News @ M-Media

Blog

  • အာဆင်နယ်နောက်ခံလူ ဆဂ်နာ မန်စီးတီးရောက်ပြီ

    အာဆင်နယ်နောက်ခံလူ ဆဂ်နာ မန်စီးတီးရောက်ပြီ

    ဇွန် ၁၄၊ ၂၀၁၄
    M-Media

    383036_heroa

    –  အာဆင်နယ်အသင်း၏ အားထားရသည့် နောက်ခံလူ ဆဂ်နာအား ခေါ်ယူလိုက်ပြီဟု ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းက ကြာသာပတေးနေ့ တွင် ကြေညာခဲ့သည်။
    အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ဆဂ်နာမှာ အသင်းမှထွက်ခွာတော့မည်ဟု နွေရာသီအပြောင်းအရွှေ့ မတိုင်ခင်ကတည်းက သတင်းများထွက်ပေါ်နေပြီး၊ နည်းပြ ၀င်းဂါးကမူ ဆဂ်နာမှာ အသင်းတွင် ဆက်ရှိနေမည်ဟု စောစောပိုင်းက ပြောကြားခဲ့သည်။ သို့သော်လည်း ပယ်လီဂရီနီ၏ ပစ်မှတ်ကစားသမားဖြစ်သည့် ဆဂ်နာအား မန်စီးတီးအသင်းက ၃ နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

    မန်စီးတီးအသင်းမှာ အာဆင်နယ်၏ အဓိကကစားသများကို ခေါ်ယူလေ့ရှိပြီး နောက်ခံလူ ကလစ်ချီ၊ ကွင်လယ်လူ နာဆရီတို့ကို လစာမြင့်မားစွာပေး၍ ယခင်က ခေါ်ယူခဲ့ဖူးသည်။ ဆဂ်နာ၏ အနာဂတ် မရေရာဖြစ်နေသောကြောင့် နည်းပြ ၀င်းဂါးက နောက်ခံလူတစ်ဦးကို ရှာဖွေနေပြီး အက်သလက်တီကို မက်ဒရစ်ကစာသမား ဂျူအန်ဖရန်နှင့် တူးလော့စ်မှ ဆာဂျီ သြရီယာတို့ကို စိတ်ဝင်စားနေသည်။

    Ref : Goal

  • ၂၀၁၀ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တဲ့ ဟော်လန်၊ အနိုင် ၃ မှတ်ရယူနိုင်ခဲ့တဲ့ မက္ကဆီကိုနဲ့ ချီလီတို့ရဲ့ ဇွန် ၁၄ ရက် ကမ္ဘာ့ဖလားပွဲစဉ်များ

    ဇွန် ၁၄၊ ၂၀၁၄
    M-Media

    article-2516825-19B302D100000578-990_306x206

    – ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု A က တစ်ပွဲနဲ့ အုပ်စု B က ၂ ပွဲ စုစုပေါင်း ၃ ပွဲကို မနေ့ညနဲ့ ယနေ့နံနက်တွေမှာ ကစားခဲ့ကြပြီး မက္ကဆီကို၊ ဟော်လန်နဲ့ ချီလီတို့ အသီးသီး အနိုင်ရခဲ့ကြပါတယ်။

    အုပ်စု A က မက္ကဆီကိုနဲ့ ကင်မရွန်းတို့ပွဲမှာတော့ မက္ကဆီကိုကပဲ ကစားကွက်အသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးသွင်းခွင့်အသာနဲ့ ကစားသွားခဲ့ပါတယ်။ ဒါပေမယ့် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ၆၁ မိနစ်မှ ရရှိခဲ့တာဖြစ်ပြီး မက္ကဆီကိုရဲ့ ဂိုးသွင်းစက် ပီရဲလ်တာက သွင်းယူပေးခဲ့တာပါ။ ဒီဂိုးဟာ မက္ကဆီကိုအသင်းနဲ့ နောက်ဆုံး ၇ ပွဲမှာ ပီရဲလ်တာရဲ့ ၉ ဂိုးမြောက် ဖြစ်ပါတယ်။

