ဇွန်လ ၁၁ ရက်၊ ၂၀၁၄
Credit- Artist Lagoon Eain

ဇွန် ၁၀၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန်။ ။ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဟောပြောပွဲများတွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဟောပြောသွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဌာနမှ သိရသည်။
“ကလေးတွေကို အရင်နှစ်တွေနဲ့မတူအောင် ဟောပြောပွဲတွေလုပ်ပေးသွားမှာပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဉ်လေးတွေနဲ့ ကျောင်းသူတွေသာမက မိဘတွေပါ ပါဝင်လာနိုင်အောင် ပြုလုပ်ပေးသွားမှာပါ” ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆိုသည်။
ကျောင်းများတွင် ဟောပြောပွဲများကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဌာနနှင့် NGO များ ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများနှင့် မိဘများစိတ်ဝင်စားနိုင်မည့် ဟောပြောပွဲများ၊ ပညာပေးလုပ်ငန်းများကို မကြာမီအချိန်များအတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ကျောင်းဖွင့်ရာသီတွင် ကားများသည် ယခင်နှစ်ထက်ပိုမိုများပြားလာပြီး ကျောင်းဆင်းကျောင်းတက်ချိန်တွင် ယာဉ်ကြောများ ပိုမိုကျပ်ထွေးလာသောကြောင့် School Bus များဖြင့်သာ ကျောင်းသားကျောင်းသူများ ကျောင်းဆင်း ကျောင်းတက်လုပ်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စည်းကမ်းမဲ့ယာဉ်များကို လိုက်လံဖမ်းဆီးရေးအဖွဲ့ ၉ ဖွဲ့ ဖွဲ့စည်းပြီး လိုက်လံဖမ်းဆီးလျှက်ပြီး ၎င်း အဖွဲ့ ၉ ဖွဲ့မှ ယာဉ်ကြောကျပ်မှုဖြေလျော့ရန်နှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရန်အတွက် ရန်ကုန်မြို့၏အချက်အချာကျသော နေရာ ၇၉ နေရာကို အဓိကထားပြီး ဖမ်းဆီးလုပ်ဆောင်လျှက်ရှိကြောင်း သိရပါသည်။
ဇွန်လ ၁၀ ၊ ၂၀၁၄
M-Media
.ဝေယံ စုစည်းတင်ဆက်သည်။
စာရေးဆရာ၊ ကဗျာဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ – ၁၉၉၁) ကျဆုံးခြင်း ၂၃ နှစ်မြောက်အထိမ်းအမှတ် ဂုဏ်ပြု

ရေတပ်ဗိုလ်မှူးဟောင်း တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်၊ သရော်စာအရေးကောင်းသူ စာရေးဆရာတဦးလည်းဖြစ်တဲ့ မောင်သော်က (အမည်ရင်း ဦးဘသော်) ၁၉၈၉ အောက်တိုဘာတွင် တပ်မတော်အတွင်း ပုန်ကန်မှုဖြစ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရပြီး ၁၉၉၁ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး အချုပ်ခန်းအတွင်း၌ ကျဆုံးခဲ့ခြင်းဖြစ်ပါတယ်။
