ဇူလိုင် ၉၊၂၀၁၄
Cartoon- Artist Lagoon Eain
ဇူလိုင် ၈ ၊ ၂၀၁၄
ကိုလွင်(ဆွာ)
မန္တလေးမြို့၌ဖြစ်ပေါ်ခဲ့သော ဘာသာရေးအသွင်ဆောင်သော ပဋိပက္ခ များနှင့်ပတ်သက်၍ အမျိုးမျိုး ထွက်ပေါ်နေသော ကောလဟလ သတင်းများကို ရှောင်ရှားနိုင်ရန်နှင့် ဘာသာပေါင်းစုံ အတူယှဉ်တွဲကာ အေးချမ်းစွာနေထိုင်နိုင်ရေး အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီး၌ ကျင်းပသည်။
ကျောက်တံခါးမြို့နယ် ဈေးပိုင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၆ ရက် ညနေ ၄ နာရီက မြို့နယ် စီမံခန့်ခွဲရေးကော်မတီနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက
ဆွေးနွေးခဲ့သည်။ အလားတူပင် ဇီးကုန်းမြို့နယ် အမှတ်(၄)ရပ်ကွက် ဘုရားလမ်း ရှိ သံဓမ္မာရုံ၌ ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်တည်ငြိမ် ထိန်းသိမ်းရေးအဖွဲ့မှ နာယကအဖွဲ့ဝင် ဆရာတော် ဥူးတေဇဝံသနှင့် ဆရာတော်ကြီးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လှိုင်မြင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ် ဖွဲ့မှူး ရဲမှူးကျော်အောင်၊ ဘာသာရေး အသင်းအဖွဲ့များမှ ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးကြသည်။
ထို့အတူ မင်းလှမြို့ အမှတ်(၆)ရပ်ကွက် ကန်သာယာယာလမ်းရှိ ဂျာမေဗလီ ၌ ဗလီဥက္ကဋ္ဌ ဦးဘသန်းက ဘာသာရေး အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ လက်တွဲနေထိုင်နိုင်ရေးနှင့် ရိုင်းပျသော အပြုအမူများနှင့် ကောလာဟလသတင်းများကို ယုံကြည်မှု မရှိကြရန် ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။
၉-၇-၂၀၁၄ မြန်မာ့အလင်း စာ-၅
ဇူလိုင် ၈ ၊ ၂၀၁၄
M-Media
– အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ နီကဘ် ၀တ်ဆင်ခြင်းကို ပိတ်ပင်ထားသည့် ပြင်သစ်အစိုးရ၏ ဥပဒေကို ထောက်ခံခဲ့သော ဥရောပလူ့အခွင့်အရေးခုံရုံး၏ ဆုံးဖြတ်ချက်အား ဥရောပရှိ အကြီးတန်း ဂျူးဘုန်းတော်ကြီးက ဝေဖန်လိုက်ပြီး မွတ်စလင် အမျိုးသမီးများ၏ ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
“၂၀၀၉ ခုနှစ်က ဆွဇ်ဇာလန်မှာ မင်နာရာ ဆောက်လုပ်မှု၊ ဘုရ်ခါ ၀တ်ဆင်ခြင်းကို ပိတ်ပင်လိုက်တာနဲ့ ဒါတွေကို ဥရောပ လူ့အခွင့်အရေး ခုံရုံး ECHR က ပြီးခဲ့တဲ့ ရက် အနည်းငယ်အတွင်းမှာ ခွင့်ပြုလိုက်တာက ” ဟု The Telegraph သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါး၌ ဥရောပဂျုးဘုန်းတော်ကြီးများ အဖွဲ့ အကြီးအကဲ ပင်ချက် ဂိုးလ်ရှမစ်က ပြောကြားလိုက်သည်။ ၎င်းမှာ မော်စကိုမြို့ ဂျူးဘုန်ကြီးများအသင်း၏ အကြီးအကဲလည်းဖြစ်သည်။
မွတ်စလင်အမျိုးသမီးများ ၀တ်ဆင်သည့် ဘုရ်ခါအား ပိတ်ပင်ခြင်းကို ၂၀၁၀ နှစ်က ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့တွင် စတင်ခဲ့ပြီး အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် မျက်နှာဖုံးအုပ်ခြင်းအား တရားမ၀င်ဟု သတ်မှတ်ခဲ့သည်။
မျက်နှာကို ဖုံးအုပ်ရသည့် နီဘဘ်အား ပိတ်ပင်ခြင်းမှာ နိုင်ငံသားများအား အတူတကွ နေထိုင်မှုကို အားပေးခြင်းဖြစ်သည်ဟု ပြင်သစ်နိုင်ငံက စောဒက တက်ခဲ့ပြီးနောက် ဥရောပ လူ့အခွင့်အရေးခုံရုံး ECHR ကလည်း ထိုပိတ်ပင်မှုအား ပြီးခဲ့သည့် အင်္ဂါနေ့က လက်ခံခဲ့သည်။
သို့သော်လည်း ဂိုလ်းရှမစ်ကမူ ထိုဥပဒေမှာ ဘာသာရေး လွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ဘုရ်ခါနှင့် နီကဘ်ကို ပိတ်ပင်ခြင်းက အစွန်းရောက်ဝါဒအား တိုက်ထုတ်ရာတွင် အကူအညီဖြစ်လိမ့်မည်ဟု ပြောဆိုကြသောနိုင်ငံရေးသမားများမှာ အသုံးမကျသူ များသာဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
“ဘုရ်ခါကို ပိတ်ပင်တာဟာ အစွန်းရောက်ဝါဒကို တစ်နည်းတစ်ဖုံ တိုက်ဖျက်တယ်လို့ ထင်နေတဲ့သူတွေဟာ တကယ့်ကို အသုံးမကျတဲ့သူတွေပါပဲ။ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒကို တွန်းလှန်ဖို့ ကြိုးပမ်းမှုကနေ သူတို့ဟာ အပြောင်းအလဲတစ်ခုကို ဖန်တီးရင် ဒါဟာ ပြဿနာကို ပိုရှုပ်စေတာပါပဲ” ဟု ဂိုးလ်ရှမစ်က ဆိုသည်။