News @ M-Media

Blog

  • တာလီဘန် လက်က လွတ်လာတဲ့ အမေရိကန် စစ်သား အစ္စလာမ်ကို လက်ခံခဲ့လေသလော ?

    တာလီဘန် လက်က လွတ်လာတဲ့ အမေရိကန် စစ်သား အစ္စလာမ်ကို လက်ခံခဲ့လေသလော ?

    ၂၀၁၄၊ ဇွန်လ ၁၀ ရက်
    M-Media
    မင်းထွဋ်ခေါင် ဘာသာပြန်ဆိုသည်။

    AFGHANISTAN-TALIBAN-UNREST-US-QATAR

    များမကြာသေးမီ အာဖဂန်နစ္စတန်မှ တာလီဘန်တို့ လွှတ်ပေးလိုက်သော အမေရိကန် ဆာဂျင် ဘိုဝီ ဘာ့ဂ်ဒါလ်သည် အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ခဲပြိး မိမိကိုယ်ကို အစ္စလာမ့်စစ်သည် (မုဂျာဟစ်ဒ်) ဟု ကြေငြာခဲ့ကြောင်း လျှို့ဝှက်မှတ်တမ်းအရ သိရသည်ဟု ကြာသပတေးနေ့ Fox News ၏ သတင်း၌ ဆိုသည်။

    ဘာ့ဂ်ဒါလ်မှာ သူ့အား ဖမ်းဆီးထားသူတို့ထံ ညှင်းပန်းနှိပ်စက်မှု မရှိဘဲ ဖော်ရွေနွေးထွေးသည့် ဆက်ဆံရေးကိုသာ မြင်ခဲ့ရသည်ဟု မျက်မြင်သက်သေ၏ အဆိုကိုအခြေခံပြီး ဤအချက်အလက်များကို ဖော်ပြသည့် Fox သတင်းဌာနက ပြောသည်။

    “ သူဟာ ယုံကြည်စိတ်ချရတဲ့ နောက်လိုက်ကောင်းဖြစ်တဲ့ အပြင် အခါအားလျော်စွာ သူကို သေနတ်ပါ ပေးကိုင်တယ် ” လို့  အဆိုပါသတင်းဌာနက ထပ်မံဖြည့်စွက်ဖော်ပြခဲ့သည်။

    အထောက်အထား မှတ်တမ်းများအရ ဘာ့ဂ်ဒါလ်သည် တစ်ကြိမ်တွင် သုံ့ပန်းအဖြစ်မှ အလွတ်ရုန်း ထွက်ပြေးသွားနိုင်ခဲ့ပြီး ၅ ရက်တိုင်တိုင် လွတ်မြောက်နေခဲ့သည်။ သို့သော် ပြန်လည်ဖမ်းဆီးခံရသောအခါ သတ္ထုလှောင်အိမ်တစ်ခုအတွင်း တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ပိတ်လှောင်ခံခဲ့ရသည်။

    သို့သော် တာလီဘန်တိုက်ခိုက်ရေးသမားနှင့်အတူ ဘောလုံးကစားခဲ့ဖူးကြောင်း၊  အေကေ ၄၇ ဖြင့် သေနတ်ပစ် လေ့ကျင့်မှု၌ ပါဝင်ခြင်း အပြင် သေနတ်တစ်လက်ကို မိမိဖာသာ သယ်ဆောင်ခွင့် ပြုခဲ့ကြောင်း၊ ရယ်ရယ်မောမောဖြင့် ရင်းနှီးစွာ စကားပြောကြအကြောင်း၊ အရဗီစကားဖြင့် ငြိမ်းချမ်းပါစေဟု စလာမ်ဆိုနှုတ်ဆက်ကြောင်း ဟုလည်း သတင်းထွက်ခဲ့၏။