ဆရာမောင်သော်က ကျဆုံးခဲ့သည့်မှာ မနက်ဖြန်ဆိုလျင် ၂၃ နှစ် ပြည့်ကို ဂုဏ်ပြုသောအား ဖြင့် ဆရာမောင်သော်က နှင့် ပတ်သတ်သည့် ပိုစ်များကို M-Media စာဖတ်ပရိတ်သက်အား ပြန်လည်မိတ်ဆက်တင်ပြလိုက်ပါတယ်။
စာရေးဆရာ ကဗျာ ဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ – ၁၉၉၁)
စာရေးဆရာ ကဗျာ ဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ – ၁၉၉၁)
ရှိစေချင်တဲ့ ကျွန်တော့် ဦးလေး
မောင်သော်ကကိုထောင် အနှစ်(၂၀) ကျစေခဲ့တဲ့ တပ်မတော်ရေသို့ ပေးစာ (၁)စောင်
မောင်သော်ကကိုထောင် အနှစ်(၂၀) ကျစေခဲ့တဲ့ တပ်မတော်ရေသို့ ပေးစာ (၁)စောင်
မောင်သော်က(ခေါ်)ဗိုလ်မှူးဘသော် ကျဆုံးခြင်း ၂၂ နှစ်မြောက် အထိမ်းအမှတ်
မောင်သော်က(ခေါ်)ဗိုလ်မှူးဘသော် ကျဆုံးခြင်း ၂၂ နှစ်မြောက် အထိမ်းအမှတ်
“ မောင်သော်က ပြောတဲ့ လွတ်လပ်ရေးနေ့ အကြောင်း”
“မောင်သော်က တမ်းချင်း” (ကဗျာ)
ဇွန်လ ၁၁ ရက်၊ ၂၀၁၄
M-Media
.ရေးသူ – ကျော်စွာ

ဆရာ့ကဗျာ
နားထဲမှာ ကြားယောင်မိသေးတယ်
ချစ်သူရေ…
ကိုယ်သေရွာမြန်းခဲ့မှ
လွမ်းတေးမသီရစ်စေချင်
ကိုယ့်ခေါင်းရင်းတွင် နှင်းဆီပင်နဲ့
မပျိုးစေချင်
အရိပ်စိုးသည့် မိုးမခပင် တဲ့။
မြန်မာပြည် အလှည့်အပြောင်း
ဆရာ့ထောင်းထောင်းကြေခဲ့
စစ်ဘီလူး မိစ္ဆာတွေက
ဆရာ့ ဇီဝိန်ချွေချလို့။
ကန်တော်လေး စွန်နီသုသာန်
မဟုတ်မခံတဲ့ အာဇာနည်
ကြာကြာကြီးရဲ့ နောက်ဆုံးခရီး
မျက်ရည်စ ပုဆိုးနဲ့သုတ်လို့
လူအုပ်ကြား အလေးပြုခဲ့ပြီး
တော်လှန်ရေးခရီးကြမ်းနှင်တယ်
ဝိုင်းထမ်းမယ် ရည်ရွယ်ချက်နဲ့။
ဆရာစိုက်ခဲ့တဲ့ အသီးအပွင့်
ချင့်ချင့်ချိန် ခြူနေရတုန်းပါလား
ဒီအချိန်သာ ဆရာရှိရင်
သရော်စာတွေနဲ့ တိုက်လို့
လူမိုက်တွေ အရှက်ဗြန်းဗြန်းကွဲ
ခြေတောင်လှမ်းရဲမယ် မထင်။
လွမ်းတယ်ဆရာ
ဆရာ့စာ ဆရာ့ကဗျာတွေ
ဖတ်ချင်တာ ရှာမရတော့
ငတ်တာရေ တိုက်တာအက်ဆစ်
နှစ်ထောင့်ရှစ်က တစ်ခါ
ပြည်သူကို ထပ်ကာနှစ်လို့
မတတ်သာစစ်စရိုက်ကို ပြောင်းရမလား
သတ်သာပစ်လိုက်ဆို တောင်းရမလား။
ဆရာက
တော်လှန်ရေးကို ဦးဆောင်
ဒီမိုကရေစီ ပေါ်အောင်လုပ်လို့
ထောင်ထဲမှာ သေရတဲ့အဖြစ်
မြန်မာ့သမိုင်းရဲ့ အညစ်အကြေးတွေ
ရေမွှေးနဲ့ဆေးလည်း နံနေတုန်းဘဲ။
ဆရာတင်တဲ့ ရွှေမင်းသမီး
