News @ M-Media

Blog

  • ငတ်မွတ်မှုကြောင့် တောင်ဆူဒန်တွင် ကလေး ၅သောင်း အသက်ဘေး ရင်ဆိုင်နေရ

    ဇွန်လ ၁၆ ရက်၊ ၂၀၁၄
    M-Media
    201461414725296734_20
    – ပြည်တွင်းစစ်ဖြစ်ပွားနေသည်မှာ ၆ လတာကြာမြင့်နေသည့် ဆူဒန်နိုင်ငံရှိ ကလေးငယ် ငါးသောင်းကျော်မှာ ရောဂါဘယများနှင့် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကြောင့် သေဆုံးရမည့် အရေးနှင့် ရင်ဆိုင်နေရသည်ဟု  တောင်ဆူဒန်ဆိုင်ရာ ကုလ အကြီးအကဲ တိုဘီလန်ဇာက ပြောကြားလိုက်သည်။

    ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယများနှင့် အကြမ်းဖက်မှုများကို ကြုံတွေ့နေရသည့် ပြည်သူ ၁.၈ သန်းကျော်အား အကူအညီပေးရန် ယမန်နေ့က ပြုလုပ်ခဲ့သည့် ရန်ပုံငွေ ကန်ဒေါ်လာ ၁ ဘီလီယံကျော် ရှာဖွေပွဲတွင် ပြောခဲ့ခြင်းဖြစ်ပြီး မိုးများရွာသွန်း လာသောကြောင့် ပြည်သူများမှာ ရွှံ့နွံထဲ တွင် နေထိုင်နေရသည်ဟု လန်ဇာက ထည့်သွင်းပြောကြားခဲ့သည်။

    သမ္မတ ဆာလ်ဗာ ကီရ်နှင့် ပြိုင်ဘက် ရီက်မာချာတို့ အကြား ဖြစ်ပွားသော ပြည်တွင်း စစ်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ၁.၅ သန်းကျော်မှာလည်း နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ၎င်းတို့နှစ်ဦးကြား ယခင်က အပစ်အခတ်ရပ်စဲရေး နှစ်ကြိမ်ဆောင်ရွက် ခဲ့သော်လည်း နာရီပိုင်းသာ ခံခဲ့ပြီး ယခုသီတင်းပတ်အတွင်း ထပ်မံဆောင်ရွက်မည်ဟု ၎င်းတို့က ကတိပြုထားသည်။

    ကုလက ဒုက္ခသည်များအတွက် ကန်ဒေါ်လာ သန်း ၇၄၀ ကျော်ကို ထောက်ပံ့ပေးခဲ့ပြီး တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသများအတွက် ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး အကူအညီများ ထပ်မံလိုအပ်နေသည်။
    Al-Jazeera

  • ရူနီ၏ ခြေစွမ်းနှင့် ပတ်သက်၍ နည်းပြ ဟဒ်ဆန် ကာကွယ်

    ဇွန်လ ၁၆ ရက်၊ ၂၀၁၄
    M-Media
    Hodgson defends under-fire Rooney by Goal
    – အီတလီအားရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပြသခဲ့သည့် တိုက်စစ်မှူး ရူနီ၏ခြေစွမ်းနှင့် ပတ်သက်၍ နည်းပြ ရွိုင်ဟဒ်ဆန်က ကာကွယ်ပြောကြားခဲ့သည်။

    ထိုပွဲတွင် ဘယ်တောင်ပံ ထွက်ကစားခဲ့သည့် ရူနီမှာ စတားရစ်ခ်ျ သွင်းယူခဲ့သည့် ဂိုးအား ဖန်တီးပေးနိုင် ခဲ့သော်လည်း ဂိုးရနိုင်သည့် အကောင်းဆုံးအခွင့်အရေးတစ်ခုအား အသုံးချနိုင်ခဲ့ခြင်း မရှိချေ။ သို့သော်လည်း ရူနီမှာ အင်္ဂလန်အသင်း၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည်ဟု ဟဒ်ဆန်က ဆိုသည်။

    “သူကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပြီး ပုံစံကောင်းတစ်ခုကနေ အသင်းအတွက် ဂိုးတစ်ဂိုးကို သူ ဖန်တီးပေးခဲ့ပါတယ်။ ရူနီကို နေရာစုံမှာ သုံးနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပြီးတော့ သူရဲ့ စွမ်းဆောင်မှုအတွက် ကျွန်တော်ကျေနပ်ပါတယ်” ဟု ဟဒ်ဆန်က BBC နှင့် မေးမြန်းခန်းတွင် ပြေားကြားခဲ့သည်။

