News @ M-Media

Blog

  • ၂၀၁၄ တက္ကသိုလ်ဝင် စာမေးပွဲ Top 10 ဝင်သူ ၂၂ ယောက်တွင် ကျောင်းသား ၃ ယောက်သာ ပါဝင်

    ဇွန်လ ၂၇ ရက်၊ ၂၀၁၄
    M-Media
    .သီဟ

    ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ တစ်နိုင်ငံလုံး အမှတ်အများဆုံး ဆုရှင်များကို ယနေ့ ထုတ် မြန်မာအလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

    top 10_4

    သိပ္ပံတွဲ
    ——–
    ရန်ကုန်တိုင်းမှ ၈ ယောက်
    မန္တလေးတိုင်းမှ ၂ ယောက်

    သိပ္ပံတွဲ အမှတ်အများဆုံး ၁၀ ယောက်မှာ တိုင်းနှင့်ပြည်နယ် ၁၄ ခုမှာ ရန်ကုန်တိုင်းက ၈ ယောက် မန္တလေးတိုင်းက ၂ ယောက် ဖြစ်ပါတယ်။

    ကျောင်းသား ၃ ယောက် ၊ ကျောင်းသူ ၇ ယောက်

    top 10_3

    ဝိဇ္ဖာတွဲ
    ———
    ဧရာဝတီတိုင်း မှ ၁၁ ယောက်
    ကချင်ပြည်နယ်မှ ၁ ယောက်

    ဝိဇ္ဖာတွဲ အမှတ်အများဆုံး ၁၂ ယောက်စာရင်းမှာတော့ ထူးထူးခြားခြား ဧရာဝတီတိုင်း က ၁၁ ယောက်ထိ ပါဝင်ပြီး ကချင်ပြည်နယ် က ၁ ယောက်သာ ပါရှိကြောင်း တွေ့ရှိရပါတယ်။

    ၁၂ ယောက်စလုံး ကျောင်းသူများဖြစ်ပါတယ်။

    သိပ္ပံ/ဝိဇ္ဖာ အမှတ်အများဆုံး ၂၂ ယောက်စာရင်းမှာ ယောက်ျားလေး ၃ ယောက်သာ ပါဝင်ပြီး ကျန်တဲ့ ၁၉ ယောက်မှာ မိန်းကလေးများသာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

    ကိုးကား- ၂၇၊၆၊၂၀၁၄ မြန်မာ့အလင်း

  • ဂိုးကွားခြားချက်ကြောင့် ပေါ်တူဂီတို့ အိမ်ပြန်ရ၊ အယ်လ်ဂျီးရီးယားတို့ ပထမဆုံးအကြိမ် အုပ်စုမှ တက် ၊ အာရှအသင်းအားလုံး အုပ်စုမှ ပြုတ်

    ဇွန်လ ၂၇ ရက်၊ ၂၀၁၄
    M-Media

    ဂိုးကွာခြားချက်ကြောင့် အုပ်စုက လှည့်ပြန်ခဲ့ရတဲ့ပေါ်တူဂီ၊ သမိုင်း တစ်လျှောက် ပထမဆုံး အကြိမ် နောက်တစ်ဆင့်တက်ခဲ့တဲ့ အယ်လ်ဂျီးရီးယားတို့ရဲ့ ဇွန် ၂၆၊ ၂၇ ကမ္ဘာ့ဖလားပွဲစဉ်များ

    – မနေ့ညနဲ့ ဒီနေ့မနက်ကစားခဲ့ ကမ္ဘာ့ဖလားအုပ်စု G၊ H နောက်ဆုံးပွဲစဉ်အပြီးမှာ ဂျာမနီ၊ အလ်ဂျီးရီးယားနဲ့ ဘယ်လ်ဂျီယံတို့ နောက်တစ်ဆင့် တက်ခဲ့ပြီး ဂါနာကိုအနိုင်ကစားခဲ့တဲ့ ပေါ်တူဂီတို့ အမေရိကန်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