    အုပ်စု B ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်တဲ့ လက်ရှိချန်ပီယံ စပိန်နဲ့ ဟော်လန်တို့ရဲ့ ပွဲမှာတော့ ဟော်လန်အသင်းက ဗန်ပါစီ၊ ရော်ဘင်တို့ရဲ့ ဂိုးတွေနဲ့အတူ ၅ ဂိုး ၁ ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ စပိန်ဟာ သူတို့ရဲ့ ပုံစံအတိုင်း ဘောလုံးကိုင်ကစားပြီး ကစားကွက် အသာစီးယူခဲ့ပေမယ့် ဟော်လန်အသင်းရဲ့ လျင်မြန်မှုနဲ့ အမြင့်ဘောကစားဟန်တွေကိုတော့ ထိန်းချုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ပထမပိုင်း ၂၇ မိနစ်မှာ အငြင်းပွားဖွယ် ပင်နယ်တီနဲ့ စပိန်တို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၄၄ မိနစ်မှာ ဗန်ပါစီက ချေပဂိုးသွင်းပေးခဲ့ပါတယ်။

    ဒုတိယပိုင်းမှာတော့ ဟော်လန်တို့ ဆက်တိုက်ဆိုသလိုပဲ အနိုင်ဂိုးတွေရခဲ့ပြီး ရော်ဘင်က ၂ ဂိုး စတီဖန်ဒီ ဗာအစ်ဂ်ျနဲ့ ဗန်ပါစီတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့တာပါ။ ဟော်လန်ရဲ့ ဒီပွဲအနိုင်ဟာ ၂၀၁၀ ကမ္ဘာ့ဖလာဗိုလ်လုပွဲရှုံးကြွေးကို ထိုက်ထိုက်တန်တန် ဆပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ဆွဇ်လန်ကို ရှုံးခဲ့ပေမယ့် ကျန်တဲ့ပွဲတိုင်းကို အနိုင်ယူပြီး ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ စပိန်အသင်း ဘရာဇီးလ်မှာလည်း ဒီလိုထပ်လုပ်ပြနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရပါမယ်။

    အုပ်စု B ရဲ့ အခြားပွဲဖြစ်တဲ့ ချီလီနဲ့ သြစတေးလျတို့ပွဲမှာတော့ ချီလီအသင်းက သက်တောင့်သက်သာနဲ့ ကစားနိုင်ခဲ့ပြီး အစောပိုင်း ဂိုး ၂ ဂိုးအပါအ၀င် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

    ယနေ့ညမှာတော့ အုပ်စု C က ကိုလံဘီယာနဲ့ ဂရိ၊ မနက်ဖြန်မနက်မှာ အုပ်စု C က အိုက်ဗရီကို့စ်နဲ့ ဂျပန်၊ အုပ်စု D က ဥရုဂွေးနဲ့ ကော်စတာရီကာ၊ ညနေပိုင်းမှာ အုပ်စု D က အင်္ဂလန်နဲ့ အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

    Ref : Goal

  • ဘာသာပေါင်းစုံ လူငယ်များ နှီးနှော ဖလှယ်ပွဲ တစ်ရပ် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိ

    ဘာသာပေါင်းစုံ လူငယ်များ နှီးနှော ဖလှယ်ပွဲ တစ်ရပ် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိ

    ဇွန်-၁၄၊၂၀၁၄
    M-Media
    သူရိန်၊ လမင်း

    DSC02585

    ရန်ကုန် ။       ။ မြန်မာနိုင်ငံအတွင်း ဘာသာအသီးသီးမှလူငယ်များ စုပေါင်းပါဝင်သော ဘာသာပေါင်းစုံလူငယ်များ နှီးနှောဖလှယ်ပွဲ တစ်ရပ်ကို ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန် ကြိုးစားနေကြောင်း သိရသည်။

    “ဘာသာပေါင်းစုံ လူငယ်များရဲ့ လိုလားချက်တွေဖော်ထုတ်နိုင်ဖို့နဲ့ သဟဇာတဖြစ်တဲ့ အနာဂတ်မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံက လူငယ်တွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာ အတွက် ကျင်းပမှာဖြစ်ပါတယ်” ဟု နှီးနှောဖလှယ်ပွဲကျင်းပမည့် ရည်ရွယ်ချက်ကို Smile Education and Development Foundation မှ ဒါရိုက်တာ ဦးမျိုးဝင်းမှ ပြောကြားသည်။

