News @ M-Media

Blog

  • သီရိလင်္ကာတွင် မွတ်စလင်များအား အကြမ်းဖက်မှုကို ဆန့်ကျင်သည့် ဘုန်းကြီး တပါး ကိုယ်လုံးတီးချွတ် ရိုက်နှက်ခံရ

    ဇွန်လ ၂၁ ရက်၊ ၂၀၁၄
    M-Media
    201406182300
    – အစ္စလာမ်ဘာသာဝင်များကို တိုက်ခိုက်သည်ဟု အပြစ်တင်ခြင်းခံနေရသည့် သဘောထားတင်းမာသော BBS အဖွဲ့ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည့် သီရိလင်္ကာ ဘုန်းတော်ကြီးတစ်ပါးမှာ ပြန်ပေးဆွဲခံခဲ့ရပြီး၊ ရိုက်နှက်ခံခဲ့ရသည်ဟု သိရသည်။

    သီရိလင်္ကာ ဇတ္တိကဗလသိန အဖွဲ့ခေါင်းဆောင် ဘုန်းတော်ကြီး ဗာတာရိက ဗိဇိသ သီရိုမှာ အစ္စလာမ်မုန်းတီးရေး လှုပ်ရှားမှုများကို ဆောင်ရွက်နေပြီး သီရိလင်္ကာရှိ အစ္စလာမ်ဘာသာဝင်များအား တိုက်ခိုက်မှုများတွင် ကြိုးကိုင်နေသည်ဟု အပြစ်တင်ခြင်းခံနေရသော ဆင်ဟာလာ ဗုဒ္ဓဘာသာအဖွဲ့ ဘူဒေါဗလသိန BBS ၏ လုပ်ရပ်များကို ဆန့်ကျင်ခဲ့သောကြောင့် ဗုဒ္ဓဟူးနေ့ညက မြို့တော်ကိုလံဘို ဆင်ခြေဖုံးဒေသတွင် ပြန်ပေးဆွဲ၊ ရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်။

    ဘုန်းတော်ကြီး သီရိုကို ပါနာဒူရာမြို့လမ်းဘေးတွင် လက်များ၊ ခြေထောက်များကို ကြိုးဖြင့်ချည်နှောင်လျက် ကိုယ်လုံးတီးတွေ့ခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ သင်္ကန်းနှင့် ပိုက်ဆံအိတ်ကို အနီးနားတွင် တွေ့ရှိခဲ့ရသည်။ အဆိုပါ ဘုန်းတော်ကြီးအား ကြာသာပတေးနေ့ နံနက်ပိုင်းက ကားတစ်စီးပေါ်မှ လာရောက်ပစ်ချသွားသည်ဟု အနီးအနားတွင် နေထိုင်သူ ရှီဟန် ကာပူဂျီက ပြောကြားခဲ့သည်။

    ဘုန်းတော်ကြီး သီရိုအား ကိုလံဘိုမြို့ရှိ အမျိုးသားဆေးရုံးကြီးသို့ ပင့်ဆောင်ကာ ဆေးကုသပေးနေသည်ဟု အဆိုပါဆေးရုံ လက်ထောက်ဒါရိုက်တာ ဒေါက်တာ ပရာဆဒ် အရိယာဝန်ရှာက အလ်ဂျာဇီးရား သတင်းဌာနသို့ ပြောကြားခဲ့သည်။ သီရိုမှာ သီရိလင်္ကာ အာဏာရပါတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ အစိုးရအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

    Ref: Al Jazeera

  • လက်ရှိ အစိုးရကို မယုံကြည်လို့ ဆန္ဒဖော်ထုတ်နေ ရခြင်းဖြစ်တယ်ဟု ကိုနန္ဒာစစ်အောင်ဆို

    လက်ရှိ အစိုးရကို မယုံကြည်လို့ ဆန္ဒဖော်ထုတ်နေ ရခြင်းဖြစ်တယ်ဟု ကိုနန္ဒာစစ်အောင်ဆို

    ဇွန် ၂၁၊ ၂၀၁၄
    M-Media
    လမင်း

     DSC02980

    ရန်ကုန်  ။     ။   လက်ရှိအစိုးရကို မယုံကြည်တဲ့အတွက် ယခုကဲ့သို့ ဆန္ဒတွေကို ထုတ်ဖော်နေရခြင်းဖြစ်ပါတယ်လို့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သူ ကိုနန္ဒာစစ်အောင်က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ရန်ကုန်တောင်ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

