News @ M-Media

Blog

  • နျူကလီးယားဗုံး အများအပြား ထုတ်နိုင်သည့် ပလူတိုနီယံများ IAEA သို့ စာရင်းမပို့ဘဲ ဂျပန်ထိန်ချန်ခဲ့

    ဇွန် ၈ ၊ ၂၀၁၄
    M-Media
    13920621000209_PhotoI
    – ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် နိုင်ငံတကာ အဏုမြူအေဂျင်စီ IAEA သို့ ဂျပန်နိုင်ငံမှ ပေးပို့သောအစီရင်ခံစာတွင် ပလူတိုနီယံပမာဏ ၆၄၀ ကီလိုဂရမ်ကို ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိဘဲ ထိန်ချိန်ခဲ့သည်ဟု ကျိုဒိုသတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    အသုံးမပြုသည့် ပလူတိုနီယံပမာဏ ၄၅ တန်ရှိနေသ်ာလည်း IAEA အား ၄၄ တန်ရှိသည်ဟုသာ ဖော်ပြခဲ့ပြီး ထိန်ချန်ထားသည့် ၆၄၀ ကီလိုဂရမ်မှာ ပလူတိုနီယံ-ယူရေနီယံအောက်ဒိုက်အရော MOX ဖြစ်ကာ နိုင်ငံတောင်ပိုင်း ဆာဂါပြည်နယ်ရှိ လည်ပတ်ခြင်းမရှိသည့် နျူကလီးယား ဓာတ်ပေါင်းဖိုတွင် လောင်စာအဖြစ် ထားရှိခြင်းဖြစ်သည်။ ထိုပမာဏမှာ နျူကလီးဗုံး အလုံး ၈၀ ကို ထုတ်လုပ်နိုင်သည်။

    ဂျပန်နျူစွမ်းအင်အေဂျင်ဆီကမူ ထိုလောင်စာများမှာ အသုံးပြုရန်စီစဉ်ထားသည့် လောင်စားများဖြစ်ပြီး IAEA သို့ သတင်းပို့ရန်မလိုအပ်သော လောင်စာများဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ သို့သော်လည်း ဂျပန်အစိုးအနေအဖြင့် ထိုပြဿနာ၏ အရေးပါမှုကို အသိအမှတ်မပြုသည့်အတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ဝေဖန်ခဲ့သည်။

    နျူကလီးယား လက်နက်ပိုင်ဆိုင်မှု မရှိသည့်နိုင်ငံများတွင် ဂျပန်နိုင်ငံမှာ ပလူတိုနီယံ အများဆုံး ပိုင်ဆိုင်သောနိုင်ငံဖြစ်ပြီး ယခင်က ထိုပိုင်ဆိုင်မှုများကို စွမ်းအင်ထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည်။ သို့သော်လည်း ၂၀၁၁ ဆူနာမီတွင် ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံ ပျက်စီးခဲ့ပြီးနောက် နိုင်ငံ အတွင်းရှိ နျူကလီးယား ဓာတ်အားပေး စက်ရုံအားလုံး၏ လည်ပတ်မှုကို ရပ်နားခဲ့သည်။

    ဆင်ဟွာ

  • ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၅ (ဗိသုကာပညာရပ်)

    ဇွန် ၈ ၊ ၂၀၁၄
    M-Media
    Credit to -အောင်သန်းလွင် (UCSY)
    10395845_754197054615166_7414179243339476275_n
    များစွာသော ဥရောပအဆောက်အဦးတွေမှာတွေ့ရတဲ့ ထုလုံးပုံအမိုးခုံးတွေ၊ ခရိယာန်ဘုရားကျောင်းတော်ကြီးတွေက ပန်းပြတင်း တံခါးတွေ၊ပေါင်းချွန်တွေ၊ ပေါင်းကူးဘောင်တွေ၊ မီးရထားဘူတာက ခုံးမိုးတွေ စတာတွေ အားလုံးဟာ အစ္စလာမ့်ကမ္ဘာကနေ လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၁ဝဝဝ ) ကျော် အရင်က အရင်းမူလ အစပြုခဲ့တာဖြစ်ပါတယ်။

