News @ M-Media

Blog

  • အီဘိုလာ ရောဂါဖြစ်ပွားသော နိုင်ငံများမှ ဟဂ်ျ ဘုရားဖူးများ ယခုနှစ် ပိတ်ပင်

    အီဘိုလာ ရောဂါဖြစ်ပွားသော နိုင်ငံများမှ ဟဂ်ျ ဘုရားဖူးများ ယခုနှစ် ပိတ်ပင်

    သြဂုတ် ၆ ၊ ၂၀၁၄
    M-Media
    012629mecca_2900228c
    ရိယာ့ဒ်။      ။ဟဂ်ျရာသီအတွင်း ဟဂ်ျခရီးသည်များအား ကာကွယ်စောင့်ရှောက်ရေးတာဝန်တစ်ရပ်အရ – အီဘိုလာရောဂါဖြစ်ပွားနေသော အနောက်အာဖရိကနိုင်ငံများမှ မွတ်စ်လင်မ်တို့ကို ဟဂ်ျခရီးစဉ် ယခုနှစ်၌ တားမြစ်ကြောင်း ဆော်ဒီအာရေဗျမှ ကြေညာလိုက်သည်။

    “ဒေသတွင်းအ၀င်လေဆိပ်များက အာဏာပိုင်တွေအားလုံးကို ကျွန်တော်တို့ ညွှန်ကြားထားပါတယ်။ ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေကို အီဘိုလာရောဂါလက္ခဏာ ဆန်းစစ်ရေး၊ တုန့်ပြန်ရေးနဲ့ ဗိုင်းရပ်စ် မကူးစက်အောင်ထိန်းချုပ်ရေးနဲ့  ပတ်သက်လို့ လေ့ကျင့် ထားပြီးလည်း ဖြစ်ပါတယ်” ဟု ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခါလစ် မရ်ဃလန်က Arabian Business သို့ သြဂုတ်လ (၄)ရက်၊ တနင်္လာနေ့တွင် ပြောကြားသည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ စတင်ဖြစ်ပွားသော ဖေဖော်ဝါရီလမှစ၍ အီဘိုလာရောဂါကြောင့် ဂီနီနှင့် ဆိုင်ရာလီယွန် နှစ်နိုင်ငံ၌ သေဆုံးသူ ဦးရေ ၈၀၀ ၀န်းကျင်ရှိပြီဖြစ်ပြီး၊ ထိုနိုင်ငံများမှတဆင့် လိုက်ဘေးရီးယားသို့လည်း ကူးစက်လာခဲ့သည်။

    အီဘိုလာရောဂါကို ကွန်ဂိုဒီမိုကရက်သမ္မတနိုင်ငံ၌ဖြစ်ပွားပြီးနောက် (၁၉၇၆)ခုနှစ်တွင် စူးစမ်းဖော်ထုတ်နိုင်ခဲ့သည်။ ယခုအခါ ကုထုံး မရှိသေးသောယင်းရောဂါဒဏ်ကို အပြင်းထန်ဆုံး ကူးစက်ခံစားနေရသည်မှာ ဂီနီ နိုင်ငံ ဖြစ်ကြောင်း သိရသည်။ ရောဂါကူးစက်ပြန့်နှံ့လျက် ရှိသည့် နိုင်ငံများသို့ လေကြောင်း ခရီးစဉ် ခေတ္တ ရပ်ဆိုင်းထားသည့်နိုင်ငံများအနက် ယူအေအီးသည်လည်း အပါအ၀င်ဖြစ်သည်။

    ယခုနှစ် ဟဂ်ျခရီးသည်များ ရောဂါကူးစက်ခံရမှုမှ ကာကွယ်ရေးအတွက် သက်ဆိုင်ရာ ယာဉ်စခန်းနှင့် လေဆိပ်အားလုံးသို့ စည်းကမ်းချက်များ ပိုမိုတင်းကြပ်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနမှ ဆိုသည်။

    OnIslam

  • နာဆာရဲ့ ထူးခြားတဲ့ အင်ဂျင် (M-Media Tech ကဏ္ဍ)

    နာဆာရဲ့ ထူးခြားတဲ့ အင်ဂျင် (M-Media Tech ကဏ္ဍ)