    ဘာ့ဂ်ဒါလ်နှင့် တာလီဘန်တို့၏ နွေးထွေးသော ဆက်ဆံရေးအကြောင်းကို တင်ပြသည့် အမေရိကန်သတင်းဌာနမှာ Fox News တစ်ခုတည်း မဟုတ်ပါ။

    အမေရိကန် အခြေစိုက် လက်ျာယိမ်း ၀က်ဘ်ဆိုဒ်ဖြစ်သော Breitbart ကလည်း ယူကေ နေ့စဉ်သတင်းမှ ၂၀၁၀ ဆောင်းပါးကိုညွှန်းပြီး၊ ဘာ့ဂ်ဒါလ်သည် အစ္စလာမ်သို့ ကူးပြောင်းလက်ခံခဲ့ပြီး တာလီဘန်တိုက်ခိုက်ရေးသမားတို့ကို ဗုံးလုပ်နည်း သင်ကြားပေးခဲ့ကြောင်း ဆိုသည်။

    မိမိကိုယ်ကို ဟာဂျီ နဒီးမ်ဟု ခေါ်ဆိုသော တာလီဘန် ဒုတိုင်းမှူးဖြစ်သူနှင့် UK Daily Mail မှ အင်တာဗျူးစဉ် ဘာ့ဂ်ဒါလ်သည် မိမိအား မိုဘိုင်းလ်ဖုန်းကို တစ်စစီဖြုတ်ပြီး အဝေးထိန်း ချိန်ကိုက်ဗုံး အဖြစ် ပြောင်းလဲအသုံးချနည်း သင်ကြားပေးခဲ့သည်ဟု ၎င်းက ပြောသည်။

    ထိုသတင်းအား အတည်မပြုနိုင်သေးပါ။ သူလွတ်မြောက်လာပြီးနောက်ပိုင်း သူ၏အစ္စလာမ် လက်ခံသက်ဝင်မှုနှင့် ပတ်သက်၌ တာလီဘန်တို့သည် မည်သည့်မှတ်ချက် မပေးသေးချေ။

    တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇိုင်ဘူလာ မုဂျာဟစ်က အေပီသတင်းဌာနသို့ “ သူ့သုံ့ပန်းဘ၀ အခြေအနေအကြောင်းကို အမေရိကမှာ ခင်ဗျားတို့ မေးမြန်းကြည့်နိုင်ပါတယ်။ မကျေနပ်တဲ့ စကား ဆိုမှာ မဟုတ်ဘူး ” ဟူသော စကားဖြင့် သောကြာနေ့တွင် ဘာ့ဂ်ဒါလ်အား သုံ့ပန်းဘ၀တွင် ကောင်းစွာ ဆက်ဆံခဲ့ကြောင်း၊ သူ့အား တာဝန်ယူထားသူနှင့်အတူ ဘောလုံးကစားခွင့်ပြုကြောင်း၊ သူတောင်းဆိုသမျှ အစားအသောက်နှင့် သီးနှံများ ပေးကမ်းခဲ့ကြောင်းကိုသာ ဖုန်းဖြင့်ပြောပြခဲ့သည်။

    US soldier freed in Taliban prisoner swap
    ဘာ့ဂ်ဒါလ် ရဲ့ မိဘ (၂) နှစ်ပါးနဲ့ သမ္မတ အိုဘားမား

    အမည်မဖော်လိုသူ တာလီဘန် ထိပ်တန်း အရာရှိ တစ်ဦးကလည်း ပြန်လွှတ်လိုက်သည့် အမေရိကန် ဆာဂျင်အပေါ် ပြုမူဆက်ဆံပုံကို “ ကျွန်တော်တို့လည်း လူသားတွေဖြစ်တယ်၊  နှလုံးသားရှိတဲလူတွေဆိုတာ ခင်ဗျားတို့ သိကြပါတယ်။ ကျွန်တော်တို့ အချင်းချင်းကြား စစ်ပွဲတွေဖြစ်ကြတယ်။ တိုက်ပွဲထဲမှာ အမေရိကန်တွေ ကျွန်တော်တို့ကို သတ်ဖြတ်သလို ကျွန်တော်တို့လည်း သူတို့ကို သတ်တယ်လေ။ ဒါပေမယ့် (သုံ့ပန်းဖြစ်သွားတဲ့) ဘာ့ဂ်ဒါလ်ကိုတော့ သူစိတ်ချမ်းသာအောင် တတ်နိုင်သမျှ ကျွန်တော်တို့ လုပ်ဆောင်ပေးခဲ့ပါတယ် ” ဟူ၍ မိမိတို့ထံပြောပြခဲ့ကြောင်း သောကြာနေ့ထုတ် The Time မဂ္ဂဇင်းက ဖော်ပြသည်။

