News @ M-Media

Blog

  • ဂါဇာမှ ဆေးရုံအား အစ္စရေးက တင့်ကားဖြင့်ပစ်၊ ၁၄ ရက်အတွင်း သေဆုံးသူ ၅၀၀ ကျော်ရှိပြီ

    ဇူလိုင် ၂၁ ၊ ၂၀၁၄
    M-Media
    140718160742-28-israel-gaza-horizontal-gallery
    – ဂါဇာဒေသအား အစ္စရေးက ယနေ့တွင်လည်း မြေပြင်မှ ဆက်လက်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ဂါဇာကမ်းမြှောင်ရှိ အလ်-အက္ကဆာ ဆေးရုံအား တင့်ကားအမြောက်ဖြင့် ပစ်ခတ်မှုအတွင်း အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    Deaths as Israeli tanks shell Gaza hospitalဒီယာ အလ်-ဘာလာဟ်ရှိ အဆိုပါဆေးရုံတတိယထပ်အား အနည်းဆုံး အမြောက်သုံးလုံး ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိသူ ၇၀ ရှိခဲ့သည်။ ဒီယာ အလ်-ဘာလာဟ်ဒေသမှာ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးခဲ့ရသည့် ပါလက်စတိုင်းများ သွားရောက်ခိုလှုံရာ ဒေသလည်းဖြစ်သည်။

    အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်တစ်ဦးကလည်း ဆေးရုံတွင် ဒဏ်ရာရသူများနှင့် ပြည့်နှက်လျက်ရှိပြီး မိမိတို့အနေဖြင့် မည်သည်ကိုမျှ လုပ်မပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု၏ ပြောရေးဆိုခွင့်ရှိသူ မာ့က်ရီဂျစ်ဗ်ကမူ အဆိုပါဆေးရုံအား ဟားမက်စ်အဖွဲ့က အသုံးပြုနေသည်ဟု ပြောကြားခဲ့သည်။

    10500547_659075547507619_7197355862961422316_n11
    သို့သော်လည်း အလ်-အက္ကဆာဆေးရုံမှာ ဒါရိုက်တာဖြစ်သူ ဒေါက်တာ မဒ်ဟတ် အဘတ်စ်ကမူ အစ္စရေး၏ ထိုကဲ့သို့ပြောဆိုခြင်းမှာ အကြီးအကျယ် လိမ်ခြင်းသာဖြစ်သည်ဟု ပြောဆိုခဲ့သည်။

    “(ဒီစွပ်စွဲမှု မဟုတ်ဘူးဆိုတာကို) သက်သေပြဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဘယ်သူ့ကိုမဆို ကျွန်တော်စိန်ခေါ်ပါတယ်။ ကျွန်တော်တို့ဆေးရုံမှာ ဘာလက်နက်မှ မရှိပါဘူး။ စုံးစမ်းစစ်ဆေးမှုခံယူဖို့ ကျွန်တော်တို့အသင့်ပါပဲ။ ဘယ်လိုနိုင်ငံတကာအဖွဲ့အစည်းမျိုးမဆို ကျွန်တော်တို့ဆေးရုံကိုလာရောက်ပြီး စစ်ဆေးလို့ရပါတယ်။ သူတို့(အစ္စရေးဟာ) ဖရော်ဖက်ရှင်နယ် လူလိမ်တွေ၊ လူသတ်သမားတွေပါ” ဟု အဘတ်စ်က ပြောကြားခဲ့သည်။

    ဂါဇာရှိဆေးရုံးအား အစ္စရေးတို့မှ တိုက်ခိုက်ခြင်းမှာ ယခုအချိန်တွင် ပထမဆုံးမဟုတ်ဘဲ ကြာသာပတေးနေ့ကလည်း ဘအက်စန် အီလာရှီထိ အလ်ဝါဖာ ဆေးရုံသို့ အစ္စရေးတင့်ကားများက အမြောက်ဖြင့် ပစ်ခတ်ခဲ့သည်။

    FC481E50-70B2-4002-A70F-6E00D77CA731_cx0_cy8_cw0_mw1024_s_n

    လွန်ခဲ့သည့် နှစ်ပတ်က စတင်ခဲ့သည့် ဂါဇာသို့ အစ္စရေး၏ ကျူးတိုက်ခိုက်မှုအတွင်း သေဆုံးသူမှာ ၅၃၂ ဦးရှိလာခဲ့ပြီးဖြစ်ပြီး အများစုမှာ ကလေးငယ်များနှင့် အမျိုးသမီးများဖြစ်ကြသည်။ မြေပြင်တိုက်ခိုက်မှုများစတင်ခဲ့သည်မှာ ၄ ရက်ရှိပြီဖြစ်ပြီး တိုက်ခိုက်မှုများအတွင်း အစ္စရေး စစ်သား ၁၈ ဦးသေဆုံးခဲ့သည်။