    ဒီထူးခြားတဲ့ ဝိသေသလက္ခဏာနဲ့ အဆောက်အဦးလက်ရာတွေကို မွတ်စလင်တွေ တည်ထွင်ခဲ့တာဖြစ်ပြီး ပိုပြည့်စုံကောင်းမွန်အောင်လည်း သူတို့ပဲလုပ်ခဲ့ကြတာဖြစ်ပါတယ် (အချို့ကို ရောမများထံမှ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့သည်။)။ အဲ့ဒီပညာရပ်တွေဟာ နှစ်ပေါင်းတစ်ထောင်အရင်က စပိန်တောင်ပိုင်း၊ မြေထဲပင်လယ် စစ်စလီ (Sicily) ကျွန်းတို့ကတစ်ဆင့် ဥရောပထဲ စီးဝင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပညာရှင်တွေ၊ ခရူးဆိတ် စစ်သည်တွေနဲ့ ဂျေရူဆလင်ကျောင်းတော်ကို လာရောက်သူ တွေဟာ မွတ်စလင်မြို့တော်တွေဖြစ်တဲ့ ကော်ဒိုဗာ၊ ကိုင်ရို၊ ဒမစကပ် စတာတွေကို သွားလာရောက်ရှိခဲ့ကြပြီး အဆောက်အဦး ပုံစံတွေနဲ့ အကြံဉာဏ်အတွေးအခေါ်တွေကို သယ်ဆောင်သွားကြတာလည်းဖြစ်ပါတယ်။

    1024px-Selimiye_Mosque,_Dome
    The interior side view of the main dome of Selimiye Mosque in Edirne, Turkey.

    အစ္စလာမ့် ဗိသုကာပညာဟာ လောကီလူမှုရေးဆိုင်ရာ အသွင်အပြင်လက္ခဏာတွေနဲ့ ဘာသာရေးဆိုင်ရာ အသွင်အပြင်လက္ခဏာ နှစ်ခုလုံးအပေါ်မှာ ကြီးမားကျယ်ပြန့်စွာ လွှမ်းခြုံထားပါတယ်။ ဒီလွှမ်းခြုံထားမှုဟာ အစ္စလာမ်အစပြုခဲ့တဲ့အချိန်ကနေ ယနေ့အချိန်ထိ ဆောက်လုပ်ကြတဲ့ အဆောက်အဦး ပုံစံတွေမှာပါ အစ္စလာမ့် ယဉ်ကျေးမှုပုံစံ လွှမ်းမိုးနေတာပဲဖြစ်ပါတယ်။ အစ္စလာမ့်အဆောက်အဦးတိုင်းနဲ့ အရာဝထ္ထုတွေမှာ လက်ရေးလှအတတ်ပညာ ( Calligraphy ) နဲ့ကျနလှပစွာပုံဖော်ထားတာတွေကိုလည်းတွေ့ရဦးမှာဖြစ်ပါတယ်။

    Stitched Panorama

    အစ္စလာမ့်ဗိသုကာပညာရပ်ဟာ မေရဘ် (Mihrab-ဗလီအတွင်း ဝတ်ပြုရာတွင် ဦးတည်ဘက်ညွှန်ပြရာအခုံးဝိုင်း)၊ တံခါးမကြီးများ၊ ပြတင်းတံခါးများ၊ မီးတိုင်များ၊ မှန်ကူကွက်များ၊ ဂျီသြမေတြီ ပုံဆန်းများ၊ ရေပန်းများ၊ ဥယျာဉ်များ စတာတွေ ကျယ်ပြန့်စွာအသုံးပြုမှုအပေါ်မှာ လွှမ်းမိုးထားပါတယ်။

    10325271_754197527948452_1611564251665988058_n
    Saint Basil’s Cathedral in Moscow (Onion Domes)

