News @ M-Media

Blog

  • လစ်ဗျားတွင် ပြန်ပေးဆွဲခံရသည့် တူနီးရှား သံရုံးမှ ၀န်ထမ်းနှစ်ဦး ပြန်လည် လွတ်မြောက်လာ

    ဇွန်လ ၃၀ ရက်၊ ၂၀၁၄
    M-Media
    201463001352281734_20
    – ယခုနှစ်အစောပိုင်းတွင် လစ်ဗျားနိုင်ငံ၌ ပြန်ပေးဆွဲခံခဲ့ရသည့် တူနီးရှားသံရုံးမှ ၀န်ထမ်းနှစ်ဦးမှာယမန်နေ့တွင် ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

    သံတမန်တစ်ဦးနှင့် သံရုံးဝန်ထမ်းတစ်ဦးတို့ဖြစ်ကြပြီး တူနီးရှားအစိုးရနှင့် လစ်ဗျားအစိုးရအရာရှိများ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကြောင့် ပြန်ပေးဆွဲသူများလက်မှ လွတ်မြောက် လာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့လွတ်မြောက်လာခြင်းကို တူနီးရှား ၀န်ကြီးချုပ် မဟ်ဒီ ဂျွမ်မာက အတည်ပြုခဲ့ကာ တူနီးရှားသို့ ပြန်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

    သံရုံဝန်ထမ်း မိုဟာမက်ဘင် ရှိခ်မှာ မတ်လ ၂၁ ရက်နေ့ ထရီပိုလီမြို့တွင် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ပြီး၊ ဧပြီလ ၁၇ ရက်နေ့တွင် သံတမန် အလ်-အရူစီမှာလည်း ထပ်မံ၍ ပြန်ပေးဆွဲ ခံခဲ့ရသည်။

    မည်သူမည်ဝါက ပြန်ပေးဆွဲခံရသည်ကို မသိရှိဘဲ တူနီးရှားအစိုးရမှာလည်း လစ်ဗျားအစိုးရနှင့်သာ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်ဟု တူနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟမ်ဒီက ပြောကြားခဲ့သည်။ အဆိုပါ အဖြစ်အပျက်အသေးစိတ်ကို ပြောရန် ဟမ်ဒီက ငြင်းဆိုခဲ့သော်လည်း ပြန်ပေးဆွဲခံရသူများ လွတ်မြောက်ရေးအတွက် ငွေးကြေးပေးခဲ့ရခြင်း မရှိဟု ဆိုသည်။

  • ဥရောပအသင်းများမှာ နိုင်လိုစိတ်နည်းပါသည်ဟု အယ်လ်ဂျီးရီးယား နည်းပြဆို

    ဇွန်လ ၃၀ ရက်၊ ၂၀၁၄
    M-Media
    427139_heroa
    – လက်ရှိယှဉ်ပြိုင်ကစားနေသည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဥရောပအသင်းများမှာ နိုင်လိုစိတ်နည်းပါးသည်ဟု အယ်လ်ဂျီးရီးယားနည်းပြ ဗာဟစ် ဟာလီဟို့ဒ်ဇစ်က ပြောကြားလိုက်သည်။

    ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံစပိန်၊ နာမည်ကြီးအင်္ဂလန်တို့ ထွက်ခွာသွားရခြင်းကို ရည်ညွှန်းကာ ဗာဟစ်က ပြောကြားခဲ့ခြင်းပြီး ဂျာမနီနှင့်တွေ့ရမည့် မိမိတို့အသင်းတွင် ဖိအားများလည်း ရှိနေသည်ဟု ဆိုသည်။

    “ဥရောပအသင်းတွေဟာ ကျွန်တော်တွေ့ဖူးသလောက်တော့ နိုင်လိုစိတ်နည်းကြပါတယ်။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာပါ။ အချို့ကစားသမားတွေကတော့ တကယ့်ကို နိုင်လိုစိတ်မရှိကြပါဘူး။ အသင်းအတွက် သူတို့အပြည့်အ၀ မပေးဆပ်ကြပါဘူး” ဟု ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် ဗာဟစ်ကဆိုသည်။