    ဘာ့ဂ်ဒါလ်သည် အာဖဂန်ဘာသာစကားဖြစ်တဲ့ Pashto ကို အခြေခံ  လေ့လာသင်ယူခဲ့ကြောင်း၊ သူ့အား လက်ရဖမ်းဆီးခဲ့သော တာလီဘန်များအကြား မိတ်ဆွေများစွာ ရှိခဲ့ကြောင်း၊ ကောင်းမွန်စိတ်ရှင်းသည့် ပြည်တော်ပြန် ခရီး ဖြစ်စေလိုကြောင်း ၎င်းသူ၏စကားအရ သိရသည်။

    လွန်ခဲ့သည့် ရက်သတ္တပတ် သူ့အားလွှတ်ပေးလိုက်သည့် တာလီဘန် ဗီဒီယို မှတ်တမ်းတစ်ခုတွင် သူ့ကို ၎င်းသူတို့မှ လက်ဆောင်ပေးထားသည့် ဗောင်းထုတ်ကို ပခုံးပေါ်ဖြန့်ပြီး ဆောင်းလျက်သား တွေ့မြင်ခဲ့ကြရသည်။

    သို့သော် ဘာ့ဂ်ဒါလ်၏ ပြည်တော်ပြန်ခရီးမှာကား စိုပြေသာယာစွာ ဆီးကြိုခြင်း မခံခဲ့ရချေ။

    ဘာ့ဂ်ဒါလ် သည် စစ်တပ်မှ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြိးနောက်မှာ သူ့ဇာတိ Idaho တွင် သူ့အတွက် ဇွန်လ ၂၈ ရက်၌ ပြုလုပ်ပေးရန်စီစဉ်ထားသော ပါတီကို ဖျက်သိမ်းခဲ့ပါသည်။

    သူနဲ့ပတ်သက်ပြီး ကန့်ကွက်ခြင်း၊ စောဒကတက်ခြင်း အကြောင်းကြားချက် မြောက်များစွာကိုလည်း မိမိတို့မှ လက်ခံရရှိခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ ရဲချုပ် ဂျက်ဖ် ဂန်သာသည် တဲန်နက်စီ ရဲမှူးထံမှ “ ဒီ စစ်တပ်က ထွက်ပြေးတဲ့ တပ်ပြေး ကို အားပေးရအောင် ရူးနေလို့လား ” ဟူ၍ ဖုန်းဆက်ပြောကြားခဲ့ကြောင်း ရိုက်တာသို့ ပြောပြသည်။

    တာလီဘန်များလက်မှ ဘာ့ဂ်ဒါလ် လွတ်မြောက်ရေးအတွက် ဂွမ်တာနာမိုအကျဉ်းစခန်းမှ နာမည်ကြီးတာလီဘန်အကျဉ်းသား ၅ ဦး လှဲလှယ် လွှတ်ပေးလိုက်ရခြင်းအတွက် သမ္မတ ဘားရက် အိုဘားမား အပါအ၀င် ထိပ်တန်းအာဏာပိုင်များကို အမေရိကန် လူထုက ဒေါသထွက်လျက်ရှိပြီး ဝေဖန်မှုများ အများအပြားထွက်လျက်ရှိပြီး  ဘာ့ဂ်ဒါလ်၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက်စိုးရိမ်ကြောင်း ပြောဆိုလျက်ရှိနေကြသည်။