    အလယ်ခေတ်နှောင်းပိုင်း ဂေါ့သ်သစ် ဗိသုကာလက်ရာ (Gothic Architecture) တွေရဲ့ မူလအစနဲ့ပတ်သတ်လို့ ဥရောပမှာ ပြင်းပြင်းထန်ထန် ငြင်းခုန်မှုတွေ ရှိခဲ့ပါတယ်။ မွတ်စလင်ဗိသုကာ ပညာရှင်တွေက သူတို့ဆီက ဆင့်ပွားသွားတာလို့ဆိုပါတယ်။ ဒီအဆိုကို ဗြိတိန်ရဲ့ ကျော်ကြားတဲ့ ဗိသုကာပညာရှင် ဆာ ခရစ်တိုဖာ ရန်(Sir Christopher Wren) က ထောက်ခံပါတယ်။ သူဟာ ဗိသုကာ စီမံကိန်းပေါင်း (၈ဝ) ကျော်ကို တည်ဆောက်ခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်ပါတယ်။ အော်တိုမန် (Ottoman) နဲ့ မိုးဝါး(မွတ်စလင် စပိန်) ဗလီတွေကို စေ့စေ့စပ်စပ်လေ့လာပြီးတဲ့အခါမှာ ဆာ ခရစ်တိုဖာဟာ ခေတ်သစ် ဂေါ့သ်သစ် ဗိသုကာရဲ့ အရင်းအမြစ်ဟာ မွတ်စလင်ဗိသုကာတွေဆီက အစပြုခဲ့ကြောင်းယုံကြည်ခဲ့ပါတယ်။

    10334419_754197717948433_4013491206212305469_n

    သူက ဂေါ့သ်သစ် ဗိသုကာကို အာရဗ် ဗိသုကာ (Saracen Architecture) လို့ခေါ်သင့်ကြောင်းပြောပါတယ်။ အကြောင်းက ဂေါ့သ် (အရှေ့ဂျာမန်သားများ) တွေဟာ အနုပညာနဲ့ သင်ကြားမှုတွေမှာ စိတ်မဝင်စားပါဘူး။ အာရဗ်တွေကသာ ဂရိတွေထံမှ အမြောက်အများဘာသာပြန်ဆိုခဲ့ကြပြီး အနောက်တိုင်းက အဲ့ဒီပြန်ဆိုချက်တွေကတစ်ဆင့် အမွေအနှစ်တွေရရှိခဲ့တာဖြစ်ပါတယ်။ရောမအင်ပါယာ ကျဆုံးပြီးတဲ့အခါ ဂေါ့သ်တွေ နိုးထလာတယ်။ အဲ့ဒီနောက်သူတို့ အားလုံး(ရောမ၊ဂေါ့သ်)ကို မေ့ပျောက်ပြီး နှစ်ပေါင်းများစွာကြာမှ ပြန်ပေါ်လာတဲ့ ဗိသုကာပညာ အသစ်ဟာ မိုးဝါး(စပိန်မွတ်စလင်)တွေဆီကနေ ဆက်ခံတာပဲဖြစ်နိုင်ပါတယ်။

    640px-TUNISIE_KAIROUAN_04
    Dome of the mihrab (9th century) in the Great Mosque of Kairouan also known as the Mosque of Uqba, in Kairouan, Tunisia

    ဆာ ခရစ်တိုဖာက” ဒါတွေအားလုံးဟာ ဥရောပကို စပိန်ကနေတစ်ဆင့်ဝင်ရောက်လာတာသာဖြစ်ပါတယ်။ မွတ်စလင်တွေ တန်ခိုးကြီးပြီး လွှမ်းမိုးမှု အထွတ်အထိပ်ရောက်တဲ့အခါ သူတို့ဟာ အတွေးအခေါ်ပညာ၊ သင်္ချာ၊ ရူပဗေဒ၊ ကဗျာစာပေ စတာတွေကိုလေ့လာကြပါတယ်။ နိုးကြားနေတဲ့ သူတို့ဟာ လေ့လာသင်ကြားမှုကို မြတ်နိုးပြီး ဂရိပညာရပ်တွေကို အာရဗီ ဘာသာနဲ့ပြန်ဆိုပါတယ်။ အဲ့ဒီစာပေတွေဟာ နောက်ပိုင်းမှာ လက်တင် (Latin) ဘာသာနဲ့ပြန်ဆိုခြင်းခံရပြီး ဥရောပထဲပြန့်နှံ့ခဲ့တာဖြစ်တယ်။ ”

    (1001 Inventions : Muslim Heritage in Our World)

    အင်္ဂလန်နိုင်ငံ သိပ္ပံ၊နည်းပညာ နှင့် ယဉ်ကျေးမှု ဖောင်ဒေးရှင်းမှ ပုံနှိပ်သည်။ (Foundation for Science, Technology and Civilisation (FSTC), UK)