    အုပ်စု H တွင် တောင်ကိုရီးယားကို အနိုင်ကစားပြီး ရုရှားနှင့် သရေကျခဲ့ကာ အုပ်စု ဒုတိယဖြင့် ဘယ်လ်ဂျီယံနှင့်အတူ ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့သည့် အယ်လ်ဂျီးရီးယားအသင်းမှာ အင်္ဂါနေ့ညတွင် ဂျာမနီအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

    “ပြိုင်ဘက်ကောင်းနဲ့ ကစားရမယ့် သမိုင်းဝင်ပွဲပါပဲ။ အပူချိန် ၄၅ ဒီဂရီရှိနေပေမယ့် ကိစ္စမရှိပါဘူး။ ကျွန်တော့်ကစားသမားတွေကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးရပါမယ်။ ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့ အခွင့်အရေးရမှာ မဟုတ်ပါဘူး” ဟု ဗာဟစ်က ထပ်လောင်းပြောကြားခဲ့သည်။

  • ကျင့်ဝတ်မဲ့ ရေးသားသည့် သစ်ထူးလွင်ကြောင့် လူမျိုး/ဘာသာ အခြေခံ မုန်းတီးမှုများ ပိုမိုးဆိုးရွားလာနိုင်

    ဇွန်လ ၃၀ ရက်၊ ၂၀၁၄
    M-Media
    .သီဟ
    အင်တာနက်သုံးတဲ့ ပြည်တွင်း/ပြည်ပ မြန်မာပြည်သားတွေ အများဆုံးရောက် ဝင်ရောက် ဖတ်ရှုလေ့ရှိ့ သစ်ထူးလွင်သတင်း ဘလောဂ်မှ ပြစ်မှုသတင်း တခုကို မီဒီယာကျင့်ဝတ်ဖောက်ဖျက်ပြီး ရေးသားခဲ့မှုကြောင့် မတူညီတဲ့ ဘာသာဝင်တွေအကြား အမုန်တရားများ ပိုမိုမြင်တက် လာဖွယ်ရာရှိပါတယ်။

    Thit_Htoo_Lwin_-_2014-06-30_16.43.02

    ယနေ့ ဇွန်လ ၃၀ ရက်နေ့ သစ်ထူးလွင့် သတင်းဘလောဂ်တွင် “ဆန်းလ္ဘက်ရည်ဆိုင် ပိုင်ရှင် မူဆလင်ညီအစ်ကို နှစ်ဦးက ဗုဒ္ဓ ဘာသာဝင် ဆိုင်အလုပ်သမ တဦးအား အဓမ္မပြုကျင့် ” ဟူသောသတင်းခေါင်းစဉ် ဖြင့် သတင်း တပုဒ်ကို တင်ခဲ့တာကို တွေ့ပါတယ်။

    သတင်းပြီး ၃ နာရီအတွင်း ထပ်ဆင့် ဖြန့်ဝေသူ တိုက်၇ိုက်ဖြန့် ဝေသူ ၆၀၀ ကျော်ရှိပြီး ထပ်ဆင့်ကူးယူဖော်ပြမှုများ အများအပြားရှိတာကို တွေ့ရပါတယ်။

    အဆိုပါသတင်းနှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွင် အမုန်းတရားများ အခြေခံသည့် လူမျိုးဘာသာ ခွဲခြား ဆဲဆိုသည့် မှတ်ချက်များ အများအပြား ဝင်ရောက်ရေးသားနေကြတာကို တွေ့ရပါတယ်။