    ဘာ့ဂ်ဒါလ် လွတ်မြောက်လာပြီးကတည်းက သမ္မတ ဘားရက် အိုဘားမား အပါအ၀င် ထိပ်တန်းအာဏာပိုင်များက အကျဉ်းသားမှာ ဂွမ်တာနာမိုအကျဉ်းစခန်းမှ နာမည်ကြီးတာလီဘန်အကျဉ်းသား ၅ ဦးနှင့် လဲလှယ်ရေးအစီအစဉ်၌ ပါဝင်သူဖြစ်ကြောင်း၊ ယင်းကိစ္စသည် အမေရိကတွင် လူထုအား အမျက်ထွက်စေခဲ့ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးဆိုးဝါးနေသဖြင့် စိုးရိမ်ရကြောင်း ပြောဆိုလျက်ရှိနေကြသည်။

    Ref:Al Arabiya News

  • ဂျီနိုဆိုက် ညီလာခံသို့ တက်ရောက်ဆွေးနွေးရန် ဦးရဲထွဋ်အား အမေရိကန်-မြန်မာ မွတ်စလင်မ် အသင်း တရားဝင် ဖိတ်ကြား

    ဇွန်လ ၁၀ ရက်၊ ၂၀၁၄
    M-Media
    .ဝေယံ

    10371910_239088702956736_7135746582443170806_n
    ယခုလ ၂၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန် ဂျလိစ် မြို့တွင် ကျင်းပတော့မည့် “မြန်မာမွတ်စလင် မျိုးပြုန်း သုတ်သင်မှု အသိပေး ဟန့်တားရေး ဆိုင်ရာ ညီလာခံ ” သို့ မြန်မာအစိုးရ  ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န် ကြီး နှင့် နိုင်ငံတော် သမ္မတကြီး ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်  ဦးရဲထွဋ် လာရောက်ဆွေးနွေးရန် အမေရိကန် မြန်မာမွတ်စလင်မ် အသင်းမှ တရားဝင်ဖိတ်ကြားသည့် ကြေငြာချက် တစ်စောင်ကို မေလ ၂၇ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။

    မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ အပါအ၀င် မြန်မာမွတ်စလင်မ် များအား မည်သို့မျှ ခွဲ ခြားဆက်ဆံမှု မရှိ တန်းတူညီမျှ  အခွင့်အရေးပေးထားပါသည် ဟု ထပ်ကာတလဲ ငြင်းဆို နေ ခဲ့သည့် ဦးရဲထွဋ် အား ညီလာခံ သို့ ကြွရောက်ပြီး မြန်မာအစိုးရဖက်မှ မည်သည့်မှားယွင်းမှုမျိုးမှ မရှိခဲ့ပါ ဆိုသည့် အကြောင်း အား ချေပရှင်းလင်းနိုင်ရန် စရိတ်စက အကုန်အကျခံပြီး ဖိတ်ခေါ်ပါမည့် အကြောင်း အမေရိကန် မြန်မာမွတ်စလင်မ် အသင်းမှ အတွင်းရေးမှုး ဦးနေလွင်က ပြောပါတယ်။

    မြန်မာမွတ်စလင်မ် များအား မျိုးပြုန်းသုတ်သင်မှု သတိပေးဟန့်တားရေး ညီလာခံမှာ ဒုတိယ အကြိမ်မြောက်ကျင်းပတာ ဖြစ်ပြီး Panel Speakers များ အဖြစ်
    ၁။ ဒေါက်တာ ဂရီဂိုရီ အိပ်ခ်ျ စတင်တန် ( ဥက္ကဋ္ဌ Genocide Watch )
    ၂။ မစ္စတာ မက်သယူးစမစ်သ် ( အမှုဆောင် ညွှန်ကြားရေးမှုး Fortify Rights )
    ၃။ ဒေါက်တာ ၀ါကာအွဒ္ဒင်းန် ( ညွှန်ကြားရေးမှုးချူပ် All Rohingya Union ) နှင့် ပင်ဆီလ်ဗေး နီးယားပြည်နယ် တက္ကသိုလ် ပါမောက္ခ တက်ရောက်ပြောကြားမှာဖြစ်ပြီး Special Speaker အဖြစ် Jewish World Watch မှ လက်ထောက်ညွှန်ကြားရေး မှုး မစ္စ နာမာ ဟဗီးဗ် မှ တက်ရောက် စကားပြောကြားမည် ဖြစ်ကြောင်းသိရပါတယ်။