    Al Jazeera
  • အစ္စလာမ် ဘာသာဝင်တို့ အတွက် ရမ်ဇာန် စကားလက်ဆောင်ကို ဗာတီကန်မှ ထုတ်ပြန်

    ဇူလိုင် ၂၁၊ ၂၀၁၄
    M-Media
    Adhan-in-Vatican
    – အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လကို ဂုဏ်ပြုသောအားဖြင့် ဗာတီကန်မှ ပုပ်ရဟန်းမင်းကြီး၏ ဘာသာပေါင်းစုံ ညှိနှိုင်းဆွေးနွေးရေးကောင်စီမှ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များ အတွက် ရမ်ဇာန်စကားလက်ဆောင်ကို ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

    “ဘုရားသခင်ဖန်ဆင်းထားတဲ့ မနုဿလူ့မိသားစုထဲမှာ ခရစ်ယာန်နဲ့ မွတ်စလင်တွေဟာ ညီအစ်ကို မောင်နှမတွေပါပဲ။ ကျွန်တော်တို့ကြားထဲက မတူညီတာတွေကို သတိပြုနိုင်ပြီး ကျွန်တော်တို့မှာရှိတဲ့ ဘုံတူညီမှုတွေအတွက် ဘုရားသခင်ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်” ဟု အဆိုပါကောင်စီမှ ဥက္ကဌနှင့် အတွင်းရေးမှုတို့မှ ထုတ်ပြန်သော စကားလက်ဆောင်ကို Catholic World News သတင်းစာမှ ဇူလိုင် ၁၈ ရက်နေ့တွင် ဖော်ပြခဲ့သည်။

    မိမိတို့အနေဖြင့် အပြန်အလှန်လေးစားမှုနှင့် ရင်းနှီးချစ်ကြည်မှုတို့အပေါ် တည်ဆောက်ထားသော အကျိုးဖြစ်ထွန်းသည့် ဆွေးနွေးမှု များကို မြှင့်တင်ရေး အရေးပါမှုကို မိမိတို့မှ အသိအမှတ်ပြု နားလည်ပါကြောင်း၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် လူတိုင်းလူတိုင်း၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာတို့အတွက် အတူတကွ လုပ်ဆောင်သွားရန် ကျွန်ုပ်တို့မှ တိုက်တွန်းပါကြောင်း စသဖြင့်လည်း ဖော်ပြထားသည်။

    ထို့ပြင် ငြိမ်းချမ်းရေးပေါင်းကူးတံတား တည်ဆောက်ရေးအတွက် တိုက်တွန်းခဲ့ပြီး ထိုကဲ့သို့ ရင်းနှီးချစ်ကြည်မှုက ရင်ကြားစေ့ရေးကို တိုးမြှင့်စေမည်ဖြစ်ပြီး တင်းမာမှုများနှင့် ပဋိပက္ခများကို ရပ်တန့်စေမည်ဟု ဆိုသည်။

    “ရင်းနှီးချစ်ကြည်မှုတွေဟာ အသိဥာဏ်၊ အမြှော်အမြင်နဲ့  စိန်ခေါ်မှုတွေကို ပူးပေါင်းရင်ဆိုင်ဖို့စေ့ဆော်ပေးပါတယ်။ ဒီနည်းလမ်းက တင်းမာမှုနဲ့ ပဋိပက္ခကို လျော့ကျဖို့၊ ကောင်းမွန်တဲ့ ဘုံတူညီမှုတွေကို တိုးတက်စေဖို့ ကူညီပါလိ့မ်မယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ဘာသာတရားဟာ သဟဇာတဖြစ်စေတဲ့ ရင်းမြစ်ကြီးတစ်ခုဆိုတာကိုလည်း ကျွန်တော်တို့ ပြသရပါလိ့မ်မယ်”

    ထိုကဲ့သို့သော စကားလက်ဆောင်များကို ဗာတီကန်မှ ရမ်ဇာန် ဥပုသ်လတိုင်း ထုတ်ပြန်လေ့ရှိပြီး ပြီးခဲ့သည့်နှစ်က ထုတ်ပြန်သော စကားလက်ဆောင်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သည်။

    Ref: OnIslam & News Agencies

  • အိမ်ပြန်ခရီး ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီအသင်း အောင်ပွဲခံအပြီး ချန်ပီယံ ဖလား အနည်းငယ်ပဲ့သွား

    ဇူလိုင် ၂၁ ၊ ၂၀၁၄
    M-Media
    436968_heroa
    – ကမ္ဘာ့ဖလားရရှိခဲ့သည့် ဂျာမနီအသင်း အိမ်ပြန်ရောက်ပြီးနောက် အောင်ပွဲခံရာတွင် ကမ္ဘာ့ဖလားမှာ အနည်းငယ်ပဲ့သွားခဲ့သည့်ဟု ဂျာမနီဘောလုံးအဖွဲ့ချုပ် DFB က ပြောကြားလိုက်သည်။

    ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဂျာမနီမှာ အာဂျင်တီးနားအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် သမိုင်းတစ်လျှောက် စတုတ္တအကြိမ်မြောက်အဖြစ် ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။ အောင်ပွဲရရှိလာသည့် ဂျာမနီအသင်းအား ဂျာမန်ပြည်သူများကလည်း သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီး ဂျာမနီအသင်းမှာ ဘာလင်မြို့ကိုလှည့်ပတ် အောင်ပွဲခံကာတစ်နေရာအရောက်တွင် ကမ္ဘာ့ဖလားမှ အစိတ်အပိုင်းတစ်ခု ကွာကျခဲ့သည်။ သို့သော်လည်း မည်သူ့ကြောင့် ထိုကဲ့သို့ ဖြစ်ခဲ့သည်ဟု မသိရှိရပေ။

    “တစ်နေရာအရောက်မှာ ကမ္ဘာ့ဖလားက အပိုင်းအစလေးတစ်ခု ပြုတ်ကျသွားခဲ့ပါတယ်။ ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။ ဒါကို ပြန်ကောင်းအောင်လုပ်ပေးနိုင်တဲ့ စပါယ်ရှယ်လစ်တွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ဖလားကို ဘယ်သူပျက်ဆီးအောင်လုပ်တယ်ဆိုတာ တိတိကျကျသိရဖို့ စုံးစမ်းခဲ့ပါတယ်။ ဒါပေမယ့် အဖြေမထွက်ဘဲနဲ့ စုံစမ်းမှုက အဆုံးသတ်သွားခဲ့ပါတယ်” ဟု DFB  ဥက္ကဌ ၀ုလ်ဖ်ဂန် နီယာစ်ဘက်ခ်ျက ပြောကြားခဲ့သည်။

    ဂျာမနီမှရရှိသော ကမ္ဘာ့ဖလားမှာ အစစ်မဟုတ်ဘဲ ယူရို ၁၀ သန်းတန်သည့် ကမ္ဘာ့ဖလားအစစ်၏ ပုံတူသာဖြစ်သည်။ ယခင်ကမ္ဘာ့ဖလား Jules Rimet trophy မှာ သူခိုးများ၏ ပစ်မှတ်ဖြစ်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ဘရာဇီးလ်၌ အခိုးခံခဲ့ရပြီးနောက် အနိုင်ရရှိသူအား ကမ္ဘာ့ဖလားအစစ်ကို ဖီဖာမှ ပေးအပ်ခြင်းမပြုတော့ဘဲ ပုံတူကိုသာ ပေးအပ်လေ့ရှိသည်။

  • ဂါဇာအား ကျူးကျော်မှုကြောင့် အစ္စရေးအလံအား အိုင်ယာလန်မှ အားကစားပြိုင်ပွဲတွင် ဖြုတ်ချခံရ

    ဇူလိုင် ၂၁၊ ၂၀၁၄
    M-Media
    Flag
    – ဂါဇာအား အစ္စရေးတို့က ကျူးကျော်တိုက်ခိုက်မှုကို ဆန့်ကျင်သောအားဖြင့် အိုင်ယာလန်နိုင်ငံ ဒက်ဘလင်မြို့တွင် ကျင်းပပြုလုပ် ခဲ့သည့် နိုင်ငံတကာ လူငယ်များ ရွက်တိုက်လှေပြိုင်ပွဲတွင် ဒက်ဘလင်မြို့တော်ကောင်စီဝင်တစ်ဦးက အစ္စရေးအလံအား ဖြုတ်ချခဲ့သည်ဟု သိရသည်။

    European Optimist ချန်ပီယံရှစ်ပြိုင်ပွဲ အသက် ၁၆ နှစ်အောက် လူငယ်ရွက်တိုက်လှေပြိုင်ပွဲ ကျင်းပနေသည့် ဒက်ဘလင်မြို့ Dun Laoghaire ဆိပ်ကမ်း ကမ်းနဖူးတွင် လွှင့်ထူထားသည့် နိုင်ငံပေါင်း ၄၄ နိုင်ငံမှ အလံများအနက် အစ္စရေးအလံကို အိုင်ယာလန် နိုင်ငံရေးပါတီ People Before Profit မှ ဟုဂ်ျ လူးဝစ်က ဇူလိုင် ၁၈ နေ့တွင် ဖြုတ်ချခဲ့ခြင်းဖြစ်သည်။

