News @ M-Media

ကမ္ဘာ့ဒုတိယ အချမ်းသာဆုံး ရုပ်ရှင်မင်းသား ရှာရွတ်ခန်း

မေ ၂၂ ၊ ၂၀၁၄
M-Media
.ရောဘတ်အယ်လ်ဟို့စ် မြန်မာမှု ပြုသည်။
10346633_663359070380559_225155809488414309_n
ကမ္ဘာ့ရုပ်ရှင်လောက ရဲ့ ဟောလိဝုဒ် နဲ့ အိန္ဒိယရုပ်ရှင်လောက ဘောလိဝုဒ် တို့ နှစ်ခုပေါင်း မှတ် တမ်း မှတ်ရာများ အရ၊ အိန္ဒိယ ရုပ်ရှင်မင်းသား ရှာရွတ်ခန်း ဟာ ကမ္ဘာမှာ ဒုတိယ အချမ်းသာဆုံး ရုပ် ရှင် သရုပ်ဆောင်အဖြစ် သတ်မှတ်ခံရကြောင်း The Times of India သတင်းစာကြီးက မေလ ၂၂ ရက်နေ့မှာ ရေးသားထားပါတယ်။

ရုပ်ရှင်လောက က သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ စတဲ့ ရုပ်ရှင်လောကသားတွေ ရဲ့ ဓနကြွယ်ဝ ချမ်းသာမှုတွေကို စောင့်ကြည့်ပြီး စာရင်းပြုစုတဲ့ Wealth X’s ရဲ့ ဟောလိဝုဒ် နဲ့ ဘောလိဝုဒ် လောကသားများ ဓနဥစ္စာ ကြွယ်ဝ ချမ်းသာသမျှ ဆိုတဲ့ စာရင်းရှည်ကြီးကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ရာမှာ အိန္ဒိယ ဘောလိဝုဒ် စတား ရှာရွတ်ခန်းဟာ ပိုင်ဆိုင်ကြွယ်ဝမှု အမေရိကန်ဒေါ်လာ သန်း ၆၀၀ နဲ့ ကမ္ဘာ့ ဒုတိယအချမ်းသာဆုံး ရုပ်ရှင်သရုပ်ဆောင် ဖြစ်ကြောင်း ဖော်ပြထားတာပါ။

Wealth X ရဲ့စာရင်းအရဆိုရင် အမေရိကန် ဟာသသရုပ်ဆောင် ဂျယ်ရီ ဆိန်းဖီးလ်ဒ် က ကြွယ်ဝ ချမ်းသာမှု အမေရိကန် ဒေါ်လာ သန်း ၈၂၀ ခန့် နဲ့ ပထမနေရာကို ရယူထားပြီး ရှာရွတ်ခန်းက သန်း ၆၀၀ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒီစာရင်းအရ ဆိုရင် ရှာရွတ်ခန်းဟာ ဟောလိဝုဒ် က ကမ္ဘာကျော် နာမည်ကြီးသရုပ်ဆောင် တွေ ဖြစ်တဲ့ တွမ်ခရုဇ်၊ တွမ် ဟန့်ခ်၊ ကလင့်အိပ်စ်ဝုဒ် နဲ့ အဒမ် ဆန်းဒလား တို့ရဲ့ အထက်မှာ ရပ်တည်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

တတိယမြောက်အချမ်းသာဆုံး သရုပ်ဆောင်အဖြစ် အမေရိကန် ရုပ်ရှင်မင်းသား တွမ်ခရုဇ် က ဒေါ် လာ သန်းပေါင်း ၄၈၀ နဲ့ စတုတ္ထမြောက် အချမ်းသာဆုံး ရုပ်ရှင်လောကသား အဖြစ် ဂျော်နီဒက်ပ် နဲ့ တိုင်လာပယ်ရီ တို့က ဒေါ်လာသန်းပေါင်း ၄၅၀ စီ နဲ့ ပူးတွဲ ရပ်တည်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

အော်စကာ ဆု သုံးဆု အပါအ၀င် အကယ်ဒမီဆုပေါင်း များစွာကို ဆွတ်ခူးထားတဲ့ အမေရိကန် ရုပ်ရှင် မင်းသား ဂျက်နီကိုလ်ဆင် ကတော့ အမေရိကန်ဒေါ်လာ သန်း ၄၀၀ နဲ့ သတ္တမ နေရာကိုသာ ရရှိခြဲ့ ပီး၊ Forrest Gump နဲ့ Philadelphia ဇာတ်ကားတွေနဲ့ အော်စကာ ဆုတွေ ရထားတဲ့ တွမ် ဟန့်ခ် ဟာ နံပါတ်ရှစ် နေရာနဲ့ ဟောလိဝုဒ် ဂန္တ၀င် အမေရိကန် ကောင်းဘွိုင်မင်းသားကြီး ကလင့်အိပ်စ် ၀ုဒ် ကတော့ ဒေါ်လာ သန်းပေါင်း ၃၇၀ နဲ့ ကမ္ဘာ့နံပါတ်ကိုး အချမ်းသာဆုံး ရုပ်ရှင် သရုပ်ဆောင် အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Ref: The Times of India

Comments

Leave a Reply