News @ M-Media

Blog

  • နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးကို ရှစ်လမ်းသွားအဖြစ် မြှင့်တင်ရန်ဆောင်ရွက်နေ

    နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးကို ရှစ်လမ်းသွားအဖြစ် မြှင့်တင်ရန်ဆောင်ရွက်နေ

    မေ ၁၆၊ ၂၀၁၄
    M-Media
    လမင်း

    ဓါတ်ပုံ - အင်တာနက်
    ဓါတ်ပုံ – အင်တာနက်


    ရန်ကုန်  ။       ။      မေလ ၁၂ ရက်နေ့က နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးတွင် ရာဇာမင်းကားတိမ်းမှောက်ပြီးနောက်ပိုင်း ၎င်းလမ်းကြီးကို ရှစ်လမ်းသွား လမ်းမကြီးအဖြစ် ပြန်လည်မြှင့်တင်ပေးရန် အစိုးရကဆုံးဖြတ်ထားကြောင်း သိရသည်။

    US Aid ကလည်း လမ်းဖောက်လုပ်ရာတွင် အကူညီများပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံအကူအညီဖြင့် ထိုလမ်းမကြီးကိုစမ်းသပ်ရတွင် ၇၅ ရာခိုင်နှုန်းကောင်းမွန်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးစိုးတင့်က ဆိုသည်။

    ကျပ်သိန်းပေါင်း ကိုးသိန်းကျော်ကုန်ကျခဲ့သည့် ရန်ကုန်- နေပြည်တော်-မန္တလေးအမြန်လမ်းမကြီးသည် အမြန်လမ်းအဂါင်္ရပ်နှင့်ပြည့်စုံမှုမရှိဘဲ ရှစ်လမ်းသွားလမ်း အဖြစ်တည်ဆောက်ပြီးမှသာ အမြန်လမ်းအဂါင်္ရပ်နှင့်ညီမည်ဖြစ်ကြောင်း ကို ၎င်းဝန်ကြီးကဆက်လက်ပြောခဲ့သည်။

    ရှစ်လမ်းသွားအဖြစ် ဖောက်လုပ်ရန်အတွက် အမေရိကန်နိုင်ငံမှ နည်းပညာအကူအညီရရှိမည်ဖြစ်ပြီး ငွေကြေးအကူအညီများပါရရှိနိုင်ကြောင်း သိရသည်။ သို့သော်လည်း ဖောက်လုပ်မည့် အချိန်ကာလနှင့် ဘတ်ဂျက်တင်ပြတောင်းခံမှုကို မသိရှိနိုင်သေးကြောင်း သိရသည်။

    အမြန်လမ်းရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ ယာဉ်မတော်တဆမှုများသည် လူကြောင့် ၆၃ ရာခိုင်နှုန်း၊ ကားကြောင့် ၂၃ ရာခိုင်နှုန်း၊ ရာသီဥတုကြောင့် သုည ဒသမ ၄ ရာခိုင်နှုန်းနှင့် လမ်းကြောင့် ၁ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟုသိရသည်။

    ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းတွင် မေလ ၁၂ ရက်နေ့ ညနေ ၇ နာရီတွင် နေပြည်တောမှ ရန်ကုန်မြို့သို့မောင်းနှင်လာသည့် ကားမှာ ခုံးကျော် တံတားအောက်သို့အရှိန်လွန်ထိုးကျပြီး လူ ၁၄ ဦးသေဆုံးပြီး ၃၀ နီးပါးဒဏ်ရာရရှိခဲ့သည်။ ဇန်န၀ါရီလမှ ဧပြီလအထိ ၎င်းလမ်းတွင် မတော်တဆ ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများကြောင့် လူ ၆၂ ဦးအထိသေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

  • လာမယ့် ရွေးကောက်များတွင် White Card ကိုင်သူများ မဲပေးခွင့်ရှိမည်။

    လာမယ့် ရွေးကောက်များတွင် White Card ကိုင်သူများ မဲပေးခွင့်ရှိမည်။

    မေ ၁၆ ၊ ၂၀၁၄
    RFA (မြန်မာပိုင်း)

    ရွေးကောက်ပွဲတွေ အောင်မြင်ဖို့အတွက် သတင်းမီဒီယာတွေ ပူးပေါင်းကူညီပေးဖို့ လိုအပ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ Summit Park View Hotel မှာ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြတာပါ။

    လာမည်ရွေးကောက်ပွဲတွင် White Card ကိုင်ဆောင်သူများ မဲပေးခွင့်ရှိမှာဖြစ်လို့ ဦးတင်အေးက ပြောကြားကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။ ဒါဟာ ယခင်ပြဌာန်းထားသော ဥပဒေများနှင့် လွှတ်တော်က အတည်ပြု ဆုံးဖြတ်ထားသော ဥပဒေများကို ရွေးကောက်ပွဲ ကော်မရှင်က လိုက်နာတာဖြစ်ကြောင်း ဦးကျော်မင်းဆွေက ဦးတင်အေးရဲ့ တွေဆုံပွဲမှာ ပြောကြားချက်ကို ပြန်လည်ပြောကြား ခဲ့တာပါ။

  • ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲသို့ နိုင်ငံရေး အကျဉ်းဟောင်းများ ထောင်ဝတ်စုံဖြင့် တက်ရောက်မည်

    ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲသို့ နိုင်ငံရေး အကျဉ်းဟောင်းများ ထောင်ဝတ်စုံဖြင့် တက်ရောက်မည်

    မေ ၁၇၊ ၂၀၁၄
    M-Media
    လမင်း

    10297710_283948208444099_392103136369031719_n

    ရန်ကုန်။      ။ မေလ ၁၇ ရက်နေ့ ဗိုလ်စိန်မှန် အားကစားတွင်ပြုလုပ်မည့် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲသို့ နိုင်ငံရေး အကျဉ်းဟောင်းသမားများအနေနှင့် ထောင်ဝတ်ဆုံဖြင့်တက်ရောက်မည်ဖြစ်ကြောင်းကို နိုင်ငံရေး အကျဉ်းသမား တစ်ဦးဖြစ်သူကပြောကြားခဲ့သည်။

    “အခြေခံပုဒ်မပြင်ဆင်ရေး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက်တောင်းဆိုချင်တာရယ် ကွယ်လွန်သွားတဲ့ ဘဘဦးဝင်းတင်ကို ဂုဏ်ပြုချင်တာကြောင့် ယခုကဲ့သို့ အပြာရောင်ဝတ်ဆုံများဖြင့် တူညီစွာ တက်ရောက်မှာပါ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးကပြောကြားခဲ့သည်။

    အဆိုပါဟောပြောပွဲသို့ နိုင်ငံရေးအ ကျဉ်းသားဟောင်းများသည် တာမွေမြို့နယ် နိုင်ကျဉ်းရုံးခန်းမှ ဗိုလ်စိန်မှန် အားကစားကွင်းသို့ စုပေါင်း ချီတက်လမ်းလျှေက်ကြမည် ဖြစ်ကြောင်း သိရသည်။

    ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် အခြေခံပုဒ်မ ဖြစ်သော ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး လူထုဟောပြောပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ဗိုလ်စိန်မှန်အားကစားကွင်း ဗဟန်းတွင် နံနက် ၈ နာရီမှစတင်ကာ ဟောပြော သွားမည် ဖြစ်သည်။ ထိုအခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်တို့မှ မိန့်ခွန်း ပြောကြားသွားမည်ဖြစ်သည်။

    ထိုကဲ့သို့ ဟောပြောပွဲတစ်ရက်ကိုလည်း မေလ ၁၈ ရက်နေ့ တွင် ၎င်းအဖွဲ့နှစ်ဖွဲ့မှပူးပေါင်းပြီး မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင်လည်း အခြေခံ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟောပြောပွဲတစ်ရပ်ကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။          

  • မိမိကိုယ်ကို အဆုံးစီရင်နည်း နောက်ဆုံးပေါ် နည်းလမ်း (ကာတွန်း)

    မေ ၁၆ ၊ ၂၀၁၄

    83

    Source: FB တွင် ပြန့်နှံလျက်ရှိသည့် ကာတွန်းကို   ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

  • ငွေကုန်များသည့် ကမ္ဘာ့ဖလားပွဲအတွက် အစိုးရအား ဘရာဇီးတွင် အကြီးအကျယ် ဆန္ဒပြ

    မေ ၁၆၊ ၂၀၁၄
    M-Media

    201451517361318734_20
    – လာမည့်လတွင်ကျင်းပတော့မည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ငွေးကြေးမြောက်များစွာသုံးစွဲမှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများမှာ ဘရာဇီးနိုငံတစ်ဝှမ်း မြို့ကြီးများတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    မြို့တော် ဆော်ပိုလိုတွင်ပင် ၁၅ နေရာခန့် ဆန္ဒပြခဲ့ကြပြီး ဖွင့်ပွဲကျင်းပမည့်  Itaquerao ဘောလုံးကွင်း၌ လူပေါင်း ငါးသောင်းခန့် စုရုံးခဲ့ကာ ကားတာယာများ မီးရှို့ခြင်း၊ ဘောလုံးကွင်း၏ မျက်နှာစာကိုဖျက်ဆီးခြင်း၊ အနီရောင် ဘန်နာများနှင့် ဘရာဇီး အလံများ ဝှေ့ယမ်းခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုပါ လုပ်ဆောင်ခဲ့ကြပြီး၊ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင် အခွင့်အလမ်းနှင့် လစာ တိုးမြှင့်ပေးရေးကိုလည်း တောင်းဆိုခဲ့ကြသည်။

    နိုင်ငံအတွင်း လိုအပ်နေသည်များကို မလုပ်ဆောင်ဘဲ ငွေအမြောက် အများသုံးကာ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်လာခဲ့သည်မှာ နှစ်ချီ လာခဲ့ပြီဖြစ်ပြီး ထိုဆန္ဒပြမှုများအတွင်း အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့သည်။

    Ref: Agencies