News @ M-Media

ပြည်မြို့ရှိ ဧရာဝတီ ချစ်သူများ ကွန်ယက်မှ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်

သြဂုတ် ၁၇၊ ၂၀၁၄
M-Media
လမင်း
New folder6
ရန်ကုန်။       ။ ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ဧရာဝတီချစ်သူများကွန်ယက်မှ ပြည်သူများမှ မြစ်ဆုံ စီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေး အတွက် ယနေ့ နံနက် သြဂုတ်လ ၁၇ ရက်နေ့တွင် ဆန္ဒဖော်ထုတ်မှု တစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့မှ မြစ်ကြီးနားမြစ်ဆုံသို့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့သည်မှာ ၃ လမြောက်ပြည့်သည့်နေ့တွင် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်ပြီး ဧရာဝတီ ဆုံးရှုံးသွားမည်ကို မလိုလားသောကြောင့် ယခုကဲ့သို့ ဆန္ဒ ဖော်ထုတ်ရခြင်းဖြစ်ကြောင်းကို မြစ်စုံစီမံကိန်း ရပ်ဆိုင်းရေးအတွက် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သူ တစ်ဦးဖြစ်သူ ကိုဇော်ဦးက ရှင်းလင်းပြောကြားခဲ့သည်။

ပြည်မြို့ ဗိုလ်ချုပ်ကျေးရုပ်ရှေ့မှ စတင်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ် လမ်းလျှောက်ခဲ့ကြပြီး CPI ကျဆုံးစေခြင်း အထိမ်းအမှတ်အဖြစ် CPI ဟူသည့် အခေါင်း တစ်ခုပြုလုပ်ပြီး ဧရာဝတီမြစ်တွင် CPI ကျဆုံးပါစေဟု ကြွေးကြော်ခဲ့ကြပြီး ရေမျှောခဲ့ကြသည်။

“ဧရာဝတီမြစ်ကြီးဟာ ပြည်သူ သန်း ၆၀ လုံး နဲ့သက်ဆိုင်နေပါတယ်။ ကျွန်တော်တို့မှာ မောင်းထုတ်ဖို့ တာဝန်တစ်ခုရှိပါတယ်။ တတ်နိုင်သမျှ ပြည်သူတွေ အားလုံးပါဝင်ဖို့လည်း လိုပါတယ်။ ကျွန်တော်တို့ကတော့ သေတဲ့ အထိတိုက်ပွဲဝင်သွားမှာပါ ” ဟု ဆန္ဒဖော်ထုတ်သူ တစ်ဦးက ဆိုသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်  မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားမည်ဟု အမိန့်ထုတ်ပြန်ခဲ့သော်လည်း ယခုမြစ်ဆုံဆောက်လုပ်ရေး စီမံကိန်းများ ပြန် စတင်မည့်ဆိုသည့် သတင်းများကြောင့် ဧရာဝတီမြစ်ဆုံ စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းပေးရန်အတွက် တက်ကြွ လှုပ်ရှားသူများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများက မတ်လ၂၃ ရက်နေ့နံနက် ၆ နာရီမှစကာ ရွှေတိဂုံဘုရား တောင်ဘက်မုဒ်မှစတင်ပြီး မြစ်ဆုံထိအောင် လမ်းလျှောက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Comments

Leave a Reply