    ထိုသို့ဆောင်ရွက်ရာတွင် လူငယ်များအနေဖြင့် ဖြစ်ပေါ်နေသော အခြေအနေအကောင်းဘက်ကို ပြုပြင်ရမှာဖြစ်ကြောင်း၊ လူငယ်တွေရဲ့ Religious Youth Service ပုံစံ များကို ဖော်ထုတ်ဖို့ပါ တပါတည်းစဉ်းစား စေလိုကြောင်းဖြင့်ဆိုပါတယ်။ ထိုပြင် လူငယ်များရဲ့တက်ကြွစွာပါဝင်မှုများသည် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်သဖြင့် အသိအမှတ်ပြုနေဆဲဖြစ်သည်။

    အဆိုပါ အစီအစဉ်ကို ဗုဒ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူ ဘာသာနှင့် အခြားသော ဘာသာစုံများ အတူတကွ ပါဝင်မည်ဖြစ်ပြီး ဘာသာပေါင်းစုံ အချင်းချင်း အပြန်အလှန် မျှဝေခြင်း၊ သက်ဆိုင်ရာ နယ်မြေများတွင် Religious Youth Service အသွင်များပေါ်ပေါက်လာပြီး သဟဇာတ ရှိသော လုပ်ငန်းများ ဖြစ်လာအောင်ရှေ့ဆက်ဆောင်ရွက်ရန် မျှော်မှန်းထားကြောင်းသိရသည်။

    လက်ရှိတွင် ဘာသာစုံမှ လူငယ်များ စုံညီစွာ ပါဝင်ပြီး ဘာသာရေး အဆောက်အအုံများကို လှည့်လည်လေ့လာသည့် အစီအစဉ်ကို ရန်ကုန်အပါအ၀င် မြို့၅မြို့တွင် ဆောင်ရွက်လျက်ရှိပြီး လာမည့်နှစ်တွင် မြန်မာနိုင်ငံတွင်းမှ မြို့ကြီး ၅မြို့နယ်တွင် ထပ်မံတိုးချဲ့ လုပ်ဆောင်သွားဖွယ်ရှိကြောင်းသိရသည်။

  • ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို ရော်ဘာတုတ်များနှင့် ကျင်စက်များ ကိုင်ဆောင်ခွင့်ပေးတော့မည်

    ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို ရော်ဘာတုတ်များနှင့် ကျင်စက်များ ကိုင်ဆောင်ခွင့်ပေးတော့မည်

     

    ဇွန် ၁၄၊ ၂၀၁၄
    M-Media
    လမင်း

    DSC02566

    ရန်ကုန် ။      ။ ယာဉ်ထိန်းရဲတာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို လက်နက်ကရိယာများဖြစ်သော ရော်ဘာတုတ်နှင့် ကျင်စက်များကို ကိုင်ဆောင်ခွင့်ပြုတော့မည်ဖြစ်ကြောင်းကို အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

    ယခုကဲ့သို့ကိုင်ဆောင်ခွင့်ပြုခြင်းသည် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအနေနှင့် မိမိကိုယ် အန္တရာယ်ဖြစ်လာစေနိုင်သော ကိုယ်ထိလက်ရောက်ဖြစ်စေသော စော်ကားမှုများကို ကာကွယ်ရန်အတွက် ယခုလို ကိုင်ဆောင်ခွင့်ပြုလိုက်ရခြင်းဖြစ်ကြောင်းကို အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။