    ၂၀၁၂ ခုနှစ်၊နိုဝင်ဘာလ (၁၃) ရက်နေ့မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)၏ ပဉ္စမအကြိမ် အစည်းအဝေးတွင် ချမှတ်ထားသည့်  စာနယ်ဇင်းကျင့်ဝတ် (၁၅) ချက်တွင်ပါရှိသည့် “ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတို့ကို အကြောင်းပြု၍ ခွဲခြား၊ ဝေဖန်၊ လှုံ့ ဆော်၊ ရေးသားခြင်း မပြုရ။” ဆိုသည့်  စာနယ်ဇင်းကျင့်ဝတ်ဖောက်ဖျက်ပြီး ရေးသားသည့် အဆိုပါသတင်းကြောင့် ပဋိပက္ခများ အကင်း မသေသေးသော မတူညီသည့် ဘာသာဝင်များအကြား အမုန်းတရားများ ပိုမိုဆိုး၇ွားလာဖွယ် ရှိနေပါတယ်။

    Thit Htoo Lwin

    အဆိုပါ သစ်ထူးလွင် ဘလောဂ်ကို တည်ထောင်လုပ်ကိုင်သူမှာ ကိုဒီဖြစ်ပြီး
    ၂ဝဝ၅ -၂ဝဝ၆ BBC မြန်မာဌာန
    ၂ဝဝ၃ -၂ဝဝ၄ RFA မြန်မာဌာန
    ၂ဝဝဝ – ၂ဝဝ၂ ဧရာဝတီသတင်းဌာန
    ၂ဝဝ၁ – ၂ဝဝ၃ အမြင်သစ်၊ ခေတ်ပြိုင် လစဉ်ထုတ် စာစောင်များ
    ၁၉၉၈ – ၂ဝဝ၃ DVB အသံလွှင့်ဌာန
    များတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဘူးသူ ဖြစ်ကြောင်းကို ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူး အရ သိရှိရပါတယ်။

    ဓါတ်ပုံ- ၁ မီဒီယာ ကျင့်ဝတ်ဖောက်ဖျက်ပြီး ရေးသားထားသည့် သတင်း
    ဓါတ်ပုံ-၂ သစ်ထူးလွင် ဘလောဂ် တည်ထောင်သူ ကိုဒီ (Photo- ဧရာဝတီ)

  • ၂ မိနစ် ၂ ဂိုးနဲ့ နောက်တစ်ဆင့်တက်တဲ့ ဟော်လန်၊ ပထမဆုံး အကြိမ် ကွာတားရောက်တဲ့ ကော်စတာရီကာ

    ဇွန်လ ၃၀ ရက်၊ ၂၀၁၄
    M-Media

    ၂ မိနစ် ၂ ဂိုးနဲ့ နောက်တစ်ဆင့်တက်ခဲ့တဲ့ ဟော်လန်၊ ရေကုန်ရေခန်းကစားခဲ့ရပြီး ပင်နယ်တီမှာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့တဲ့ ကော်စတာရီကာတို့ရဲ့ ဇွန် ၂၉၊ ၃၀ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များ

    ဟော်လန် ၂-၁ မက္ကဆီကို
    ကော်စတာရီကာ ၁-၁ ဂရိ (ပင်နယ်တီ ၅-၃ ဖြင့် ကော်စတာရီကာ ကွာတားတက်)

    – မနေ့ညနဲ့ ဒီနေ့ မနက်တွေမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာတော့ ဟော်လန်နဲ့ ကော်စတာရီကာတို့ အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

    10462920_923847287631119_5271287209210663665_n

    အုပ်စုအတွင်းမှာ ၃ ပွဲစလုံးအနိုင်ရရှိခဲ့တဲ့ ဟော်လန်ကတော့ မက္ကဆီကိုကို အသည်းအသန် ကစားခဲ့ရပြီး ပွဲပြီးကာနီး ၂ မိနစ်အတွင်းရခဲ့တဲ့ ဂိုး ၂ ဂိုးကြောင့်သာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ ပထမပိုင်းမှာ နှစ်သင်းစလုံး ဂိုးသွင်းခွင့် အနည်းဆုံးတစ်ကြိမ်လောက်ရခဲ့ပေမယ့် ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒုတိယပိုင်းအစမှာ မက္ကဆီကိုတို့ ကစားပုံကောင်းခဲ့ပြီး ၄၈ မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဒေါ့စ် ဆန်းတို့စ်က သွင်းယူပေးခဲ့တာပါ။ နောက်ပိုင်းမှာ ချေပဂိုးရဖို့ ကြိုးစားလာတဲ့ ဟော်လန်တို့ ဂိုးရနိုင်တဲ့ အခွင့်အရေးတစ်ချို့ ရခဲ့ပေမယ့် မက္ကဆီကို ဂိုးသမား အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပွဲပြီးဖို့ ၂ မိနစ်အလိုမှာ လိုချင်တဲ့ ချေပဂိုးကို ဟော်လန်တို့ရခဲ့ပြီး ဆနိုက်ဒါက အပြင်းကန်သွင်းပေးခဲ့တာပါ။