    သြဂုတ် ၆ ၊ ၂၀၁၄
    M-Media
    တင်ဆက်သူ- daythanix

    EmDrive

    EmDrive လို့ခေါ်တဲ့ အင်ဂျင်မှာ ဂျက်အင်ဂျင်လို တွန်းကန် ထုတ်လွှတ်တဲ့ အရာတစ်ခုမှ မပါပါဘူး။ အဲ့ဒါကြောင့် အဟုန်တည်မြဲမှု နိယာမကို ချိုးဖေါက်တဲ့အတွက် အလုပ် မဖြစ်နိုင်ဘူးလို့ အချို့က ယူဆပါတယ်။

    EmDrive တည်ဆောက်ပုံကတော့ အလုံပိတ် ထုလုံးရှည်ရဲ့ မျက်နှာပြင်သေးတဲ့ တစ်ဘက်စွန်းကနေ microwave ထုတ်လွှတ်ပေးတဲ့ အခါမှာ ဘေးဘက်နံရံကို အကြိမ်ကြိမ် လှိုင်းရိုက်ခတ်မှုတွေဖြစ်ပြီး မျက်နှာပြင်ကျယ်တဲ့ တစ်ဘက်စွန်းကို ပိုမို တုန်ခါစေခြင်းဖြင့် ထွန်းကန်အားကို ရရှိမှာ ဖြစ်ပါတယ်။  EmDrive ရဲ့ သဘောတရားကို တွေးခေါ်တီထွင်သူကတော့ Roger Shawyer ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က ဒီအင်ဂျင်ကို တည်ဆောက်ခဲ့စဉ်က 17mN ပဲတွန်းကန်အားရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ တရုတ်နိုင်ငံက သုတေသီYang Juan နဲ့အဖွဲ့က တည်ဆောက်တဲ့ အင်ဂျင်ကတော့720mN တွန်းအားရရှိခဲ့ပါတယ်။ အခုအခါမှာတော့ နာဆာရဲ့ စိတ်ဝင်စားမှုရရှိလာပြီး အာကာသ ခရီးရှည်သွားမယ့် ယာဉ်တွေမှာ အသုံးပြုဖို့ သုတေသနပြုနေပါတယ်။

  • အစ္စရေး အား ပံ့ပိုးခြင်း မရှိဟု Tesco Malaysia ကြေညာချက်ထုတ် ဖြေရှင်းရ

    အစ္စရေး အား ပံ့ပိုးခြင်း မရှိဟု Tesco Malaysia ကြေညာချက်ထုတ် ဖြေရှင်းရ

    သြဂုတ် ၆ ၊ ၂၀၁၄
    M-Media
    Tesco Malaysia ကုမ္ပဏီသည် မိမိ၏ဈေးကွက်ကြီးမှ အကျိုးအမြတ်များနှင့် ပတ်သက်၍ အစ္စရေးအား ပံ့ပိုးမှုကို မည်သည့်အခါမျှ လမ်းကြောင်း မပေးခဲ့ကြောင်း  နေရာအသီးသီးမှ စွပ်စွဲချက် သတင်းများအပေါ် စာထုတ်ပြန်လိုက်သည်။

    အများပြည်သူလူထု ပါဝင်သော နိုင်ငံရေး ကင်းရှင်းသည့် ကုမ္ပဏီဖြစ်သည်နှင့်အညီ နိုင်ငံရေး အခြေတည် လှူဒါန်းမှုနှင့် ပံ့ပိုးမှု မှန်သမျှ  မဖန်တီးပါ ဟူသော မူဝါဒအပေါ် အပြည့်အ၀ ရပ်တည်ကြောင်း Tesco Malaysia ၏ အစိုးရဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဒါရိုက်တာ အဇ်လမ် ရှားအေလိယပ်စ်က ဆိုသည်။