    “ဒီမိုကရေစီနိုင်ငံမှာ ဆန္ဒတွေပြနေတာဟာ ဒီမိုကရေစီရဲ့ပြရုပ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ မရ ရအောင်တောင်းဆိုနေမှာပါ။ နောက်ကိုလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆက်ပြီးဆန္ဒတွေပြနေဦးမှာပါပဲ။ ပြည်သူလူထုက ရွေးချယ်တင်မြောက်တဲ့ အစိုးရတစ်ရပ်ဖြစ်လာရန်အတွက် ၅၉ (စ)ကိုပြင်ရန်အတွက်လည်း တောင်းဆိုသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ရန်ကုန်တောင်ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲတွင် တောင်ပိုင်းခရိုင်မှ မြို့နယ်များဖြစ်ကြသော သန်လျင်၊ ကျောက်တန်း၊ ခရမ်းသုံးခွ၊ ဒလ၊ တွံတေး၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူး၊ ကွမ်းခြံကုန်း စသည့်မြို့နယ်များပါဝင်မည်ဖြစ်သည်။

    အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် လူအင်အား ၃၀၀၀ ပါဝင်ရန် ခွင့်ပြုမိန့်ရရှိထားပြီဖြစ်ပြီး နေ့လည် ၂-နာရီမှ ညနေ ၅-နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံရေးနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များမှလည်း ဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး ပြည်သူလူထုအား ဟောပြောပွဲများပြုလုပ်သွားမည်ဖြစ်သည်။

    အရှေ့ပိုင်းခရိုင်လုံးဆိုင်ရာဆန္ဒထုတ်ဖော်ပွဲကို မေလ ၂၅-ရက်နေ့တွင်ကျင်းပခဲ့ပြီး ဇွန်လ ၂၂-ရက်နေ့တွင် တောင်ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။ အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်လုံးဆိုင်ရာ ဆန္ဒထုတ်ဖော်ပွဲများကိုလည်း ဆက်လက်ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

  • နာမည်ကြီး အီတလီကို အနိုင်ယူပြီး ကော်စတာရီကာ နောက် တဆင့်တက်၊ ပြင်သစ် ဂိုးပြတ်နိုင်ပြီ အီကွေဒေါ ၃ မှတ်ရ

    ဇွန်လ ၂၁ ရက်၊ ၂၀၁၄
    M-Media
    – ကမ္ဘာ့ဖလား အုပ်စု D နဲ့ အုပ်စု E ရဲ့ ပွဲစဉ် ၃ ပွဲကို မနေ့ညနဲ့ ဒီနေ့ မနက်မှာ ကစားခဲ့ပြီး မရဏအုပ်စုက ကော်စတရီကာက အီတလီကို အနိုင်ယူကာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အဖွင့်ပွဲမှာ အနိုင်ရထားတဲ့ ပြင်သစ်ကလည်း ဆွဇ်လန်ကို ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး အီကွေဒေါကလည်း ဟွန်ဒူးရပ်စ်ကို ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့် အနိုင်ကစားနိုင်ခဲ့ပါတယ်။

    10418257_908353739180474_6984491498459103611_n

    အဖွင့်ပွဲမှာ အင်္ဂလန်ကို အနိုင်ကစားနိုင်ခဲ့တဲ့ အီတလီတို့ ဒီပွဲမှာတော့ ကော်စတာရီကာကို အရှုံးပေးခဲ့ရပြီး နောက်တစ်ဆင့်တက်ဖို့အတွက် အုပ်စုနောက်ဆုံး ဥရုဂွေးနဲ့ပွဲမှာ အကြိတ်အနယ်ကစားရပါတော့မယ်။ ဥရုဂွေးကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့တုန်းကလိုပဲ ကော်စတာရီကာတို့ ဒီပွဲမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး အပိုင်ဂိုးသွင်းခွင့် ၅ ကြိမ်လောက်ရခဲ့ပါတယ်။ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပထမပိုင်းပြီးဖို့ ၁ မိနစ်အလိုမှာ ရူအစ်ဇ်က ခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။ ဒီပွဲအနိုင်ကြောင့် ကော်စတာရီကာတို့ သမိုင်းတစ်လျှောက် ဒုတိယအကြိမ် ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