    10501623_923721227643725_3691859659156103355_n

    မိနစ် ၉၀ မှာ ဧရိယာထဲ ဆွဲဝင်လာတဲ့ ရော်ဘင်ကို မက္ကဆီကို နောက်ခံလူ မားကွက်ဇ်က ချိတ်ခဲ့မိတဲ့အတွက် ဟော်လန်တို့ ပင်နယ်တီရခဲ့ပြီး တိုက်စစ်မှူး ဟန်တယ်လာက အမှားအယွင်းမရှိ ကန်သွင်းကာ ဟော်လန်ကို နောက်တစ်ဆင့် တက်ရောက်စေခဲ့ပါတယ်။ ဒီပင်နယ်တီဟာ အငြင်းပွားဖွယ်ဖြစ်ခဲ့ပြီး ရော်ဘင် ကိုယ်တိုင်ကလည်း သူဟာ ဟန်ဆောင်လှဲချခဲ့တာပါလို့ ပွဲအပြီးမှာ ၀န်ခံပြောဆိုသွားခဲ့ပါတယ်။ ၈၈ မိနစ်အထိ ဦးဆောင်နိုင်ခဲ့တဲ့ မက္ကဆီကိုကတော့ ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ် တက်ရောက်ခွင့် ဆုံးရှုံးသွားခဲ့ရပါတယ်။

    ————————————–

    ကော်စတာရီကာ ၁-၁ ဂရိ (ပင်နယ်တီ ၅-၃ ဖြင့် ကော်စတာရီကာ ကွာတားတက်)

    10494771_924662447549603_6210120361038454535_n

    ကော်စတာရီကာနဲ့ ဂရိတို့ရဲ့ပွဲမှာတော့ ပင်နယ်တီအဆုံးအဖြတ်နဲ့ ကော်တာရီကာတို့ နောက်တစ်ဆင့်တက်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးသွင်းခွင့်အသာရခဲ့တဲ့ ဂရိတို့ ကံကြမ္မာရဲ့ ဖေးမမှုကို မရခဲ့တာကြောင့်သာ ကွာတားဖိုင်နယ်နဲ့ ဝေးခဲ့ရတာပါ။ ကော်စတာရီကာအတွက် ဦးဆောင်ဂိုးကို ၅၂ မိနစ်မှာ ရူအစ်ဇ်က သွင်းယူပေးခဲ့ပြီး နောက်ပိုင်းမှာ ဂရိတို့ တောက်လျှောက်ဖိကစားနိုင်ခဲ့ပေမယ့် ချေပဂိုးကိုတော့ ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာမှ ရခဲ့တာပါ။ ဒီဂိုးကိုတော့ ပါပက်စ်သာသိုပိုလက်စ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ၁ ဂိုးစီသရေနဲ့ ပွဲပြီးခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ကြရပြီး ဂရိက အခွင့်အရေးတစ်ချို့ ရခဲ့ပေမယ့် ပွဲအဖြေကတော့ အပြောင်းအလဲမရှိခဲ့ပါဘူး။

    10441312_925220790827102_6623897516486778944_n

    ဒါ့ကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ၅ ဂိုး ၃ ဂိုးနဲ့ ကော်စတာရီကာတို့ အနိုင်ရရှိခဲ့ပါတယ်။ အင်္ဂလန်၊ အီတလီတို့ပါဝင်ပြီး မရဏအုပ်စုလို့ ကင်ပွန်းတပ်ခံထားရတဲ့ အုပ်စု D မှာ ခြေစွမ်းပြပြီး ရှုံးထွက်အဆင့်ကို တက်ရောက်လာတဲ့ ကော်စတာရီကာတို့ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