    “ ဘယ်လိုစွပ်စွဲချက်မဆို တနည်းနည်းနဲ့ သိက္ခာချဖို့ ရည်ရွယ်တာလို့ သတ်မှတ်မှာဖြစ်ပါတယ်။ Tesco plc ဟာ အများလူထုပါဝင်တဲ့ ယူကေအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ရှယ်ယာရှင်တွေ ပါဝင်နေပါတယ်။ စီးပွားရေးလုပ်ငန်းကို တာဝန်သိသိ ကျင့်ဝတ် သိက္ခာရှိရှိ လုပ်ဆောင်သွားမယ်ဆိုတာ ကျွန်တော်တို့ရဲ့ ပင်မ တန်ဖိုး(စည်းမျဉ်း)များထဲက တစ်ခုဖြစ်ပါတယ်။ ဒီစည်းကမ်းချက်ကို ကျွန်တော်တို့ ဆုပ်ကိုင် ရပ်တည်လျက် ရှိပါတယ် ” ဟု ကုမ္ပဏီ၏ဖေ့စ်ဘွတ် စာမျက်နှာပေါ်တင်ထားသော ထုတ်ပြန်ချက်၌ တွေ့ရသည်။

    Tesco သည် မလေးရှားနိုင်ငံသားပေါင်း တစ်သောင်း တစ်ထောင် အထက်ကို အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ပေးထားကြောင်း၊ အသေးစားမှ အလတ်စား အဆင့် လုပ်ငန်းများ အပါအ၀င် ပြည်တွင်း လိုအပ်ချက်ပေါင်း ၃၀၀၀ ကျော်ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း အဇ်လမ်ရှားက ပြောကြားသည်။

    “ ဒါတင်မကသေးပါဘူး။ လက်ရှိအစီအစဉ်အားဖြင့် ဆင်းရဲနွမ်းပါးချို့တဲ့သူတွေကို ကူညီပေးတဲ့ ထိရောက်သော ပရိုဂရမ်တွေမှာလည်း ပါဝင်ကူညီနေပါတယ်။ အထူးသဖြင့် ရမ်ဿွာန်လမြတ်နဲ့ အီးဒုလ် ဖစ်သ်ွရ် ကာလအတွင်းမှာဖြစ်တယ်”။

    အစ္စရေးနှင့် ချိတ်ဆက်မှု ရှိနေသည်ဆိုသော စွပ်စွဲချက်များကြောင့် ကုမ္ပဏီအား သပိတ်မှောက်ရန် ဆိုရှယ်မီဒီယာအသုံးပြုသူများ၏ လှုံ့ဆော်ဝေဖန်ခြင်းဒဏ်ကို လက်ရှိ အခြေအနေတွင် Tesco မှ ပြင်းထန်စွာ ရင်ဆိုင်နေရသည်။

    Ref : English Astroawani

    malay tesco
    တနင်္ဂနွေနေ့က Facebook စာမျက်နှာပေါ်တင်လိုက်သော Tesco Malaysia ၏ ထုတ်ပြန်စာ
  • ကျူးဘားရှိ HIV တားဆီးရေး လုပ်ငန်းကို အမေရိကန်မှ ထောက်လှမ်းရေးအတွက် သုံးချနေ

    ကျူးဘားရှိ HIV တားဆီးရေး လုပ်ငန်းကို အမေရိကန်မှ ထောက်လှမ်းရေးအတွက် သုံးချနေ

    သြဂုတ် ၆ ၊ ၂၀၁၄
    M-Media
    Aid groups slam secret US scheme in Cuba
    – ကျူးဘားရှိ USAID အဖွဲ့မှ ဆောင်ရွက်နေသော HIV တားဆီးရေးလုပ်ငန်းကို အမေရိကန်က နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် လျှို့ဝှက် အသုံးချနေမှုကို နိုင်ငံတကာ ကျန်းမာရေး ၀န်ထမ်းများနှင့် အမေရိကန် ကွန်ဂရက် အဖွဲ့ဝင်များက ရှုတ်ချလိုက်ပြီး ထိုလုပ်ရပ်မှာ ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေး အစီစဉ်များအား အန္တရာယ်ရှိစေသည်ဟု ပြောကြားခဲ့သည်။

