မေ ၂၄၊ ၂၀၁၄
M-Media
– ယနေ့ည လစ္စဘွန်းတွင်ကစားမည့် ချန်ပီယံလိဂ်နောက်ဆုံးဗိုလ်လုပွဲတွင် ရီးယဲလ်အသင်းမှာ ၁၀ ကြိမ်မြောက် ဖလားကို ကိုင်မြှောက်နိုင်လိမ့်မည်ဟု ရီးယဲလ် အသင်း၏ ဂန္တ၀င်တိုက်စစ်မှူး ဒီစတီဖာနိုက ပြောကြားလိုက်သည်။
စပိန်ဘုရင့်ဖလားရရှိထားသည့် ရီးယဲလ်မှာ လာလီဂါဖလားရရှိခဲ့သည့် မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး နှစ်သင်းစလုံးမှာ ယခုနှစ်ရာသီ ဒုတိယမြောက်ဖလားရရှိရန် ကြိုးစားရမည်ဖြစ်သည်။
“ပရိတ်သတ်တွေက အရေးပါပါလိမ့်မယ်။ ကျွန်တော်တို့ ခေတ်တုန်းကတော့ ဒီလိုကွင်းအကြီးတွေ မရှိသေးပါဘူး။ ကျွန်တော်တို့ ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ် ဖလားကို ရမယ်လို့ မျှော်လင့်မိပါတယ်” ဟု ဒီစတီဖာနိုက ပြောကြားခဲ့သည်။
ချန်ပီယံလိဂ်ဖလားကို ၉ ကြိမ်တိုင်တိုင်ရရှိခဲ့သည့် ရီးယဲလ်မက်ဒရစ်မှာ ၁၂ နှစ်ကြာမှ ဗိုလ်လုပွဲကို ပြန်လည်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ အက်သလက်တီကို မက်ဒရစ်အသင်းမှာမူ အသင်း၏ သမိုင်းတွင် ၁၉၇၄ ခုနှစ်က တစ်ကြိမ်သာ ချန်ပီယံ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး နှစ်ပေါင်း ၄၀ ကြာမှ ဒုတိအကြိမ် ပြန်လည် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ နှစ်သင်းတွေ့ဆုံမှုမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် မြို့ခံပြိုင်ဘက်နှစ်သင်း ပထမဆုံး တွေ့ဆုံခြင်းလည်းဖြစ်သည်။
Ref : Goal


Leave a Reply
You must be logged in to post a comment.