    “ကျွန်တော်တို့ယာဉ်ထိန်းရဲတွေအနေနဲ့ မတတ်သာတဲ့အချိန်မျိုးမှာသာ ထုတ်သုံးခွင့်ပြုထားတာပါ။ တစ်ဖက်လူကိုသေစေအောင်လို့တော့ လုပ်လို့မရပါဘူး။ ယာဉ်ထိန်းရဲတွေကို နှောင့်ယှက်မှုတွေရှိလာရင် အဟန့်အတားအနေနဲ့အသုံးပြုနိုင်အောင် စီစဉ်ထားတာပါ” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    ကျင်စက်များကို ဗို့အားနည်းသော ကျင်စက်များကိုသာ အသုံးပြုသွားမည်ဖြစ်ပြီး လက်ရှိမြေပြင်တွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို ဦးစားပေးကာ ပေးအပ်သွားမည်ဖြစ်သည်။ ကျန်တပ်ဖွဲ့ဝင်များလည်း အမြန်ဆုံးရရှိနိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်သည်။

    ယခုလတ်တလောတွင် ရော်ဘာတုတ် အချောင်း ၂၀၀ ရှိနေပြီဖြစ်ပြီး ကျင်စက် ၁၈ ခုရှိကာ စည်းကမ်းမဲ့ယာဉ်များကိုလိုက်လံဖမ်းဆီးနေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၉ ဖွဲ့ ကို တစ်ဖွဲ့လျှင် ကျင်စက် ၂ ခုစီပေးထားကြောင်း သိရသည်။ ယာဉ်ထိန်းရဲတာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲ ၉၀၀ ကျော်ရှိရာ ၎င်းတို့အားလုံးတွင် တစ်ယောက်တစ်ခုရရှိနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ ယခု ဇွန်လထိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား ကိုယ်ထိလက်ရောက်စော်ကားမှုမှာ ၄ မှုရှိပြီး ဆဲဆိုမှုမှာ ၄ မှုရှိကြောင်း ယာဉ်ထိန်းရဲဌာန ထုတ်ပြန်ချက်များအရ သိရသည်။

  • မိမိအသင်းမှာ ရင့်ကျက်သော အသင်းသာဖြစ်ကြောင်း စပိန်နည်းပြ ဒဲလ်ဘော့စကေးဆို

    ဇွန်လ ၁၃ ၊ ၂၀၁၄
    M-Media
    422304_heroa
    – သက်ကြီးကစားသမားများပါဝင်နေသည့် မိမိတို့အသင်းမှာ အိုမင်းနေခြင်းမဟုတ်ဘဲ ရင့်ကျက်နေခြင်းသာဖြစ်သည်ဟု ကမ္ဘာ့ဖလားလက်ရှိချန်ပီယံ စပိန်အသင်း နည်းပြ ဒဲလ်ဘော့စကေးက ပြောကြားလိုက်သည်။

    စပိန်အသင်း၏ လူစာရင်းတွင် အသက် ၃၀ ကျော် ကစားသမား ၇ ဦးခန့် ပါဝင်နေပြီး အိုမင်းနေပြီဟု ဝေဖန်မှုများရှိနေသောကြောင့် ဒဲလ်ဘော့စကေးက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

    “စစ်မှုထမ်းဟောင်း အသင်းလို ကျွန်တော်တို့ ခြေစစ်ပွဲအောင်ခဲ့တာ မဟုတ်ပါဘူး။ ရင့်ကျက်တဲ့အသင်းအဖြစ်သာ ခြေစစ်ပွဲအောင်ခဲ့တာပါ။ ၃၀ ကျော်ကစားသမား ၄၊ ၅ ယောက်လောက်ရှိပါတယ်။ ဒါဟာ မများပါဘူး။ ကျွန်တော်တို့ အကောင်းဆုံး ပုံစံမှာ ရှိနေပြီး၊ ဘယ်သူ့ကိုမှ မကြောက်ပါဘူး။ သက်ကြီးကစားသမားတွေဟာ အရမ်း အရမ်းကို ထူးချွန်ပြောင်မြောက်ကြပါတယ်” ဟု ဒဲလ်ဘော့စကေးက ပြောကြားခဲ့သည်။

    အိမ်ရှင်ဘရာဇီးလ်၊ ဂျမနီတို့နှင့်အတူ ဗိုလ်စွဲရန် ရေပန်းစားနေသည့် စပိန်အသင်းမှာ ၂၀၁၀ ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲတွင် အနိုင်ယူခဲ့သည့် ဟော်လန် အသင်းနှင့် ယနေ့ညတွင် အုပ်စု B ပွဲဦးထွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။