    “HIV တားဆီးရေးလုပ်ငန်းကို ထောက်လှမ်းရေး ရည်ရွယ်ချက်နဲ့ အသုံးပြုနေတာဟာ လက်မခံနိုင်စရာပါပဲ။ ဒီလိုရည်ရွယ်ချက်အတွက် အခြေခံကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းတွေ ဒါမှမဟုတ် ရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့တွေကို စေလွှတ်ပြီး စတေးခံခိုင်းတာမျိုး အမေရိကန်အစိုးရက မလုပ်ဆောင်သင့်ပါဘူး” ဟု ကမ္ဘာလုံးဆိုင်ရာ အစိုးရမဟုတ်သည့် အကူအညီပေးရေးအဖွဲ့များ၏ မိတ်ဖတ်အဖွဲ့ဖြစ်သည့် InterAction က ပြောကြားခဲ့သည်။

    ဆီးနိတ်လွှတ်တော်အမတ် ပက်ထရစ်လီဟေးကလည်း USAID အနေဖြင့် HIV တားဆီးရေး လုပ်ငန်းကို နိုင်ငံရေးဆိုင်ရာ ကဏ္ဍအတွက် အသုံးပြုခဲ့ပါက ထိုလုပ်ရပ်မှာ တာဝန်မယူခြင်းထက် ပိုမိုဆိုးရွားသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ၂၀၀၉ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ နိုင်ငံရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများကို စုဆောင်းရန်အတွက် USAID အဖွဲ့မှာ လက်တင်အမေရိကမှ ကျူးဘားအထိ လူငယ် တစ်ဒါဇင်နီးပါးကို အသုံးချခဲ့သည်ဟု AP သတင်းဌာန၏ စုံစမ်းမှုများအရ သိရသည်။

    အမေရိကန်အစိုးရအဖွဲ့ကမူ ကျူးဘားနိုင်ငံတွင် ဒီမိုကရေးစီ တိုးတက်ရေး လုပ်ငန်းအတွက် HIV တားဆီးရေး လုပ်ငန်းကို အသုံးချခဲ့သည်ဟု ကာကွယ်ပြောကြားခဲ့သော်လည်း နိုင်ငံရေး ရည်ရွယ်ချက်များအတွက် ရှေ့ပြေး လုပ်ဆောင်ချက်ဖြစ်သည်ဆိုသည့် ပြောကြားချက် အတွက် ငြင်းချက်ထုတ်ခဲ့သည်။

    “ဒီအစီစဉ်ဟာ ကျူးဘားလူ့အဖွဲ့အစည်းအတွက် အထောက်အပံ့ဖြစ်စေပါတယ်။ ဒုတိယ အကျိုးကျေးဇူး အနေနဲ့ HIV တားဆီးရေးနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်၊ လေ့ကျင်သင်ကြားမှု အတွက် ကျူးဘားနိုင်ငံသားတွေဖော်ပြတဲ့ အလိုဆန္ဒကို အသေးစိတ် ဖြေရှင်းပေးတာမျိုးတွေလည်း ဖြစ်စေပါတယ်။ အများသိသလိုပဲ ကမ္ဘာတစ်ဝှမ်း ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒီလိုအချက်အလက်တွေ ရရှိဖို့ အတွက် ကျွန်မတို့ဟာ ဒီစီအစဉ်တွေကို ပြုလုပ်ပါတယ်” ဟု အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီက ပြောကြားခဲ့သည်။

    အင်တာဗျူးများနှင့် စာရွက်စာတမ်းများအရ အဆိုပါ အစီအစဉ်မှာ ကျူးဘား၏ ကက်စရို အစိုးရအား ဆန့်ကျင်သူ လူငယ်မျိုးဆက်သစ်များ အားဖြည့်စုဆောင်းရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု ဖော်ပြနေသည်။ ကျူးဘားနိုင်ငံတွင် နိုင်ငံရပ်ခြား ဒီမိုကရေစီ တည်ဆောက်ရေး အစီအစဉ်များနှင့် ပူးတွဲဆောက်ရွက်ခြင်းမှာ တရားမ၀င်ဟု ပြဌာန်းထားသည်။

    AP

  • လူတိုင်း ဖုန်းကိုင်နိုင်ကြလေပြီ

    လူတိုင်း ဖုန်းကိုင်နိုင်ကြလေပြီ

    သြဂုတ် ၆ ၊ ၂၀၁၄
    Cartoon- Artist Lagoon Eain

    106