    အုပ်စု G

    ဂျာမနီ ၁-၀ အမေရိကန်
    ပေါ်တူဂီ ၂-၁ ဂါနာ
    10500418_918204164862098_8997853177966455424_n
    ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဂျာမနီကတော့ အဓိကပြိုင်ဘက် အမေရိကန်ကို မူလာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပြီး အုပ်စုပထမနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ပွဲအစအဆုံး ဂျာမနီကသာ တစ်ဖက်သတ်ဖိကစားခဲ့ပြီး အမေရိကန်တို့ ဂိုးသွင်းခွင့်တစ်ကြိမ်တောင် မရခဲ့ပါဘူး။ ဒါပေမယ့် ဂိုးကွာခြားချက်ကြောင့် အုပ်စုဒုတိယနေရာနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီး အုပ်စု H က ပထမရတဲ့ ဘယ်လ်ဂျီယံနဲ့ ရင်ဆိုင်ရပါတော့မယ်။

    2386598_full-lnd

    ပေါ်တူဂီကတော့ ရော်နယ်ဒိုရဲ့ နောက်ကျဂိုးနဲ့ ဂါနာကိုအနိုင်ရခဲ့ပေမယ့် နောက်တစ်ဆင့်တော့ တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဂါနာကလည်း အနိုင်ရရင် နောက်တစ်ဆင့်တက်နိုင်မှာ ဖြစ်တဲ့အတွက် ကြိုစားကစားခဲ့ပေမယ့် မျှော်လင့်သလိုတော့ ဖြစ်မလာခဲ့ပါဘူး။ အမေရိကန်ကိုကျော်ဖို့ ၅ ဂိုးပြတ်နဲ့ အနိုင်ရဖို့လိုနေတဲ့ ပေါ်တူဂီတို့ ပထမပိုင်း နာရီဝက်မှာပဲ ဘိုယီရဲ့ ကိုယ့်ဂိုးကိုသွင်းမှုနဲ့ ဦးဆောင်ဂိုးရခဲ့ပေမယ့် ၅၇ မိနစ်မှာ ချေပဂိုးပြန်ပေးခဲ့ရပါတယ်။ မိနစ် ၈၀ မှ ရော်နယ်ဒိုက အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်ပါတယ်။

    အုပ်စု H

    ဘယ်လ်ဂျီယံ ၁-၀ တောင်ကိုရီးယား
    ရုရှား ၁-၁ အယ်လ်ဂျီးရီးယား
    10514701_919159024766612_5697062303855161156_n
    ပထမ၂ ပွဲမှာ ရုရှားနဲ့ သရေကျ၊ အယ်လ်ဂျီးရီးယားကို ရှုံးပြီး တစ်မှတ်သာရထားတဲ့ အာရှထိပ်သီး တောင်ကိုရီးယားတို့ ဒီပွဲအနိုင်ရမှ နောက်တစ်ဆင့် တက်ခွင့် မျှော်လင့်နိုင်မှာဖြစ်ပေမယ့် ဘယ်လ်ဂျီယံအသင်းကို နောက်ကျဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ ပထမပိုင်းမှာ နှစ်သင်းစလုံး ကစားကွက်တည်မရခဲ့ဘဲ ပထမပိုင်းပြီးကာနီးမှာတော့ တောင်ကိုရီးယားက အခွင့်အရေးတစ်ချို့ရခဲ့ပြီး ဘယ်လ်ဂျီယံကစားသမား စတီဗင် ဒီဖောရ်လည်း အနီကဒ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒုတိယပိုင်း တစ်ပိုင်းလုံး တစ်ယောက်အသာနဲ့ ကစားရပေမယ့် တောင်ကိုရီးယားတို့ လိုအပ်တဲ့အနိုင်ဂိုးကိုတော့မရခဲ့ဘဲ ၇၇ မိနစ်မှာ ဗာတွန်ဟန်က ဘယ်လ်ဂျီယံအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