    “ကျွန်ုပ်တို့ကမ္ဘာရှိ မွတ်စလင်များကပေးခဲ့သော အမွေအနှစ်များ” စာအုပ်မှ အကျဉ်းထုတ်နှုတ်ချက်
    ==========================
    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့၏ ဆန်းသစ် တီထွင်မှုများ – ၁ (စာသင်ကျောင်းများ) ဖတ်ရန်
    http://www.m-mediagroup.com/news/27979

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၂ (ဓာတုဗေဒပညာရပ်)
    http://www.m-mediagroup.com/news/28107

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၃ (ဆေးပညာ)
    http://www.m-mediagroup.com/news/28166

    ကမ္ဘာကို တိုးတက်ပြောင်းလဲစေခဲ့သည့် မွတ်စလင်တို့ ၏ ဆန်းသစ်တီထွင်မှုများ – ၄ (အနုပညာ)

    http://www.m-mediagroup.com/news/28362

    (အစ္စလာမ့် တီထွင်ဆန်းသစ်မှုများကို ဖော်ပြရခြင်းအကြောင်း)

    ယနေ့ကာလမှာ ကမ္ဘာ့လူသားထုတိုးတက်ရေးအတွက် အစ္စလာမ်ကမ္ဘာကပြုလုပ်ခဲ့တဲ့ အရေးပါအရာ ရောက်လှတဲ့ ဖြည့်စွက်ချက်တွေကို အသိ နည်းနေကြပါသေးတယ်။ နှစ်ပေါင်း ( ၅ဝဝ ) ကျော်မျှ အစ္စလာမ်က သိပ္ပံပညာရပ်တွေမှာ ကမ္ဘာကို ဦးဆောင်ခဲ့ရုံမျှမက စည်းစနစ်ကျတဲ့ အသိပညာရှာဖွေမှုတွေမှာ တက်တက်ကြွကြွ ရှိနေခဲ့ကြတဲ့ တစ်ခုတည်းသော လူသားမျိုးနွယ် အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။

    ( ၈ ) ရာစုအလယ်က စလို့ သိပ္ပံနဲ့ ပညာရေးဟာ ဘဂ္ဂဒက်မြို့တော်ကိုအခြေပြုတဲ့ တန်ခိုးကြီး အစ္စလာမ့် အင်ပါယာအောက်မှာ မွတ်စလင်တွေရဲ့ လွှမ်းမိုးမှုအဖြစ်နဲ့ အကြီးအကျယ်ထွန်းကားနေခဲ့ပါတယ်။ ဒီတိုးတက်မှုအနေအထားဟာ နောင် နှစ်ပေါင်း (၅ဝဝ) ကြာပြီးတဲ့အခါ မွတ်စလင်တွေ နိုင်ငံရေးအရ ကျဆင်းလာတဲ့ အချိန်ကိုကျော်လွန်ပြီးတဲ့တိုင်အောင် ရှိနေခဲ့ပါတယ်။

    အစ္စလာမ့် တီထွင်ဆန်းသစ်မှုများ အဖြစ်နဲ့ ဖော်ပြသွားမယ့် ဆောင်းပါးတွေဟာ အစ္စလာမ့် ရွှေခေတ်လို့ခေါ်တဲ့ ကာလတွေမှာ မွတ်စလင်တွေဟာ အသိပညာရှာဖွေရာမှာနဲ့ အရေးပါအရာရောက်လှတဲ့ လူ့သမိုင်း တိုးတက်ရေးတွေမှာ ဘယ်လောက်တောင် ထူးချွန်ပြောင်မြောက်စွာဖြည့်စွက်ခဲ့ကြသလဲ ဆိုတာကို ဖော်ပြသွားဖို့ရည်ရွယ်ပါတယ်။

    အောင်သန်းလွင် (UCSY)

  • ဘုရင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲ စပိန်တွင် အရှိန်မြင့်လာ

