News @ M-Media

Blog

  • ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး တစ်နိုင်ငံလုံးရှိ ပြည်သူများ၏ လက်မှတ်များ ကောက်ခံသွားမည်

    ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး တစ်နိုင်ငံလုံးရှိ ပြည်သူများ၏ လက်မှတ်များ ကောက်ခံသွားမည်

    မေ ၂၀၊ ၂၀၁၄
    M-Media  
    လမင်း


    10334359_241306716061612_212045513621706753_n


    ရန်ကုန်  ။       ။   ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် မြန်မာတ စ်နိုင်ငံလုံးရှိ ပြည်သူများ၏ လက်မှတ်ထိုး ဆန္ဒကောက်ခံသွားမည်ဟု   အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက မေ ၁၇ ရက်နေ့တွင် ဗိုလ်စိန်မှန်ကွင်းတွင်ပြုလုပ်ခဲ့သော လူထုဟောပြောပွဲတွင် ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ပြည်သူတွေ အားလုံးလတ်မှတ်ရေး ထိုးနိုင်အောင်လို့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသားဒီမိုကရေစီမြို့နယ်ရုံးချုပ်တွေမှာ လက်မှတ်ရေး ထိုးနိုင်အောင် စီစဉ်ပေးထားမှာပါ။ မြို့နယ်ရုံးတွေမရှိတဲ့ ရပ်ကျေးတွေကိုတော့ ရပ်ကွက် အမှုဆောင်တွေအိမ်မှာ လက်မှတ်ရေး ထိုးနိုင်အောင် ပြုလုပ်ပေးထားမှာပါ” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    ပြည်သူ့ဆန္ဒကောက်ခံ လက်မှတ်ရေးထိုးပွဲကို ၂၀၁၄ မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်နေ့ထိ ကောက်ခံ ကျင်းပသွားမည်ဖြစ်ပါသည်။ လက်မှတ်ရေး ထိုးနိုင်မဲ့နေရာမျာနှင့် ပုဒ်မ ၄၃၆ကို ဘာကြောင့် ပြင်ရန် လိုအပ်သည် ဆိုသည်ကို ပြည်သူများ အလွယ်တကူ သိရှိနိုင်ရေး အတွက် ပြင်ရန်လိုအပ်သည် ဆိုသည့် စာသားများ ဖော်ပြထားသော လက်ကမ်းစာဆောင်များကို ပြည်သူများသိရှိနိုင်အောင်  ဖြန့်ဝေသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

    အခြေခံဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး အတွက် လက်မှတ်ထိုးနိုင်သည့် ပြည်သူများမှာ ဥပဒေအရ အသက် ၁၈ နှစ်မပြည့်သေးသူများနှင့် စိတ်မနှံ့သူများမှအပ ကျန်ရှိသည့် ဖွဲ့စည်းပုံကိုပြင်ဆင်လိုသည့် ပြည်သူများ လက်မှတ်ရေး ထိုးနိုင်ကြောင်း သိရသည်။

  • EU ပါလီမန်၌ ဆလိုဗေးနီးယား၏ အမည်စာရင်း တင်သွင်းမှုတွင် မွတ်စလင်အမျိုးသမီး တစ်ဦး ပါဝင်လာ

    မေ ၂၀ ၊ ၂၀၁၄
    M-Media

    ဥရောပ ပါလီမန် ကိုယ်စားလှယ် နေရာအတွက် ဆလိုဗေးနီးယား၏ အမည် စာရင်း တင်သွင်းမှုတွင် မွတ်စလင် အမျိုးသမီး တစ်ဦး ပါဝင်လာ
    SloveniaFields-Second-Veiled-EP-Candidate
    – မေလ ၂၅ ရက်နေ့တွင် ပြုလုပ်မည် ဥရောပပါလီမန်ရွေးကောက်ပွဲအတွက် ဆလိုဗေးနီးယားမှ တင်သွင်းသည့် ကိုယ်စားလှယ်များ စာရင်းတွင် လစ်ဘရယ်ပြည်သူ့ ပါတီမှ မွတ်စလင်အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့သည်ဟု သိရသည်။

    ဖိုင်လာပါဆစ်ဘီစစ်ဟု အမည်ရသည့် အဆိုပါ အမျိုးသမီးမှာ ဘော့စနီးယား ဇာတိဖြစ်ပြီး နိုင်ငံရေးသမား တစ်ဦးလည်းဖြစ်ကာ အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားသူတစ်ဦးလည်းဖြစ်သည်။

    ဘီစစ်မှာ ဆလိုဗေးနီးယားသို့ ပြောင်းရွှေ့ အခြေချသူများအရေး၊ အလုပ်လက်မဲ့ အရေးနှင့် နိုင်ငံအတွင်းရှိ တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများအရေးတို့ကို အာရုံစိုက်လုပ်ဆောင်နေသည်။