အော်စကာဆုတွေ တသီကြီးရပြီဘဲ
ဆရာ့ရွှေဘိုနယ်မှာတော့
မီးမလင်းသေးပါဘူး
ဆရာပြောတော့ ဗမာဆို
ဆရာ့သားစဉ်မြေးစက်ကိုတော့
မှောင်ခိုဝင်လာ စွပ်စွဲချက်တွေနဲ့။
ဆရာရေ
အာဏာရူးတွေက
အဆီအနှစ်ခွာနေလို့
ပြည်မနစ်နာစေဘို့
စားပွဲဝိုင်းမှာ အဖြေရှာတော့လည်း
ကျွဲပလာတာကျွေးသလို
ဘာသာရေးကို ခုတုံးလုပ်
ပြဿနာ ပိုပိုရှုပ်ရအောင်
မိုက်ရိုင်းလိုက်ပုံများတော့
ခိုင်းနှိုင်းရမှာ အားနာလို့
ဆရာသာ အနားမှာရှိရင်
သရော်စာ ဒီလိုထင်မိတယ်
မြီးကောက်တဲ့ခွေး။
ကျော်စွာ
၁၀-၆-၂၀၁၄
(၁၁-၆-၂၀၁၄) တွင် အာဏာရှင်ဆန့်ကျင်ရင်း အင်းစိန်ထောင်၌ ကျဆုံးခြင်း ၂၃နှစ်ပြည့်သော ဆရာမောင်သော်က (ဗိုလ်မှူးဘသော်) ဂျန္နသ်သုခဘုံတွင် စံမြန်းနိုင်ပါစေ….
စာရေးဆရာ ကဗျာ ဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ – ၁၉၉၁) အကြောင်းပိုစ်များ ဖတ်လိုလျှင် =>http://www.m-mediagroup.com/news/tag/mgthawka
ဇွန်လ ၁၀ ရက်၊ ၂၀၁၄
M-Media

– လာမည့်သောကြာနေ့တွင် ကစားမည့် ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် နည်းပြ ဗန်ဂါးလ်၏ ၅-၃-၂ ကစားကွက်အသစ်မှာ လက်ရှိချန်ပီယံ စပိန်အား အနိုင်ကစားနိုင်သည်ဟု ဟော်လန်ကွင်းလယ်လူ အာဂျန်ရော်ဘင်က ပြောကြားလိုက်သည်။
ဟော်လန်အသင်းမှာ တိုက်စစ်အားပြုသည့် ၄-၃-၃ ပုံစံကစားကွက်ဖြင့် နာမည်ကျော်ခဲ့သော်လည်း ပြီးခဲ့သည့် မတ်လက ပြင်သစ်အသင်းအား ရှုံးနိမ့်ပြီးနောက် အသင်းသားများနှင့် နည်းပြတို့က ခံစစ်အားပြုသည့် ကစားကွက်အသစ်ပြောင်းရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ရော်ဘင်က ဆိုသည်။ စပိန်အသင်းနှင့် အဖွင့်ပွဲစဉ်တွက်
“ပြင်သစ်ကို ရှုံးနိမ့်ပြီးတဲ့နောက်မှာ စပိန်နဲ့ပွဲအတွက် သတိထားရမယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ ကျွန်တော်တို့ ပြဿနာ ရှိလာနိုင်တာကြောင့်ပါ။ စပိန်နဲ့ပွဲမှာ ဟာကွက်တွေရှိနေရင် ကျွန်တော်တို့ ဒုက္ခရောက်မှာပါပဲ” ဟု ဟော်လန်အသင်း၏ အားထားရသည့် ကွင်းလယ်လူ ရော်ဘင်က ပြောကြားခဲ့သည်။
ဟော်လန်အသင်းမှာ ပြီးခဲ့သည့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ကွာတားနှင့် ဆီမီးဖိုင်နယ်တို့တွင် ဘရာဇီးလ်နှင့် ဥရုဂွေးတိုကို့ ကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သော်လည်း စပိန်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။