  • လူသားဟာ တစ်ဦးကိုတစ်ဦး မကင်းနိုင်ကြပါ၊ အဓမ္မ၀ါဒ များ ကင်းရှင်းကြပါစေ (သူ့အမြင်)

    ဇွန်လ ၉ ရက်၊ ၂၀၁၄။

    M-Media
    ရောဘတ်အယ်လ်ဟို့စ် ရေးသည်။

    10428516_239046329627640_787829769069766152_n

    ထင်ရှားတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဖြစ်တဲ့ သီတဂူ သဲကုန်းဆရာတော်ကြီး ဦးဉာဏိ ဿရ ရဲ့ အမြင်အာရုံ အကြည်ဓါတ် ကို ပြန်ရရှိအောင် အောင်မြင်စွာခွဲစိတ် ကုသပေးခဲ့သူ ဟာ သူမကြာခဏ မုန်းတီးရေး တရားတွေ ဟောတော်မူနေတဲ့ အစ္စလာမ် ဘာသာဝင် ၊ ပါကစ္စတန် လူမျိုး ဆရာဝန် တစ်ဦး ဖြစ်ခဲ့ပြီး ထင်ရှားတဲ့ မြန်မာမွတ်စလင်မ် တစ်ဦးဖြစ်သူ ကိုမြအေး ရဲ့ နှလုံး ရောဂါ ဝေဒနာ ကို သက်သာသွားအောင် အောင်မြင်စွာ ခွဲစိတ်ကုသမှု ပေးခဲ့တဲ့ သူကတော့ မွတ် စလင်မ် မုန်းတီးရေး တွေ တွင်တွင်လုပ်နေတဲ့ ရခိုင်အမျိုးသား များထဲက ဖြစ်နေတာကို အံ့သြစွာ တွေ့ရမှာ ဖြစ်ပါတယ်။

    တခြားသော နိုင်ငံသားအဖြစ် ခံယူထားပြီးသူ ရခိုင်လူမျိုးနှလုံးခွဲစိတ် အထူးကုဆရာဝန်ကြီးဟာ မြန်မာနိုင်ငံကို ခေတ္တ ပြန်လည်ရောက်ရှိနေခိုက် မှာ ကိုမြအေး ရဲ့ နှလုံးရောဂါ ဝေဒနာကို သက် သာသွားအောင် ကိုယ်တိုင်ခွဲစိတ် ကုသပေးနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

    တကယ်တော့ ကျွန်တော်တို့ အကြားမှာ တကယ်တမ်းလိုအပ်နေတာက အခု အစွန်းရောက် ဘုန်းကြီး တွေ လှုံ့ဆော်ဟောကြားနေသလို ဟိုဟာကို မပတ်သက်ရဘူး၊ ဒီဟာနဲ့ ကင်းအောင် နေရမယ်၊ ဘာကို အဆက်ဖြတ်၊ ညာကိုတော့ သပိတ်မှောက်ကြ၊ ဘာညာ သဘာဝမကျတဲ့ လှိမ့် လုံးတွေနဲ့ လူပြိန်းကြိုက် လှုံ့ဆော်မှုတွေမဟုတ်ပါ။ တကယ်တမ်းမတော့ လူသားတွေအခြင်း ခြင်း တကယ်တမ်း အရေးပေါ်လာပြီ ဆိုရင် ဘယ်သူကမှလည်း ဘယ်သူနဲ့မှ ကင်းနိုင်ကြတာမ ဟုတ်ပါ။ ဒါကို နားလည် နှလုံးးသွင်းထားကြရင်ဖြင့် များစွာမှ စိတ်အေးချမ်းသက်သာမှာ ဖြစ်ပါ တယ်။