    ဥရောပ ပါလီမန်တွင် ဆလိုဗေးနီးယားမှာ ကိုယ်စားလှယ် ၈ နေရာ ရရှိမည်ဖြစ်သည်။ ဘီစစ်မှာ ဂရိမှ မွတ်စလင်မျိုးသမီး စတာမူ ပြီးနောက် ဥရောပ ပါလီမန် ကိုယ်စားလှယ်နေရာအတွက် အမည်စာရင်း တင်သွင်းခြင်းခံရသည့် ဒုတိယမြောက် မွတ်စလင် အမျိုးသမီးလည်းဖြစ်သည်။

    ဥရောပနိုင်ငံငယ် တစ်ခုဖြစ်သည့် ဆလိုဗေးနီးယားတွင် လူဦးရေ ၂ သန်းရှိပြီး အစိုးရမှတ်တမ်းများအရ  (၅၀,၀၀၀) ၂.၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင် ယုံကြည်ကြသူများဖြစ်သည်။

    စလိုဗေးနီးယားမှ မွတ်စလင် အဖွဲ့များကမူ နိုင်ငံအတွင်း မွတ်စလင် ဦးရေ (၈၀,၀၀၀) ခန့်ရှိကြောင်း ပြောသည်။

    ၂၀၀၂ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုအရ ခရစ်ယာန် (ရိုမန်ကက်သလစ်) ဘာသာပြီးလျှင် အစ္စလာမ်မှာ ဆလိုဗေးနီးယား၏ ဒုတိယမြောက် အကြီးဆုံး ဘာသာအယူဝါဒဖြစ်သည်။

    OnIslam & News Agencies

  • ယင်းတော်တွင် ဘာမှ မဖြစ်ပါ။

    ယင်းတော်တွင် ဘာမှ မဖြစ်ပါ။

    မေ ၂၀ ၊ ၂၀၁၄ (မြန်မာစံတော်ချိန်- မွန်းလွဲ ၂ နာရီး၁၅ မိနစ်)
    M-Media
    ဇာဏီ


    မိတ္ထီလာမြို့အနီး ယင်းတော်တွင် မွတ်စလင် နှင့် ဗုဒ္ဓ ဘာသာဝင်များ ပြဿနာဖြစ်ပွားနေကြောင်း အွန်လိုင်း စာမျက်နှာများတွင် ဖြန့်ဝေလျက် ရှိသည်ကို တွေ့ရပါတယ်။

    အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ယင်းတော် သို့ M-Media မှ ဆက်သွယ်စုံစမ်းကြည့်ရာ မည့်သည့် ပြဿနာမှ ဖြစ်ပွားခြင်း မရှိကြောင်း သိရှိ ရပါတယ်။

    အဆိုပါ သတင်းကို အစ္စလာမ် ဆန့်ကျင်ရေး လှုံ့ဆော်မှုများ အဆက်မပြတ် ပြုလုပ်နေသည့် “သမ္မတရုံးမှ လျှို့ဝှက် သတင်းများ” FB စာမျက်နှာမှ ဖြန့်ဝေခြင်း ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

  • ထိုင်းတွင် မာရှယ်လောထုတ်၊ အာဏာသိမ်းခြင်း မဟုတ်ဘဲ အမျိုးသားလုံခြုံရေး အတွက် ဆောင်ရွက်ခြင်းဟု စစ်တပ်ပြော

    မေ ၂၀ ၊ ၂၀၁၄
    M-Media

    နိုင်ငံရေး မတည်မငြိမ်ဖြစ်နေသည့် ထိုင်းတွင် စစ်တပ်က မာရှယ်လောထုတ်၊ အမျိုးသားလုံခြုံရေး အတွက် ဆောက်ရွက်ခြင်းသာဖြစ်ပြီး အာဏာသိမ်းခြင်း မဟုတ်ဟု စစ်တပ်ဆို

    _74966219_74966218
    – အစိုးရနှင့် အတိုက်အခံများအကြား တင်းမာမှုများ တိုးပွားလာနေချိန်တွင် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းရန်အတွက် မာရှယ်လော ထုတ်ပြန်လိုက်သည်ဟု ထိုင်းအစိုးရက ယနေ့တွင် ကြေညာခဲ့သည်။

    စစ်တပ်မှ အာဏာသိမ်းမှုများရှိသည့် ထိုင်းနိုင်ငံတွင် ယခုကဲ့သို့ အမိန့်ထုတ်ပြန်မှုမှာ အံ့အားသင့်စရာဖြစ်ခဲ့ပြီး အမိန့်အား အကောင်အထည်ဖော်ရန်အတွက် အခွင့်အာဏာကိုလည်း ကြည်းတပ်မှရရှိခဲ့သည်။ သို့သော်လည်း အမျိုးသား လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ခြင်းသာဖြစ်ပြီး အာဏာသိမ်းခြင်း မဟုတ်ဟု ထိုင်းစစ်တပ်က အခိုင်အမာ ပြောကြားခဲ့သည်။