    ရူနီမှာ နောက်ဆုံးကစားခဲ့သည့် ကမ္ဘာ့ဖလားပွဲစဉ် ၉ ပွဲတွင်း ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပေ။ ရူနီအား ဘယ်တောင်ပံတွင် သုံးခဲ့ခြင်းနှင့် ပတ်သက်၍ ချယ်ဆီးလ် နည်းပြ မော်ရင်ဟိုကလည်း ဝေဖန်ခဲ့သည်။

  • ပျောက်ဆုံးနေသည့် လူငယ်သုံးဦး ရှာဖွေရန် အစ္စရေး၏ အစုလိုက် အပြုံလိုက် ဖမ်းဆီးမှု လူ့အခွင့်အရေးအဖွဲ့က ရှုတ်ချ

    ဇွန်လ ၁၆ ၊ ၂၀၁၄
    M-Media
    201461591459770734_20
    – ပြန်ပေးဆွဲခံခဲ့ရသည့် အစ္စရေးလူငယ်သုံးဦးကို ရှာဖွေရန် ပါလက်စတိုင်းရှိ ဟီဘရွန်ဒေသနှင့် ဂါဇာတ် ကမ်းမြှောင်တို့အား ပိတ်ဆို့ကာ ပါလက်စတိုင်းများကို ဖမ်းဆီးနေမှုများကို လူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချခဲ့ပြီး မဆိုင်သူများကို  စုပေါင်း အပြစ်ပေးခြင်း ဖြစ်တယ်လို့  ပြောကြားခဲ့သည်။

    ယမန်နေ့ညနှင့် ယနေ့နံနက်ပိုင်းတွင်ပြုလုပ်သည့် စစ်ဆင်ရေးများတွင် အစ္စရေးစစ်တပ်မှာ ဟားမတ်စ်အဖွဲ့ အကြီးတန်း တာဝန်ရှိသူများ အပါအ၀င် အနည်းဆုံး ပါလက်စတိုင်း ၈၀ အား ဖမ်းဆီးထားသည်။ အဆိုပါ လူငယ် ၃ ဦးမှာ အစ္စရေးက ထိန်းချုပ် ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် လွန်ခဲ့သည့် ၃ ရက်က ပျောက်ဆုံး ခဲ့ခြင်းဖြစ်သည်။

    “ဒီလိုလက်စားချေမှုနည်းလမ်းတွေဟာ နိုင်ငံတကာ ဥပဒေမှာ ဖော်ပြထားတဲ့ စုပေါင်းအပြစ်ပေးတဲ့ ပုံစံနဲ့ တူညီနေပါတယ်”  ဟု Ahrar လူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဖူအဒ် အလ်-ခူ ဖက်ရှ်က ဆိုသည်။

    ဖမ်းဆီးမှုများကို ဟီဘရွန်၊ ရာမာလာ၊ တူဘတ်စ်၊ ဘက်သလီဟမ်၊ ဂျီနင်နှင့် နဘလူစ် ဒေသများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများတွင် ပါလက်စတိုင်း ပါလီမန်အဖွဲ့ဝင်များ၊ ယခင်ဝန်ကြီးဟောင်းများလည်း ပါဝင်ခဲ့သည်။ ထို့ပြင် လာမည့်ရက်များအတွင်း အခြားနေရာများတွင်လည်း ဖမ်းဆီးမှုများ ပြုလုပ်ဖွယ်ရှိသည်ဟု အလ်-ခူဖက်ရှ်က ပြောကြား ခဲ့သည်။

    ယနေ့တွင်ပြုလုပ်ခဲ့သည် အစ္စရေးကက်ဘိနတ်အစည်းအဝေးတွင်မှု အစ္စရေးလူငယ်များအား ပြန်ပေးဆွဲမှုတွင် ဟားမက်စ် အဖွဲ့က တာဝန်ရှိသည်ဟု ၀န်ကြီးချုပ် နေတန်ရာဟုက စွပ်စွဲခဲ့သည်။ ပျောက်ဆုံးနေသည့် အဆိုပါ လူငယ်များကို ရှာဖွေရန်အတွက် ပါလက်စတိုင်း သမ္မတ မဟ်မူဒ်အဘတ်စ်က ပါလက်စတိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို အမိန့်ပေးထားသည်။