    2387376_xbig-lnd

    ပြီးခဲ့တဲ့ပွဲမှာ တောင်ကိုရီးယားကို အံ့ဖွယ်အနိုင်ယူခဲ့တဲ့ အယ်လ်ဂျီးရီးယားတို့ ဒီနေ့မနက်ပွဲမှာလည်း ရုရှားကို သရေကစားနိုင်ခဲ့ပြီး အုပ်စု ဒုတိယနဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အနိုင်ရမှ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်တဲ့ အင်္ဂလန်နည်းပြဟောင်း ကာပယ်လိုရဲ့ ရုရှားအသင်းကတော့ ပွဲအစ ၆ မိနစ်မှာပဲ ဦးဆောင် ဂိုးရခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှုမှာလည်း အယ်လ်ဂျီးရီးယားတို့ထက် ပိုသာခဲ့ပါတယ်။ ဂိုးသွင်းခွင့်မှာတော့ အယ်လ်ဂျီးရီးယားက ပိုရခဲ့ပြီး အသုံးမချနိုင်ခဲ့တာကြောင့်သာ အနိုင် ၃ မှတ်နဲ့ ဝေးခဲ့ရတာပါ။ ရုရှားအတွက် ဦးဆောင်ဂိုးကို ကိုကိုရင်က သွင်းယူပေး ခဲ့တာဖြစ်ပြီး အယ်လ်ဂျီးယားအတွက် အဖိုးတန်ချေပဂိုးကိုတော့ မိနစ် ၆၀ မှာ အစ္စလာမ် စလီမာနီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

    ဂျာမနီနဲ့ အလ်ဂျီးရီးယားတို့ရဲ့ ရှုံးထွက်ပွဲစဉ်ကို ဇူလိုင် ၁ ရက်နေ့ နံနက် ၂ နာရီခွဲမှာ ကစားမှာဖြစ်ပြီး၊ ဘယ်လ်ဂျီယံနဲ့ အမေရိကန်တို့ရဲ့ပွဲကိုတော့ ဇူလိုင် ၂ ရက်နေ့ နံနက် ၂ နာရီခွဲမှာ ကစားမှာဖြစ်ပါတယ်။

  • အစ္စရေး အကျဉ်းထောင်များအတွင်း ပါလက်စတိုင်း ကလေး ၂၅၀ ဖမ်းဆီးထား

    ဇွန်လ ၂၇ ရက်၊ ၂၀၁၄

    368685_Palestinian-children
    အစ္စရေး အကျဉ်းထောင်များ၌ ပါလက်စတိုင်းကလေး ဖမ်းဆီးထောင်ချမှုမှာ ၂၅၀ အထိ ရှိလာကြောင်း ပါလက်စတိုင်း ရှေ့နေ တစ်ဦး ကပြောသည်။

    အစ္စရေး အစိုးရသည် အခြေချနေထိုင်သူ သုံးဦး ပြန်ပေးဆွဲခံရပြီးနောက် ပါလက်စတိုင်းတို့အား ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိရာ ကလေးဖမ်ဆီးခံရမှု များပြားလာကြောင်း ဟီဘာမာဆယ်ဟာက ပြောကြားသည်။

    အစ္စရေး တပ်ဖွဲ့များက ညဥ့်သန်းခေါင်ယံတွင် ပါလက်စတိုင်းကလေးများအား ပြန်ပေးဆွဲဖမ်းဆီးနေခြင်းကို ရှုတ်ချကြောင်း မာဆယ်ဟာက ပြောသည်။ အစ္စရေးပတ်များသည် ကလေးများကို ဖမ်းဆီးပြီး ရိုက်နှက်နေကြောင်း နိုင်ငံတကာကလေးများ အခွင့်အရေးကို ချိုးဖောက်နေကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