    ဇွန် ၈ ၊ ၂၀၁၄
    M-Media
    20146303522343734_20
    – စပိန်ရှိ တော်ဝင် အသိုင်းအ၀ိုင်းကို ပယ်ဖျက်ကာ ပြည်သူ့သမ္မတနိုင်ငံဖြစ်လာရေး တောင်းဆိုသည့် ဆန္ဒပြပွဲများကို မြိုတော်မက်ဒရစ် အပါအ၀င် အခြားသောမြို့ကြီးများ၌ ယမန်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။

    မက်ဒရစ်မြို့တွင် လက်ဝဲယိမ်း နိုင်ငံရေးသမားများ၊ အဖွဲ့စည်းအများ အပါအ၀င် လူထောင်ပေါင်းများစွာတို့က ၁၉၃၁ ခုနှစ်မှ ၁၉၃၉ ခုနှစ်အထိ ၈ နှစ်တာကြာမြင့်ခဲ့သည့် ဒုတိယမြောက် စပိန်သမ္မတနိုင်ငံ အလံဖြစ်သော အနီ၊ ခရမ်းနှင့် ရွှေရောင် သုံးရောင်ချယ်အလံကို ဝှေ့ယမ်းကာ သမ္မတနိုင်ငံဖြစ်ရေး ကျွေးကျော်သံများကိုလည်း ကြွေးကျော်ခဲ့ကြသည်။

    နိုင်ငံအတွင်း ချစားမှုများ၊ အလုပ်လက်မဲ့ဖြစ်မှုများ များပြားလာခြင်း၊ နိုင်ငံရေးစနစ်အတွင်း ပြဿနာများရှိလာခြင်းကြောင့် လွန်ခဲ့သည့် ၃ နှစ်ခန့်မှစ၍ စပိန်တော်ဝင် အသိုင်းအ၀ိုင်းအပေါ် ထောက်ခံမှု ကျဆင်းလာပြီး၊ စည်းမျဉ်းခံ ဘုရင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများလည်း ပေါ်ပေါက်လာခဲ့သည်။

    “ကျွန်တော်တို့အားလုံးဟာ ကလေးလေးတွေလို့ သူတို့ထင်နေတာကို မကြိုက်ပါဘူး။ ဒါဟာ ကျွန်တော်တို့လိုချင်တာကို မဆုံးဖြတ်နိုင်ပါဘူး။ ကျွန်တော်တို့ ဘုရင်ကို မလိုချင်ဘူး။ ရွေးကောက်တင်မြောက်တာကိုပဲ လိုချင်ပါတယ်” ဟု ဘုရင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားသူ မာစီဒီးစ် တရူဂျီလိုက ပြောကြားခဲ့သည်။

    Ref: Al Jazeera and agencies

    Photo-AFP

  • ရန်ကုန်မြို့တွင် ယာဉ်များ မရပ်ရလမ်းများ ၅ လမ်း ထပ်မံတိုးမြှင့်မည်

    ဇွန် ၈၊ ၂၀၁၄
    M-media
    လမင်း
    2
    ရန်ကုန်။      ။ ရန်ကုန်တိုင်းဒေသကြီးတွင် ကားလမ်းများပိတ်ဆို့မှုကို ဖြေလျော့ရန်အတွက် ယာဉ် မရပ်ရလမ်းများကို ၅ လမ်း ထပ်မံ တိုးမြှင့်မည်ဖြစ်ကြောင်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။

    “မရပ်ရလမ်းတွေသတ်မှတ်ပြီး ဖမ်းဆီးနေပေမဲ့လည်း ယာဉ်အစီးရေတွေဟာ လျော့ကြသွားတယ်မရှိပါဘူး။ ဒါကြောင့် တိုးမြှင့်ရခြင်းဖြစ်တယ်။ မရပ်ရတဲ့လမ်းမှာ ရပ်ထားတဲ့ကားတွေ့ရက်လည်း ခဏစောင့်ကြည့်နေပါသေးတယ်။ အကြာကြီးနေလို့ မလာမှ ဖမ်းဆီးတာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

    ယာဉ်ကြောလမ်းရှင်းစေရန်အတွက် ယခင်က ၆၇ လမ်း မကြာသေးမှီ အချိန်ကာလက ၎င်း ၆၇ လမ်းနှင့်ဆက်စပ်လျှက်ရှိသော ၁၀ လမ်း တိုးမြှင့်ခဲ့ပြီး ယခု ၅ လမ်းထပ်မံတိုးမြှင့်ခဲ့ရာ စုစုပေါင်း ရန်ကုန်မြို့တွင် ယာဉ်မရပ်ရလမ်းပေါင်း စုစုပေါင်း ၈၂ လမ်းထိ ရှိလာပြီဖြစ်သည်။

