News @ M-Media

ဘာသာပေါင်းစုံ လူငယ်များ နှီးနှော ဖလှယ်ပွဲ တစ်ရပ် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိ

ဇွန်-၁၄၊၂၀၁၄
M-Media
သူရိန်၊ လမင်း

DSC02585

ရန်ကုန် ။       ။ မြန်မာနိုင်ငံအတွင်း ဘာသာအသီးသီးမှလူငယ်များ စုပေါင်းပါဝင်သော ဘာသာပေါင်းစုံလူငယ်များ နှီးနှောဖလှယ်ပွဲ တစ်ရပ်ကို ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန် ကြိုးစားနေကြောင်း သိရသည်။

“ဘာသာပေါင်းစုံ လူငယ်များရဲ့ လိုလားချက်တွေဖော်ထုတ်နိုင်ဖို့နဲ့ သဟဇာတဖြစ်တဲ့ အနာဂတ်မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံက လူငယ်တွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာ အတွက် ကျင်းပမှာဖြစ်ပါတယ်” ဟု နှီးနှောဖလှယ်ပွဲကျင်းပမည့် ရည်ရွယ်ချက်ကို Smile Education and Development Foundation မှ ဒါရိုက်တာ ဦးမျိုးဝင်းမှ ပြောကြားသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူငယ်များအနေဖြင့် ဖြစ်ပေါ်နေသော အခြေအနေအကောင်းဘက်ကို ပြုပြင်ရမှာဖြစ်ကြောင်း၊ လူငယ်တွေရဲ့ Religious Youth Service ပုံစံ များကို ဖော်ထုတ်ဖို့ပါ တပါတည်းစဉ်းစား စေလိုကြောင်းဖြင့်ဆိုပါတယ်။ ထိုပြင် လူငယ်များရဲ့တက်ကြွစွာပါဝင်မှုများသည် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်သဖြင့် အသိအမှတ်ပြုနေဆဲဖြစ်သည်။

အဆိုပါ အစီအစဉ်ကို ဗုဒ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူ ဘာသာနှင့် အခြားသော ဘာသာစုံများ အတူတကွ ပါဝင်မည်ဖြစ်ပြီး ဘာသာပေါင်းစုံ အချင်းချင်း အပြန်အလှန် မျှဝေခြင်း၊ သက်ဆိုင်ရာ နယ်မြေများတွင် Religious Youth Service အသွင်များပေါ်ပေါက်လာပြီး သဟဇာတ ရှိသော လုပ်ငန်းများ ဖြစ်လာအောင်ရှေ့ဆက်ဆောင်ရွက်ရန် မျှော်မှန်းထားကြောင်းသိရသည်။

လက်ရှိတွင် ဘာသာစုံမှ လူငယ်များ စုံညီစွာ ပါဝင်ပြီး ဘာသာရေး အဆောက်အအုံများကို လှည့်လည်လေ့လာသည့် အစီအစဉ်ကို ရန်ကုန်အပါအ၀င် မြို့၅မြို့တွင် ဆောင်ရွက်လျက်ရှိပြီး လာမည့်နှစ်တွင် မြန်မာနိုင်ငံတွင်းမှ မြို့ကြီး ၅မြို့နယ်တွင် ထပ်မံတိုးချဲ့ လုပ်ဆောင်သွားဖွယ်ရှိကြောင်းသိရသည်။

Comments

Leave a Reply