    ခုန နာရီပိုင်းလေးကပဲ မန္တလေးမြို့သစ် က ဆေးရုံကြီးရှေ့မှာ မွတ်စလင်မ်ကလေးမလေးကို ကား နဲ့ သေအောင်တိုက်မိပြီး ရပ်ခိုင်းတာကို မရပ်တဲ့ အသားဖြူဖြူ လူမျိုးခြားတစ်ဦးရဲ့ ကားနောက်ကို နေပြည် တော်မှာ နေတဲ့ မြန်မာဆရာဝန်တစ်ဦး က နောက်က သူ့ကားနဲ့ အတင်းလိုက်၊ မရပ် ပေးတော့ ကားနဲ့ တိုက်ပြေးသူရဲ့ ကားရှေ့မှာ သူ့ အသက်ကိုပင် ပဓာန မထားဘဲ သူ့ကားနဲ့ အတင်းဝင်ခံပြီးတော့ ရအောင် ဖမ်းပေးခဲ့တဲ့ ဖြစ်ရပ် တစ်ခုလည်း ဖြစ်ပွားခဲ့ပါတယ်။

    ဒီဖြစ်ရပ်မှာလည်း မြန်မာဆရာဝန်က အတိုက်ခံပြီး ကံအကြောင်းမလှစွာ သေသွားရရှာတဲ့ က လေးငယ်လေးဟာ ဗမာကလေးလား၊ မွတ်စလင်မ်ကလေးလား၊ ဘာလူမျိုးလဲ၊ ဘာဘာသာကိုးကွယ် လဲ ဘာညာတွေကို သိအောင်စုံစမ်းပြီးမှ လုပ်ခဲ့တာမဟုတ်ပါ။ တစ်ဒင်္ဂအတွင်း လူသားတစ်ဦးရဲ့ အဖြူခံ စိတ်စေတသိတ် ကနေ ဖြစ်လာတဲ့ လူသားဆန်မှု ကသာ သူ့လုပ်ရပ်ကို မောင်းနှင် သွား ခြင်းပဲ ဖြစ်ပါတယ်။

    ဆိုလိုချင်တဲ့ သဘောက လူသားအချင်းချင်း မပတ်သက်ချင်ကြ လို့လည်း မရပါဘူး။ လူဆိုတာ အရင်ဖြစ်လာတာပါ။ နောက်မှာ အဲ့ဒီလူက ဘာလူမျိုးလည်း၊ ဘာအယူဝါဒ ရှိလဲ၊ ဆိုတာတွေက ပါလာတာပါ။ လူကိုလူခြင်း ဖြူစင်စွာ စာနာတတ်တဲ့ အဖြူထည်စိတ်ဓာတ်အခံ ကလေးများ ပျောက်ပျက် သွားလောက်အောင် အမုန်းတရားတွေကို စေ့ဆော်နေသူတွေဟာ မည်သည့် သစ် ခေါက်ဆိုး သင်္ကန်းကိုရုံထားရုံမျှ နဲ့ အရိယာ သူတော်စင် မဖြစ်နိုင်ဘဲ သူယုတ်ပင် ဖြစ်ကြောင်း ဆိုပါရစေ။