    ထပ်မံတိုးမြှင့်မည့် လမ်း ၅ လမ်းမှာ အနောက်မြင်းပြိုင်ကွင်းလမ်းဆုံမှ  အနောက်မြင်းပြိုင်ကွင်းလမ်းအတိုင်း ဦးချစ်မောင်လမ်းလမ်းဆုံထိ၊ လေးထောင့်ကန်လမ်းမှအရှေ့မြင်းပြိုင်ကွင်းလမ်းအတိုင်း  မြောက်မြင်းပြိုင်ကွင်းလမ်းဆုံအထိ၊ ရန်ကင်းလမ်းနှင့် ရန်ရှင်းလမ်းဆုံ မှ ရန်ကင်းလမ်းအတိုင်း စက်မှု(၁) လမ်းဆုံအထိ၊ ကြားတောရလမ်းနှင့် ဗဟန်းလမ်းဆုံမှ ကြားတောရလမ်းအတိုင်း ရေတာရှည်လမ်းဟောင်းအထိဖြစ်ပြီး အာဇာနည်လမ်းနှင့် ဦးထောင်ဗိုလ်လမ်းဆုံမှ အာဇာနည်လမ်းအတိုင်း အနောက်ရွှေဂုံတိုင်လမ်းအထိဖြစ်သည်။

    ၂၀၁၃ စက်တင်ဘာလမှ စတင်ကာ ယာဉ် မရပ်ရလမ်းများအဖြစ်စတင်သတ်မှတ်ပေးခဲ့ပြီး ယာဉ်ထိန်းရဲဌာနမှ တာဝန်ရှိသူများက ဖမ်းဆီးခဲ့ရာ ၂၀၁၄ မတ်လ ကုန်သည်အထိ စည်းကမ်းမဲ့ယာဉ် ၈၀၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

  • နည်းပြဟောင်း ကာပယ်လိုမှာ မိမိအား အသင်းခေါင်းဆောင်အဖြစ် မယုံကြည်ခဲ့ဟု ဂျရတ်ပြော

    ဇွန် ၈ ၊ ၂၀၁၄
    M-Media
    418526_heroa
    – အင်္ဂလန်နည်းပြဟောင်း ကာပယ်လိုမှာ မိမိအား ကစားသမားကောင်းတစ်ဦးအဖြစ် သတ်မှတ်ခဲ့သော်လည်း အသင်းခေါင်းဆောင်တစ်ဦးအဖြစ် ယုံကြည်ခြင်းမရှိဟု အင်္ဂလန် ကွင်းလယ်လူ စတီဗင်ဂျာရတ်က ပြောကြားလိုက်သည်။

    ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နည်းပြကာပယ်လိုမှာ နောက်ခံလူ ရီယိုဖာဒီနန်အား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပြီး ဖာဒီနန် ဒဏ်ရာရရှိခဲ့ချိန်တွင် ဂျရတ်ကို ကျော်ကာ ဂျွန်တယ်ရီအား အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်။

    “ကာပယ်လိုက ကျွန်တော့်ကို နံပါတ် ၁ အသင်းခေါင်းဆောင်အဖြစ် မယုံကြည်ခဲ့ပါဘူး။ ဒါပေမယ့် ရွိင်ဟဒ်ဆန် ကတော့ ယုံကြည်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတာ ကျွန်တော်မသိပါဘူး။ သူ(ကာပယ်လို)က ကျွန်တော့်ကို ကစားသမားတစ်ယောက်အနေနဲ့သာ သတ်မှတ်ထားတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဂျရတ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    သို့သော်လည်း ကာပယ်လိုနှင့် မိမိ၏အကြား ဆက်ဆံရေးမှာ ကောင်းမွန်ကြောင်း ရွိုင်ဟဒ်ဆန်က မိမိအား အသင်းခေါင်းဆောင်အဖြစ်ရွေးချယ်ခဲ့သည့်အတွက် ယုံကြည်မှုပိုလာစေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။