    Ref: Al Jazeera

  • “ကျားကို သက်သက်လွတ်စားဖို့ မျှော်လင့်ရင် ကျားရဲ့ အပြစ် မဟုတ်ပါဘူး” အလ်ဟဂ်ျ ဦးအေးလွင် နှင့် တွေ့ဆုံခြင်း

    ဇွန်လ ၁၆ ရက် ၊ ၂၀၁၄
    M-Media
    .ကျော်စိုးဝင်း (M-Media CJ တွေ့ဆုံမေးမြန်းသည်။)

    10439347_784288934928639_8723977431767846747_n

    ၁၅/၀၆/၂၀၁၄ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာ ထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံမှ အစ္စလာမ် ဘာသာဝင်များ ကိုယ်စားပြု တက်ရောက်ရန် လန်ဒန်မြို့သို့ ခေတ္တရောက် ရှိနေသော အလ်ဟဂ်ျ ဦးအေးလွင်နှင့် ယူကေရောက် မြန်မာ မိသားစုများ တွေ့ဆုံပွဲ အခမ်းအနားကို ဇွန်လ (၁၅) ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ အင်္ဂလန်ရောက် မြန်မာမွတ်စလင်မ် မိသားစုဝင် (၆၀) ခန့် တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ အခမ်းအနားမှာ အလ်ဟဂ်ျ ဦးအေးလွင်ကို အမ်မီဒီယာမှ တွေ့ဆုံပြီး မေးခွန်းအချို့ မေးမြန်းခွင့်ရခဲ့ပါတယ်။

    မေး- အလ်ဟဂ်ျ ဆရာ ဦးအေးလွင် ခင်ဗျာ….
    *  ဒီနေ့ အစ္စလာမ်မုန်းတီးရေး ပေါ်ပေါ်ထင်ထင်ဟောပြောမှုတွေ ပပျောက်အောင် အစိုးရ အသိအမှတ်ပြု ဘာသာရေး အဖွဲကြီးတွေ ဘယ်လိုများ လုပ်ဆောင်သင့်ပါသလဲ?

    * ၂၀၁၅ ရွေးကောက်ပွဲမှာ မွတ်စလင်တွေ ဘယ်လို ပါတီမျိုးကို မဲပေးသင့်သလဲ။?

    *  မွတ်စလင် လူထုကို ရွေးကောက်ပွဲမှ မှန်ကန်တဲ့ေ၇ွးချယ်မှု (ရပိုင်ခွင့်နဲ့ အခွင့်အရေး၊ တာဝန်) တွေကို အာမခံနိုင်မယ့် ပါတီကို ရွေးချယ်နိုင်ဖို့ အောက်ခြေလူထုကို ဘယ်လို ပညာပေး လှုံဆော်မလဲ။?

    * ဒုက္ခသည်စခန်းက လူတွေ နေအိမ်ပြန်နိုင်ဖို့ ၊ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေတဲ့ မွတ်စလင် လူထုအတွက် အခွင့်အရေးတွေ တောင်းယူ တိုက်ယူဖို့ အစ္စလာမ် အဖွဲ့ကြိး (၅) ဖွဲ့မှာ တာဝန်ရှိပါသလား ။ သူတို့လုပ်ဆောင်မှုများ လုံလောက်ပြီလို့ ထင်ပါသလား ၊ဘာတွေ ထပ်ပြီး လုပ်ဆောင်သင့်ပါလဲ။ သူတို့ လုပ်ဆောင်ဖို့ အခွင့်အရေး မပေးရင် လုပ်ဆောင်နိုင်ဖို့ မွတ်စလင် လူထု အားလုံးကို အသံထုတ်ဖို့ ဘာလုပ်သင့်ပါသလဲ။?

