News @ M-Media

ဂီနီ Rap ဖျော်ဖြေပွဲ တစ်ခုတွင် လူတိုးဝှေ့မှုကြောင့် အနည်းဆုံး ၃၄ ဦးသေဆုံး

ဇူလိုင် ၃၁ ၊ ၂၀၁၄
M-Media

2014729172518347734_20

– အနောက်အာဖရိက နိုင်ငံတစ်ခုဖြစ်သည့် ဂီနီနိုင်ငံ မြို့တော် ကော်နာကရီရှိ ကမ်းခြေတစ်ခုတွင် ယမန်နေ့က ပြုလုပ်ခဲ့သော Rap ဖျော်ဖြေပွဲတစ်ခု၌ လူများ စုပြုံတိုးဝှေ့မှုကြောင့် အနည်းဆုံး လူ ၃၄ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

သေဆုံးသူများတွင် ကလေးငယ်အများစုပါဝင်ပြီး ဒွန်ကာဆေးရုံတွင် ဒဏ်ရာရသူများနှင့် သေဆုံးသူများကို လာရောက်ကြည့်ရှုသူများဖြင့် ပြည့်နှက်လျက်ရှိကာ ဒဏ်ရာရရှိသူ အရေအတွက်မှာလည်း မြင့်တက် လျက်ရှိနေသည်သူ Reuters သတင်းဌာနမှ သတင်းထောက်က သတင်းပေးပို့ခဲ့သည်။

ဒေသတွင်း နာမည်ကြီး ရက်ပါအဖွဲ့များဖြစ်သည့် Banlieuzart နှင့် Instinct Killers တို့ ဖျော်ဖြေကြသည့် အဆိုပါပွဲကို လာရောက်ကြည့်ရှုကြသူ တစ်သောင်းနီးပါးအထိရှိပြီး အများစုမှာ ကလေးများနှင့် လူငယ်များဖြစ်သည်။

ထိုဖြစ်ရပ်ကြောင့် နိုင်ငံရှိ ဖျော်ဖြေရေးဆိုင်ရာ အကြီးအကဲကို ယမန်နေ့ညက ရာထူးမှ ဖယ်ရှားခဲ့ပြီး ယခုသီတင်းပတ်အး ၀မ်းနည်းဖွယ်သီတင်းပတ်အဖြစ် သမ္မက ကြေညာခဲ့သည်။ ထို့ပြင် ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေပွဲတစ်ခုတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းမှာ တုန်လှုပ်စရာကောင်းသည်ဟု သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုဖြစ်ရပ်ဆိုး ဖြစ်ပွားရသည့်အကြောင်းအရင်းကို သိရှိရန်အတွက် စုံးစမ်းစစ်ဆေးမှုများကိုလည်း အစိုးရက ပြုလုပ်နေသည်။

Comments

Leave a Reply