပါ။ ပထမတစ်ကြိမ်က မိတ္ထီလာမှာ ကျွန်တော်တို့ လွန်ခဲ့တဲ့ တစ်လလောက်က လှူဒါန်းခဲ့ပါတယ်။

    အခု ပဲခူးမြို့အလှူကလည်း ကျွန်တော်တို့ သူငယ်ချင်းတစ်စု တစ်ပိုင်တစ်နိုင်လှူတာပါ။ နောက်လည်း ကျွန်တော်တို့ နိုင်သလောက် လုပ်ဆောင်သွားမှာပါ”ဟု ကိုသန့်ဇင်ထွေးက M-Media ကို ပြောသည်။