    10410655_784289034928629_3716273772674787466_n

    အလ်ဟဂ်ျ  ဦးအေးလွင် ဖြေကြားမှု

    ဥက္ကဌမရှိ၊ ညီညွတ်မှုမရှိ၊ ရွေးချယ်ပဲမရှိ၊ ညီလာခံ မရှိ၊ ဘုရားကျွန်တွေ အဖြစ် အလုပ်အကျွေးပြုတယ်ဆိုတဲ့ ကျွန်တွေလို ဆိုတဲ့ အဖွဲ့မှာ ကျွန်တော် လုပ်နေပါတယ်။ အဖွဲ့ကြီးငါးဖွဲ့ကိုလည်း ကျွန်တော်က မျက်စိမှိတ်ပြီး ထောက်ခံနေတာ မဟုတ်ပါဘူး။

    အဲဒီတော့ အဖွဲ့ကြီးငါးဖွဲ့က ဘာလုပ်နေသလဲဆိုတော့ အခုန ညီလေးကို ကျွန်တော်မေးချင်တာက ခင်များက အွန်လိုင်းမီဒီယာက။ မီဒီယာက In Touch ဖြစ်နေ ရမယ်လေ။ ငါးဖွဲ့က သူတို့ရဲ့ လှုပ်ရှားမှု မှန်သမျှတိုင်းကို တင်ပါတယ်။ဘာလို့မကြည့်တာလဲ။ ကျွန်တော်သူတို့ဘက်က ရပ်တည်ပြီးပြောနေတာ မဟုတ်ပါဘူး။ ခင်များ Record တွေ ရှိတယ် ပြန်ကြည့်ပါ။ ငါးဖွဲ့ ဘာတွေလုပ်ခဲ့လဲ။ဘယ် ဗလီကို သိမ်းဖို့ အချိန်မှာ ဘာလုပ်သလဲ။ဘယ် မဒါရ်ဆာကို ဖျက်မဲ့ အခါမှာ ဘာလုပ်သလဲ။ ဘယ်မြို့ကိုဝိုင်းရံထားတဲ့ အချိန်မှာ ဘာလုပ်လဲ။ ဓာတ်ပုံတွေနဲ့ တကွ သူတို့ တင်နေပါတယ်။ အဲဒါကို ဘာကြောင့်မကြည့်တာတုန်း။ အခုလည်း တောက်လျှောက်သူတို့သည် Hate Speech အတွက်နဲ့ ပတ်သက်ပြီးတော့ သမ္မတ ဆီကိုစာတင်ပါသည်။

    ပထမတော့ သက်ဆိုင်ရာ ပြန်ကြားရေး ဝန်ကြီးဆီ တင်ပါတယ်။ သမ္မတက ပြန်ကြားရေး ဆီကို ပို့လိုက်ပါတယ်။ပြန်ကြားရေးက စာနယ်ဇင်းကောင်စီကို ပို့ပါတယ်။ စာနယ်ဇင်းကောင်စီက စာပြန်တယ်။ ကျွန်တော်တို့သည် အဲဒီ အောင်ဇေယျတု မှာပါတဲ့၊ သာကီသွေးမှာပါတဲ့ လူတွေကို ခေါ်တွေ့ပြီးပါပြီ၊ ဘာပြောပြီးပါပြီ၊ ညာပြောပြီးပါပြီ။ သို့သော် နောက်တစ်ပါတ်ထုတ်မှာ ပိုဆိုးလာပါတယ်။အဲတော့ သူတို့ လုပ်နိုင်တာကို သူတို့လုပ်နေပါတယ်။

    ဒါဖြင့်ရင် သူတို့မလုပ်နိုင်တဲ့ အတွက် တို့ဘာလုပ်မလဲ။ လမ်းပေါ်ကိုထွက်မလား။ဒို့အရေးအော်မလား။အဲဒီလို ဥပဒေဘောင် အတွင်းက လုပ်လို့ အကျိုး မဖြစ်ထွန်းဘူးဆိုရင် အဲလိုထွက်မယ်လို့ ကြုံးဝါးတဲ့လူတွေရှိတယ်။ လုပ်လို့ ရနိုင်လား အခြေအနေပေးသလား။ကျွန်တော် အခုနပြောနေတာ သူရဲဘောကြောင်တဲ့ စကားပြောနေတာမဟုတ်ပါဘူး။ လုပ်နိုင်တဲ့နည်းရှိသလား။အဲသလိုအော်နေတဲ့လူတွေ လူပါ အရိုးဆွေးတော့မယ်။ ဒီ ကျူးးတွေကို နှင်နှင်ထုတ်တာ၊ တကယ်ကို ထိုက်တန်တဲ့ လူတွေတောင်မှ နေရာတွေ ပြောင်းပြောင်းပြီးတော့ ဆန္ဒပြပွဲတွေ လုပ်နေတယ်။ အစာငတ်ခံပွဲတွေ လုပ်နေတယ်။

