သြဂုတ် ၆ ၊ ၂၀၁၄
Cartoon- Artist Lagoon Eain
Blog
-

သုံးရက်ကြာ အပစ်ရပ်စဲရေး ဂါဇာ၌ စတင်၊ အစ္စရေး မြေပြင်တပ်များဆုတ်ခွာ
သြဂုတ် ၅ ၊ ၂၀၁၄
M-Media

– အီဂျစ်မှ ကြားဝင်စေ့စပ်ပေးခဲ့သည့် ၇၂ နာရီကြာ အပစ်ရပ်ရေးမှာ ယနေ့နံနက်တွင် ဂါဇာ၌ စတင်ခဲ့ပြီး ဂါဇာအတွင်းရှိ အစ္စရေးစစ်တပ်များလည်း ဆုတ်ခွာသွားခဲ့ပြီဟု သိရသည်။ဆုတ်ခွာသွားသည့် အစ္စရေးတပ်များမှာ ဘီအစ်ဟန်နွန်ဒေသနှင့် ရာဖာတောင်ပိုင်း ဒေသတို့မှဖြစ်ပြီး ပါလက်စတိုင်းများမှာ ၎င်းတို့၏ နေရပ်များသို့ ပြန်လည် လာရောက်နေကြသည်။
အပစ်ရပ်မှုစတင်ပြီးနောက် အစ္စရေးနှင့် ဟားမက်စ် နှစ်ဘက်စလုံးမှ ပစ်ခတ်မှု အနည်းငယ်စီ ရှိခဲ့သည်။ အစ္စရေးဘက်ကမူ ၎င်းတို့မှာ ဟားမက်စ်၏ လှိုဏ်ခေါင်း ၃၂ ခုထက်မနည်း ဖျက်ဆီးခဲ့ပြီးပြီဟု ကြေညာခဲ့သည်။
သုံးရက်တာအပစ်ရပ်မှုအတွင်း အစ္စရေးနှင့် ပါလက်စတိုင်းတာဝန်ရှိသူများ တစ်ဆင့်ခံ ငြိမ်းရေးဆွေးနွေးရေး ကိုင်ရိုသို့ လာရောက်ရန်အတွက် အီဂျစ်က ဖိတ်ခေါ်ထားပြီး ဟားမက်စ်အဖွဲ့မှ ကိုယ်စားလှယ်များမှာ ကိုင်ရိုသို့ ရောက်ရှိနေပြီဖြစ်သည်။
ဇွန်လ ၈ ရက်နေ့က စတင်ခဲ့သည့် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း စုစုပေါင်း ၁၈၆၇ ဦးသေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်များနှင့် အမျိုးသမီးများ ဖြစ်ကြသည်။ လေကြောင်းနှင့် မြေပြင်မှ တိုက်ခိုက်မှုများတွင် အစ္စရေးမှာ ဆေးရုံ၊ စာသင်ကျောင်း၊ ကယ်ဆယ်ရေးစခန်း စသည့် အရပ်ဖက်ဆိုင်ရာ ပစ်မှတ်များကိုလည်း တိုက်ခိုက်ခဲ့သည်။
ဟားမက်စ်တို့ကလည်း အစ္စရေးပိုင်နက်အတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး အစ္စရေး အရပ်သားတစ်ဦးနှင့် ထိုင်းရွှေ့ပြောင်းလုပ်သားတစ်ဦးတို့ သေဆုံးခဲ့သည်။ ဂါဇာအား မြေပြင်မှ ကျူးကျော်တိုက်ခိုက်မှုများအတွင်း အစ္စရေး စစ်သား ၆၀ ကျော်ကို ဟားမက်စ်တို့က သုတ်သင်နိုင်ခဲ့သည်။
-

မော်လမြိုင် အောက်လမ်းမကြီးက မီးပွိုင့်ပြင်ပေးစေချင် (ပြည်သူ့အသံ)
သြဂုတ် ၅ ၊ ၂၀၁၄
M-Media
ပေးပို့သူ – ဟန်လင်း

မော်လမြိုင်၊ အောက်လမ်းမကြီး ချမ်းသာ မင်္ဂလာခန်းမနားက မီးပွိုင့်ပါ။အခုလိုဖြစ်နေတာလဲပြင်မယ်သူမရှိပါဘူး။ ပျက်နေတဲ့အတိုင်းထားထားတာ ကြနေပါပြီ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်သိရှိအောင် M-Media ကတဆင့် တောင်းဆိုပါတယ်။
** ပြည်သူ့ကဏ္ဍအတွက် [email protected] သို့ ပေးပို့နိုင်ပါတယ်။
-