    အစ္စရေးတပ်ဖွဲ့ဝင်များက ဇွန် ၂၂ ရက်က အနောက်ဘက်ကမ်း အယ်လ်ခါလီမြို့မှ ပျောက်ဆုံးသါားသော အခြေချနေထိုင်သူ သုံးဦးပြန်ပေးဆွဲခံရေခြင်းအပေါ် ပါလက်စတိုင်း အများအပြားကို ဖမ်းဆီးလျက်ရှိသည်။

    အစ္စရေး သုံးဦး ပြန်ပေးဆွဲခံမှုအပေါ် ပါလက်စတိုင်းဟားမတ်တို့ လက်ချက်ဟု တဲလ်အဗစ်က စွပ်စွဲခဲသည်။ ဟားမတ်တို့က ယင်းစွပ်စွဲချက်ကို ငြင်းဆိုထားသည်။ ဇွန် ၁၂ ရက် နောက်ပိုင်း ဟားမတ်အဖွဲ့ဝင်များနှင့် လွှတ်တော်အမတ်များ အပါအဝင် လူပေါင်း ၄၀၀ ကို ဖမ်းဆီးထားသည်။ ယင်းကဲ့သို့ ဖမ်းဆီးစဉ် အချို့မှာ အစ္စရေးတို့၏ သတ်ဖြတ်မှုကို ခံရသည်ဟု ဆိုသည်။

    (ပရက်စ်တီဗွီ)

    ဇွန် ၂၇ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ မှ

  • ဂိုးသွင်း စံချိန်တင်ရေးထက် အသင်းချန်ပီယံ ဖြစ်ရေး ပိုအရေးကြိးဟု ဂျာမန်တိုက်စစ်မှူး ကလိုဆေးပြော

    ဇွန်လ ၂၆ ရက်၊ ၂၀၁၄
    M-Media

    427266_heroa
    – ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဂိုးသွင်းစံချိန်သစ်တင်ရေးထက် ဂျာမနီအသင်း ဗိုလ်စွဲရေးမှာ ပို၍အရေးကြီးသည်ဟု ၀ါရင့်တိုက်စစ်မှူး ကလိုဆေးက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သည့် ဂါနာအသင်းနှင့် ၂ ဂိုးစီသရေကျခဲ့သည့်ပွဲစဉ်တွင် လူစားဝင်လာခဲ့သည့် ကလိုဆေးမှာ တစ်ဂိုးသွင်းယူခဲ့ပြီး ဘရာဇီးလ်ဂန္တ၀င်တိုက်စစ်မှူး ရော်နယ်ဒိုရရှိထားသည့် ၁၅ ဂိုးစံချိန်ကို လိုက်မှီသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ရေး အလားအလာကောင်းနေသည်။

    သို့သော်လည်း အသက် ၃၆ နှစ်အရွယ်ရှိ ကလိုဆေးကမူ စံချိန်သစ်တင်ရေးထက် အသင်း ကမ္ဘာ့ဖလားဗိုလ်စွဲရေးကိုသာ ပိုမို၍ လိုလားနေသည်။

    “အသင်းကရရှိမယ့်ဆုဖလားဟာ ကျွန်တော်ထက်ကို ပိုအရေးကြီးပါတယ်။ ကျွန်တော့်အတွက် ခါးသီးတဲ့အရာတစ်ခုကတော့ အသင်းကို ပွဲအစကတည်းက မကူညီနိုင်တာပါပဲ။ ဒါ့ကြောင့် အသင်းအတွက် ကျွန်တော့်ရဲ့ အခြားအရည်အသွေးကို ယူဆောင်လာပေးလေ့ရှိပါတယ်။ကမ္ဘာ့ဖလားရရှိရေးအိပ်မက်အတွက် ကျွန်တော် အသက်ရှင်နေတာပါ” ဟု ကလိုဆေးက ဂျာမနီ မဂ္ဂဇင်း Kicker သို့ ပြောကြားခဲ့သည်။