    ကုလားနဲ့ ပတ်သက်သော ပစ္စည်းများ အား မသုံးစွဲဘဲ သပိတ်မှောက်ရမယ်လို့ လိုက်ပြီး လှုံ့ဆော် ကြွေးကြော် နေသူ သံဃာဆိုသူ ကိုယ်တိုင်က အဲ့ဒီအသံကောင်းဟစ် လှုံ့ဆော်နေချိန် မှာပဲ သူစီးလာတဲ့ ကားဟာ ကုလားပြည်က လာတဲ့ ဓာတ်ဆီနဲ့ မောင်းနှင်လည်ပတ်ပြီး သူရုံ ထားတဲ့ သင်္ကန်းအတွက် ချည်ဟာ တရုတ်ပြည်ကလာတယ်၊ သင်္ကန်းကို ဆိုးထားတဲ့ ဆေးဟာ ပါကစ္စတန် ပြည်ကလာပြီး စီးထားတဲ့ ဖိနပ် အတွက် ကတ္တီပါစ ဟာ အိန္ဒိယ ပြည်က လာတယ် ၊ သူသွားလိုရာကို မောင်နှင်ပို့နေတဲ့ ကားသည်ပင်လျှင် ဂျပန်ပြည်က ထုတ်ပြီး ဘင်္ဂလားအ လုပ် သမားတွေရဲ့ လက်နဲ့ ထုတ်လုပ်ထားတဲ့ alternator ကိုတပ်ဆင်ထားတယ်ဆိုတာ ကို မြင်နိုင် လောက်တဲ့ ပညာသတိ ပင် ရှိဟန်မတူပါ။

    ထိုသူများ ကာကွယ်မည် တကဲကဲ ကြုံးဝါးနေတဲ့ အယူဝါဒဟာလည်း မေတ္တာတရား ကို အခြေ ခံ တဲ့ ရှင်တော်ဂေါတမ မြတ်ဗုဒ္ဒ ရဲ့ စကြ၀ဠာလွှမ်းခြုံ တဲ့ မေတ္တာသဘောတရား နဲ့ ကင်းကွာနေ တာ မို့ ထိုသူများဟာ ဘယ်လိုလူတွေဖြစ်ပြီး သင်တို့ကို မည်သည့်လမ်းကို ဦးဆောင်ခေါ်ယူ သွားနေတယ် ဆိုတာကို သတိမျက်စေ့လေး ဖွင့်ကြည့်လိုက်ရုံနဲ့တင် မြင် သာမှာဖြစ်ပါတယ်။

    အသွေးအရောင်၊ အယူဝါဒ မတူသော်လည်း လူသားခြင်း မေတ္တာမျက်စေ့ဖြင့် အခြင်းခြင်း မြင် နိုင် ကြည့်နိုင်ပြီး ဗြဟ္မစိုရ်တရား အားဖြင့် နှလုံးသွင်းနိုင်ကြပါစေရန် ဆန္ဒပြုအပ်ပါသည်။

    ဓာတ်ပုံ – သီတဂူဆရာတော်ကြီးအား မျက်လုံးခွဲစိတ်ပေးခဲ့သူ ပါကစ္စတန် ဆရာဝန် နှင့်၊ ကိုမြ အေး အား နှလုံးခွဲစိတ်ကုသ ပေးခဲ့သူ ရခိုင်ဆရာဝန်ကြီး နှင့် အတူတွေရရစဉ်။

  • အကောင်းဆုံး ပြင်ဆင်ထားသော်လည်း ကမ္ဘာဖလား အောင်မြင်ရေး အာမခံချက် မပေးနိုင်ဟု ဂျာမနီ နည်းပြပြော

    ဇွန်လ ၉ ရက်၊ ၂၀၁၄
    M-Media
    419433_heroa
    – ဂျာမနီအသင်းနည်းပြ ဖြစ်ရခြင်းအတွက် ဖြစ်ပေါ်လာသည့် ဖိအားများအား ကျေနပ်မိပြီး မည်သည့်ပြင်ဆင်မှုမျိုးမှ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အောင်မြင်ရရှိရန် အာမခံ မပေးနိုင်ဟု ဂျာမနီအသင်း နည်းပြ ဂျိုအာချင်းလိုက ပြောကြားလိုက်သည်။

    ယခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျိုအာချင်းလို၏ ၄ ခုမြောက် နိုင်ငံတကာပြိုင်ပွဲဖြစ်ပြီး ယခင်ပြိုင်ပွဲ ၃ ခုတွင် ဆီးမီးဖိုင်နယ် ၂ ကြိမ်နှင့် ဗိုလ်လုပွဲတစ်ကြိမ်ရောက်ရှိအောင် စွမ်းဆောင်ပေးထားနိုင်သည်။ သို့သော်လည်း ယခုကမ္ဘာ့ဖလားတွင် အသင်း၏ ၁၈ နှစ်ကြာ အောင်ပွဲနှင့်ဝေးကွာမှုကို အဆုံးသတ်ပေးရန် ဖိအားများ ရှိနေသည်။

    “အလွန်ဖိအားများတဲ့ ဒီအခြေအနေကိ ကျွန်တော်ကိုင်တွယ်နိုင်ပါလိမ့်မယ်။ ပြီးတော့ ဒီလိုဖိအားကိုလည်း ကျွန်တော် အလွန် နှစ်သက်ပါတယ်” ဟု ဂျိုအာချင်းလိုက FIFA သတင်းဝဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် အကောင်းဆုံးလေ့ကျင့်ခန်းများ၊ နည်းစနစ်များ၊ ကြံခိုင်မှုများကို စီစဉ်နိုင်သော်လည်း ထိုအရာများက ကမ္ဘာ့ဖလားအောင်မြင်မှုအတွက် အာမခံ မပေးနိုင်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ လက်ရှိ ကမ္ဘာ့ အဆင့် ၂ ရှိ ဂျာမနီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို သုံးကြိမ်တိုင်တိုင် ဗိုလ်စွဲထားနိုင်သည်

  • ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ကျောင်းသားလူငယ်များ ကဏ္ဍ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲ အမေရိကန် စင်တာမှာပြုလုပ်

    ဇွန်လ ၉ ရက်၊ ၂၀၁၄
    M-Media
    သတင်း/ဓါတ်ပုံ- Sithu Maung FB

    10448186_469445043190366_1506239725675736749_n

    တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တ.က.သ) များ နှင့် အမေရိကန်စင်တာ ကျောင်းသားများ ကောင်စီ ပူးတွဲကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ကျောင်းသား လူငယ်များ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲအား  ယနေ့ ဇွန်လ ၉ ရက်နေ့တွင် Americal Center မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    အခမ်းအနားသို့ တက္ကသိုလ်အသီးသီးမှ တကသ အဖွဲ့ဝင်များ အမေရိကန်စင်တာကျောင်းသားများ တိုင်းရင်းသားကျောင်းသားလူငယ်များ ။ လွတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း ။ ၇၄ကျောင်းသားမျိုးဆက် ဦးရာကျော် ။ ဦးနေဖူးဗဆွေ ။ တက္ကသိုလ်ဆရာများသမဂ္ဂ (UTA) မှ တက္ကသိုလ် ဆရာဆရာမများ ။ ပရိသတ်စုစုပေါင်း ၂၀၀ကျော်တက်ရောက်ခဲ့တယ်။

    Main Speaker အဖြစ် ၈၈မျိုးဆက်မှ ဦးကိုကိုကြီး နှင့် မဇင်မာအောင်တို့မှ ဟောပြောဆွေးနွေးခဲ့ကြပြီး  တ.က.သ များကိုယ်စား ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဇေယျာလွင် ။ အမေရိကန်စင်တာ ကျောင်းသားများကောင်စီ ကိုယ်စား American Center Students Council ဥက္ကဌ ကိုဇာနည်ငြိမ်း ။ ကျောင်းတာဝန်ခံ ဒါရိုက်တာ မစ္စတာအဲရစ်စ် တို့မှာ Opening speech ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

    ဓါတ်ပုံများ ကြည့်ရန် Click Here