    အဆိုပါ မာရှယ်လောထုတ်ပြန်မှုတွင် အစိုးရအနေဖြင့် စစ်တပ်နှင့် ဆွေးနွေးခဲ့ခြင်း မရှိဟု ခေတ္တ၀န်ကြီးချုပ်၏ လုံခြုံရေး အကြံပေးက ပြောကြားခဲ့သည်။

    “အမျိုးသားလုံခြုံရေးကိစ္စအတွက် စစ်တပ်က တာဝန်ယူလိုက်တာက လွဲလို့ အားလုံးဟာ ပုံမှန်ပါပဲ” ဟု အကြံပေး Paradorn Pattanatabut က ပြောကြားခဲ့သည်။

    ဘန်ကောက်မြို့ အပြင်ဘက်တွင် ဆန္ဒပြနေသည့် အစိုးရထောက်ခံသူများကို စစ်တပ်က ဖယ်ရှား ရှင်းလင်းမှုများ ပြုလုပ်နေသည်။ ထိုင်းနိုင်ငံတွင် စစ်တပ်မှ အာဏာ သိမ်းခဲ့သည်မှာ ၁၁ ကြိမ်ရှိခဲ့ပြီး နောက်ဆုံး အာဏာသိမ်းမှုမှာ ၂၀၀၆ ခုနှစ်တွင်ဖြစ်သည်။

    Ref: BBC

  • ဆိုမာလီရှိ ကုလသမဂ္ဂ ၀န်ထမ်းများအား ကာကွယ်ရန် လုံခြုံရေးတပ်ဖွဲ့ထပ်မံချထား

    မေ ၁၉ ၊ ၂၀၁၄
    M-Media

    – ဆိုမာလီနိုင်ငံအတွင်း အကူညီများပေးအပ်နေသည့် ၀န်ထမ်းများအား ကာကွယ်ရန်အတွက် အထူးလုံခြုံရေးတပ်ဖွဲ့ဝင် လေးထောင် ထပ်မံချထားခဲ့ကြောင်း ကုလသမဂ္ဂက ကြေညာခဲ့သည်။

    10295774_833958389951203_5559028136502076381_n

    ယူဂန်ဒါတပ်ဖွဲ့ဝင်များဖြစ်ပြီး ကုလမှ အကူအညီပေးရေးဝန်ထမ်းမျာအား ကာကွယ်ရမည်ဖြစ်သည်။ ထိုတပ်ဖွဲ့ဝင်များ ချထားခြင်းမှာ ဆိုမာလီပြည်သူများအား ကူညီရေးလုပ်ငန်းများကို ဆက်လက်ချဲ့ထွင် လုပ်ဆောင်ရန် အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ဆိုမာလီဆိုင်ရာ ကုလသံတမန် နီကိုလက်စ်ကေးက ယမန်နေ့တွင်ပြုလုပ် လုံခြုံရေး တပ်ဖွဲ့ဝင်များ တာဝန်စတင်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

    စစ်ပွဲမပြတ်ဖြစ်ပွားနေသော ဆိုမာလီတွင် အာဖရိက ယူနီယံ တပ်များလည်း ချထားကာ နိုင်ငံ တည်ငြိမ်ရေးကို ဆောင်ရွက်နေသည်။ ယုဂန်ဒါကြည်းတပ်ဗိုလ်ချုပ် ချားလ်စ် အန်ဂျီနာကမူ မိမိတို့အနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းရခြင်းကို ဂုဏ်ယူမိကြောင်း၊ မိုဂါဒစ်ရှူးရှိ ကုလ၀န်ထမ်းများ လုံခြုံစိတ်ချရသော အခြေအနေတွင် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် မိမိတို့အနေဖြင့် အစွမ်းကုန် ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက အလ်-ရှာဘက် တိုက်ခိုက်ရေးသများမှာ မိုဂါဒစ်ရှူးမြို့လယ်ရှိ ကုလသမဂ္ဂ ရုံးချုပ်ကို တိုက်ခိုက်ခဲ့ကြပြီး လူ ၁၅ ဦးကျော် သေဆုံးခဲ့ရသည်။ ဆိုမာလီနိုင်ငံတွင် ၁၉၉၁ ခုနှစ်ကတည်းက ဗဟိုအစိုးရမရှိဘဲ တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားကာ ပြီးခဲ့သည့်လအနည်းငယ်အတွင်း တိုက်ခိုက်မှုများမြင့်တက်လာခဲ့သည်။

    JR/AB/SL