    ပြင်သစ်ကလည်း အသင်းငယ် ဆွဇ်လန်ကို ခြေအသာနဲ့ ကစားသွားနိုင်ခဲ့ပြီး မိနစ် ၈၀ အထိ ၅ ဂိုး ပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ချေပဂိုး ၂ ဂိုး ပြန်ပေးလိုက်ရပေမယ့် ရလဒ်ကိုတော့ ပြောင်းလဲနိုင်ခြင်းမရှိဘဲ ၂ ပွဲကစား ၆ မှတ်နဲ့ ပြင်သစ်တို့ နောက်တစ်ဆင့် တက်ရောက်သွားခဲ့ပါတယ်။ ပြင်သစ်အတွက် ဂိုးတွေကိုတော့ ဂျီရော့ဒ်၊ မာတူဒီ၊ ဗာလ်ဗြူနာ၊ ဘန်ဇီမာနဲ့ စစ်ဆိုကိုတို့က တစ်ဂိုးစီသွင်းယူပေးခဲ့တာပါ။

    ဟွန်ဒူးရပ်စ်နဲ့ အီကွေဒေါတို့ပွဲမှာတော့ မန်ယူအလယ်တန်းလူ ဗလင်စီယာရဲ့ သွင်းဂိုးနဲ့အတူ အီကွေဒေါတို့ အနိုင်ရခဲ့ပါတယ်။ အဖွင့်ပွဲမှာ ပြင်သစ်ကိုရှုံးခဲ့တဲ့ ဟွန်ဒူးရပ်စ်တို့ ဒီပွဲမှာ ဦးဆောင်ဂိုးအရင်သွင်းနိုင်ခဲ့ပေမယ့် ထိန်းထားနိုင်ခြင်းမရှိဘဲ အီကွေဒေါရဲ့ဂိုးတွေကို ခွင့်ပြုခဲ့ရပါတယ်။ ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဗလင်စီယာ အီကွေဒေါအတွက် ၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

    အုပ်စု D

    ကော်စတာရီကာ ၁-၀ အီတလီ

    အုပ်စု E

    ပြင်သစ် ၅-၂ ဆွဇ်လန်
    အီကွေဒေါ ၂-၁ ဟွန်ဒူးရပ်စ်

  • ဗိုလ်ချူပ်မောင်မောင်အုန်း အား ရခိုင်ပြည်နယ် လွှတ်တော် အမတ်ခန့်အပ်၊ ဝန်ကြီးချူပ်ဖြစ်လာဖွယ်ရှိနေ

    ဇွန်လ ၂၁ ရက်၊ ၂၀၁၄
    M-Media
    .သီဟ
    Maj-Gen Maung Maung Ohn 2
    ဇူလိုင် ၁၈ ရက်နေ့က နယ်စပ်ရေးရာ ဒုဝန်ကြီး တာဝန်မှ မူလ စစ်ဖက် ရာထူးထမ်းဆောင်ဖို့ ပြန်ပို့လိုက်တဲ့ ဗိုလ်ချူပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ်  ခန့်အပ်လိုက်ပါပြီ။

    ဗိုလ်ချူပ်မောင်မောင်အုန်း စစ်ဘက်တာဝန် ပြန်ထမ်းဆောင်ဖို့ နောက်တနေ့မှာ ပဲ သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ် ဝန်ကြီးချူပ် ဦးလှမောင်တင်ရဲ့ နှုတ်ထွက်လွှာကို လက်ခံခဲ့ပါတယ်။

    မီဒီယာများမှာတော့ ရခိုင်ပြည်နယ် ဝန်ကြိးချူပ်အဖြစ် ဗိုလ်ချူပ်မောင်မောင်အုန်းကို ခန့်အပ်မယ်ဆိုတဲ့ သတင်းတွေ မနေ့ကတည်းက ထွက်ပေါ်နေတာပါ။