    ဇူလိုင် ၁၆ ရက်နေ့ စတင်ကာ ၁၉ ရက်နေ့အထိ လေးရက်တာ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါပြိုင်ပွဲတွင် အစ္စရေးမှ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၄ ဦး စုစုပေါင်း ၇ ဦး ၀င်ရောက်ယှဉ်ပြိုင်နေသည်။

    အစ္စရေးအလံအား ဖြုတ်ချရန် ပြီးခဲ့သည့်သီတင်းပတ်အစောပိုင်းကတည်းက  Dun Laoghaire ဆိပ်ကမ်းအာဏာပိုင်များအား တောင်းဆို ခဲ့သော်လည်း ငြင်းဆန်ခဲ့သောကြောင့် လူးဝစ်နှင့်အတူ အခြားပါတီဝင် ၃ ဦးက လှေကားယူကာ တက်ရောက်ဖြုတ်ချခဲ့ခြင်းဖြစ်သည်။

    အစ္စရေးအလံအား ဖြုတ်ချခဲ့ပြီးနောက် လူးဝစ်မှာ ၎င်း၏ အင်တာနက်စာမျက်နှာတွင် အလံဖြုတ်ချခဲ့သည့် ဓာတ်ပုံအား လွှင့်တင်ခဲ့ပြီး ၎င်း၏ ခံစားချက်များကိုလည်း ရေးသားခဲ့သည်။

    “ဆိပ်ကမ်းအာဏာပိုင်တွေကို တောင်ဆိုမှုတွေပြုလုပ်ခဲ့ပေမယ့် သူတို့ဟာ လူမျိုးရေးခွဲခြားတဲ့ အစ္စရေးအာဏာရှင်တွေရဲ့ အလံကို ဖယ်ရှားဖို့ ငြင်းဆိုခဲ့ပါတယ်။ အဲဒီအတွက်ကြောင့်  People Before Profit ပါတီက ဒီအလံကို ဖြုတ်ချခဲ့တာပါ။ အစ္စရေးရဲ့ ရက်ရက်စက်စက် တိုက်ခိုက်မှုကြောင့် ဒီနေ့တစ်နေ့တည်းမှာပဲ ဂါဇာမှာ ၁၄ ဦး သေဆုံးခဲ့ပါတယ်။ မနက်ဖြန် (ဇူလိုင် ၂၀ရက်နေ့) နေ့လည် ၂ နာရီမှာ ပြုလုပ်မယ့် ဆန္ဒပြပွဲကို လာရောက်ပူးပေါင်းကြပါတယ်။ ပါလက်စတိုင်းတွေအတွက် တရားမျှတမှုကို တောင်းဆိုကြပါ” ဟု ၎င်းက ရေးသားခဲ့သည်။

    အစ္စရေးအလံအား ၎င်းနှင့်အတူ ပါတီဝင် ၄ ဦးက ဖြုတ်ချခဲ့ခြင်းဖြစ်ကြောင်း၊ ရွက်တိုက်လှေပြိုင်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်နေသည့် အစ္စရေးလူငယ်များနှင့် ပုဂ္ဂိုလ်ရေးအရ မည့်သည့် ပြဿနာမှမရှိကြောင်းမှ မရှိကြောင်း ၎င်းက ထည့်သွင်းရေးသားခဲ့သည်။

  • ပဲခူးမှ နှစ် ၁၄၀ ကျော်သက်တမ်းရှိ မွတ်စလင် သုဿန် ဖျက်ခံရ (ဓါတ်ပုံ)

    ဇူလိုင် ၂၁၊ ၂၀၁၄
    M-Media
    ထွန်းတောက်
    b7814d6a78c120529f7a6db44a170dae6350820a436d4acd9f1979b4e9e82c6d
    ပဲခူးမြို့မှ နှစ် ၁၄၀ ကျော်သက်တမ်းရှိ မွတ်စလင် သုဿန်အား ဇူလိုင် ၁၈ ရက် မနက် ၈-နာရီခန့်က စတင်ပြိး စက်ယန္တရားများ သုံးပြုကာ ဖျက်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါ မွတ်စလင် သုဿန်နေရာကို ပဲခူးတိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံ ဆောက်လုပ်မည်ဟု သိရပါတယ်။

    သုဿန်ဝင်းထဲ၌ ဗလီဝတ်ကျောင်းတော်တခုနှင့် အစ္စလာမ်ဘာသာရေး စာသင်ကျောင်းတခု ရှိပြိး ယနေ့ထိတော့ အဆိုပါ ၂ ခုကို ဖျက်ပစ်ခြင်း မရှိသေးကြောင်းသိရပါတယ်။

    နှစ် ၁၄၀ ကျော် သက်တမ်းရှိ မွတ်စလင် သုဿန် အကြောင်း ဆက်သွယ်မေးမြန်းချက်ကို အောက်ပါ လင့်တွင်ဖတ်ရှုနိုင်ပါတယ်။

    http://www.m-mediagroup.com/news/30118