ုထို့ပြင် ဂျာမနီအသင်း၌ လူစားဝင်ကစားရသောကြောင့် စိတ်မကောင်းမဖြစ်ဘဲ တတ်နိုင်သမျှ အသင်းအား ကူညီသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ၂ ပွဲကစား ၄ မှတ်ရထားပြီး နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်းနေသည့် ဂျာမနီအသင်းမှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယနေ့ညတွင် အမေရိကန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

  • MH 730 မှာ အော်တိုပိုက်လော့ဖြင့် မောင်းနှင်ခဲ့ပြီး ပျက်ကျသွားခြင်း ဖြစ်ကြောင်း သြစတြေးလျ ပြော

    ဇွန်လ ၂၆ ရက်၊ ၂၀၁၄
    M-Media
    133440372_14037825293801n
    – မတ်လအစောပိုင်းက ပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေယာဉ် MH 730 မှာ အော်တိုပိုက်လော့ (အလိုအလျောက် မောင်းနှင့်သည့်စနစ်) ဖြင့် ပျံသန်းခဲ့ပြီး ဆီကုန်ကာ သမုဒ္ဒရာထဲသို့ ပျက်ကြခဲ့ခြင်းဖြစ်သည်ဟု သြစတေးလျ ဒုတိယ၀န်ကြီးချုပ် ၀ါရန်ထရက်စ်က ယနေ့တွင် ပြောကြားလိုက်သည်။

    သြစတေးလျ၊ မလေးရှားနှင့် တရုတ်နိုင်ငံတို့ပါဝင်သော လေယာဉ်ရှာဖွေရေးလုပ်ငန်း သတင်းထုတ်ပြန်မှုတွင် ထရက်စ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံတကာ ဂြိုဟ်တုများ၏ တွေ့ရှိချက်နှင့် ပညာရှင်များ၏ တွက်ချက်မှုကို အခြေခံကာ ရှာဖွေမှုကို အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်း နေရာသစ်သို့ ပြောင်းလဲ သွားမည်ဟု ဆိုသည်။ ကီလိုမီတာ ၆ သောင်းရှိမည့် အဆိုပါနေရာသစ်တွင် ရှာဖွေမှုလုပ်ငန်းများကို သြဂုတ်လတွင် စတင်မည်ဖြစ်ကာ ၁၂ လအထိ ကြာမြင့်နိုင်သည်။

    “ဒီနေရာကို အရင်က သေသေချာချာ ရှာဖွေမှု မလုပ်ရသေးပါဘူး။ ဒါ့ကြောင့် သမုဒ္ဒရာကြမ်းပြင်ကို ဘယ်လို အခြေအနေရှိလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲနဲ့ ရှာဖွေရေးပစ္စည်း အသစ်တွေ ချတာဟာ လုပ်ငန်းကို အန္တရာယ် ရှိစေပါတယ်။ ကျွန်တော်တို့ ကံကောင်းပြီး ပထမဆုံးနာရီ ဒါမှမဟုတ် ပထမဆုံး နေ့မှာ တွေ့သွားနိုင်ပါတယ်။ ဒါမှမတုတ် နောက် ၁၂ လလည်း ကြာသွားနိုင်ပါတယ်” ဟု ထရက်စ်က ပြောကြားခဲ့သည်။

    ကွာလာလမ်ပူမှ ဘေဂျင်းသို့အသွား မတ်လ ၈ ရက်နေ့က ပျောက်ဆုံးသွားသည့် အဆိုပါလေယာဉ်တွင် လူပေါင်း ၂၃၉ ဦးလိုက်ပါသွားပြီး ရှာဖွေရေးလုပ်ငန်းများ၏ အခြေအနေကို သြစတေးလျ၊ မလေးရှားနှင့် တရုတ်နိုင်ငံတို့က ကျန်ရှိမိသားစုများအား အကြောင်းကြားပေးနေသည်။

    ဆင်ဟွာ