ရန်ကုန်မြို့တွင် ၃ ပတ်အတွင်း လိုင်စင်ပိတ်သိမ်းခံရမှု ၅၀ ကျော်
သြဂုတ် ၅၊ ၂၀၁၄
M-Media
လမင်းရန်ကုန် ။ ။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သည့် ယာဉ်မောင်းလိုင်စင်များအား ဥပဒေနှင့်အညီ ပြစ်မှုအမျိုးအစားအလိုက်ရုပ်သိမ်း (ပိတ်သိမ်း) ကာလတွင် ၃ ပတ်အတွင်း လိုင်စင်ပိတ်သိမ်းခံရမှုမှာ ၅၉ မှုရှိနေပြီဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ဌာနမှ ထုတ်ပြန်ထားသော သတင်းများအရ သိရသည်။
“ကျွန်တော်တို့ အရေးယူမယ့်နေ့မတိုင်မီကတည်းက သတင်းစာတွေ မှာကြေညာာထားပါတယ်။ ပညာပေးကာလ ကလည်းပြီးသွားပြီဖြစ်တဲ့အတွက် ထိရောက်စွာအရေးယူနေရခြင်းဖြစ်ပါတယ် ” ဟု အမှတ် (၂)ယာဉ်ထိန်းရဲဌာနမှ ဒုရဲမှူးကြီး လင်းထွဋ်က ရှင်းလင်းပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ ယခင် ၉ ဖွဲ့ရှိရာ ယခု ၁ ဖွဲ့တိုးပြီး ၁၀ ဖွဲ့ဖြင့် လှည့်လည်၍ စည်းကမ်းမဲ့ယာဉ်များအား လိုက်လံဖမ်းဆီးလျက်ရှိပါသည်။ ယာဉ်ထိန်းရဲ အင်အားကိုလည်း ၁၅၀ နီးပါး ထပ်မံတိုးမြှင့်ထားပြီး စည်းကမ်းမဲ့ယာဉ်များကို ထိရောက်စွာ အရေးယူနေကြောင်း သိရသည်။
မီးနီဖြတ်ခြင်း၊ အရက်သေစာသောက်စားမောင်းနှင်ခြင်း၊ မရပ်ရနေရာတွင်ရပ်ခြင်း၊ အမြန်နှုန်းကန့်သတ်ချက်ထက်ပိုမောင်းခြင်း စသည့်ဖြင့် ပြစ်မှုအမျိုးအစား ၁၄ မျိုးဖြင့် ယာဉ်လိုင်စင်များကို နှစ်အလိုက် ပိတ်သိမ်းမှုများပြုလုပ်ပြီး အရေးယူလျက်ရှိနေသည်။
ယာဉ်မောင်းသမားများ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ပါက ယာဉ်မောင်းလိုင်စင်အား ရာသက်ပန်ပိတ်သိမ်းမည်ဖြစ်ကြောင်းကိုလည်း အမှတ်(၂) ယာဉ်ထိန်းရဲဌာနမှ သတင်းထုတ်ပြန်ထားသည်။ -

PR စနစ်ကန့်ကွက်မှုကို မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ တက်ကြွလှုပ်ရှားသူပြည်သူများက ဆန္ဒဖော်ထုတ်ခဲ့ကြ
သြဂုတ် ၅၊ ၂၀၁၄
M-Media
လမင်းရန်ကုန် ။ ။ ပြည်ထောင်စုလွှတ်တော်တွင် PR စနစ်တင်သွင်းမှုအပေါ် ကန့်ကွက်ကြသည့် အနေဖြင့် ပြည်သူ့လှုပ်ရှားမြှုမှင့်တင်ရေး ကွန်ရက်မှ ဦးဆောင်ပြီး တက်ကြွ လှုပ်ရှားသော ပြည်သူများက ယနေ့ သြဂုတ်လ ၅ ရက်နေ့ နေ့လည် ၁ နာရီတွင် ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့တွင် ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် အသွင်ကူးပြောင်းရေးနှင့် နိုင်ငံရေးအလှည့်အပြောင်း ဦးတည်နေသည့် ဒီမိုကရေစီကူးပြောင်းရေး ကာလဖြစ်ရာ ယခုကဲ့သို့ PR စနစ်တင်သွင်းခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း ပြည်သူ့ ဆန္ဒလှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်မှ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
“လွှတ်တော်ရဲ့အရှေ့မှာတပ်ထားတဲ့ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ ဆိုတဲ့စကားကသာ အမှန်ဆိုရင် ကျွန်တော်တို့တွေရဲ့ဆန္ဒတွေကို လိုက်လျောပေးပါ။ ကျွန်တော်တို့ပြည်သူတွေကတော့ ဒါကို မပြုမပြင်ခြင်းတောင်းဆိုနေမှာပါ” ဟုတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုမြတ်ကျော်က သုံးသပ်ပြောကြားခဲ့သည်။
PR ကန့်ကွက်ဆန္ဒပြသူများသည် ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့မှစတင်ကာ မြို့တော်ခန်းမ တစ်ပတ်ပတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ကြွေးကြော်သံများနှ င့်အတူ လမ်းလျောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဆန္ဒပြရာတွင် ပါဝင်သူ တစ်ဦးဖြစ်သူကလည်း “ဒီလောက်မိုးတွေရွာနေတဲ့ကြားက တာဝန်သိတဲ့ပြည်သူတစ်ယောက်အနေနဲ့ အခုလိုပါဝင်ရတာပါ။ ဒီ PR စနစ်ဆိုတာက ဘယ်လိုမှပြည်သူတွေ လက်ခံလို့မရတဲ့အရာပါ” ဟု ဆိုခဲ့သည်။
အဆိုပါဆန္ဒပြပွဲသည် ရန်ကုန်မြို့ ဟစ်တိုင်တွင်သာ ခွင့်ပြုမိန့်ရခဲ့သော်လည်း ဆန္ဒဖော်ထုတ်သူများသည် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ခွင့်ပြုချက်မရပဲ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
Facebook တွင် ဓါတ်ပုံ ကြည့်ရန် Click Here



