News @ M-Media

ပြင်သစ်သမ္မတဟောင်း ဆာကိုဇီ ချစားမှု၊ အာဏာအလွဲသုံးစားပြုမှုဖြင့် စုံစမ်း စစ်ဆေးခံနေရ

ဇူလိုင် ၂ ၊ ၂၀၁၄
M-Media
369514_Nicolas-Sarkozy
– ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲ ရန်ပုံငွေရှာဖွေရာတွင် မသာမှုနှင့် ချစားမှုများအတွက် ပြင်သစ်သမ္မတဟောင်း ဆာကိုဇီအား ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ပဲရစ်မြို့အနောက်ပိုင်း နန်တာရီ ဆင်ခြေဖုံးဒေသတွင် ယမန်နေ့က ၁၅ နာရီကြာ စစ်ကြောမှုပြုလုပ်ခဲ့ပြီးနောက် ဆာကိုဇီအား တရားဝင် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တရားသူကြီးများက ယနေ့တွင် အမိန့်ပေးခဲ့ကြသည်။

အသက် ၅၉ နှစ်အရွယ်ရှိ ဆာကိုဇီမှာ အာဏာအလွဲသုံးစားလုပ်မှု၊ ချစားမှုနှင့် ၂၀၀၇ ရွေးကောက်ပွဲလှုပ်ရှားမှုအတွက် လစ်ဗျားအာဏာရှင်ဟောင်း ကဒါဖီထံမှ ရန်ပုံငွေ တရားမ၀င်တောင်းခံသည်ဟု စွပ်စွဲခံရမှုနှင့် ဆက်စပ်သော လျှို့ဝှက်ချက် ချိုးဖောက်မှုများမှ အကျိုးအမြတ်ရယူခဲ့မှုတို့ဖြင့် သံသယရှိနေသူဖြစ်သည်။ ဆာကိုဇီ၏ ရှေ့နေ သီယာရီ ဟာဇဂ်နှင့် ထိပ်တန်းတရားသူကြီးတစ်ဦးဖြစ်သူ ဂီလ်ဘာ့တ် အဇီဘာ့တ်တို့ကိုလည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ဖမ်းဆီးထားသည်။

ယခုကဲ့သို့ စစ်ဆေးခံရခြင်းမှာ ဆာကိုဇီအတွက် ဒုတိယမြောက်ဖြစ်ပြီး ရွေးကောက်ပွဲကာလအတွင်း ပြင်သစ်သန်းကြွယ်သူဌေး လီလီယိန်း ဘတ်တန်ကော့ထံမှ အလှူငွေများ တရားမ၀င်လက်ခံမှုကြောင့် ယခင်က တရားစွဲဆိုခြင်းခံခဲ့ရဖူးသည်။

ဆာကိုဇီကမူ မိမိအနေဖြင့် မည်သည့်အမှားမှ ပြုလုပ်ခဲ့ခြင်းမရှိဘဲ၊ ယခုဖြစ်ရပ်များမှာ နိုင်ငံအရေးအရ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆာကိုဇီမှာ ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လာမည့် ၂၀၁၇ သမ္မတ ရွေးကောက်ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ရန်ရှိနေသည်။

Ref: Press TV

Comments

Leave a Reply