    10487329_924662354216279_2955229245773399796_n

  • ၈၈ မျိုးဆက်ခေါင်းဆောင်များနှင့် ဆစ်ဒနီမှ မြန်မာ မိသားစုများ တွေ့ဆုံ ဆွေးနွေးမှု

    ၈၈ မျိုးဆက်ခေါင်းဆောင်များနှင့် ဆစ်ဒနီမှ မြန်မာ မိသားစုများ တွေ့ဆုံ ဆွေးနွေးမှု

    ဇွန်လ ၃၀ ရက်၊ ၂၀၁၄
    M-Media
    ပေးပို့သူ- သိန်းမိုးဝင်း (ဆစ်ဒနီ)

    ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ နှင့် စမ်းချောင်းကိုကိုကြီး တို့သည် ဇွန်လ ၂၀ ရက်တွင် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှ မြန်မာအရေး တက်ကြွ လှုပ်ရှားသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ တရပ် ပြုလုပ်ခဲ့ပါတယ်။

    အဆိုပါဆွေးနွေးပွဲကို သြစတြေးလျရောက် မြန်မာ မွတ်စလင်မ် အဖွဲ့မှ ခေါင်းဆောင်များ ပါဝင်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်။

    Burmese Muslim Association (NSW) ဥက္ကဌ ကိုအောင်ဇေယျမှ အခြေခံဥပဒေပြင်ဆင်ရေး ဖြစ်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်မှု မအောင်မြင်ခဲ့ဘူးဆို နောက်တခြား ဘာနည်းလမ်းများ ဆောင်ရွက်နိုင်မလဲ ဆိုတဲ့ ဆွေးနွေးချက်ကို ကိုဂျင်မီ၊ ကိုမင်းကိုနိုင်တို့မှ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။



    Burmese Muslim Association (NSW) EC member ကိုသိန်းမိုးဝင်းရဲ့ ၂၀၀၈ အခြေခံ ဥပဒေ ပြုပြင်ရေး ဆိုင်ရာ အကြံပြုဆွေးနွေချက်ကို ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့မှ ပြန်လည်ဆွေးနွေး ခဲ့ကြပါတယ်။

    အလားတူ Burmese Muslim Association (NSW) ဥက္ကဌဟောင်း ဒေါ်အေးအေးမှ Sydney ရှိ မြန်မာ မိသားစုဝင်များ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ မြန်မာပြည်တွင်း မည်သို့ထိရောက်မှု ရှိတယ်ဆိုတာ ၈၈ ခေါင်းဆောင်၏ သဘောထားနှင့် ကြိုးပမ်းမှုများရဲ့ အခြေအနေကိုရော သိလိုကြောင်းဆွေးနွေးခဲ့ရာ ကိုမင်းကိုနိုင်မှ ၈၈ ကျောင်းသားများ၏ သဘောထားမှာ အပြစ်ရှိသူနှင့် အပြစ်မဲ့သူဟူ၍သာ ခွဲခြားမြင်ပါကြောင်း၊ အပြစ်မဲ့သူသည် ဒီအသားရောင်/ ဒီဘာသာကိုးကွယ်၍ အကာအကွယ်ပေးရန်မလိုသလို အပြစ်ရှိသူသည် ဒီအသားရောင်/ ဒီဘာသာကိုးကွယ်၍ အကာအကွယ်ပေးရမည်ဟု တရားသေခံယူမှုမျိုး လူမျိုးစွဲ ဘာသာစွဲ ဘက်လိုက်ခံယူမှုမျိုး လုံးဝမရှိပါကြောင်း၊ ထိုခံယူချက် ရပ်တည်ချက်ကြောင့်လဲ တစ်ချို့ အမျိုးမျိုး ဝေဖန်ကြောင်းပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။