    ကျွန်တော် တစ်ခါတစ်ခါ သူတို့ရဲဘော်တွေကိုပြောတယ်။ ကျားကို သက်သက်လွတ်စားဖို့ မျှော်လင့်ရင် ကျားရဲ့ အပြစ် မဟုတ်ပါဘူး။ မျှော်လင့်တဲ့လူတွေရဲ့ အပြစ်ပဲ ။အဲဒီတော့ နည်းဗျူဟာတွေ ရှာဖို့လိုတယ်။သူများ တစ်ယောက်ကို အပြစ်ပုံချတာက အင်မတန်လွယ်တယ်။ Very easy to push your problem to other people’s shoulder။ ကိုယ်ဘာလုပ်လဲပြောပါ။ အကြံဉာဏ်တွေပေး ခိုင်းပါ။အဲဒီငါးဖွဲ့ကို ခိုင်း ခင်များပြောလိုက်၊ ကျွန်တော်သူတို့ကိုပြန်ပြီး ဒီမက်စေ့တွေ ပေးလိုက်ပါ့မယ်။ ခင်များတို့ဘာလုပ်ဆိုပြီးပြောမယ်။ သူတို့ဘာလုပ်နေတယ် ဆိုတာလည်း ကိုယ်ကသိဖို့လိုတယ်နော်။ To be Fair,i’m not defending them.။

    သူတို့ဘာလုပ်နေသလဲ ။ အကျိုးသက်ရောက်မှု ဘယ်လောက်ရှိသလဲ။ကဲကောင်းပြီ။

    ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကျွန်တော်တို့ မွတ်စလင်ပါတီတွေရှိပါတယ်။ ရိုဟင်ဂျာပါတီလည်းရှိတယ်။ ပသီပါတီလည်း ရှိတယ်။ အဲဒီပါတီတွေကလည်းပဲ သူတို့ ရွေးကောက်ပွဲဝင်မလား။ အခုနပြောသလို မွတ်စလင့် အရေးကို ဦးစားပေးပြီးဆောင်ရွက်ပေးမယ့် အင်အားတောင့်တင်းသော Super ပါတီကြီးတွေကို ဝိုင်းရံမလား။ သူတို့လေ့လာစောင့်ကြည့်နေတယ်။ အဲတော့ ကျွန်တော်တို့အနေနဲ့ကလည်းပဲ ၊ အကြမ်းဖျင်းအားဖြင့်တော့ သန်းခေါင်စာရင်းမှာ တရားဝင် မဲပေးနိုင်မဲ့သူ အစ္စလာမ် ဘာသာဝင် ၁၀သန်းကျော်လောက်ဆိုတဲ့ စကားကတော့ ထွက်နေပါတယ်။ အဲဒီ ၁၀သန်းကျော်ထဲမှာမှ မဲပေးနိုင်တဲ့လူ ဘယ်လောက်ရှိမလဲ။ အနည်းဆုံး လေး၊ငါး၊ခြောက်သန်းတော့ ရှိမယ်။ ဒါကို ကျွန်တော်တို့ အလေးအနက်ပြုရမယ်။ကျွန်တော်တို့ သိထားဖို့ အချက်တွေပြော ချင်ပါတယ်။ကြံ့ခိုင်ရေး ပါတီကလည်း အများကြီး စည်းရုံးနေပါတယ်။ ကြံ့ခိုင်ရေးပါတီက ဗလီတွေဝင်ပြီး စည်းရုံးတာရှိသလို ကြံ့ခိုင်ရေး ပါတီမှာ တက်တက်ကြွကြွ လှုပ်ရှားနေသော စီးပွါးရေး လုပ်ငန်းရှင်များလည်း ရှိပါတယ်။ ကျွန်တော် ခရိုနီလို့ မသုံးပါဘူး။