    ပြည်နယ်(သို့) တိုင်းဒေသကြီး ဝန်ကြီးချူပ် တာဝန်ကို လွှတ်တော်အမတ်များကိုသာ ခန့်အပ်ခွင့်ရှိတာမို့ ဗိုလ်ချုပ်မောင်မောင်အုန်း ရခိုင်ပြည်နယ် ဝန်ကြီးချူပ်ဖြစ်ဖို့ သတင်းတွေ ပိုပြီး နီးစပ်လာပြီဖြစ်ပါတယ်။

    Genal Mg Mg Ohme
    ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော် က တော့ ဝန်ကြီးချူပ်နေရာမှာ အစားထိုးဖို့ သတင်းထွက်နေသူဟာ ရခိုင်ပြည်သူလူထု အတွက်
    ကောင်းတဲ့ လက္ခဏာ ဖြစ်လာမယ်တော့ မထင်ပါဘူးလို့ VOA နဲ့ အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။

    ပြည်ထောင်စုလွှတ်တော် ၂ ရပ်နှင့် ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်တွေမှာ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအား  ပြည်သူရွေးချယ်ခံ မဟုတ်တဲ့ တပ်မတော်သားများကို တပ်မတော်ကာကွယ်ရေးဦးစီးချူပ်မှ ခန့်အပ်ပိုင်ခွင့်ရှိကြောင်း ၂၀၀၈ အခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။

    အမိန့်ကြေညာစာ- ဇွန်လ ၂၁ရက်နေ့ ကြေးမုံသတင်းစာ
    Photo- credit- VOA မြန်မာပိုင်း

  • ဝေဖန်ခံနေရသည့် စပိန်တော်ဝင် မိသားစု ဘုရင် အသစ်တင်မြှောက်

    ဇွန်လ ၁၉ ရက်။ ၂၀၁၄
    M-Media
    fHEltZ7-360
    – ဝေဖန်ခံနေရသည့် စပိန်တော်ဝင်အသိုင်းအ၀ိုင်း ဘုရင်သစ်တင်မြှောက်ခြင်းအခမ်းအနားကို ယနေ့တွင် အကျဉ်းရုံးပြုလုပ်ခဲ့ပြီး အိမ်ရှေ့မင်းသား ဖိလစ် ၆ က စပိန်ဘုရင်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်ဟု သိရသည်။

    ထိုအခမ်းအနားကို စပိန်အအောက်လွှတ်တော်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ဥပဒေအဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ပါလီမန်အဖွဲ့ဝင်များ၊ အရေးပါသည့် နိုင်ငံရေးသမားများနှင့် တော်ဝင်အသိုင်းအ၀ိုင်းမှ လူအချို့ တက်ရောက်ခဲ့ကြသည်။ တော်ဝင်အသိုင်းအ၀ိုင်းနှင့် ပတ်သက်၍ ကဲ့ရဲ့မှုများ ခံခဲ့ရပြီးနောက် ဖိလစ်၏ ဖခင် ဘုရင်ကြီး ဂျူအန်ကားလို့စ်မှာ ထီးနန်းအား ယခုလအစောပိုင်းက စွန့်လွှတ်ခဲ့သည်။

    ဘုရင်အဆင်တန်ဆာဖြစ်သည့် ဆလွယ်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်အစောပိုင်းက ဇာဇူအီလာ နန်းတော်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ဘုရင်တင်မြှောက်မှုအခမ်းအနားမှာ အခြားသောနိုင်ငံများ၏ ဘုရင်တင်မြှောက်ပွဲနှင့် နှိုင်းယှဉ်လျှင် ခမ်းနားထည်ဝါမှု အနည်းငယ်သာရှိသည်။

    စပိန်တွင် အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်းနှင့် နိုင်ငံရေးဆိုင်ရာ အကြောင်းအရင်းများကြောင့် ပြည်သူလူထုမှာ ဘုရင်စနစ်ကို ဖျက်သိမ်းရန် ဆန္ဒပြတောင်းဆိုမှုများလည်း ရှိနေသည်။ ဘုရင်သစ်ဖိလစ်မှာ ဖခင်လက်ထက် အရှိန်အ၀ါကျဆင်းခဲ့သည့် တော်ဝင်အသိုင်းအ၀ိုင်းအား ပြည်သူ၏ ထောက်ခံမှုရရှိရန် ကြိုးစားရမည်ဖြစ်သည်။

    Ref: Agencies