    အန်အယ်လ်ဒီမှာလည်း လှုပ်ရှားနေတဲ့ လူကြီးတွေ ၊လူငယ်တွေ၊ ပညာတတ်တွေ၊ ရှေ့နေတွေ အများကြီးရှိကြတယ်။အဲတော့ အင်အားကြီး ပါတီနှစ်ခုမှာ မိမိတို့ရဲ့ အကျိုးစီးပွါးကို တိုက်ရိုက်ကြီး ပြောမယ်ဆိုလို့ရှိရင်သိပ်ပြီး တကိုယ်ကောင်းဆန် သွားမှာပေါ့ဗျာ။ တတိုင်းပြည်လုံးရဲ့ အကျိုးကိုကြည့်ရမယ်။ မိသားစုတစ်ခုမှာ ဘယ်လောက် အင်အားငယ်နေတဲ့ မိသားစုဝင်တွေဖြစ်စေ လျစ်လျူရှု့ခြင်း ခံရရင် အဲဒီမိသားစုတစ်ခုလုံး နစ်နာထိခိုက်သွားပြီဆိုတာကို သဘောပေါက်မယ့် ပါတီကို ကျွန်တော်တို့က အားပေးရမှာဖြစ်ပါတယ်။ အဲဒါကို သဘောပေါက်အောင် ကျွန်တော်တို့ဘက်ကလည်း လော်ဘီတွေ လုပ်ရမယ်။ ကျွန်တော်တို့ လိုအပ်တာတွေ ကိုလည်း တင်ပြရမယ်။ အဲဒီနည်းနဲ့ပဲ ကျွန်တော်တို့လုပ်လို့ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ မကျေလည်ရင်လည်း ထပ်မေးလို့ရပါတယ်။ ကျွန်တော် ငါးဖွဲ့ကို ခုခံဖို့ ဒီကို ထွက်လာတာ မဟုတ်ပါဘူး။….

    အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင် ဆော်သြရေးမှုး အလ်ဟဂ်ျ  ဦးအေးလွင်ကို လန်ဒန်မြို့မှာ ပြုလုပ်တဲ့ မြန်မာမွတ်စလင် မိသားစုဝင်များနှင့် တွေ့ဆုံပွဲမှာ (အမ်မီဒီယာ CJ ) မှ တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ……..

  • လေ့ကျင့်ရေး အစီအစဉ်အား ဒရုန်းလေယာဉ်ဖြင့် စောင့်ကြည့်ခဲ့မှု စုံစမ်းရန် ဖီဖာအား ပြင်သစ်တောင်းဆို

    ဇွန်လ ၁၅ ၊ ၂၀၁၄
    M-Media
    Copy of france--621x414
    – ဟွန်ဒူးရပ်စ်အသင်းနှင့် ကစားမည့် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အတွက် ပြင်ဆင်နေမှုများကို ဒရုန်းလေယာဉ်အသုံးပြုကာ စောင့်ကြည့်ခဲ့သည်ဟု သံသယရှိသည့်အတွက် စုံစမ်းမှုများ ပြုလုပ်ပေးရန် ဖီဖာကို တောင်းဆိုထားသည်ဟု ပြင်သစ်နည်းပြ ဒက်စ်ချမ့်က ပြောကြားလိုက်သည်။

    ဆော်ပေါ်လိုမြို့ မြောက်ဘက်တွင် ပြုလုပ်သည့် ပြင်သစ်အသင်း၏ လေ့ကျင့်ရေးအစီအစဉ်ကို ပြီးခဲ့သည့် အင်္ဂါနေ့က စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသည်။

    “ဒရုန်းတွေကို ပိုပိုသုံးလာတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါဟာ ကျွန်တော်တို့အပေါ် မူတည်မနေပါဘူး။ ဒါတွေကို ဖီဖာက ကိုင်တွယ်ပြီး စုံစမ်းတာတွေလည်း လုပ်နေပါတယ်။ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်တာမျိုး မလိုချင်ပါဘူး။ ဒီရက်တွေမှာ ဒါကို တွန်းလှန်ရတာ သိပ်ခက်ပါတယ်” ဟု ဒက်စ်ချမ့်က ယနေ့တွင်ကစားမည့် ဟွန်ဒူးရပ်စ်နှင့် ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထိုစောင့်ကြည့်မှု၏ နောက်ကွယ်တွယ် မည်သူရှိနေသည်ဆိုသည်ကို မစဉ်းစားတတ်ကြောင်း ဒက်စ်ချမ့်က ပြောကြားခဲ့သော်လည်း ထိုစောင့်ကြည့်မှုမှာ မိမိတို့ဘက်က ပြုလုပ်ခြင်းမဟုတ်ဟု ဟွန်ဒူးရပ်စ် သတင်းထောက်တစ်ဦးက ပြောကြားရာတွင် ဒက်ချမ့်က ပြုံးရယ်ခဲ့သည်။
    (Reuters)